သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရန္ကုန္အသြားအလာကန္႔သတ္မႈ ေက်ာ္လႊားႏုိင္ေရး


ကို႐ိုနာဗုိင္းရပ္စ္ ကူးစက္ပ်ံ႔ႏွံ႔မႈ တုိးေနတဲ့ ရန္ကုန္ၿမိဳ႕မွာ အဝင္အထြက္ ကန္႔သတ္ပိတ္ဆုိ႔ထားတဲ့ လမ္းတခု။ (စက္တင္ဘာ ၁၁၊ ၂၀၂၀)

(Zawgyi / Unicode)

ျမန္မာႏိုင္ငံမွာ အထူးသျဖင့္ ရန္ကုန္ၿမိဳ႕မွာ ကိုဗစ္ကူးစက္မႈႏႈန္း ထိုးေထာင္တက္ေနတာကို ေလွ်ာ့ခ်ႏိုင္ဖို႔ အသြားအလာ ကန္႔သတ္မႈေတြ လုပ္လာအၿပီး ႀကံဳလာတဲ့ အခက္အခဲေတြကို ဘယ္လိုေက်ာ္လႊားႏုိင္ဖို႔ ရန္ကုန္တုိင္း လူမႈေရးဝန္ႀကီး ဦးႏုိင္ငံလင္းနဲ႔ ကေလးအထူးကု ပါေမာကၡ ေဒါက္တာေစာဝင္းကို ကုိဝင္းမင္း ေမးျမန္းထားရာမွာ ဦးႏိုင္ငံလင္းက ခုလို စရွင္းျပပါတယ္။

ဦးႏုိင္ငံလင္း - “က်ေနာ္တုိ႔ ရန္ကုန္မွာ ကုိဗစ္ရွိသူက အလြန္မ်ားလာတယ္။ ဒါေပမယ့္ တဖက္မွာ ျပန္ၾကည့္ရင္လည္း ျပည္သူလူထုက အခုခ်ိန္ထိ အစုအေဝးနဲ႔ သြားေနတာေတြ ေတြ႔ေနရေသးတယ္။ ထိန္းခ်ဳပ္ႏုိင္ေအာင္ေတာ့ က်ေနာ္တုိ႔ အစုိးရဘက္က အစြမ္းကုန္ ႀကိဳးစားေနတယ္။ ဒါေပမယ့္ ျပည္သူလူထုရဲ႕ လုိက္နာမႈ အားနည္းလို႔ရွိရင္ ထိန္းခ်ဳပ္မႈမွာ အခက္အခဲ ျဖစ္လိမ့္မယ္။ အဲေတာ့ အဓိက ေျပာခ်င္တာကေတာ့ ျပည္သူလူထုအေနနဲ႔ အရင္တုန္းက လုိက္နာခဲ့သလုိ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ညႊန္ၾကားခ်က္ေတြနဲ႔အညီ ေနထုိင္ေပးဖို႔၊ ျဖစ္ႏုိင္လို႔ရွိရင္ အိမ္မွာပဲေနဖို႔၊ လူစုလူေဝးဆီ မသြားဖို႔၊ မျဖစ္မေန သြားရမယ္ဆိုရင္လည္း ပါးစပ္နဲ႔ ႏွာေခါင္းစည္း တပ္မယ္၊ မ်က္ႏွာအကာတပ္မယ္၊ လက္မေဆး ေဆးရည္သုံးမယ္၊ ဒါေတြကို လုိက္နာေပးဖို႔။ ေနာက္ၿပီးေတာ့ ခပ္ခြာခြာေနဖို႔လည္း အထူးဂ႐ုစိုက္ဖုိ႔ေပါ့။”

ကိုဝင္းမင္း - ေနာက္ထပ္ေရာ သက္ဆုိင္ရာ ရပ္ကြက္အသီးသီးမွာ တာဝန္ထမ္းေဆာင္ေနသူေတြကို ဘာမွာခ်င္ေသးလဲ။

