သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗီယက်နမ်မှာ ကိုဗစ်ဖြစ်နေတဲ့ မြန်မာသင်္ဘောသား ၂ ဦး ပြန်သက်သာ


ကိုဗစ် ပျောက်ကင်းသူ(၄)ဦးထဲမှာ မြန်မာ(၂)ဦးလည်း ပါဝင် (ဓါတ်ပုံ the National Hospital for Tropical Diseases in Hanoi )
ကိုဗစ် ပျောက်ကင်းသူ(၄)ဦးထဲမှာ မြန်မာ(၂)ဦးလည်း ပါဝင် (ဓါတ်ပုံ the National Hospital for Tropical Diseases in Hanoi )

(Zawgyi/Unicode)

ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာအဖြစ် ဗီယက်နမ်နိုင်ငံက စမ်းသပ်တွေ့ရှိခဲ့တဲ့ အသက်(၄၀)နဲ့ (၃၁)နှစ်အရွယ် မြန်မာသင်္ဘောသား (၂)ဦးစလုံးဟာ ကုသမှုခံယူပြီးနောက် COVID-19 ရောဂါ ပျောက်ကင်းသ ွားပြီဖြစ်ကြောင်း ဗီယက်နမ်အစိုးရက သောကြာနေ့မှာ ကြေညာပါတယ်။ ခုလို ဗီယက်နမ်အစိုးရက ကြေညာတဲ့ ကိုဗစ် ပျောက်ကင်းသူ(၄)ဦးထဲမှာ မြန်မာ(၂)ဦးလည်း ပါဝင်တာဖြစ်ပြီး (၄)ဦစလုံးဟာ ပြည်ပကနေ ဗီယက်နမ်ကို ဝင်ရောက်လာသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီ မြန်မာသင်္ဘောသား (၂)ဦးဟာ ပြီးခဲ့တဲ့လတုန်းက ကိုဗစ်အဖြစ်များခဲ့တဲ့ ဗီယက်နမ် မြောက်ပိုင်း Quang Ninh ခရိုင်ကို သ ွားရောက်ခဲ့သူတွေ ဖြစ်ပြီး ၊ ကျန်တဲ့ ဗီယက်နမ် နိုင်ငံသား (၂)ဦးကတော့ ဘင်္ဂလားဒေ့ရှ်ကနေ ကယ်ဆယ်ရေး လေယာဉ်နဲ့ ဇူလိုင်(၃)ရက်နေ့မှာ ပြန်လာကြသူတွေ ဖြစ်ပါတယ်။ သူတို့ (၄)ဦးစလုံးကို ဟနွိုင်းမြို့ ကူးစက်ရောဂါကု အထူးကု ဆေးရုံမှာ ကုသပေးခဲ့တာဖြစ်ပြီး ၊ စောင့်ကြည့်ကာလအဖြစ် ဆေးရုံမှာ နောက်ထပ် (၁၄)ရက် နေရဦးမှာပါ။

ဗီယက်နမ် နိုင်ငံမှာ ခုချိန်ထိ ကိုဗစ်အတည်ပြုလူနာ (၅၀၉)ဦးရှိပြီး ပြန်လည် သက်သာလာသူ စုစုပေါင်း (၃၇၃)ဦးရှိတာကြောင့် ဆက်လက်ကုသဖို့ (၁၃၆)ဦးသာ ကျန်တော့တာပါ။

ခုလို ဗီယက်နမ်က ကိုဗစ်ရောဂါ ကိုင်တွယ် ကုသရေး နာမည်ကောင်းရနေချိန်မှာ ကိုဗစ်ကြောင့် ပထမဦးဆုံးလူနာတဦး သေဆုံးသွားကြောင်း ဗီယက်နမ်အစိုးရက ဇူလိုင်(၃၁) ရက်မှာ ကြေညာပါတယ်။

ဒီအတောတွင်း မြန်မာနိုင်ငံရဲ့ အသက်အငယ်ဆုံး ကိုဗစ်လူနာ (၆)နှစ်သားအရွယ် ယောကျ်ားလေးဟာ ကုသမှုခံယူပြီးနောက် သောကြာ မနေ့တုန်းက ဆေးရုံက ပြန်ဆင်းလာပြီး ကွာရမ်တင်း ဆက်ဝင်နေရပါတယ်။

ဗီယက်နမ်မှာ ကိုဗစ်ဖြစ်နေတဲ့ မြန်မာသင်္ဘောသား ၂ ဦး ပြန်သက်သာ
please wait

No media source currently available

0:00 0:00:54 0:00
တိုက်ရိုက် လင့်ခ်


...............


(Unicode)






XS
SM
MD
LG