သုံးရလွယ်ကူစေသည့် Link များ

သြစတြေးလျ ဝိုင်တင်ပို့မှု တရုတ်စတင်စုံစမ်းစစ်ဆေး


သြစတြေးလျနိုင်ငံ Sydney မြို့မှာ တွေ့ရတဲ့ ဝိုင် အရောင်းဆိုင်တခုက မြင်ကွင်း။ (သြဂုတ် ၀၄၊ ၂၀၁၄)
သြစတြေးလျနိုင်ငံ Sydney မြို့မှာ တွေ့ရတဲ့ ဝိုင် အရောင်းဆိုင်တခုက မြင်ကွင်း။ (သြဂုတ် ၀၄၊ ၂၀၁၄)

[Zawgyi/Unicode]

တရုတ်နဲ့ သြစတြေးလျနှစ်နိုင်ငံကြား ကုန်သွယ်ရေးနဲ့ သံတမန်ရေးဆိုင်ရာ တင်းမာမှုတွေရှိနေတဲ့ ကြားကပဲ သြစတြေးလျ ဝိုင်အရက် သွင်းကုန်တွေအပေါ် တရုတ်နိုင်ငံက စုံစမ်းမှုတွေ စတင်လိုက်ပါတယ်။

သြစတြေးလျက ဝိုင်တွေကို တရုတ်နိုင်ငံတွင်း ဈေးအဆမတန် လျှော့ချသွင်းပြီး ရောင်းနေတဲ့ အတွက် ပြည်တွင်းမှာ ရောင်းလို့မစွံတဲ့ ကုန်ပစ္စည်းတွေကို ပြည်ပမှာ လျှော့ဈေးနဲ့ ရောင်းကုန်အောင်လုပ်နေသလားဆိုတာကို စစ်ဆေးဖို့ တရုတ်နိုင်ငံက ဆုံးဖြတ်လိုက်တဲ့ အတွက် နှစ်နိုင်ငံ ကုန်သွယ်ရေးနဲ့ ပတ်သက်လို့ ထပ်ပြီး အငြင်းပွါးစရာ ဖြစ်လာတာပါ။

တရုတ် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကတော့ အခုလို စုံစမ်းစစ်ဆေးဖို့လုပ်ရတာဟာ တရုတ်နိုင်ငံ အရက်သေစာရောင်းချမှုဆိုင်ရာအဖွဲ့ရဲ့ တောင်းဆိုမှုကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။ သြစတြေးလျ ဝိုင်ထုတ်လုပ်သူတွေက တရုတ်နိုင်ငံကို တင်ပို့ရောင်းချနေတဲ့ ဝိုင်တွေကို အဆမတန်ဈေးလျော့ချလိုက်တဲ့ အတွက် ပြည်တွင်းက ဝိုင်လုပ်ငန်းတွေကို ထိခိုက်သွားစေတယ်လို့လည်း တရုတ်က စွပ်စွဲပြောဆိုခဲ့ပါတယ်။

အခုလို စုံစမ်းမှုတွေ လုပ်ဖို့ အချိန် တနှစ်တိတိကြာမြင့်မှာ ဖြစ်ပြီး နောက်ထပ် ၆ လ ထပ်ပြီး သက်တမ်းတိုးနိုင်တာကြောင့် ၂၀၂၂ ဖေဖော်ဝါရီလအထိ စုံစမ်းစစ်ဆေးမှုတွေကို ပြုလုပ်သွားနိုင်ချေရှိတာပါ။

တရုတ်က သြစတြေးလျ ဝိုင်ကို အဓိကတင်သွင်းနေပြီး ပြီးခဲ့တဲ့ နှစ်က တရုတ်နိုင်ငံတွင်း တင်သွင်းရောင်းချတဲ့ ဈေးကွက်က အမေရိကန် ဒေါ်လာ သန်းပေါင်း ၇၉၀ ကျော်ရှိပါတယ်။ တရုတ်နိုင်ငံက သြစတြေးလျရဲ့ အကြီးဆုံး ကုန်သွယ်ဘက်နိုင်ငံဖြစ်သလို မနှစ်တုန်းက အပြန်အလှန် ကုန်သွယ်မှု ပမာဏ အမေရိကန် ဒေါ်လာ သန်း ၁၇၀ ရှိကြောင်း ရိုက်တာသတင်းက ပြောပါတယ်။

အခုနောက်ပိုင်း တရုတ်နိုင်ငံ Wuhan မြို့က စတင်ကူးစက်ပျံ့နှံ့ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ သြစတြေးလျက နိုင်ငံတကာကို တိုက်တွန်းနေချိန်မှာပဲ တရုတ်က သြစတြေးလျ သွင်းကုန်တွေကို စုံစမ်းစစ်ဆေးဖို့ လုပ်လာတာဖြစ်ပါတယ်။

အစောပိုင်းတုန်းကလည်း သြစတြေးလျ ဘာလီနဲ့ အမဲသား သွင်းကုန်တွေ အပေါ် တရုတ်က အခွန်တိုးကောက်ထားသလို သူ့နိုင်ငံသားနဲ့ ကျောင်းသားတွေကို သြစတြေးလျမှာ လူမျိုးရေးခွဲခြားမှုတွေရှိတဲ့ အတွက် ပညာရေးနဲ့ အလည်အပတ်အတွက် မသွားရောက်ကြဖို့ အကြံပြုတိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]









XS
SM
MD
LG