သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပြင်မထွက်ရအမိန့် ချိုးဖောက်ဆန္ဒပြသူတွေကို သြစတြေးလျရဲ ဖမ်းဆီး


မဲလ်ဘုန်းမြို့မှာ အိမ်အပြင်မထွက်ဖို့အမိန့် ကန့်ကွက်ဆန္ဒပြသူတွေကို ဖမ်းဆီးနေတဲ့ သြစတြေးလျ ရဲတပ်ဖွဲ့ဝင်အချို့။ (စက်တင်ဘာ ၅၊ ၂၀၂၀)
မဲလ်ဘုန်းမြို့မှာ အိမ်အပြင်မထွက်ဖို့အမိန့် ကန့်ကွက်ဆန္ဒပြသူတွေကို ဖမ်းဆီးနေတဲ့ သြစတြေးလျ ရဲတပ်ဖွဲ့ဝင်အချို့။ (စက်တင်ဘာ ၅၊ ၂၀၂၀)

(Zawgyi / Unicode)

သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ဆန္ဒပြတဲ့သူတွေက အိမ်ထဲကနေ အပြင်မထွက်ဖို့ အမိန့်ကို မလိုက်နာဘဲ ကန့်ကွက် ဆန္ဒပြခဲ့ကြတာကြောင့် ဆန္ဒပြတဲ့ ၇၄ ယောက်ကို ဖမ်းဆီးလိုက်တယ်လို့ သြစတြေးလျရဲတပ်ဖွဲ့က ပြောပါတယ်။

ဒါ့အပြင် နောက်ထပ် ဆန္ဒပြတဲ့သူ ၁၇၆ ယောက်ကိုလည်း အများပြည်သူ ကျန်းမာရေးအတွက် ထုတ်ပြန်ထားတဲ့ အမိန့်ကို ချိုးဖောက်မှုနဲ့ သတိပေး အရေးယူလိုက်တယ်လို့ ပြောပါတယ်။

မဲလ်ဘုန်းမြို့မှာ ဗိုင်းရပ်စ်ကူးစက်သူ အရေအတွက်ဟာ ဒီနေ့မှာ နောက်ထပ် ၄၁ ယောက် ထပ်တိုးလာချိန်မှာပဲ လူရာပေါင်းများစွာက ဆန္ဒပြခဲ့ကြပြီး ဆန္ဒပြတဲ့သူတွေနဲ့ ရဲတပ်ဖွဲ့ကြား ရုန်းရင်းဆန်ခတ်တွေ ဖြစ်ခဲ့ကြတာပါ။

ပြီးခဲ့တဲ့သီတင်းပတ်ကုန်ကလည်း လူ ၂၀၀ လောက် ဆန္ဒပြခဲ့ကြပြီးတော့ ဆန္ဒပြတဲ့သူတွေနဲ့ ရဲတွေကြားမှာ ထိပ်တိုက်တွေ့ခဲ့ကြပြီး အများအပြား ဖမ်းဆီးခံခဲ့ရပါတယ်။

မဲလ်ဘုန်းမြို့မှာ ပြီးခဲ့တဲ့ သြဂုတ်လ အစောပိုင်းတုန်းက နေ့စဉ်ကူးစက်မှုနှုန်းက ၇၀၀ ကျော်လောက် ရှိခဲ့ရာကနေ အခုအခါမှာ ကူးစက်မှုတွေက ပုံမှန်ကျဆင်းလာနေတာပါ။ သြစတြေးလျနိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်သူ ၂၆,၀၀၀ ကျော်ရှိပြီး အဲဒီထဲက ၇၅ ရာခိုင်နှုန်းက ဗစ်တိုးရီးယားပြည်နယ်က ဖြစ်ပါတယ်။

ဗစ်တိုးရီးယားပြည်နယ်ရဲ့ မဲလ်ဘုန်းမြို့မှာလည်း လူတွေကို အပြင်မထွက်ကြဖို့ အမိန့်ထုတ်ထားတာ သီတင်းပတ်တွေနဲ့ချီ ရှိပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း လူတွေအနေနဲ့ အရင်က တနေ့ကို ၁ နာရီ အပြင်ထွက်ခွင့် ရနေတာကနေ မနက်ဖြန် တနင်္လာနေ့ကစပြီး တနေ့ကို ၂ နာရီ အပြင်ထွက်ခွင့်ရမှာဖြစ်သလို ညမထွက်ရအမိန့် ထုတ်ပြန်ထားတာကိုလည်း အချိန် ၁ နာရီ လျှော့ချသွားမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

----------------------------

(Unicode)








XS
SM
MD
LG