(Zawgyi / Unicode)
ဗီယက္နမ္ႏိုင္ငံ ကမ္း႐ုိးတန္းၿမဳိ႕ျဖစ္တဲ့ ဒါနန္းတၿမဳိ႕လုံးကို ကိုဗစ္ပိုး ရွိမရွိ စစ္ေဆးသြားဖုိ႔ စီစဥ္ေနေၾကာင္း အာဏာပုိင္ေတြက စေနေန႔မွာ ေျပာပါတယ္။
လူဦးေရ ၁.၁ သန္းေလာက္ရွိၿပီး လွပတဲ့ ပင္လယ္ကမ္းေျခနဲ႔ ေတာင္တန္းေတြေၾကာင့္ ႏိုင္ငံျခားဧည့္သည္ အလာမ်ားတဲ့ အဲဒီၿမဳိ႕မွာ ကိုဗစ္ကူးစက္တဲ့ အတည္ျပဳလူနာသစ္ ၄၀ ထပ္တိုးလာၿပီးေနာက္ အခုလို တၿမဳိ႕လုံး စစ္ေဆးဖို႔ ျဖစ္လာတာပါ။
ေနာက္ထပ္ကူးစက္မႈ အမ်ားစုဟာ ဒါနန္းၿမဳိ႕ ေဆး႐ုံေတြနဲ႔ ဆက္စပ္ေနၿပီး အဲဒီေဆး႐ုံေတြမွာ ၿပီးခဲ့တဲ့ ၃ လအတြင္း ျပည္တြင္းက လူအခ်င္းခ်င္းကူးစက္မႈ ရွိခဲ့တာကို ၿပီးခဲ့တဲ့အပတ္ထဲ စုံစမ္းသိရွိလာရပါတယ္။
ဒါနန္းၿမဳိ႕ကို လာေရာက္လည္ပတ္တဲ့ ခရီးသြား ၈ သိန္းေလာက္က ဇူလိုင္ ၁ ရက္ေန႔ကစလို႔ အျခားေဒသေတြဆီ ေျပာင္းေရႊ႕လည္ပတ္ေနၾကၿပီး လူ ၄၁,၀၀၀ ေက်ာ္ကေတာ့ ဒါနန္းက ေဆး႐ုံေတြကို အဝင္အထြက္ ရွိခဲ့တယ္လို႔ က်န္းမာေရးဝန္ႀကီးဌာနက စေနေန႔မွာ ေျပာပါတယ္။
အခုလို လူအမ်ားအျပား ကူးစက္ခံရၿပီးေနာက္ ဒါနန္းၿမဳိ႕မွာ ဇူလိုင္ ၂၅ ရက္ကစလို႔ လူေပါင္း ၈,၂၀၀ ေက်ာ္ကို ကိုဗစ္ရွိမရွိ စစ္ေဆးခဲ့ပါတယ္။ တရက္ကို ၈,၀၀၀ နဲ႔ ၁၀,၀၀၀ ၾကား စစ္ေဆးႏုိင္တယ္လုိ႔ အစိုးရတာဝန္ရွိသူေတြက ေျပာပါတယ္။
ဗီယက္နမ္မွာ အခုခ်ိန္ထိ ကိုဗစ္ကူးစက္ခံရသူ ၅၈၆ ဦးရွိၿပီး အဲဒီထဲက ၃ ဦး ေသဆုံးခဲ့ၿပီ ျဖစ္ပါတယ္။
------------------------------
(Unicode)
ခရီးသည်အလာများတဲ့ ဗီယက်နမ် ဒါနန်းတမြို့လုံး COVID-19 ရှိမရှိ စစ်ဆေးမည်
ဗီယက်နမ်နိုင်ငံ ကမ်းရိုးတန်းမြို့ဖြစ်တဲ့ ဒါနန်းတမြို့လုံးကို ကိုဗစ်ပိုး ရှိမရှိ စစ်ဆေးသွားဖို့ စီစဉ်နေကြောင်း အာဏာပိုင်တွေက စနေနေ့မှာ ပြောပါတယ်။
လူဦးရေ ၁.၁ သန်းလောက်ရှိပြီး လှပတဲ့ ပင်လယ်ကမ်းခြေနဲ့ တောင်တန်းတွေကြောင့် နိုင်ငံခြားဧည့်သည် အလာများတဲ့ အဲဒီမြို့မှာ ကိုဗစ်ကူးစက်တဲ့ အတည်ပြုလူနာသစ် ၄၀ ထပ်တိုးလာပြီးနောက်အခုလို တမြို့လုံး စစ်ဆေးဖို့ ဖြစ်လာတာပါ။
နောက်ထပ်ကူးစက်မှု အများစုဟာ ဒါနန်းမြို့ ဆေးရုံတွေနဲ့ ဆက်စပ်နေပြီး အဲဒီဆေးရုံတွေမှာ ပြီးခဲ့တဲ့ ၃ လအတွင်း ပြည်တွင်းက လူအချင်းချင်းကူးစက်မှု ရှိခဲ့တာကို ပြီးခဲ့တဲ့အပတ်ထဲ စုံစမ်းသိရှိလာရပါတယ်။
ဒါနန်းမြို့ကို လာရောက်လည်ပတ်တဲ့ ခရီးသွား ၈ သိန်းလောက်က ဇူလိုင် ၁ ရက်နေ့ကစလို့ အခြားဒေသတွေဆီ ပြောင်းရွှေ့လည်ပတ်နေကြပြီး လူ ၄၁,၀၀၀ ကျော်ကတော့ ဒါနန်းက ဆေးရုံတွေကို အဝင်အထွက် ရှိခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက စနေနေ့မှာ ပြောပါတယ်။
အခုလို လူအများအပြား ကူးစက်ခံရပြီးနောက် ဒါနန်းမြို့မှာ ဇူလိုင် ၂၅ ရက်ကစလို့ လူပေါင်း ၈,၂၀၀ ကျော်ကို ကိုဗစ်ရှိမရှိ စစ်ဆေးခဲ့ပါတယ်။ တရက်ကို ၈,၀၀၀ နဲ့ ၁၀,၀၀၀ ကြား စစ်ဆေးနိုင်တယ်လို့ အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။
ဗီယက်နမ်မှာ အခုချိန်ထိ ကိုဗစ်ကူးစက်ခံရသူ ၅၈၆ ဦးရှိပြီး အဲဒီထဲက ၃ ဦး သေဆုံးခဲ့ပြီ ဖြစ်ပါတယ်။