သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံ ကိုဗစ္ကူးစက္သူ ၃,၀၀၀ နီးပါးနဲ႔ ေသဆံုးသူ ၂၀ ဦးရွိလာ


အင္းစိန္ၿမိဳ႕နယ္မွာ ေရာဂါပိုးေတြ႕ထားသူေတြနဲ႔ ထိစပ္မႈရွိမရွိ ေျခရာေကာက္ စစ္ေဆးမႈလုပ္ေဆာင္ေနတဲ့ ျမင္ကြင္း။ (ဓာတ္ပံု - MOI - စက္တင္ဘာ ၀၈၊ ၂၀၂၀)

(Zawgyi / Unicode)

ျမန္မာႏိုင္ငံမွာ COVID-19 ကပ္ေရာဂါ ကူးစက္မႈႏႈန္း ျမင့္တက္လာၿပီး ကူးစက္သူဦးေရ ၃,၀၀၀ နီးပါး ရွိလာခ်ိန္မွာ ျပည္သူလူထုအေနနဲ႔ ပိုးကူးစက္ျခင္း မခံရေအာင္ အထူးသတိထား ေနထိုင္ၾကဖို႔နဲ႔ ပိုးကူးစက္ခံရသူနဲ႔ မိသားစုေတြအေပၚမွာလည္း ဝိုင္းဝန္းၿပီးေတာ့ စိတ္ခြန္အားေပးၾကဖို႔ ေဆးပညာရွင္ေတြက ေမတၱာရပ္ခံလုိက္ပါတယ္။ အျပည့္အစုံကို မဆုမြန္ စုစည္း တင္ျပေပးထားပါတယ္။

ျမန္မာႏုိင္ငံမွာ ကမာၻ႔ကပ္ေရာဂါ COVID-19 ကူးစက္သူအေရအတြက္ စာရင္းက က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ဒီကေန႔ စက္တင္ဘာလ ၁၃ ရက္ေန႔ တနဂၤေႏြညပိုင္း ၈ နာရီအခ်ိန္အထိ ေနာက္ဆံုးထုတ္ျပန္ခ်က္အရ ဓာတ္ခြဲနမူနာ ၁,၃၉၁ ဦးကို ရွာေဖြစစ္ေဆးခဲ့ရာ ပိုးေတြ႔လူနာေတြ႔ရွိသူ ၁၃၆ ဦး ေတြ႔ရွိပါတယ္။ ဒါေၾကာင့္ အခုဆိုရင္ ျမန္မာႏုိင္ငံတဝန္း ကို႐ိုနာဗိုင္းရပ္စ္ပိုး ကူးစက္မႈ စစ္ေဆးေတြ႔ရွိသူေပါင္း ၂,၉၃၂ ဦးအထိ ရွိသြားၿပီျဖစ္ၿပီး ဒီေရာဂါေၾကာင့္ ေသဆုံးသူေပါင္းကလည္း ၂၀ ဦးအထိ ရွိလာၿပီျဖစ္ပါတယ္။ ေန႔စဥ္လိုလို ေထာင္ဂဏန္းေလာက္ ေရာဂါ ဓာတ္ခြဲစမ္းသပ္မႈေတြ လုပ္ရာမွာ ရာဂဏန္းေလာက္အထိ ေရာဂါပိုးေတြ႔ရွိမႈ ျဖစ္လာတာပါ။

ျပည္ပခရီးသြားရာဇဝင္မရွိ၊ ပိုးေတြ႔ရွိသူေတြနဲ႔ပါ ထိေတြ႔မႈမရွိဘဲ ျပည္တြင္းကူးစက္မႈေတြ တေက်ာ့ျပန္ စတင္လာရာကေန ပိုးေတြ႔ရွိသူနဲ႔ ဆက္စပ္ေတြ႔ရွိသူေတြမွာပါ ေန႔စဥ္ရက္ဆက္ဆိုသလို ရာဂဏန္းအထိ ပိုးရွိသူေတြ စစ္ေဆးေတြ႔ရွိလာေနတဲ့အတြက္ သက္ဆိုင္ရာက ေရာဂါကာကြယ္ေရး တင္းတင္းက်ပ္က်ပ္ စီမံေဆာင္ရြက္လာသလို လူထုၾကား စိုးရိမ္မႈေတြကလည္း ျမင့္တက္လာေနပါတယ္။

ဒီလိုအေျခအေနမွာ ျပည္သူလူထုအေနနဲ႔ အရမ္းမစိုးရိမ္ၾကဖို႔နဲ႔ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားတဲ့ ေရာဂါပိုး ေဆာင္ရန္ ေရွာင္ရန္ ပညာေပး သတိေပးခ်က္ေတြကို အထူးဂ႐ုစိုက္ လုိက္နာၾကဖို႔ ျမန္မာႏိုင္ငံဆရာဝန္အသင္းရဲ႕ ဥကၠ႒ ပါေမာကၡ ေဒါက္တာ ဦးထင္ေအာင္ေစာက ျပည္သူကို သတိေပးပါတယ္။

