သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့ကျန်းမာရေးနဲ့ သဘာဝပတ်ဝန်းကျင် ဆက်စပ်မှုရှိ (ပုပ်ရဟန်းမင်းကြီး Francis)


ပုပ်ရဟန်းမင်းကြီး Francis -စက်တင်ဘာ ၁၆ ရက်နေ့ ၂၀၂၀
ပုပ်ရဟန်းမင်းကြီး Francis -စက်တင်ဘာ ၁၆ ရက်နေ့ ၂၀၂၀

(Zawgyi/Unicode)

လူတွေရဲ့ ကျန်းမာရေးနဲ့ သဘာဝ ပတ်ဝန်းကျင် အနေအထား ဆက်စပ်မှုရှိတယ်ဆိုတာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြီးက ပြသနေတယ်လို့ ပုပ်ရဟန်းမင်းကြီး Francis က ဗုဒ္ဓဟူးနေ့က ဗာတီကန်မှာ အပတ်စဉ်ပြုလုပ်တဲ့ လူထုနဲ့တွေ့ဆုံပွဲမှာ ပြောပါတယ်။

လူသားတွေနဲ့ ကမ္ဘာမြေကြား အပြန်အလှန်ဆက်စပ်မှုရှိနေ ကြောင်းကိုလည်းပုပ်ရဟန်းမင်းကြီးက ထောက်ပြ ပြောဆိုခဲ့ပါတယ်။

"သက်ရှိသတ္တဝါတိုင်း အပြန်အလှန်ဆက်နွယ်မှုရှိနေကြကြောင်း၊ ဘုရားသခင်က ဖန်တီးပြီး လူသားတွေ ကာကွယ်စောင့်ရှောက်ဖို့ ယုံယုံကြည်ကြည် အပ်နှင်းထားတဲ့ ဂေဟစနစ်တွေပေါ်မှာ လူသားတွေရဲ့ ကျန်းမာရေး မှီတည်နေကြောင်း၊ ဂေဟစနစ်တွေကို အလွဲသုံးစားပြုနေသူတွေဟာ လူသားတွေအပေါ် အန္တရာယ်ကျရောက်စေဖို့၊ ဖျားနာစေဖို့နဲ့ ပျက်စီးစေဖို့ အကုသိုလ် အပြစ် ကျုးလွန်နေသူတွေဖြစ်ကြောင်း” ပုပ်ရဟန်းမင်းကြီးက ပြောပါတယ်။

ဒါ့အပြင် လူတယောက်နဲ့ တယောက် ဂရုဏာတရားနဲ့ စောင့်ရှောက်ကြဖို့လိုအပ်ကြောင်းနဲ့ ကပ်ရောဂါကာလမှာ အားနည်းသူတွေ၊ နာမကျန်းဖြစ်နေသူတွေနဲ့ သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်နေသူ တွေကို အားပေးကူညီဖို့လိုအပ်ကြောင်းလည်း သူက ပြော ပါတယ်။

လူသားတွေရဲ့ ဘုံအိမ်ရာဖြစ်တဲ့ ကမ္ဘာကြီးနဲ့ သတ္တဝါတိုင်းအပေါ်မှာ မေတ္တာတရားနဲ့ စောင့်ရှောက်ပေးဖို့ လိုအပ်တယ်လို့လည်း ပုပ်ရဟန်းမင်း ကြီးက ပြောပါတယ်။ ရေခဲပြင်တွေအရည်ပျော်လာတာ၊ ပင်လယ်ရေမျက်နှာ ပြင်မြင့်တက်လာတာ စတဲ့ သဘာဝပတ်ဝန်းကျင်ပျက်စီးလာတဲ့ အန္တရာယ်တွေကိုလည်း ထောက်ပြပြောဆိုခဲ့သလို သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်း စောင့်ရှောက်ဖို့ လက်တွေ့ကျတဲ့ ရည်မှန်းချက် ရှိဖို့လိုတယ်လို့လည်း ပုပ်ရဟန်းမင်းကြီး Francis က ထောက်ပြသတိပေးလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်


.............


(Unicode)






XS
SM
MD
LG