သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္စိုးရိမ္ခ်က္ေၾကာင့္ ဗီယက္နမ္ Da Nang ေဒသခံေတြကို ေရႊ႕ေျပာင္း


ဗီယက္နမ္ႏိုင္ငံ Da Nang ၿမိဳ႕မွာ ကိုယ္အပူခ်ိန္တိုင္းတာေပးေနတဲ့ က်န္းမာေရး၀န္ထမ္း။ (ဇူလိုင္ ၂၆၊ ၂၀၂၀)

[Zawgyi/Unicode]

ဗီယက္နမ္ႏိုင္ငံမွာ အပန္းေျဖ ပင္လယ္ကမ္းေျခေတြ႐ွိတဲ့ Da Nang ကမ္း႐ိုးတမ္းၿမိဳ႕တဝိုက္ COVID-19 အတည္ျပဳလူနာေတာ္ေတာ္မ်ားမ်ား ေတြ႔႐ွိခဲ့ၿပီးေနာက္ ေဒသထဲမွာ႐ွိတဲ့ လူေပါင္း ၈၀,၀၀၀ ေလာက္ကို ေဘးကင္းရာ ေ႐ႊ႕ေျပာင္းေပးေနပါတယ္။

ျပည္တြင္းခရီးသြားဧည့္သည္အမ်ားစုျဖစ္တဲ့ လူ ၈၀,၀၀၀ ေလာက္ကို ေဘးကင္းရာ ေျပာင္းေ႐ႊ႕ဖုိ႔ အနည္းဆံုး ၄ ရက္ေလာက္ၾကာႏိုင္တယ္လို႔ အစိုးရရဲ႕ ထုတ္ျပန္ခ်က္ထဲမွာ ေျပာထားပါတယ္။

ဗီယက္နမ္ႏိုင္ငံမွာ April လထဲကဆိုရင္ ပထမဆံုး လူမႈအသိုင္းအဝိုင္းၾကား ကူးစက္မႈ႐ွိတယ္လို႔ စေနေန႔က အတည္ျပဳခဲ့ၿပီးေနာက္ အာဏာပိုင္ေတြက သတိနဲ႔ေစာင့္ၾကည့္ခဲ့ၾကတာပါ။ တနဂၤေႏြေန႔မွာလည္း ေနာက္ထပ္ အတည္ျပဳလူနာ ၃ ေယာက္ေတြ႔ခဲ့ၿပီး အားလံုးက Danang ၿမိဳ႕တဝိုက္က ျဖစ္ၾကပါတယ္။

Da Nang ကေနျပန္သြားၾကသူေတြအေနနဲ႔ ကိုယ့္ေနရပ္ျပန္ေရာက္ရင္ ေနအိမ္မွာ ၁၄ ရက္ သီးျခားခဲြေနၾကရမယ္လို႔ က်န္းမာေရးတာဝန္႐ွိသူေတြက ေျပာပါတယ္။

Australia ႏိုင္ငံ Victoria ျပည္နယ္မွာလည္း အတည္ျပဳလူနာ ဒီေန႔တနလၤာေန႔မွာ ၅၃၀ ေက်ာ္ေတြ႕႐ွိခဲ့ၿပီး သီတင္း ၆ ပတ္ထုတ္ျပန္ထားတဲ့ Lockdown အမိန္႔ကို သက္တမ္းတိုးႏို္င္တယ္လို႔ တာဝန္႐ွိသူေတြက သတိေပးပါတယ္။

COVID-19 အတည္ျပဳလူနာ ကမာၻမွာ အမ်ားဆံုးျဖစ္ေနတဲ့ အေမရိကန္ျပည္ေထာင္စုမွာလည္း တနဂၤေႏြေန႔တရက္ထဲ အတည္ျပဳလူနာ ၅၅,၀၀၀ ေက်ာ္ေတြ႔႐ွိၿပီး ေသဆံုးသူ ၅၀၀ ေက်ာ္ပါတယ္။ စုစုေပါင္း အတည္ျပဳလူနာကေတာ့ ၄,၂၀၀,၀၀၀ ေက်ာ္ေနပါၿပီ။