ဦးႏုိင္ငံလင္း - “ကန္႔သတ္ခ်က္ေတြကေတာ့ ေလာေလာဆယ္ က်ေနာ္တို႔တုိင္းမွာဆုိရင္ လမ္းေတြမွာ ေတာ္ေတာ္ေလး ပိတ္ဆုိ႔တာေတြ ၾကားေနရတယ္။ ျပည္ေထာင္စုကလည္း စာထြက္တယ္လို႔ ဒီေန႔ၾကားတယ္။ အဲေတာ့ ျပည္သူလူထုအေနနဲ႔ သိပ္ၿပီးေတာ့ ခက္ခဲသြားေအာင္ မလုပ္သင့္ဘူး။ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက Stay at Home လို႔ ေၾကညာထားတဲ့ အဲဒီမွာ စည္းမ်ဥ္းစည္းကမ္းေတြ ပါတယ္။ အဲဒီစည္းမ်ဥ္းစည္းကမ္းေတြ အတုိင္းသာ လုိက္နာမယ္ဆုိရင္ အဆင္ေျပၿပီလုိ႔ က်ေနာ္ျမင္ပါတယ္။”

ကိုဝင္းမင္း - အခု ခက္ခဲေနတဲ့ အေနအထားကိုေရာ ေျဖရွင္းႏုိင္မယ့္ အေနအထား ဘယ္လိုျမင္လဲ။

ဦးႏုိင္ငံလင္း - “က်ေနာ္တုိ႔ ယုံၾကည္မႈအျပည့္ရွိတယ္။ အစုိးရအေနနဲ႔လည္း တတ္ႏုိင္သေလာက္ ႀကိဳးစားမယ္။ အခု ျပည္ေထာင္စုကလည္း ပူးေပါင္းေဆာင္ရြက္မႈေတြ အရမ္းအားေကာင္းလာၿပီ။ ပံ့ပုိးမႈေတြ အားေကာင္းလာၿပီ။ ရန္ကုန္တုိင္းမွာဆုိရင္ ရန္ကုန္တုိင္းအစိုးရ ဦးေဆာင္ၿပီး တုိင္းေဒသႀကီး က်န္းမာေရးဦးစီးဌာန ရွိတာေပါ့၊ အဲဒါနဲ႔ ပူးေပါင္းေဆာင္ရြက္ေနတာေတြ၊ Volunteer ေတြနဲ႔ ပူးေပါင္းေဆာင္ရြက္ေနတာေတြ၊ ၿပီးေတာ့ ျပည္သူလူထုက ပူးေပါင္းေဆာင္ရြက္တာေတြ ရွိတယ္။ အားလုံး ပူးေပါင္းေဆာင္ရြက္မႈက ညီညီညြတ္ညြတ္နဲ႔ ျဖစ္လာမယ္ဆုိရင္ေတာ့ ဒီ ကုိဗစ္တုိက္ပြဲကိုေတာ့ ႏုိင္ေအာင္ တုိက္ႏုိင္မယ္လို႔ က်ေနာ္ ယူဆပါတယ္။”

