သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကပ္ေရာဂါထိန္းခ်ဳပ္ေရး ၾသစေၾတးလ် မဲလ္ဘုန္းၿမိဳ႕ ညမထြက္ရအမိန္႔ထုတ္


ကို႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈ ကာကြယ္ႏုိင္ေရး ဝတ္စုံျပည့္ ဝတ္ဆင္ထားတဲ့ ၾသစေၾတးလ်ႏုိင္ငံ မဲလ္ဘုန္းၿမိဳ႕က က်န္းမာေရးဝန္ထမ္းတဦး။ (ဇူလုိင္ ၃၀၊ ၂၀၂၀)

(Zawgyi / Unicode)

ၾသစေၾတးလ်ႏုိင္ငံ ဗစ္တုိးရီးယားျပည္နယ္ကေတာ့ ဒီေန႔မွာ ကပ္ေဘးအေရးေပၚ အေျခအေနကို ေၾကညာလိုက္ၿပီး COVID-19 ေရာဂါအေျခအေနကို ထိန္းခ်ဳပ္ႏုိင္ဖို႔ အျပင္းထန္ဆုံး လုပ္ေဆာင္တဲ့အေနနဲ႔ မဲလ္ဘုန္းၿမိဳ႕မွာ ညမထြက္ရအမိန္႔ ထုတ္လိုက္ပါတယ္။

“မဲလ္ဘုန္းၿမိဳ႕မွာ ဒီေန႔ည ၈ နာရီကစၿပီး ညမထြက္ရအမိန္႔ ထုတ္လိုက္ၿပီး ေန႔တိုင္း ည ၈ နာရီကေန မနက္ ၅ နာရီအထိ အျပင္မထြက္ရပါဘူး။ အဲဒီအခ်ိန္အတြင္း အျပင္ထြက္ႏုိင္တာကေတာ့ က်န္းမာေရးေစာင့္ေရွာက္မႈ ခံယူဖို႔၊ ကုသမႈေပးဖို႔၊ အလုပ္သြား အလုပ္လာေတြအတြက္ပဲ ထြက္လို႔ရမွာျဖစ္ၿပီး လူေတြအေနနဲ႔ အိမ္လည္သြားတာေတြ၊ အေၾကာင္းကိစၥမရွိဘဲ အျပင္သြားတာေတြကုိ ခြင့္ျပဳေတာ့မွာ မဟုတ္ပါဘူး။ ဒါကို လြယ္လြယ္ကူကူ ဆုံးျဖတ္ခဲ့တာမဟုတ္ဘဲ လိုအပ္လို႔ ဆုံးျဖတ္ခဲ့တာျဖစ္ၿပီး ရဲတပ္ဖဲြ႔ေတြအေနနဲ႔ အျပင္ထြက္တဲ့သူေတြကို စစ္ေဆးေမးျမန္းသြားမွာျဖစ္ၿပီး အဲဒီအခါမွာ ကိုယ္က ညမထြက္ရအမိန္႔ကို မခ်ိဳးေဖာက္ဘဲ ဥပေဒနဲ႔အညီ ထြက္တယ္ဆုိတာကို ရွင္းျပႏုိင္ဖို႔ လိုတယ္” လုိ႔ ဗစ္တုိးရီးယားျပည္နယ္ ၀န္ႀကီးခ်ဳပ္ Daniel Andrews က ေျပာသြားတာ ျဖစ္ပါတယ္။

မဲလ္ဘုန္းၿမိဳ႕မွာ လူေတြကို သီတင္းပတ္ ၆ ပတ္ၾကာ အျပင္မထြက္ဖို႔ အမိန္႔ထုတ္ထားၿပီး ျဖစ္ပါတယ္။ ဒါေပမယ့္ ၿပီးခဲ့တဲ့ တပတ္ကစလို႔ ဗုိင္းရပ္စ္ကူးစက္မႈေတြ စံခ်ိန္တင္ ျမင့္တက္ခဲ့ၿပီး ထိန္းခ်ဳပ္ဖို႔အတြက္ ႐ုန္းကန္ေနရတာ ျဖစ္ပါတယ္။

ဒါေၾကာင့္ မဲလ္ဘုန္းၿမိဳ႕ခံေတြအေနနဲ႔ ေစ်း၀ယ္တာေတြနဲ႔ အားကစားေလ့က်င့္မႈ လုပ္တဲ့အခ်ိန္ေတြကို အကန္႔အသတ္နဲ႔ လုပ္သြားရမွာျဖစ္သလို ေက်ာင္းေတြလည္း ဗုဒၼဟူးေန႔ကစၿပီး အြန္လိုင္းကေန သင္ရမွာျဖစ္ပါတယ္။

ဗစ္တုိးရီးယားျပည္နယ္မွာေတာ့ ဒီေန႔မွာ ဗုိင္းရပ္စ္ ေနာက္ထပ္ကူးစက္ခံရသူ ၆၇၁ ေယာက္ရွိၿပီး ေသဆုံးသူ ၇ ေယာက္ ရွိခဲ့ပါတယ္။