“COVID-19 ေရာဂါဟာ ကမာၻမွာလည္း ကပ္ေရာဂါအသြင္ ျဖစ္ေနတယ္။ ျမန္မာျပည္မွာလည္း အခုလက္ရွိက ယခင္လေတြထက္စာရင္ ကူးစက္မႈႏႈန္းက ပိုရွိလာတာကို ေတြ႔ရွိပါတယ္။ ကမာၻမွာလည္းပဲ COVID-19 ေပ်ာက္ေအာင္ ကုသႏိုင္တဲ့ ကာကြယ္ေဆး မေပၚေသးတဲ့အခ်ိန္ပါ။ ဒါေၾကာင့္ ကူးစက္မႈ ကာကြယ္တဲ့နည္းလမ္းေတြျဖစ္တဲ့ တဦးနဲ႔တဦးၾကား ခပ္ခြာခြာေနၾကပါ၊ Social Distancing ေနပါ။ Mask တပ္တာတို႔ လက္ကိုေဆးတာတို႔ စတဲ့အျပဳအမူေတြကို ျပည္သူမ်ားက လိုက္နာက်င့္သုံးၾကဖို႔နဲ႔ က်ေနာ္တို႔ က်န္းမာေရးဝန္ႀကီးဌာနက တာဝန္ရွိသူေတြက လမ္းၫႊန္ခ်က္ေတြကို လိုက္နာဖို႔ ေနာက္ၿပီးေတာ့ စိတ္ရွည္သည္းခံၿပီးေတာ့ ဇြဲရွိရွိနဲ႔ လိုက္နာဖို႔လိုပါတယ္။

“လူထုအမ်ားကေတာ့ ပူးေပါင္းပါဝင္မႈရွိတာ အမွန္ပဲ။ ဒါကေတာ့ ျမန္မာျပည္မွာ အေတာ္ေလးကို သိသာထင္ရွားတဲ့ Positive ျဖစ္တဲ့ အျပဳအမူတခုေပါ့ေလ။ အမ်ားျပည္သူဟာဆိုရင္ ဒီ ေရာဂါကာကြယ္ထိန္းသိမ္းေရး လုပ္ငန္းေတြမွာ အေတာ္ေလး ပူးေပါင္းပါဝင္ကူညီၾကတယ္။ တခ်ိဳ႕ကလည္း အစိုးရိမ္ လြန္ကဲၾကတာေပါ့။ ဒီလိုပါပဲ တခ်ိဳ႕က်ေတာ့ သိပ္မစိုးရိမ္ၾကဘူးေပါ့။ ကာကြယ္ရမယ့္ နည္းလမ္းေတြကို မလိုက္နာၾကဘူး။ ႏွစ္ဖက္စလုံးေတာ့လည္း မျဖစ္သင့္ဘူး။ အလယ္အလတ္ေပါ့ေနာ္ သတိေတာ့ရွိသင့္တယ္။ သတိနဲ႔ လိုက္နာၾကသင့္တယ္။ အလြန္အကၽြံႀကီးေတာ့လည္း စိုးရိမ္ေသာကေတြနဲ႔ မျဖစ္သင့္ဘူးေပါ့ေနာ္။ သတ္မွတ္ထားတဲ့ ေရာဂါကာကြယ္ေရး နည္းလမ္းေတြကို လိုက္နာမယ္ ဆုိရင္ေတာ့လည္း က်ေနာ္တို႔ေတြ ဒီကပ္ႀကီးကို ေက်ာ္လႊားႏိုင္မွာပါ။”

အခုဆိုရင္ ရန္ကုန္တိုင္းတြင္း ျပည္တြင္းကူးစက္မႈႏႈန္း ျမင့္တက္လာေနတာနဲ႔အမွ် ပိုးေတြ႔ရွိသူေတြ၊ ပိုးေတြ႔ရွိသူနဲ႔ ထိေတြ႔မႈ သံသယရွိသူေတြကို အသြားအလာ ကန႔္သတ္တာ၊ သီးျခားခြဲထုတ္ ေနထိုင္ေစတာေတြ ေဆာင္ရြက္ရတဲ့အခ်ိန္ အဲဒီေဒသဝန္းက်င္က လူထုၾကား စိုးရိမ္ေၾကာက္လန႔္မႈေတြ ရွိလာေနတာပါ။ ဒီလို ပိုးကူးစက္ခံရသူေတြ မိသားစုေတြအေပၚမွာ ရပ္ကြက္ ၿမိဳ႕နယ္ ေက်းရြာလူထုက မဖယ္ၾကဥ္ဘဲ ဝိုင္းဝန္း စိတ္ဓာတ္အားေပးၾကဖို႔ကိုလည္း လႈိင္သာယာၿမိဳ႕နယ္ Community Fever Clinic ဖ်ားနာအခမဲ့ကုသေဆးခန္းက ေစတနာ့ဝန္ထမ္း ဆရာဝန္ ေဒါက္တာႏိုင္မင္းထြဋ္က ေမတၱာရပ္ခံပါတယ္။