ကိုဝင္းမင္း - ေနာက္ထပ္ေရာ ဘာမွာခ်င္ေသးလဲ။

ဦးႏုိင္ငံလင္း - “ဒီကူးစက္ေရာဂါနဲ႔ ပတ္သက္ၿပီးေတာ့ အျမင္က်ယ္ဖုိ႔ လုိတယ္။ က်ေနာ္တုိ႔က ထိန္းညႇိေနရတာေပါ့ေနာ္။ အစြန္းႏွစ္ဖက္ ရွိတယ္ေပါ့ဗ်ာ။ တဖက္ကလည္း ျပည္သူကို အတင္းက်ပ္ႀကီး ပိတ္ဆို႔လုိက္ရင္လည္း ျပည္သူ စားဝတ္ေနေရးနဲ႔ အခက္အခဲေတြ အမ်ားႀကီး ႀကဳံသြားႏုိင္တယ္။ တဖက္ကလည္း အရမ္း ေပါ့ေလ်ာ့သြားရင္လည္း ေရာဂါကို မထိန္းခ်ဳပ္ႏုိင္ဘဲ ျဖစ္သြားႏိုင္တယ္။ အဲဒီၾကားထဲမွာ ထိန္းညိႇႏုိင္ဖုိ႔ လုိတယ္လို႔ က်ေနာ္ ျမင္ပါတယ္။ အဓိကေတာ့ ျပည္သူလူထု လုိက္နာမႈ အားေကာင္းတာနဲ႔အမွ် ထိန္းခ်ဳပ္မႈ အားေကာင္းလာမယ္၊ အဲဒီက်ရင္ အခ်ိန္တုိတုိအတြင္းမွာ ျပန္ၿပီးေတာ့ ေျဖေလွ်ာ့မႈေတြ လုပ္ႏုိင္မယ္လို႔ က်ေနာ္ျမင္တယ္။”

ကိုဝင္းမင္း - ဟုတ္ကဲ့၊ ေက်းဇူးပါ ဦးႏုိင္ငံလင္း ခင္ဗ်ား။

အခုလုိ ရန္ကုန္မွာ ကူးစက္မႈေတြ မတရားမ်ားေနတဲ့ အေနအထားကို ထိန္းခ်ဳပ္ႏိုင္မယ့္ အေနအထားေပါ့၊ ကေလးအထူးကု ဆရာဝန္ႀကီး ပါေမာကၡ ေဒါက္တာေစာဝင္းကို ဆက္ၿပီးေမးျမန္းထားပါတယ္။

ဆရာခင္ဗ်ား၊ အခု ရန္ကုန္မွာ ကူးစက္မႈေတြလည္း မ်ား၊ ထိန္းခ်ဳပ္ ပိတ္ဆုိ႔မႈေတြလည္း ျပင္းထန္ေနတဲ့ အေနအထားကို ဆရာ ဘယ္လိုသုံးသပ္မိလဲ။

ေဒါက္တာေစာဝင္း - “က်ေနာ့္အျမင္ ဒီတႀကိမ္ျဖစ္တာကေတာ့ တကယ္ေရာဂါျဖစ္တဲ့လူနဲ႔ ထိေတြ႔တာမရွိဘဲ၊ ခရီးသြားခဲ့တာလည္း မရွိဘဲနဲ႔ ေတြ႔ေနေတာ့ လူထုၾကားမွာ ကူးစက္ပ်ံ႕ႏွံ႔မႈ ရွိေနတယ္၊ အဲဒီလူေတြကလည္း လကၡဏာျပမွာ မဟုတ္ဘူး။ အဲေတာ့ ကုိယ့္ကုိယ္ကုိယ္ ကာကြယ္မႈေတြ လုပ္ဖုိ႔ လုိပါၿပီ။ ေရာဂါပုိး သယ္ေဆာင္တဲ့လူက ဘယ္မွာရွိလဲဆုိတာ ေျပာလို႔မရတဲ့ အေျခအေန ျဖစ္ေနပါတယ္။ မိမိအိမ္မွာ မိမိေနေစခ်င္တယ္၊ အသြားအလာ ကန္႔သတ္တယ္ေပါ့။ ဆုိလုိတာက ေရာဂါပိုးရွိတဲ့သူ ေတြ႔လုိ႔ရွိရင္လည္း အဲဒီအနား ပတ္ဝန္းက်င္ေတာ့ Local Lockdown ဆုိတာ အဲဒီေနရာ ပိတ္ဆုိ႔တာ လုပ္တယ္ေပါ့။ အကုန္လုံးကုိေတာ့လည္း လုပ္တာမဟုတ္ပါဘူး။ ဒါေပမယ့္ တခ်ဳိ႕ ရပ္ကြက္ ေခါင္းေဆာင္ေတြေပါ့၊ အုပ္ခ်ဳပ္ေရးမွဴးတို႔ ဘာတု႔ိလည္း တခါတေလက် အဓိပၸာယ္ေကာက္ လြဲမွားတယ္နဲ႔ တူပါတယ္။ လမ္းေတြအကုန္လုံး လုိက္ပိတ္တာေတြ ဘာေတြက သိပ္လုပ္ဖုိ႔ မလုိပါဘူး။ တတ္ႏုိင္သမွ် ကိုယ့္အိမ္မွာ ကိုယ္ေန၊ Home Stay ဆုိတာ ဘာလဲဆုိတာ ညႊန္ၾကားခ်က္ထဲမွာ ပါၿပီးသား ျဖစ္ပါတယ္။ ေဈးသြားဝယ္မယ္ဆုိရင္ တေယာက္ဝယ္လို႔ရတယ္၊ ေဆးခန္းျပရင္ ႏွစ္ေယာက္ျပလုိ႔ရတယ္၊ စတာေပါ့ေနာ္။”

ကိုဝင္းမင္း - အခု ျပည္ေထာင္စုအစုိးရကလည္း ရန္ကုန္တုိင္းအစိုးရ အေနနဲ႔ အဲဒီလိုမ်ဳိး ေအာက္ေျခမွာ အလြန္အကၽြံ အျပတ္ပိတ္ၿပီး တားေနတာေတြကိုလည္း ရွင္းေပးဖို႔၊ အေရးယူေပးဖုိ႔ ညႊန္ၾကားခ်က္ ထြက္ထားပါတယ္ ဆရာ။

ေဒါက္တာေစာဝင္း - “ဟုတ္ပါတယ္၊ က်ေနာ့္အျမင္ေတာ့ လမ္းေတြအကုန္ပိတ္ၿပီး မသြားရ မလာရ လုပ္ဖုိ႔ မလုိပါဘူး။ အစြန္းႏွစ္ဖက္ကုိ ေရွာင္ဖုိ႔လိုတာေပါ့။ တဖက္ကေတာ့ လုံးဝ ဂ႐ုမစုိက္ဘဲနဲ႔ ျဖစ္ရင္ေတာ့လည္း အမ်ားႀကီး ကူးစက္ကုန္ရင္ ပုိၿပီးေတာ့ အႏၱရာယ္ရွိတာေပါ့။ တဖက္ကလည္း မလုိအပ္တဲ့ ထိန္းခ်ဳပ္မႈေတြ လုပ္ေနရင္လည္း သြားရလာရခက္၊ လုပ္ရကိုင္ရတာေတြ ခက္ကုန္မွာေတြ ျဖစ္ႏုိင္တာေပါ့။”

ကိုဝင္းမင္း - ဟုတ္ကဲ့ ေနာက္ထပ္ေရာ ဆရာ အေရးတႀကီး ဘာမ်ား ေျပာခ်င္ပါေသးလဲ၊ အခုလို အခက္အခဲ ႀကဳံရတဲ့အခ်ိန္မွာ။

ေဒါက္တာေစာဝင္း - “က်ေနာ္တုိ႔ႏုိင္ငံ အေနနဲ႔လည္း အထူးၾကပ္မတ္ ကုသတာက သူမ်ားႏုိင္ငံေလာက္ အင္အားမရွိဘူး။ က်န္းမာေရးဝန္ထမ္းေတြလည္း အရမ္းပင္ပန္းတယ္။ ဒီစည္းမ်ဥ္းစည္းကမ္းေတြကိုေတာ့ တိတိက်က် လုိက္နာဖို႔ လိုပါတယ္။”

ကုိဝင္းမင္း - ဟုတ္ကဲ့၊ အခုလုိ အားလုံးက စည္းကမ္းလုိက္နာ ပူးေပါင္းေဆာင္ရြက္ႏုိင္ရင္ ဒီကူးစက္မႈ ျပန္က်သြားႏိုင္မယ့္ အေနအထား။

ေဒါက္တာေစာဝင္း - “ေလ်ာ့သြားမယ္လုိ႔ ထင္ပါတယ္။ ဘာျဖစ္လို႔လဲဆုိေတာ့ ရခုိင္မွာ ထပ္မံကူးစက္မႈက နည္းသြားတယ္။ ဒီေန႔မနက္လည္း ၂၃ ေယာက္ပဲေတြ႔ေတာ့၊ ဒီေန႔လည္း ၁၅၀ ဆုိတာ မေန႔ကနဲ႔စာရင္ေတာ့ နည္းပါတယ္။ ဒီဥစၥာကို တိတိက်က် လိုက္နာရင္ ထပ္ေလ်ာ့သြားမွာပါ။ ဥပမာ ထုိင္းတုိ႔ဘာတုိ႔ဆုိလည္း အရင္တုန္းက ဒီအေျခအေနမ်ဳိး ေရာက္ခဲ့တယ္၊ အခု ထိန္းသိမ္းသြားႏုိင္တာပဲေလ။ ဗီယက္နမ္လည္း ဒီလုိပါပဲ။”

ကိုဝင္းမင္း - ဟုတ္ကဲ့၊ ေက်းဇူးအမ်ားႀကီးတင္ပါတယ္ ဆရာ။

ရန္ကုန္အသြားအလာကန္႔သတ္မႈ ေက်ာ္လႊားႏုိင္ေရး
please wait

No media source currently available

0:00 0:05:00 0:00
တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

ရန်ကုန်အသွားအလာကန့်သတ်မှု ကျော်လွှားနိုင်ရေး

မြန်မာနိုင်ငံမှာ အထူးသဖြင့် ရန်ကုန်မြို့မှာ ကိုဗစ်ကူးစက်မှုနှုန်း ထိုးထောင်တက်နေတာကို လျှော့ချနိုင်ဖို့ အသွားအလာ ကန့်သတ်မှုတွေ လုပ်လာအပြီး ကြုံလာတဲ့ အခက်အခဲတွေကို ဘယ်လိုကျော်လွှားနိုင်ဖို့ ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းနဲ့ ကလေးအထူးကု ပါမောက္ခ ဒေါက်တာစောဝင်းကို ကိုဝင်းမင်း မေးမြန်းထားရာမှာ ဦးနိုင်ငံလင်းက ခုလို စရှင်းပြပါတယ်။

ဦးနိုင်ငံလင်း - “ကျနော်တို့ ရန်ကုန်မှာ ကိုဗစ်ရှိသူက အလွန်များလာတယ်။ ဒါပေမယ့် တဖက်မှာ ပြန်ကြည့်ရင်လည်း ပြည်သူလူထုက အခုချိန်ထိ အစုအဝေးနဲ့ သွားနေတာတွေ တွေ့နေရသေးတယ်။ ထိန်းချုပ်နိုင်အောင်တော့ ကျနော်တို့ အစိုးရဘက်က အစွမ်းကုန် ကြိုးစားနေတယ်။ ဒါပေမယ့် ပြည်သူလူထုရဲ့ လိုက်နာမှု အားနည်းလို့ရှိရင် ထိန်းချုပ်မှုမှာ အခက်အခဲ ဖြစ်လိမ့်မယ်။ အဲတော့ အဓိက ပြောချင်တာကတော့ ပြည်သူလူထုအနေနဲ့ အရင်တုန်းက လိုက်နာခဲ့သလို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေနဲ့အညီ နေထိုင်ပေးဖို့၊ ဖြစ်နိုင်လို့ရှိရင် အိမ်မှာပဲနေဖို့၊ လူစုလူဝေးဆီ မသွားဖို့၊ မဖြစ်မနေ သွားရမယ်ဆိုရင်လည်း ပါးစပ်နဲ့ နှာခေါင်းစည်း တပ်မယ်၊ မျက်နှာအကာတပ်မယ်၊ လက်မဆေး ဆေးရည်သုံးမယ်၊ ဒါတွေကို လိုက်နာပေးဖို့။ နောက်ပြီးတော့ ခပ်ခွာခွာနေဖို့လည်း အထူးဂရုစိုက်ဖို့ပေါ့။”

ကိုဝင်းမင်း - နောက်ထပ်ရော သက်ဆိုင်ရာ ရပ်ကွက်အသီးသီးမှာ တာဝန်ထမ်းဆောင်နေသူတွေကို ဘာမှာချင်သေးလဲ။

ဦးနိုင်ငံလင်း - “ကန့်သတ်ချက်တွေကတော့ လောလောဆယ် ကျနော်တို့တိုင်းမှာဆိုရင် လမ်းတွေမှာ တော်တော်လေး ပိတ်ဆို့တာတွေ ကြားနေရတယ်။ ပြည်ထောင်စုကလည်း စာထွက်တယ်လို့ ဒီနေ့ကြားတယ်။ အဲတော့ ပြည်သူလူထုအနေနဲ့ သိပ်ပြီးတော့ ခက်ခဲသွားအောင် မလုပ်သင့်ဘူး။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက Stay at Home လို့ ကြေညာထားတဲ့ အဲဒီမှာ စည်းမျဉ်းစည်းကမ်းတွေ ပါတယ်။ အဲဒီစည်းမျဉ်းစည်းကမ်းတွေ အတိုင်းသာ လိုက်နာမယ်ဆိုရင် အဆင်ပြေပြီလို့ ကျနော်မြင်ပါတယ်။”

ကိုဝင်းမင်း - အခု ခက်ခဲနေတဲ့ အနေအထားကိုရော ဖြေရှင်းနိုင်မယ့် အနေအထား ဘယ်လိုမြင်လဲ။

ဦးနိုင်ငံလင်း - “ကျနော်တို့ ယုံကြည်မှုအပြည့်ရှိတယ်။ အစိုးရအနေနဲ့လည်း တတ်နိုင်သလောက် ကြိုးစားမယ်။ အခု ပြည်ထောင်စုကလည်း ပူးပေါင်းဆောင်ရွက်မှုတွေ အရမ်းအားကောင်းလာပြီ။ ပံ့ပိုးမှုတွေ အားကောင်းလာပြီ။ ရန်ကုန်တိုင်းမှာဆိုရင် ရန်ကုန်တိုင်းအစိုးရ ဦးဆောင်ပြီး တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန ရှိတာပေါ့၊ အဲဒါနဲ့ ပူးပေါင်းဆောင်ရွက်နေတာတွေ၊ Volunteer တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတာတွေ၊ ပြီးတော့ ပြည်သူလူထုက ပူးပေါင်းဆောင်ရွက်တာတွေ ရှိတယ်။ အားလုံး ပူးပေါင်းဆောင်ရွက်မှုက ညီညီညွတ်ညွတ်နဲ့ ဖြစ်လာမယ်ဆိုရင်တော့ ဒီ ကိုဗစ်တိုက်ပွဲကိုတော့ နိုင်အောင် တိုက်နိုင်မယ်လို့ ကျနော် ယူဆပါတယ်။”

ကိုဝင်းမင်း - နောက်ထပ်ရော ဘာမှာချင်သေးလဲ။

ဦးနိုင်ငံလင်း - “ဒီကူးစက်ရောဂါနဲ့ ပတ်သက်ပြီးတော့ အမြင်ကျယ်ဖို့ လိုတယ်။ ကျနော်တို့က ထိန်းညှိနေရတာပေါ့နော်။ အစွန်းနှစ်ဖက် ရှိတယ်ပေါ့ဗျာ။ တဖက်ကလည်း ပြည်သူကို အတင်းကျပ်ကြီး ပိတ်ဆို့လိုက်ရင်လည်း ပြည်သူ စားဝတ်နေရေးနဲ့ အခက်အခဲတွေ အများကြီး ကြုံသွားနိုင်တယ်။ တဖက်ကလည်း အရမ်း ပေါ့လျော့သွားရင်လည်း ရောဂါကို မထိန်းချုပ်နိုင်ဘဲ ဖြစ်သွားနိုင်တယ်။ အဲဒီကြားထဲမှာ ထိန်းညှိနိုင်ဖို့ လိုတယ်လို့ ကျနော် မြင်ပါတယ်။ အဓိကတော့ ပြည်သူလူထု လိုက်နာမှု အားကောင်းတာနဲ့အမျှ ထိန်းချုပ်မှု အားကောင်းလာမယ်၊ အဲဒီကျရင် အချိန်တိုတိုအတွင်းမှာ ပြန်ပြီးတော့ ဖြေလျှော့မှုတွေ လုပ်နိုင်မယ်လို့ ကျနော်မြင်တယ်။”

ကိုဝင်းမင်း - ဟုတ်ကဲ့၊ ကျေးဇူးပါ ဦးနိုင်ငံလင်း ခင်ဗျား။
အခုလို ရန်ကုန်မှာ ကူးစက်မှုတွေ မတရားများနေတဲ့ အနေအထားကို ထိန်းချုပ်နိုင်မယ့် အနေအထားပေါ့၊ ကလေးအထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာစောဝင်းကို ဆက်ပြီးမေးမြန်းထားပါတယ်။
ဆရာခင်ဗျား၊ အခု ရန်ကုန်မှာ ကူးစက်မှုတွေလည်း များ၊ ထိန်းချုပ် ပိတ်ဆို့မှုတွေလည်း ပြင်းထန်နေတဲ့ အနေအထားကို ဆရာ ဘယ်လိုသုံးသပ်မိလဲ။

ဒေါက်တာစောဝင်း - “ကျနော့်အမြင် ဒီတကြိမ်ဖြစ်တာကတော့ တကယ်ရောဂါဖြစ်တဲ့လူနဲ့ ထိတွေ့တာမရှိဘဲ၊ ခရီးသွားခဲ့တာလည်း မရှိဘဲနဲ့ တွေ့နေတော့ လူထုကြားမှာ ကူးစက်ပျံ့နှံ့မှု ရှိနေတယ်၊ အဲဒီလူတွေကလည်း လက္ခဏာပြမှာ မဟုတ်ဘူး။ အဲတော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်မှုတွေ လုပ်ဖို့ လိုပါပြီ။ ရောဂါပိုး သယ်ဆောင်တဲ့လူက ဘယ်မှာရှိလဲဆိုတာ ပြောလို့မရတဲ့ အခြေအနေ ဖြစ်နေပါတယ်။ မိမိအိမ်မှာ မိမိနေစေချင်တယ်၊ အသွားအလာ ကန့်သတ်တယ်ပေါ့။ ဆိုလိုတာက ရောဂါပိုးရှိတဲ့သူ တွေ့လို့ရှိရင်လည်း အဲဒီအနား ပတ်ဝန်းကျင်တော့ Local Lockdown ဆိုတာ အဲဒီနေရာ ပိတ်ဆို့တာ လုပ်တယ်ပေါ့။ အကုန်လုံးကိုတော့လည်း လုပ်တာမဟုတ်ပါဘူး။ ဒါပေမယ့် တချို့ ရပ်ကွက် ခေါင်းဆောင်တွေပေါ့၊ အုပ်ချုပ်ရေးမှူးတို့ ဘာတု့ိလည်း တခါတလေကျ အဓိပ္ပာယ်ကောက် လွဲမှားတယ်နဲ့ တူပါတယ်။ လမ်းတွေအကုန်လုံး လိုက်ပိတ်တာတွေ ဘာတွေက သိပ်လုပ်ဖို့ မလိုပါဘူး။ တတ်နိုင်သမျှ ကိုယ့်အိမ်မှာ ကိုယ်နေ၊ Home Stay ဆိုတာ ဘာလဲဆိုတာ ညွှန်ကြားချက်ထဲမှာ ပါပြီးသား ဖြစ်ပါတယ်။ ဈေးသွားဝယ်မယ်ဆိုရင် တယောက်ဝယ်လို့ရတယ်၊ ဆေးခန်းပြရင် နှစ်ယောက်ပြလို့ရတယ်၊ စတာပေါ့နော်။”

ကိုဝင်းမင်း - အခု ပြည်ထောင်စုအစိုးရကလည်း ရန်ကုန်တိုင်းအစိုးရ အနေနဲ့ အဲဒီလိုမျိုး အောက်ခြေမှာ အလွန်အကျွံ အပြတ်ပိတ်ပြီး တားနေတာတွေကိုလည်း ရှင်းပေးဖို့၊ အရေးယူပေးဖို့ ညွှန်ကြားချက် ထွက်ထားပါတယ် ဆရာ။

ဒေါက်တာစောဝင်း - “ဟုတ်ပါတယ်၊ ကျနော့်အမြင်တော့ လမ်းတွေအကုန်ပိတ်ပြီး မသွားရ မလာရ လုပ်ဖို့ မလိုပါဘူး။ အစွန်းနှစ်ဖက်ကို ရှောင်ဖို့လိုတာပေါ့။ တဖက်ကတော့ လုံးဝ ဂရုမစိုက်ဘဲနဲ့ ဖြစ်ရင်တော့လည်း အများကြီး ကူးစက်ကုန်ရင် ပိုပြီးတော့ အန္တရာယ်ရှိတာပေါ့။ တဖက်ကလည်း မလိုအပ်တဲ့ ထိန်းချုပ်မှုတွေ လုပ်နေရင်လည်း သွားရလာရခက်၊ လုပ်ရကိုင်ရတာတွေ ခက်ကုန်မှာတွေ ဖြစ်နိုင်တာပေါ့။”

ကိုဝင်းမင်း - ဟုတ်ကဲ့ နောက်ထပ်ရော ဆရာ အရေးတကြီး ဘာများ ပြောချင်ပါသေးလဲ၊ အခုလို အခက်အခဲ ကြုံရတဲ့အချိန်မှာ။

ဒေါက်တာစောဝင်း - “ကျနော်တို့နိုင်ငံ အနေနဲ့လည်း အထူးကြပ်မတ် ကုသတာက သူများနိုင်ငံလောက် အင်အားမရှိဘူး။ ကျန်းမာရေးဝန်ထမ်းတွေလည်း အရမ်းပင်ပန်းတယ်။ ဒီစည်းမျဉ်းစည်းကမ်းတွေကိုတော့ တိတိကျကျ လိုက်နာဖို့ လိုပါတယ်။”

ကိုဝင်းမင်း - ဟုတ်ကဲ့၊ အခုလို အားလုံးက စည်းကမ်းလိုက်နာ ပူးပေါင်းဆောင်ရွက်နိုင်ရင် ဒီကူးစက်မှု ပြန်ကျသွားနိုင်မယ့် အနေအထား။

ဒေါက်တာစောဝင်း - “လျော့သွားမယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရခိုင်မှာ ထပ်မံကူးစက်မှုက နည်းသွားတယ်။ ဒီနေ့မနက်လည်း ၂၃ ယောက်ပဲတွေ့တော့၊ ဒီနေ့လည်း ၁၅၀ ဆိုတာ မနေ့ကနဲ့စာရင်တော့ နည်းပါတယ်။ ဒီဥစ္စာကို တိတိကျကျ လိုက်နာရင် ထပ်လျော့သွားမှာပါ။ ဥပမာ ထိုင်းတို့ဘာတို့ဆိုလည်း အရင်တုန်းက ဒီအခြေအနေမျိုး ရောက်ခဲ့တယ်၊ အခု ထိန်းသိမ်းသွားနိုင်တာပဲလေ။ ဗီယက်နမ်လည်း ဒီလိုပါပဲ။”

ကိုဝင်းမင်း - ဟုတ်ကဲ့၊ ကျေးဇူးအများကြီးတင်ပါတယ် ဆရာ။

XS
SM
MD
LG