သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာ ကိုဗစ္ကူးစက္သူ ၁၅၀ ထပ္တိုး၊ ေသဆံုးသူ ၁ ဦးတိုး


COVID-19 ကူးစက္ပ်ံ႕ႏွံ႔မႈ တုိးေနတဲ့ ရန္ကုန္ၿမိဳ႕မွာ ေဒသခံေတြကို က်န္းမာေရးစစ္ေဆးေပးေနတဲ့ က်န္းမာေရးဝန္ထမ္းမ်ား။ (စက္တင္ဘာ ၉၊ ၂၀၂၀)

(Zawgyi / Unicode)

ျမန္မာႏုိင္ငံတြင္း ဒီကေန႔ညေနပိုင္းက စစ္ေဆးၿပီးစီးခဲ့တဲ့ COVID-19 ေရာဂါ ဓာတ္ခြဲနမူနာေပါင္း ၂,၄၂၃ ခုထဲမွာ ေရာဂါပိုးကူးစက္ထားသူ အေယာက္ ၁၅၀ ထပ္ေတြ႔တာေၾကာင့္ စုစုေပါင္း ကူးစက္သူအေရအတြက္ ၂,၅၉၅ ဦး ရွိသြားၿပီျဖစ္ပါတယ္။

ရန္ကုန္ျပည္သူ႔ေဆး႐ံုႀကီးမွာ ေဆးကုသမႈ ခံယူေနတဲ့ အသက္ ၇၀ အရြယ္ Case-2351 အမ်ဳိးသားဟာ ျပင္းထန္အဆုတ္ေရာင္ေရာဂါေၾကာင့္ အသက္႐ွဴလမ္းေၾကာင္း ပ်က္စီးတာအျပင္ ဆီးခ်ဳိေရာဂါ၊ ေသြးတိုးေရာဂါနဲ႔ ႏွလံုးေသြးေၾကာက်ဥ္းေရာဂါ အခံေတြရွိတာ၊ နာတာရွည္ ေက်ာက္ကပ္ပ်က္စီးထားတာေတြေၾကာင့္ ဒီကေန႔မနက္ ၁၀ နာရီခြဲအခ်ိန္က ေသဆံုးသြားခဲ့တယ္လို႔လည္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔ည ၈ နာရီအခ်ိန္ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဒါေၾကာင့္ ျမန္မာႏုိင္ငံမွာ ကုိဗစ္ေရာဂါ ကူးစက္တဲ့လူနာေတြထဲက ေသဆံုးသူ ၁၆ ဦးရွိသြားၿပီ ျဖစ္ပါတယ္။

ဓာတ္ခြဲအတည္ျပဳ လူနာေဟာင္းေတြထဲက ေနာက္ထပ္ ၅၁ ဦးကို ေဆး႐ံုက ဆင္းခြင့္ျပဳလိုက္တဲ့အတြက္ အခုဆိုရင္ ၆၇၆ ေယာက္ ေဆး႐ံုေတြကေန ဆင္းသြားၿပီျဖစ္ပါတယ္။ ဒီကေန႔ ေန႔လယ္ပိုင္းအထိ ေစာင့္ၾကည့္လူနာအသစ္ကေတာ့ ၂၃၁ ဦးရွိတယ္လုိ႔ က်န္းမာေရးဌာနက ေျပာပါတယ္။

ျမန္မာႏုိင္ငံ ေဒသအႏွံ႔အျပားမွာ ကိုဗစ္ေရာဂါပိုး ကူးစက္ပ်ံ႕ႏွံ႔ေနတဲ့ထဲ ရန္ကုန္တိုင္းေဒသႀကီးမွာ အမ်ားဆံုးျဖစ္ၿပီး အိမ္တြင္းေနညႊန္ၾကားခ်က္ (Stay-at-home) ေတြ ထုတ္ထားတဲ့ ၿမိဳ႕နယ္ေတြက ရပ္ကြက္အသီးသီးမွာ ကိုယ့္သေဘာနဲ႔ကိုယ္ ပိတ္ဆို႔တားဆီးတာေတြ လုပ္ထားၾကပါတယ္။

---------------------

(Unicode)

မြန်မာ ကိုဗစ်ကူးစက်သူ ၁၅၀ ထပ်တိုး၊ သေဆုံးသူ ၁ ဦးတိုး

မြန်မာနိုင်ငံတွင်း ဒီကနေ့ညနေပိုင်းက စစ်ဆေးပြီးစီးခဲ့တဲ့ COVID-19 ရောဂါ ဓာတ်ခွဲနမူနာပေါင်း ၂,၄၂၃ ခုထဲမှာ ရောဂါပိုးကူးစက်ထားသူ အယောက် ၁၅၀ ထပ်တွေ့တာကြောင့် စုစုပေါင်း ကူးစက်သူအရေအတွက် ၂,၅၉၅ ဦး ရှိသွားပြီဖြစ်ပါတယ်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေတဲ့ အသက် ၇၀ အရွယ် Case-2351 အမျိုးသားဟာ ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် အသက်ရှူလမ်းကြောင်း ပျက်စီးတာအပြင် ဆီးချိုရောဂါ၊ သွေးတိုးရောဂါနဲ့ နှလုံးသွေးကြောကျဉ်းရောဂါ အခံတွေရှိတာ၊ နာတာရှည် ကျောက်ကပ်ပျက်စီးထားတာတွေကြောင့် ဒီကနေ့မနက် ၁၀ နာရီခွဲအချိန်က သေဆုံးသွားခဲ့တယ်လို့လည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီအချိန် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါ ကူးစက်တဲ့လူနာတွေထဲက သေဆုံးသူ ၁၆ ဦးရှိသွားပြီ ဖြစ်ပါတယ်။

ဓာတ်ခွဲအတည်ပြု လူနာဟောင်းတွေထဲက နောက်ထပ် ၅၁ ဦးကို ဆေးရုံက ဆင်းခွင့်ပြုလိုက်တဲ့အတွက် အခုဆိုရင် ၆၇၆ ယောက် ဆေးရုံတွေကနေ ဆင်းသွားပြီဖြစ်ပါတယ်။ ဒီကနေ့ နေ့လယ်ပိုင်းအထိ စောင့်ကြည့်လူနာအသစ်ကတော့ ၂၃၁ ဦးရှိတယ်လို့ ကျန်းမာရေးဌာနက ပြောပါတယ်။

မြန်မာနိုင်ငံ ဒေသအနှံ့အပြားမှာ ကိုဗစ်ရောဂါပိုး ကူးစက်ပျံ့နှံ့နေတဲ့ထဲ ရန်ကုန်တိုင်းဒေသကြီးမှာ အများဆုံးဖြစ်ပြီး အိမ်တွင်းနေညွှန်ကြားချက် (Stay-at-home) တွေ ထုတ်ထားတဲ့ မြို့နယ်တွေက ရပ်ကွက်အသီးသီးမှာ ကိုယ့်သဘောနဲ့ကိုယ် ပိတ်ဆို့တားဆီးတာတွေ လုပ်ထားကြပါတယ်။

XS
SM
MD
LG