သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာမှာ COVID-19 ကူးစက်မှုပေါင်း တရက်တည်း ၃၀၀ ကျော်ရှိနေ


လှိုင်သာယာမြို့နယ်မှာ ရောဂါပိုးတွေ့ထားသူတွေနဲ့ ထိစပ်မှုရှိမရှိ ခြေရာကောက် စစ်ဆေးမှုလုပ်ဆောင်နေတဲ့ မြင်ကွင်း။ (ဓာတ်ပုံ - MOI၊ စက်တင်ဘာ ၀၈၊ ၂၀၂၀)
လှိုင်သာယာမြို့နယ်မှာ ရောဂါပိုးတွေ့ထားသူတွေနဲ့ ထိစပ်မှုရှိမရှိ ခြေရာကောက် စစ်ဆေးမှုလုပ်ဆောင်နေတဲ့ မြင်ကွင်း။ (ဓာတ်ပုံ - MOI၊ စက်တင်ဘာ ၀၈၊ ၂၀၂၀)

(Zawgyi / Unicode)

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက စက်တင်ဘာလ ၁၃ ရက်နေ့ တနင်္ဂနွေနေ့နှောင်းပိုင်း ထုတ်ပြန်ချက်အရ COVID-19 ရောဂါပိုးသစ် တွေ့သူပေါင်း ၁၃၆ ဦးထိ ရှိခဲ့တဲ့အတွက် မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူပေါင်း ၂,၉၃၂ ဦးထိ ရှိနေပြီဖြစ်ပါတယ်။

ဒီမတိုင်ခင် တနင်္ဂနွေအစောပိုင်း ထုတ်ပြန်ချက်မှာတော့ ရောဂါပိုး အသစ်တွေ့ရှိသူပေါင်း ၂၀၁ ဦးရှိနေတာပါ။ ဒါကြောင့် တရက်တည်း ကူးစက်မှု အသစ်တွေ့ရှိသူ စုစုပေါင်း ၃၃၇ ဦးထိ ရှိနေပါတယ်။

ဒါ့အပြင် မနေ့က တရက်တည်း ကိုဗစ်ရောဂါနဲ့ သေဆုံးသူ နှစ်ဦးရှိခဲ့ပြီး တဦးက ဆီးချိုရောဂါအခံရှိသူ အသက် ၇၄ နှစ် အမျိုးသမီးဖြစ်ပြီး ကျန်တဦးက နှလုံးရောဂါအခံရှိသူ အသက် ၉ဝ အရွယ် အမျိုးသမီး ဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ နောက်ဆုံးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံမှာ လက်ရှိ သေဆုံးသူစုစုပေါင်း ၂၀ ဦးထိရှိနေပြီး အဲဒီထဲမှာ အများစုဟာ အခြား ရောဂါအခံရှိသူ (သို့) အသက်ကြီးသူတွေ ဖြစ်ပါတယ်။ နောက်ပြီး သေဆုံးမှုအများဆုံးဟာ ရန်ကုန်မှာ ဖြစ်နေတယ်လို့ ဆိုပါတယ်။

ခုလို သေဆုံးမှု စတက်လာချိန်မှာ ICU အထူးကြပ်မတ်ဆောင်တချို့ အထူးသဖြင့် နယ်ဒေသမှာ ပြည့်လာကာ သေဆုံးမှုတွေ ဆက်များလာမှာကို ဆေးဝန်ထမ်းတွေ အထူးစိုးရိမ်နေကြပါတယ်။

ရောဂါပိုးသစ် အများဆုံးတွေ့ရှိတဲ့နေရာက ရန်ကုန်တိုင်းမှာဖြစ်ပြီး ဒုတိယအများဆုံးကို ရခိုင်ပြည်နယ်မှာ တွေ့ရပြီး မွန်ပြည်နယ်က တတိယနေရာမှာ ရှိနေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အစိုးရရုံးစိုက်ရာ နေပြည်တော်မှာတော့ ရောဂါကူးစက်ခံရသူ ၇ ဦး ရှိနေပါတယ်။

နိုင်ငံတော်သမ္မတရုံးမှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ကိုရိုနာဗိုင်းရပ်စ်ပိုး စတွေ့ခဲ့အပြီး နောက်ထပ် နေပြည်တော်ရုံးတွေမှာ ဗိုင်းရပ်စ်ကူးစက်မှုနှုန်း များပြားလာမှာကို ထိပ်ပိုင်း အစိုးရတာဝန်ရှိသူတွေကြားမှာ စိုးရိမ်မှု များလာနေပါတယ်။

ဒါကြောင့် ကျန်းမာရေးဝန်ကြီးကိုယ်တိုင်လည်း ဆေးဝန်ထမ်းတွေအတွက် ကာကွယ်ရေးကို အထူးကြပ်ကြပ်မတ်မတ် လုပ်ဆောင်ဖို့ ပြောကြားခဲ့တဲ့အပြင် တနင်္ဂနွေနေ့က အစိုးရရုံးတွေမှာ ဘယ်လို အသေးစိတ် ကာကွယ်ရမှာတွေကို ချက်ချင်းထုတ်ပြန်လိုက်ပါတယ်။

စက်တင်ဘာလ ၁၃ ရက်နေ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၂,၉၃၂ ဦး ရှိနေတဲ့အထဲမှာ ပြန်ပြီးကောင်းမွန်လာသူ စုစုပေါင်း ၆၉၉ ဦးထိ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

------------------------

(Unicode)











XS
SM
MD
LG