COVID-19 ကပ္ေရာဂါေၾကာင့္ထိခိုက္ခဲ့သူေတြကို ကူညီေထာက္ပံ့ေရး ေဒၚလာ ၁ ထရီလီယံ သံုးစဲြမယ့္ အစီအစဥ္ေတြကုိ အထက္လႊတ္ေတာ္ Republican အမတ္ေတြ ဒီေန႔ေၾကညာမယ္လို႔ ေမ ွ်ာ္လင့္ရပါတယ္။ ကပ္ေရာဂါေၾကာင့္ အလုပ္လက္မဲ့ျဖစ္ေနသူသန္းနဲ႔ခ်ီအတြက္ အပတ္စဥ္ ေဒၚလာ ၆၀၀ ေထာက္ပံေနတဲ့ ျပည္ေထာင္စုအစိုးရရဲ႕ ပထမေထာက္ပံ့မႈအစီအစဥ္က လာမယ့္ေသာၾကာေန႔ ၿပီးဆံုးေတာ့မွာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကိုဗစ်စိုးရိမ်ချက်ကြောင့် ဗီယက်နမ် Danang ဒေသခံတွေကိုရွှေ့ပြောင်း

ဗီယက်နမ်နိုင်ငံမှာ အပန်းဖြေ ပင်လယ်ကမ်းခြေတွေရှိတဲ့ Da Nang ကမ်းရိုးတမ်းမြို့တဝိုက် COVID-19 အတည်ပြုလူနာတော်တော်များများ တွေ့ရှိခဲ့ပြီးနောက် ဒေသထဲမှာရှိတဲ့ လူပေါင်း ၈၀,၀၀၀ လောက်ကို ဘေးကင်းရာ ရွှေ့ပြောင်းပေးနေပါတယ်။

ပြည်တွင်းခရီးသွားဧည့်သည်အများစုဖြစ်တဲ့ လူ ၈၀,၀၀၀ လောက်ကို ဘေးကင်းရာ ပြောင်းရွှေ့ဖို့ အနည်းဆုံး ၄ ရက်လောက်ကြာနိုင်တယ်လို့ အစိုးရရဲ့ ထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။

ဗီယက်နမ်နိုင်ငံမှာ April လထဲကဆိုရင် ပထမဆုံး လူမှုအသိုင်းအဝိုင်းကြား ကူးစက်မှုရှိတယ်လို့ စနေနေ့က အတည်ပြုခဲ့ပြီးနောက် အာဏာပိုင်တွေက သတိနဲ့စောင့်ကြည့်ခဲ့ကြတာပါ။ တနင်္ဂနွေနေ့မှာလည်း နောက်ထပ် အတည်ပြုလူနာ ၃ ယောက်တွေ့ခဲ့ပြီး အားလုံးက Danang မြို့တဝိုက်က ဖြစ်ကြပါတယ်။

Da Nang ကနေပြန်သွားကြသူတွေအနေနဲ့ ကိုယ့်နေရပ်ပြန်ရောက်ရင် နေအိမ်မှာ ၁၄ ရက် သီးခြားခွဲနေကြရမယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။

Australia နိုင်ငံ Victoria ပြည်နယ်မှာလည်း အတည်ပြုလူနာ ဒီနေ့တနင်္လာနေ့မှာ ၅၃၀ ကျော်တွေ့ရှိခဲ့ပြီး သီတင်း ၆ ပတ်ထုတ်ပြန်ထားတဲ့ Lockdown အမိန့်ကို သက်တမ်းတိုးနိုင်တယ်လို့ တာဝန်ရှိသူတွေက သတိပေးပါတယ်။

COVID-19 အတည်ပြုလူနာ ကမ္ဘာမှာ အများဆုံးဖြစ်နေတဲ့ အမေရိကန်ပြည်ထောင်စုမှာလည်း တနင်္ဂနွေနေ့တရက်ထဲ အတည်ပြုလူနာ ၅၅,၀၀၀ ကျော်တွေ့ရှိပြီး သေဆုံးသူ ၅၀၀ ကျော်ပါတယ်။ စုစုပေါင်း အတည်ပြုလူနာကတော့ ၄,၂၀၀,၀၀၀ ကျော်နေပါပြီ။

COVID-19 ကပ်ရောဂါကြောင့်ထိခိုက်ခဲ့သူတွေကို ကူညီထောက်ပံ့ရေး ဒေါ်လာ ၁ ထရီလီယံ သုံးစွဲမယ့် အစီအစဉ်တွေကို အထက်လွှတ်တော် Republican အမတ်တွေ ဒီနေ့ကြေညာမယ်လို့ မေ ျှာ်လင့်ရပါတယ်။ ကပ်ရောဂါကြောင့် အလုပ်လက်မဲ့ဖြစ်နေသူသန်းနဲ့ချီအတွက် အပတ်စဉ် ဒေါ်လာ ၆၀၀ ထောက်ပံနေတဲ့ ပြည်ထောင်စုအစိုးရရဲ့ ပထမထောက်ပံ့မှုအစီအစဉ်က လာမယ့်သောကြာနေ့ ပြီးဆုံးတော့မှာဖြစ်ပါတယ်။

XS
SM
MD
LG