သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဗာတီကန္ဘ႑ာေရးဌာနအတြက္ ပထမဆုံး အမ်ဳိးသမီး ၆ ဦးကုိ ပုပ္ရဟန္းမင္းႀကီး ခန္႔အပ္


ပုပ္ရဟန္းမင္းႀကီး ဖရန္စစ္

(Zawgyi/Unicode)

ဗာတီကန္ ရဲ့ ေငြေၾကးဆိုင္ရာကိစၥရပ္ေတြကို စီမံႀကီးၾကပ္ဖို႔ အတြက္ ပုပ္ရဟန္းမင္းႀကီး ဖရန္စစ္က အမ်ိဳးသမီး တာဝန္ခံ ၆ ဦးကို ၾကာသပေတးေန႔မွာ အမည္စာရင္း တင္သြင္းလိုက္ပါတယ္။ ဒါဟာ ဗာတီကန္ရဲ့ အဆင့္ျမင့္ရာထူးေတြမွာ အမ်ိဳးသမီးေတြ ပထမဆံုး ပါဝင္လာတာ ျဖစ္ပါတယ္။

သူတို႔ဟာ ဗာတီကန္စီးပြါးေရးဆိုင္ရာ ၁၅ ဦးပါ ေကာင္စီမွာ တာဝန္ထမ္းေဆာင္ ရမွာ ျဖစ္ပါတယ္။ ဗာတီကန္ရဲ ေငြေၾကးဆိုင္ရာနဲ႔ ေငြေၾကးဆိုင္ရာ မူဝါဒေတြကို ႏိုင္ငံတကာပါဝင္တဲ့ အဖြဲ႔က ႀကီးၾကပ္ ေနရာကေန ၂၀၁၄ ခုႏွစ္မွာ ပုပ္ရဟန္းမင္းႀကီးက ဒီေကာင္စီကို စတင္ဖြဲ႔စည္းခဲ့တာ ျဖစ္ပါတယ္။

အခု အမည္တင္ေရြးခ်ယ္လိုက္သူ ၆ ဦးဟာ ၿဗိတိန္၊ စပိန္နဲ႔ ဂ်ာမဏီ ႏိုင္ငံေတြကျဖစ္ၿပီး စီးပြါးေရး လုပ္ငန္းလုပ္ကိုင္သူနဲ႔ ဘဏ္လုပ္ငန္းအျပင္ ပညာရွင္ နဲ႔ ႏိုင္ငံေရးေလာကမွာ က်င္လည္ခဲ့သူေတြ ပါဝင္ပါတယ္။

ဒီေကာင္စီဟာ ေလာေလာဆယ္မွာ ကိုရိုနာဗိုင္းရပ္စ္ ကပ္ေရာဂါေၾကာင့္ စီးပြါးေရး ရိုက္ခတ္မႈ ဒဏ္ကို ခံေနရတာပါ။

တိုက္႐ိုက္ လင့္ခ္


..................

ဗာတီကန်ဘဏ္ဍာရေးဌာနအတွက် ပထမဆုံး အမျိုးသမီး ၆ ဦးကို ပုပ်ရဟန်းမင်းကြီး ခန့်အပ်
(Unicode)

ဗာတီကန် ရဲ့ ငွေကြေးဆိုင်ရာကိစ္စရပ်တွေကို စီမံကြီးကြပ်ဖို့ အတွက် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က အမျိုးသမီး တာဝန်ခံ ၆ ဦးကို ကြာသပတေးနေ့မှာ အမည်စာရင်း တင်သွင်းလိုက်ပါတယ်။ ဒါဟာ ဗာတီကန်ရဲ့ အဆင့်မြင့်ရာထူးတွေမှာ အမျိုးသမီးတွေ ပထမဆုံး ပါဝင်လာတာ ဖြစ်ပါတယ်။

သူတို့ဟာ ဗာတီကန်စီးပွါးရေးဆိုင်ရာ ၁၅ ဦးပါ ကောင်စီမှာ တာဝန်ထမ်းဆောင် ရမှာ ဖြစ်ပါတယ်။ ဗာတီကန်ရဲ ငွေကြေးဆိုင်ရာနဲ့ ငွေကြေးဆိုင်ရာ မူဝါဒတွေကို နိုင်ငံတကာပါဝင်တဲ့ အဖွဲ့က ကြီးကြပ် နေရာကနေ ၂၀၁၄ ခုနှစ်မှာ ပုပ်ရဟန်းမင်းကြီးက ဒီကောင်စီကို စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

အခု အမည်တင်ရွေးချယ်လိုက်သူ ၆ ဦးဟာ ဗြိတိန်၊ စပိန်နဲ့ ဂျာမဏီ နိုင်ငံတွေကဖြစ်ပြီး စီးပွါးရေး လုပ်ငန်းလုပ်ကိုင်သူနဲ့ ဘဏ်လုပ်ငန်းအပြင် ပညာရှင် နဲ့ နိုင်ငံရေးလောကမှာ ကျင်လည်ခဲ့သူတွေ ပါဝင်ပါတယ်။

ဒီကောင်စီဟာ လောလောဆယ်မှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် စီးပွါးရေး ရိုက်ခတ်မှု ဒဏ်ကို ခံနေရတာပါ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG