သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတဝန်း ကိုဗစ်ကူးစက်သူ ၂၀၁ ဦးတိုး၊ စုစုပေါင်း ၂,၇၉၆ ဦးရှိ


ရန်ကုန်မြို့မှာ COVID-19 ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်နိုင်ရေး ဒေသံခတွေကို ကျန်းမာရေးစစ်ဆေးဖို့ ပြင်ဆင်နေတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (စက်တင်ဘာ ၉၊ ၂၀၂၀)
ရန်ကုန်မြို့မှာ COVID-19 ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်နိုင်ရေး ဒေသံခတွေကို ကျန်းမာရေးစစ်ဆေးဖို့ ပြင်ဆင်နေတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (စက်တင်ဘာ ၉၊ ၂၀၂၀)

(Zawgyi / Unicode)

မြန်မာနိုင်ငံမှာ COVID-19 ကူးစက်သူ လူနာသစ် ၂၀၁ ယောက် ထပ်ပြီးတွေ့ရတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက စက်တင်ဘာလ ၁၃ ရက် တနင်္ဂနွေနေ့ မနက် ၈ နာရီမှာ ထုတ်ပြန်ကြေညာလိုက်တာကြောင့် အခုအချိန်အထိဆို မြန်မာနိုင်ငံမှာ ရောဂါပိုး ကူးစက်ခံရသူ စုစုပေါင်း ၂,၇၉၆ ဦး ရှိသွားပြီ ဖြစ်ပါတယ်။

စနေနေ့အတွက် စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာ စုစုပေါင်းက ၄,၁၂၀ ရှိပါတယ်။ တနင်္ဂနွေနေ့ မနက် ၈ နာရီ အချိန်အထိ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၂,၇၉၆ ဦး ရှိနေပြီး ဆေးရုံက ဆင်းခွင့်ရသူက ၆၇၆ ဦး ရှိနေတယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။

အခုချိန်အထိ COVID-19 ကြောင့် သေဆုံးရသူက ၁၆ ဦး ရှိနေပြီဖြစ်ပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ စက်တင်ဘာ ၁၃ ရက် မနက် ၈ နာရီ ထုတ်ပြန်ချက်။ (ဓာတ်ပုံ - MOHS)
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ စက်တင်ဘာ ၁၃ ရက် မနက် ၈ နာရီ ထုတ်ပြန်ချက်။ (ဓာတ်ပုံ - MOHS)

ဒီကနေ့ အသစ်ထပ်တွေ့တဲ့ လူနာ ၂၀၁ ဦးနဲ့ ပတ်သက်ပြီး အသေးစိတ်ကို မသိရသေးပါဘူး။

မြန်မာနိုင်ငံ ဒေသအနှံ့အပြားမှာ ရောဂါပိုး ကူးစက်ပျံ့နှံ့နေတာဖြစ်ပြီး အများဆုံး အကူးစက်ခံနေရတဲ့ ရန်ကုန်တိုင်းဒေသကြီးမှာတော့ အိမ်တွင်းနေညွှန်ကြားချက် (Stay-at-home) တွေ ထုတ်ပြန်ထားပါတယ်။

ရန်ကုန်မြို့တွင်းက ခရိုင်၊ မြို့နယ်နဲ့ ရပ်ကွက်တွေမှာ ကိုယ့်သဘောနဲ့ကိုယ် ပိတ်ဆို့တားဆီးတာတွေ လုပ်နေကြတဲ့အတွက် ဒီကိစ္စကို အမြန်ဖြေရှင်း ဆောင်ရွက်ဖို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို COVID-19 ကာကွယ်ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက စနေနေ့မှာ ညွှန်ကြားခဲ့ပါတယ်။

မွန်ပြည်နယ်မှာတော့ COVID-19 ကူးစက်မှုကြောင့် သေဆုံးသူရှိလာပြီး ပိုးကူးစက်သူတွေ တိုးလာတဲ့အတွက် မွန်ပြည်နယ်တွင်း ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတွေ အဝင်အထွက် ယာယီပိတ်ပင်လိုက်သလို အထူးသဖြင့် ရန်ကုန်ပြန်တွေကို မဖြစ်မနေ Quarantine ဝင်ရမယ်လို့ သတ်မှတ်လိုက်ပါတယ်။

-----------------------

(Unicode)








XS
SM
MD
LG