“ဒီအေရအတြက္ေတြ တိုးလာတာကိုၾကည့္ၿပီး က်ေနာ္တို႔က မစိုးရိမ္နဲ႔လို႔ ေျပာတာမဟုတ္ပါဘူး၊ မစိုးရိမ္သင့္ေတာ့ဘူးလို႔ ေျပာတာပါ။ ဘာျဖစ္လို႔လဲဆိုေတာ့ စစ္တာနဲ႔အမွ် မ်ားမ်ားစစ္တယ္၊ မ်ားမ်ားေတြ႔တယ္၊ ဒီအေပၚမွာ အရမ္းႀကီး ျပည္သူေတြ စိတ္မဆင္းရဲေစခ်င္ဘူး။ ဘာလုပ္ရမလဲဆိုရင္ လက္ေဆးပါ၊ အိမ္ထဲပဲေနပါ၊ Mask တပ္ရမယ္ေပါ့၊ ဒီလိုမ်ိဳးေလးေတြ ပူးေပါင္းေဆာင္ရြက္ေစခ်င္တယ္။

“ေနာက္တခုကက်ေတာ့ Positive ေတြ အရမ္းမ်ားလာတဲ့အခ်ိန္ Quarantine စင္တာေတြက လူနာေတြကို လက္မခံႏုိင္တဲ့ အေနအထားတခုကို ေရာက္လာေကာင္း ေရာက္လာႏုိင္တယ္ေပါ့။ တကယ္လို႔ ေရာက္လာခဲ့ရင္ ဒီ Positive လူနာေတြကို ေနအိမ္ေတြမွာပဲ Home Quarantine လည္း ထားေကာင္းထားလာႏိုင္ပါတယ္။ ကာယကံရွင္ေတြ ကိုယ္တိုင္ကလည္း စနစ္တက် ေနအိမ္ေတြထဲမွာပဲေနဖို႔၊ အခုလုိ ကူးခံေနရတဲ့ ဒီလိုအိမ္ကသူေတြကို ရပ္ကြက္မွာရွိတဲ့ လမ္းသူလမ္းသားေတြကလည္း သူတို႔ကို အျပစ္ရွိတဲ့သူေတြလို႔ မျမင္ဘဲ ဒီေရာဂါဟာ လူတိုင္းမွာ ကူးစက္သြားႏိုင္တယ္။ အားလုံးက မိသားစုလို လိုအပ္တာေလးေတြ ဝိုင္းဝန္းကူညီေပးၾကၿပီး ရပ္ကြက္တခုလုံး လမ္းတခုလုံး ပိုးကင္းဖို႔အတြက္ ဒီလို မိသားစုေလးေတြကို ဝိုင္းဝန္းကူညီေပးၾကပါလို႔ က်ေနာ္ကေျပာခ်င္ပါတယ္။”

COVID-19 ေရာဂါပိုးရွိမရွိ စစ္ေဆးမွ ေတြ႔ရွိႏိုင္တာမို႔ တကယ္လို႔ မိမိမွာ ေရာဂါပိုး ကူးစက္သူနဲ႔ ထိေတြ႔မႈရွိရင္ျဖစ္ေစ ေရာဂါကူးစက္မႈ အျဖစ္မ်ားေနတဲ့ ေနရာေဒသေတြက ခရီးသြားရာဇဝင္ ရွိခဲ့ရင္ျဖစ္ေစ COVID-19 ေရာဂါလကၡဏာ သံသယရွိေနတယ္ဆိုရင္ အျမန္ဆုံး နီးစပ္ရာ ေဆး႐ုံေဆးခန္းေတြကို သြားေရာက္ၿပီး ေဆးပညာရွင္ေတြ ဆရာဝန္ ဆရာမေတြဆီက အႀကံဉာဏ္ရယူပါလို႔လည္း ပါေမာကၡ ေဒါက္တာ ဦးထင္ေအာင္ေစာက တိုက္တြန္းပါတယ္။