ျပည္နယ္အတြင္းမွာ ေနထုိင္တဲ့သူ အခ်င္းခ်င္း ကူးစက္မႈေတြ မ်ားလာတာနဲ႔ ဘယ္ကေနစၿပီး ကူးစက္တယ္ဆုိတာ မသိရတဲ့အတြက္ အခုလို ကန္႔သတ္မႈအသစ္ေတြ ခ်မွတ္လာခဲ့တာျဖစ္ၿပီး သီတင္းပတ္ ၆ ပတ္ၾကာမယ္လို႔ အာဏာပိုင္ေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------------

(Unicode)

ကပ်ရောဂါထိန်းချုပ်ရေး သြစတြေးလျ မဲလ်ဘုန်းမြို့ ညမထွက်ရအမိန့်ထုတ်

သြစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ်ကတော့ ဒီနေ့မှာ ကပ်ဘေးအရေးပေါ် အခြေအနေကို ကြေညာလိုက်ပြီး COVID-19 ရောဂါအခြေအနေကို ထိန်းချုပ်နိုင်ဖို့ အပြင်းထန်ဆုံး လုပ်ဆောင်တဲ့အနေနဲ့ မဲလ်ဘုန်းမြို့မှာ ညမထွက်ရအမိန့် ထုတ်လိုက်ပါတယ်။

“မဲလ်ဘုန်းမြို့မှာ ဒီနေ့ည ၈ နာရီကစပြီး ညမထွက်ရအမိန့် ထုတ်လိုက်ပြီး နေ့တိုင်း ည ၈ နာရီကနေ မနက် ၅ နာရီအထိ အပြင်မထွက်ရပါဘူး။ အဲဒီအချိန်အတွင်း အပြင်ထွက်နိုင်တာကတော့ ကျန်းမာရေးစောင့်ရှောက်မှု ခံယူဖို့၊ ကုသမှုပေးဖို့၊ အလုပ်သွား အလုပ်လာတွေအတွက်ပဲ ထွက်လို့ရမှာဖြစ်ပြီး လူတွေအနေနဲ့ အိမ်လည်သွားတာတွေ၊ အကြောင်းကိစ္စမရှိဘဲ အပြင်သွားတာတွေကို ခွင့်ပြုတော့မှာ မဟုတ်ပါဘူး။ ဒါကို လွယ်လွယ်ကူကူ ဆုံးဖြတ်ခဲ့တာမဟုတ်ဘဲ လိုအပ်လို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ရဲတပ်ဖွဲ့တွေအနေနဲ့ အပြင်ထွက်တဲ့သူတွေကို စစ်ဆေးမေးမြန်းသွားမှာဖြစ်ပြီး အဲဒီအခါမှာ ကိုယ်က ညမထွက်ရအမိန့်ကို မချိုးဖောက်ဘဲ ဥပဒေနဲ့အညီ ထွက်တယ်ဆိုတာကို ရှင်းပြနိုင်ဖို့ လိုတယ်” လို့ ဗစ်တိုးရီးယားပြည်နယ် ဝန်ကြီးချုပ် Daniel Andrews က ပြောသွားတာ ဖြစ်ပါတယ်။

မဲလ်ဘုန်းမြို့မှာ လူတွေကို သီတင်းပတ် ၆ ပတ်ကြာ အပြင်မထွက်ဖို့ အမိန့်ထုတ်ထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ တပတ်ကစလို့ ဗိုင်းရပ်စ်ကူးစက်မှုတွေ စံချိန်တင် မြင့်တက်ခဲ့ပြီး ထိန်းချုပ်ဖို့အတွက် ရုန်းကန်နေရတာ ဖြစ်ပါတယ်။

ဒါကြောင့် မဲလ်ဘုန်းမြို့ခံတွေအနေနဲ့ ဈေးဝယ်တာတွေနဲ့ အားကစားလေ့ကျင့်မှု လုပ်တဲ့အချိန်တွေကို အကန့်အသတ်နဲ့ လုပ်သွားရမှာဖြစ်သလို ကျောင်းတွေလည်း ဗုဒ္မဟူးနေ့ကစပြီး အွန်လိုင်းကနေ သင်ရမှာဖြစ်ပါတယ်။

ဗစ်တိုးရီးယားပြည်နယ်မှာတော့ ဒီနေ့မှာ ဗိုင်းရပ်စ် နောက်ထပ်ကူးစက်ခံရသူ ၆၇၁ ယောက်ရှိပြီး သေဆုံးသူ ၇ ယောက် ရှိခဲ့ပါတယ်။

ပြည်နယ်အတွင်းမှာ နေထိုင်တဲ့သူ အချင်းချင်း ကူးစက်မှုတွေ များလာတာနဲ့ ဘယ်ကနေစပြီး ကူးစက်တယ်ဆိုတာ မသိရတဲ့အတွက် အခုလို ကန့်သတ်မှုအသစ်တွေ ချမှတ်လာခဲ့တာဖြစ်ပြီး သီတင်းပတ် ၆ ပတ်ကြာမယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

XS
SM
MD
LG