သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တ႐ုတ္သတင္းသမားေတြအိမ္ ၾသစေၾတးလ်ရဲ ဝင္စီးမႈ တ႐ုတ္အစုိးရ ႐ႈတ္ခ်


ၾသစေၾတးလ် ရဲတပ္ဖြဲ႔ဝင္အခ်ဳိ႕။ (ႏုိဝင္ဘာ ၉၊ ၂၀၁၈)

(Zawgyi / Unicode)

ၾသစေၾတးလ်မွာ အလုပ္လုပ္ကိုင္ေနတဲ့ တ႐ုတ္သတင္းသမားေတြရဲ႕ ေနအိမ္ကို စီးနင္းဝင္ေရာက္တဲ႔အတြက္ ၾသစေၾတးလ်အစိုးရကို တ႐ုတ္က ႐ႈတ္ခ်လိုက္ပါတယ္။ အခုအခ်ိန္ဟာ ႏွစ္ႏိုင္ငံၾကား ကုန္သြယ္ေရး တင္းမာမႈေတြ ျဖစ္ေနခ်ိန္လည္း ျဖစ္ပါတယ္။

ၾသစေၾတးလ် အာဏာပိုင္ေတြရဲ႕ လုပ္ရပ္ဟာ လြန္စြာ စိတ္ပ်က္စရာေကာင္းၿပီး ႏွစ္ႏိုင္ငံဆက္ဆံေရးကို ထိခိုက္ေစတယ္၊ ဒီလို စီးနင္းဝင္ေရာက္တာဟာ ၾသစေၾတးလ်ႏိုင္ငံမွာရွိတဲ့ တ႐ုတ္သတင္းသမားေတြရဲ႕ ဥပေဒနဲ႔ကိုက္ညီတဲ့ လုပ္ပိုင္ခြင္႔ေတြကို အတိအလင္း ခ်ိဳးေဖာက္တာျဖစ္ၿပီး သတင္းသမားေတြနဲ႔ သူတု႔ိရဲ႕ မိသားစုဝင္္ေတြအေပၚ ႐ုပ္ပိုင္းစိတ္ပိုင္းအရ ျပင္းထန္စြာ ထိခိုက္ေစတယ္လို႔ တ႐ုတ္အစိုးရပိုင္ ဆင္ဟြာသတင္းဌာနက ေရးသားတာပါ။

တ႐ုတ္သတင္းသမား ၄ ဦးရဲ႕ အိမ္ေတြကို ၾသစေၾတးလ် အာဏာပိုင္ေတြ ဇြန္လ ၄ ရက္ေန႔က ဝင္ေရာက္စီးနင္းခဲ့ၾကတယ္ဆိုတာ တ႐ုတ္ႏိုင္ငံပိုင္ Global Times သတင္းစာက ဒီလအေစာပိုင္းမွာ ေရးသားခဲ့ပါတယ္။

ၾသစေၾတးလ် ကုန္သြယ္ေရးဝန္ႀကီးကေတာ့ သူတို႔ရဲ႕ လံုၿခံဳေရးတပ္ဖြဲ႔ဝင္ေတြဟာ တရားဥပေဒနဲ႔အညီ လုပ္ေဆာင္ခဲ့ျခင္းသာ ျဖစ္တယ္လို႔ ေသာၾကာေန႔က တုံ႔ျပန္ထားပါတယ္။

အခုလို ဝင္ေရာက္စီးနင္းမႈဟာ ၾသစေၾတးလ် သတင္းသမား ၂ ဦး တ႐ုတ္ျပည္ကေန ျပန္လည္ထြက္ခြာလာရတဲ့ ျဖစ္ရပ္နဲ႔လည္း တိုက္ဆိုင္ေနပါတယ္။ ေဘဂ်င္းနဲ႔ ရွန္ဟိုင္းၿမဳိ႕မွာရွိတဲ့ သူတို႔ိေနအိမ္ေတြကို တ႐ုတ္ရဲေတြ လာေရာက္ခဲဲ့ၿပီးတဲ႔ေနာက္ သူတို႔ဟာ ၾသစေၾတးလ် ေကာင္စစ္ဝန္႐ုံး အကူအညီနဲ႔ တ႐ုတ္ႏုိင္ငံကေန ထြက္ခြာလာခဲ့ရတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------

(Unicode)

တရုတ်သတင်းသမားတွေအိမ် သြစတြေးလျရဲ ဝင်စီးမှု တရုတ်အစိုးရ ရှုတ်ချ

သြစတြေးလျမှာ အလုပ်လုပ်ကိုင်နေတဲ့ တရုတ်သတင်းသမားတွေရဲ့ နေအိမ်ကို စီးနင်းဝင်ရောက်တဲ့အတွက် သြစတြေးလျအစိုးရကို တရုတ်က ရှုတ်ချလိုက်ပါတယ်။ အခုအချိန်ဟာ နှစ်နိုင်ငံကြား ကုန်သွယ်ရေး တင်းမာမှုတွေ ဖြစ်နေချိန်လည်း ဖြစ်ပါတယ်။

သြစတြေးလျ အာဏာပိုင်တွေရဲ့ လုပ်ရပ်ဟာ လွန်စွာ စိတ်ပျက်စရာကောင်းပြီး နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေတယ်၊ ဒီလို စီးနင်းဝင်ရောက်တာဟာ သြစတြေးလျနိုင်ငံမှာရှိတဲ့ တရုတ်သတင်းသမားတွေရဲ့ ဥပဒေနဲ့ကိုက်ညီတဲ့ လုပ်ပိုင်ခွင့်တွေကို အတိအလင်း ချိုးဖောက်တာဖြစ်ပြီး သတင်းသမားတွေနဲ့ သူတု့ိရဲ့ မိသားစုဝင်တွေအပေါ် ရုပ်ပိုင်းစိတ်ပိုင်းအရ ပြင်းထန်စွာ ထိခိုက်စေတယ်လို့ တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနက ရေးသားတာပါ။

တရုတ်သတင်းသမား ၄ ဦးရဲ့ အိမ်တွေကို သြစတြေးလျ အာဏာပိုင်တွေ ဇွန်လ ၄ ရက်နေ့က ဝင်ရောက်စီးနင်းခဲ့ကြတယ်ဆိုတာ တရုတ်နိုင်ငံပိုင် Global Times သတင်းစာက ဒီလအစောပိုင်းမှာ ရေးသားခဲ့ပါတယ်။

သြစတြေးလျ ကုန်သွယ်ရေးဝန်ကြီးကတော့ သူတို့ရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ တရားဥပဒေနဲ့အညီ လုပ်ဆောင်ခဲ့ခြင်းသာ ဖြစ်တယ်လို့ သောကြာနေ့က တုံ့ပြန်ထားပါတယ်။

အခုလို ဝင်ရောက်စီးနင်းမှုဟာ သြစတြေးလျ သတင်းသမား ၂ ဦး တရုတ်ပြည်ကနေ ပြန်လည်ထွက်ခွာလာရတဲ့ ဖြစ်ရပ်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ ဘေဂျင်းနဲ့ ရှန်ဟိုင်းမြို့မှာရှိတဲ့ သူတို့ိနေအိမ်တွေကို တရုတ်ရဲတွေ လာရောက်ခဲ့ပြီးတဲ့နောက် သူတို့ဟာ သြစတြေးလျ ကောင်စစ်ဝန်ရုံး အကူအညီနဲ့ တရုတ်နိုင်ငံကနေ ထွက်ခွာလာခဲ့ရတာ ဖြစ်ပါတယ်။

XS
SM
MD
LG