“ေလာေလာဆယ္ ျမန္မာျပည္မွာ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနကေရာ က်န္းမာေရးဆိုင္ရာ ပညာရွင္ေတြကေရာ အႀကံေပးတာက ဒီေရာဂါပိုး ကိုယ့္မွာရွိေနတယ္လို႔ စိတ္ပူတဲ့သူေတြ ဒါမွမဟုတ္လို႔ Contact ထိေတြ႔ဆက္စပ္မႈ ရွိတယ္လို႔ ထင္တယ္ဆိုရင္ နီးစပ္ရာ က်န္းမာေရးဌာန က်န္းမာေရးဝန္ထမ္းေတြ ပညာရွင္ေတြကို ဆက္သြယ္ၿပီးေတာ့ လိုအပ္တဲ့ အႀကံဉာဏ္ေတြ ေတာင္းဖို႔သင့္တယ္လို႔ အႀကံေပးထားပါတယ္။ အဲ့လို ဆက္သြယ္လို႔ရေအာင္ အခ်ိန္မေရြး ဆက္သြယ္ႏိုင္တဲ့ Call Center ေတြလည္း ဖြင့္ေပးထားတာရွိတယ္။ ဖုန္းနဲ႔လည္း ေမးလို႔ရပါတယ္။ ေနာက္ ဖ်ားနာကုေဆးခန္း Fever Clinic ေတြလည္း ရွိတာမို႔လို႔ အဲဒါေတြနဲ႔လည္း ဆက္သြယ္ၿပီးေတာ့ အႀကံဉာဏ္ယူၾကပါ။”

အခုဆိုရင္ ရန္ကုန္တိုင္း ၿမိဳ႕နယ္ေတာ္ေတာ္မ်ားမ်ားက ျပည္သူေတြ ေနအိမ္ေတြထဲမွာ ေနၾကဖို႔ Stay At Home အမိန႔္ေၾကညာခ်က္ ထုတ္ထားေပမယ့္ မျဖစ္မေန အျပင္ထြက္ အလုပ္လုပ္ရမယ့္ သူေတြအတြက္ က်န္ခဲ့မယ့္မိသားစု ပိုးကူးစက္ခံရျခင္း မရွိေအာင္၊ မိမိမွာလည္း ပိုးကူးစက္မခံလာရေအာင္ အထူးသတိထား ေရွာင္ၾကဥ္ၾကဖို႔ကိုလည္း ေဒါက္တာႏိုင္မင္းထြဋ္က အႀကံျပဳပါတယ္။

“COVID-19 က ဘယ္အခ်ိန္မွာ ၿပီးသြားမယ့္ ကပ္ေရာဂါလည္းဆိုတာ ဘယ္သူမွ မခန႔္မွန္းႏိုင္ေသးဘူးေပါ့ေနာ္။ ဒီေတာ့ အိမ္ထဲမွာပဲေနၾက၊ Lockdown ခ်ထားဆိုရင္ က်ေနာ္တို႔ျပည္သူေတြလည္း စားဝတ္ေနေရး ႐ုန္းကန္ရဦးမွာေလ။ ဆိုေတာ့ ျပည္သူေတြက စားဝတ္ေနေရးအတြက္ အိမ္အျပင္ကို ထြက္ရမွာပဲ။ ဆိုေတာ့ အဲ့လိုထြက္တဲ့အခ်ိန္မွာလည္း Mask တပ္ပါ၊ လက္ေဆးပါ၊ ေနာက္ အမ်ားျပည္သူနဲ႔ ထိေတြ႔တဲ့ေနရာ ဥပမာ ဘတ္စ္ကားေပၚက လက္ကိုင္ေတြ ကိုင္မိတာတို႔ လက္ကိုျပန္ေဆးပါ။ အဲ့လိုေနထိုင္ေနရင္း သံသယရွိလာမယ္ဆိုရင္ ခ်က္ခ်င္း က်ေနာ္တို႔ ဖ်ားနာကုေဆးခန္းေတြဆီ ဖုန္းဆက္ပါ။ လူတိုင္းႀကဳံရႏိုင္တာ ျဖစ္တဲ့အတြက္ေၾကာင့္ စိုးရိမ္မႈေတြ မလြန္ကဲဘဲနဲ႔ ကိုယ့္နိစၥဓူဝ လုပ္ေနတဲ့ အလုပ္ေတြကို အခုေျပာတဲ့နည္းေတြလုပ္ပါ။ တကယ္လို႔ ျဖစ္လာခဲ့ရင္ စိတ္မပူပါနဲ႔လို႔။ တကယ္လို႔ ျဖစ္လာခဲ့ရင္ က်ေနာ္တို႔ ဖ်ားနာကုေဆးခန္းကို လူကိုယ္တိုင္ အခ်ိန္မေရြး လာျပလို႔ရပါတယ္လို႔။”

လတ္တေလာမွာေတာ့ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနကေန ကမာၻ႔ကပ္ေရာဂါ COVID-19 ကူးစက္ျမန္ေရာဂါ ထိန္းခ်ဳပ္ႏိုင္ေရး ပိုးရွိသူ၊ ပိုးကူးစက္မႈ သံသယရွိသူေတြကို သီးသန႔္ခြဲျခား ေစာင့္ၾကည့္ႏိုင္ေရး ေဆး႐ုံေဆးခန္းေတြမွာ ကိုဗစ္ေရာဂါ အထူးက်န္းမာေရး ေစာင့္ေရွာက္မႈေတြ ဝန္ေဆာင္မႈေတြ ရက္တိုးေဆာင္ရြက္ေပးေနပါတယ္။ ဒါေပမယ့္လည္း ရပ္ကြက္ ၿမိဳ႕နယ္ေတြထဲမွာ ပိုးကူးစက္မႈ ႀကိဳတင္ကာကြယ္ေရး အေၾကာင္းျပခ်က္နဲ႔ လုံၿခဳံေရးေတြ တိုးျမႇင့္တာ၊ အသြားအလာ အဝင္အထြက္ေတြ ကန႔္သတ္တာေတြကို ရပ္ကြက္အာဏာပိုင္ေတြဘက္က ေဆာင္ရြက္ေနတဲ့အေပၚမွာလည္း လူထုၾကား စိုးရိမ္မႈေတြနဲ႔ ေဝဖန္မႈေတြ ျမင့္တက္လာေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------------

(Unicode)

မြန်မာနိုင်ငံ ကိုဗစ်ကူးစက်သူ ၃,၀၀၀ နီးပါးနဲ့ သေဆုံးသူ ၂၀ ဦးရှိလာ

မြန်မာနိုင်ငံမှာ COVID-19 ကပ်ရောဂါ ကူးစက်မှုနှုန်း မြင့်တက်လာပြီး ကူးစက်သူဦးရေ ၃,၀၀၀ နီးပါး ရှိလာချိန်မှာ ပြည်သူလူထုအနေနဲ့ ပိုးကူးစက်ခြင်း မခံရအောင် အထူးသတိထား နေထိုင်ကြဖို့နဲ့ ပိုးကူးစက်ခံရသူနဲ့ မိသားစုတွေအပေါ်မှာလည်း ဝိုင်းဝန်းပြီးတော့ စိတ်ခွန်အားပေးကြဖို့ ဆေးပညာရှင်တွေက မေတ္တာရပ်ခံလိုက်ပါတယ်။ အပြည့်အစုံကို မဆုမွန် စုစည်း တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ ကမ္ဘာ့ကပ်ရောဂါ COVID-19 ကူးစက်သူအရေအတွက် စာရင်းက ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဒီကနေ့ စက်တင်ဘာလ ၁၃ ရက်နေ့ တနင်္ဂနွေညပိုင်း ၈ နာရီအချိန်အထိ နောက်ဆုံးထုတ်ပြန်ချက်အရ ဓာတ်ခွဲနမူနာ ၁,၃၉၁ ဦးကို ရှာဖွေစစ်ဆေးခဲ့ရာ ပိုးတွေ့လူနာတွေ့ရှိသူ ၁၃၆ ဦး တွေ့ရှိပါတယ်။ ဒါကြောင့် အခုဆိုရင် မြန်မာနိုင်ငံတဝန်း ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှု စစ်ဆေးတွေ့ရှိသူပေါင်း ၂,၉၃၂ ဦးအထိ ရှိသွားပြီဖြစ်ပြီး ဒီရောဂါကြောင့် သေဆုံးသူပေါင်းကလည်း ၂၀ ဦးအထိ ရှိလာပြီဖြစ်ပါတယ်။ နေ့စဉ်လိုလို ထောင်ဂဏန်းလောက် ရောဂါ ဓာတ်ခွဲစမ်းသပ်မှုတွေ လုပ်ရာမှာ ရာဂဏန်းလောက်အထိ ရောဂါပိုးတွေ့ရှိမှု ဖြစ်လာတာပါ။

ပြည်ပခရီးသွားရာဇဝင်မရှိ၊ ပိုးတွေ့ရှိသူတွေနဲ့ပါ ထိတွေ့မှုမရှိဘဲ ပြည်တွင်းကူးစက်မှုတွေ တကျော့ပြန် စတင်လာရာကနေ ပိုးတွေ့ရှိသူနဲ့ ဆက်စပ်တွေ့ရှိသူတွေမှာပါ နေ့စဉ်ရက်ဆက်ဆိုသလို ရာဂဏန်းအထိ ပိုးရှိသူတွေ စစ်ဆေးတွေ့ရှိလာနေတဲ့အတွက် သက်ဆိုင်ရာက ရောဂါကာကွယ်ရေး တင်းတင်းကျပ်ကျပ် စီမံဆောင်ရွက်လာသလို လူထုကြား စိုးရိမ်မှုတွေကလည်း မြင့်တက်လာနေပါတယ်။

ဒီလိုအခြေအနေမှာ ပြည်သူလူထုအနေနဲ့ အရမ်းမစိုးရိမ်ကြဖို့နဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ရောဂါပိုး ဆောင်ရန် ရှောင်ရန် ပညာပေး သတိပေးချက်တွေကို အထူးဂရုစိုက် လိုက်နာကြဖို့ မြန်မာနိုင်ငံဆရာဝန်အသင်းရဲ့ ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ ဦးထင်အောင်စောက ပြည်သူကို သတိပေးပါတယ်။

“COVID-19 ရောဂါဟာ ကမ္ဘာမှာလည်း ကပ်ရောဂါအသွင် ဖြစ်နေတယ်။ မြန်မာပြည်မှာလည်း အခုလက်ရှိက ယခင်လတွေထက်စာရင် ကူးစက်မှုနှုန်းက ပိုရှိလာတာကို တွေ့ရှိပါတယ်။ ကမ္ဘာမှာလည်းပဲ COVID-19 ပျောက်အောင် ကုသနိုင်တဲ့ ကာကွယ်ဆေး မပေါ်သေးတဲ့အချိန်ပါ။ ဒါကြောင့် ကူးစက်မှု ကာကွယ်တဲ့နည်းလမ်းတွေဖြစ်တဲ့ တဦးနဲ့တဦးကြား ခပ်ခွာခွာနေကြပါ၊ Social Distancing နေပါ။ Mask တပ်တာတို့ လက်ကိုဆေးတာတို့ စတဲ့အပြုအမူတွေကို ပြည်သူများက လိုက်နာကျင့်သုံးကြဖို့နဲ့ ကျနော်တို့ ကျန်းမာရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေက လမ်းညွှန်ချက်တွေကို လိုက်နာဖို့ နောက်ပြီးတော့ စိတ်ရှည်သည်းခံပြီးတော့ ဇွဲရှိရှိနဲ့ လိုက်နာဖို့လိုပါတယ်။

“လူထုအများကတော့ ပူးပေါင်းပါဝင်မှုရှိတာ အမှန်ပဲ။ ဒါကတော့ မြန်မာပြည်မှာ အတော်လေးကို သိသာထင်ရှားတဲ့ Positive ဖြစ်တဲ့ အပြုအမူတခုပေါ့လေ။ အများပြည်သူဟာဆိုရင် ဒီ ရောဂါကာကွယ်ထိန်းသိမ်းရေး လုပ်ငန်းတွေမှာ အတော်လေး ပူးပေါင်းပါဝင်ကူညီကြတယ်။ တချို့ကလည်း အစိုးရိမ် လွန်ကဲကြတာပေါ့။ ဒီလိုပါပဲ တချို့ကျတော့ သိပ်မစိုးရိမ်ကြဘူးပေါ့။ ကာကွယ်ရမယ့် နည်းလမ်းတွေကို မလိုက်နာကြဘူး။ နှစ်ဖက်စလုံးတော့လည်း မဖြစ်သင့်ဘူး။ အလယ်အလတ်ပေါ့နော် သတိတော့ရှိသင့်တယ်။ သတိနဲ့ လိုက်နာကြသင့်တယ်။ အလွန်အကျွံကြီးတော့လည်း စိုးရိမ်သောကတွေနဲ့ မဖြစ်သင့်ဘူးပေါ့နော်။ သတ်မှတ်ထားတဲ့ ရောဂါကာကွယ်ရေး နည်းလမ်းတွေကို လိုက်နာမယ် ဆိုရင်တော့လည်း ကျနော်တို့တွေ ဒီကပ်ကြီးကို ကျော်လွှားနိုင်မှာပါ။”

အခုဆိုရင် ရန်ကုန်တိုင်းတွင်း ပြည်တွင်းကူးစက်မှုနှုန်း မြင့်တက်လာနေတာနဲ့အမျှ ပိုးတွေ့ရှိသူတွေ၊ ပိုးတွေ့ရှိသူနဲ့ ထိတွေ့မှု သံသယရှိသူတွေကို အသွားအလာ ကန့်သတ်တာ၊ သီးခြားခွဲထုတ် နေထိုင်စေတာတွေ ဆောင်ရွက်ရတဲ့အချိန် အဲဒီဒေသဝန်းကျင်က လူထုကြား စိုးရိမ်ကြောက်လန့်မှုတွေ ရှိလာနေတာပါ။ ဒီလို ပိုးကူးစက်ခံရသူတွေ မိသားစုတွေအပေါ်မှာ ရပ်ကွက် မြို့နယ် ကျေးရွာလူထုက မဖယ်ကြဉ်ဘဲ ဝိုင်းဝန်း စိတ်ဓာတ်အားပေးကြဖို့ကိုလည်း လှိုင်သာယာမြို့နယ် Community Fever Clinic ဖျားနာအခမဲ့ကုသဆေးခန်းက စေတနာ့ဝန်ထမ်း ဆရာဝန် ဒေါက်တာနိုင်မင်းထွဋ်က မေတ္တာရပ်ခံပါတယ်။

“ဒီအရေအတွက်တွေ တိုးလာတာကိုကြည့်ပြီး ကျနော်တို့က မစိုးရိမ်နဲ့လို့ ပြောတာမဟုတ်ပါဘူး၊ မစိုးရိမ်သင့်တော့ဘူးလို့ ပြောတာပါ။ ဘာဖြစ်လို့လဲဆိုတော့ စစ်တာနဲ့အမျှ များများစစ်တယ်၊ များများတွေ့တယ်၊ ဒီအပေါ်မှာ အရမ်းကြီး ပြည်သူတွေ စိတ်မဆင်းရဲစေချင်ဘူး။ ဘာလုပ်ရမလဲဆိုရင် လက်ဆေးပါ၊ အိမ်ထဲပဲနေပါ၊ Mask တပ်ရမယ်ပေါ့၊ ဒီလိုမျိုးလေးတွေ ပူးပေါင်းဆောင်ရွက်စေချင်တယ်။

“နောက်တခုကကျတော့ Positive တွေ အရမ်းများလာတဲ့အချိန် Quarantine စင်တာတွေက လူနာတွေကို လက်မခံနိုင်တဲ့ အနေအထားတခုကို ရောက်လာကောင်း ရောက်လာနိုင်တယ်ပေါ့။ တကယ်လို့ ရောက်လာခဲ့ရင် ဒီ Positive လူနာတွေကို နေအိမ်တွေမှာပဲ Home Quarantine လည်း ထားကောင်းထားလာနိုင်ပါတယ်။ ကာယကံရှင်တွေ ကိုယ်တိုင်ကလည်း စနစ်တကျ နေအိမ်တွေထဲမှာပဲနေဖို့၊ အခုလို ကူးခံနေရတဲ့ ဒီလိုအိမ်ကသူတွေကို ရပ်ကွက်မှာရှိတဲ့ လမ်းသူလမ်းသားတွေကလည်း သူတို့ကို အပြစ်ရှိတဲ့သူတွေလို့ မမြင်ဘဲ ဒီရောဂါဟာ လူတိုင်းမှာ ကူးစက်သွားနိုင်တယ်။ အားလုံးက မိသားစုလို လိုအပ်တာလေးတွေ ဝိုင်းဝန်းကူညီပေးကြပြီး ရပ်ကွက်တခုလုံး လမ်းတခုလုံး ပိုးကင်းဖို့အတွက် ဒီလို မိသားစုလေးတွေကို ဝိုင်းဝန်းကူညီပေးကြပါလို့ ကျနော်ကပြောချင်ပါတယ်။”

COVID-19 ရောဂါပိုးရှိမရှိ စစ်ဆေးမှ တွေ့ရှိနိုင်တာမို့ တကယ်လို့ မိမိမှာ ရောဂါပိုး ကူးစက်သူနဲ့ ထိတွေ့မှုရှိရင်ဖြစ်စေ ရောဂါကူးစက်မှု အဖြစ်များနေတဲ့ နေရာဒေသတွေက ခရီးသွားရာဇဝင် ရှိခဲ့ရင်ဖြစ်စေ COVID-19 ရောဂါလက္ခဏာ သံသယရှိနေတယ်ဆိုရင် အမြန်ဆုံး နီးစပ်ရာ ဆေးရုံဆေးခန်းတွေကို သွားရောက်ပြီး ဆေးပညာရှင်တွေ ဆရာဝန် ဆရာမတွေဆီက အကြံဉာဏ်ရယူပါလို့လည်း ပါမောက္ခ ဒေါက်တာ ဦးထင်အောင်စောက တိုက်တွန်းပါတယ်။

“လောလောဆယ် မြန်မာပြည်မှာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကရော ကျန်းမာရေးဆိုင်ရာ ပညာရှင်တွေကရော အကြံပေးတာက ဒီရောဂါပိုး ကိုယ့်မှာရှိနေတယ်လို့ စိတ်ပူတဲ့သူတွေ ဒါမှမဟုတ်လို့ Contact ထိတွေ့ဆက်စပ်မှု ရှိတယ်လို့ ထင်တယ်ဆိုရင် နီးစပ်ရာ ကျန်းမာရေးဌာန ကျန်းမာရေးဝန်ထမ်းတွေ ပညာရှင်တွေကို ဆက်သွယ်ပြီးတော့ လိုအပ်တဲ့ အကြံဉာဏ်တွေ တောင်းဖို့သင့်တယ်လို့ အကြံပေးထားပါတယ်။ အဲ့လို ဆက်သွယ်လို့ရအောင် အချိန်မရွေး ဆက်သွယ်နိုင်တဲ့ Call Center တွေလည်း ဖွင့်ပေးထားတာရှိတယ်။ ဖုန်းနဲ့လည်း မေးလို့ရပါတယ်။ နောက် ဖျားနာကုဆေးခန်း Fever Clinic တွေလည်း ရှိတာမို့လို့ အဲဒါတွေနဲ့လည်း ဆက်သွယ်ပြီးတော့ အကြံဉာဏ်ယူကြပါ။”

အခုဆိုရင် ရန်ကုန်တိုင်း မြို့နယ်တော်တော်များများက ပြည်သူတွေ နေအိမ်တွေထဲမှာ နေကြဖို့ Stay At Home အမိန့်ကြေညာချက် ထုတ်ထားပေမယ့် မဖြစ်မနေ အပြင်ထွက် အလုပ်လုပ်ရမယ့် သူတွေအတွက် ကျန်ခဲ့မယ့်မိသားစု ပိုးကူးစက်ခံရခြင်း မရှိအောင်၊ မိမိမှာလည်း ပိုးကူးစက်မခံလာရအောင် အထူးသတိထား ရှောင်ကြဉ်ကြဖို့ကိုလည်း ဒေါက်တာနိုင်မင်းထွဋ်က အကြံပြုပါတယ်။

“COVID-19 က ဘယ်အချိန်မှာ ပြီးသွားမယ့် ကပ်ရောဂါလည်းဆိုတာ ဘယ်သူမှ မခန့်မှန်းနိုင်သေးဘူးပေါ့နော်။ ဒီတော့ အိမ်ထဲမှာပဲနေကြ၊ Lockdown ချထားဆိုရင် ကျနော်တို့ပြည်သူတွေလည်း စားဝတ်နေရေး ရုန်းကန်ရဦးမှာလေ။ ဆိုတော့ ပြည်သူတွေက စားဝတ်နေရေးအတွက် အိမ်အပြင်ကို ထွက်ရမှာပဲ။ ဆိုတော့ အဲ့လိုထွက်တဲ့အချိန်မှာလည်း Mask တပ်ပါ၊ လက်ဆေးပါ၊ နောက် အများပြည်သူနဲ့ ထိတွေ့တဲ့နေရာ ဥပမာ ဘတ်စ်ကားပေါ်က လက်ကိုင်တွေ ကိုင်မိတာတို့ လက်ကိုပြန်ဆေးပါ။ အဲ့လိုနေထိုင်နေရင်း သံသယရှိလာမယ်ဆိုရင် ချက်ချင်း ကျနော်တို့ ဖျားနာကုဆေးခန်းတွေဆီ ဖုန်းဆက်ပါ။ လူတိုင်းကြုံရနိုင်တာ ဖြစ်တဲ့အတွက်ကြောင့် စိုးရိမ်မှုတွေ မလွန်ကဲဘဲနဲ့ ကိုယ့်နိစ္စဓူဝ လုပ်နေတဲ့ အလုပ်တွေကို အခုပြောတဲ့နည်းတွေလုပ်ပါ။ တကယ်လို့ ဖြစ်လာခဲ့ရင် စိတ်မပူပါနဲ့လို့။ တကယ်လို့ ဖြစ်လာခဲ့ရင် ကျနော်တို့ ဖျားနာကုဆေးခန်းကို လူကိုယ်တိုင် အချိန်မရွေး လာပြလို့ရပါတယ်လို့။”

လတ်တလောမှာတော့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကနေ ကမ္ဘာ့ကပ်ရောဂါ COVID-19 ကူးစက်မြန်ရောဂါ ထိန်းချုပ်နိုင်ရေး ပိုးရှိသူ၊ ပိုးကူးစက်မှု သံသယရှိသူတွေကို သီးသန့်ခွဲခြား စောင့်ကြည့်နိုင်ရေး ဆေးရုံဆေးခန်းတွေမှာ ကိုဗစ်ရောဂါ အထူးကျန်းမာရေး စောင့်ရှောက်မှုတွေ ဝန်ဆောင်မှုတွေ ရက်တိုးဆောင်ရွက်ပေးနေပါတယ်။ ဒါပေမယ့်လည်း ရပ်ကွက် မြို့နယ်တွေထဲမှာ ပိုးကူးစက်မှု ကြိုတင်ကာကွယ်ရေး အကြောင်းပြချက်နဲ့ လုံခြုံရေးတွေ တိုးမြှင့်တာ၊ အသွားအလာ အဝင်အထွက်တွေ ကန့်သတ်တာတွေကို ရပ်ကွက်အာဏာပိုင်တွေဘက်က ဆောင်ရွက်နေတဲ့အပေါ်မှာလည်း လူထုကြား စိုးရိမ်မှုတွေနဲ့ ဝေဖန်မှုတွေ မြင့်တက်လာနေပါတယ်။

XS
SM
MD
LG