သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ပုပ္ရဟန္းမင္းရဲ႕ ခရစၥမတ္တရားပဲြ


ပုပ္ရဟန္းမင္းႀကီး Francis

(Zawgyi/Unicode)

ဒီကေန႔ က်ေရာက္တဲ့ ခရစၥမတ္ေန႔ အထိမ္းအမွတ္အျဖစ္ ခရစ္ေတာ္ရဲ႕ ျမင့္ျမတ္မႈေတြကုိ ပုပ္ရဟန္းမင္းႀကီး Francis က အေလးထား ေဟာၾကားသြားသလုိ ကမာၻတ၀ွမ္းက ဒုကၡေရာက္ေနၾကတဲ့ ကေလးငယ္ေတြ အတြက္လည္း ဆုေတာင္းစကား ပါးလုိက္ပါတယ္။

လူေတြရဲ႕ ႏွလုံးသားမွာ အေမွာင္ဖုံးလႊမ္းေလ့ ရွိတတ္ေပမဲ့ ခရစ္ေတာ္ရဲ႕ အလင္းေရာင္က ပုိမုိႀကီးျမတ္ေၾကာင္း လူပုဂၢိဳလ္တဦးခ်င္း၊ မိသားစုနဲ႔ လူမႈဆက္ဆံေရးေတြမွာလည္း အေမွာင္ဖုံးေနတတ္ေပမဲ့ ခရစ္ေတာ္ရဲ႕ အလင္းေရာင္က ပုိမုိျမင့္ျမတ္ေၾကာင္း ဗာတီကန္မွာက်င္းပတဲ့ ခရစၥမတ္ အခါသမယ အခန္းအနားမွာ ပုပ္ရဟန္းမင္းႀကီး ေဟာၾကားသြားတာပါ။

အေရွ႕အလယ္ပုိင္း ေဒသနဲ႔ ကမာၻတ၀ွမ္း ႏုိင္ငံေတြမွာ စစ္နဲ႔ ပဋိပကၡၾကား ဒုကၡေရာက္ေနတဲ့ ကေလးငယ္ေတြအတြက္ ခရစ္ေတာ္က အလင္းေရာင္ ေဆာင္က်ဥ္းေပးဖုိ႔လည္း ဆုေတာင္းေပးခဲ့ပါတယ္။

ကမာၻတ၀ွမ္းက ေရႊ႕ေျပာင္းေနထုိင္သူေတြ တရားမွ်တမႈ ကင္းမဲ့ေနတဲ့ အေျခအေနကုိလည္း St. Peter’s Basilica ဘုရားေက်ာင္းေတာ္ ၀ရံတာကေန ပရိတ္သတ္ကုိ ေဟာၾကားရာမွာ အေလးထား ေျပာၾကားသြားခဲ့တာပါ။

လက္ဘႏြန္ႏုိင္ငံက တင္းမာမႈ အီရတ္ႏုိင္ငံက လူမႈေရးအရ မတည္မၿငိမ္ အေျခအေနေတြနဲ႔ ယီမင္ႏုိင္ငံက လူသားခ်င္း စာနာမႈဆုိင္ရာ အက်ပ္အတည္းေတြအျပင္ ေတာင္အေမရိကတုိက္က ဗင္နီဇဲြလားႏုိင္ငံမွာ ႏုိင္ငံေရး ျပႆနာေတြ ႀကံဳေနရတာေတြကုိလည္း ထည့္သြင္း ေဟာၾကားခဲ့ပါတယ္။

ဒီေန႔အေစာပုိင္းမွာပဲ ကက္သလစ္ ခရစ္ယာန္ သာသာနာပုိင္ ပုပ္ရဟန္းမင္းႀကီးနဲ႔ Canterbury ဂုိဏ္းခ်ဳပ္ ဆရာေတာ္ Justin Welby တုိ႔ဟာလည္း ေတာင္ဆူဒန္ႏုိင္ငံ ၿငိမ္းခ်မ္းေရးနဲ႔ သာယာ၀ေျပာေရး ေမွ်ာ္လင့္ေၾကာင္း သတင္းစကားပါးခဲ့ၾကပါတယ္။

ျပန္လည္ရင္ၾကားေစ့ေရးနဲ႔ ညီရင္းအစ္ကုိလုိ သင့္ျမတ္မယ့္ လမ္းကုိေလွ်ာက္ဖုိ႔ ေတာင္ဆူဒန္ ႏုိင္ငံေရး ေခါင္းေဆာင္ေတြ သႏၷိဌာန္ ခ်ခဲ့ၾကတဲ့အေပၚ ဆုေတာင္းေမတၱာ ပုိ႔သေၾကာင္းလည္း ပူးတဲြထုတ္ျပန္ခ်က္မွာ ေဖာ္ျပခဲ့တာပါ။

ပုပ္ရဟန္းမင္းရဲ႕ ခရစၥမတ္တရားပဲြ
please wait

No media source currently available

0:00 0:01:24 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ပုပ်ရဟန်းမင်းရဲ့ ခရစ္စမတ်တရားပွဲ

ဒီကနေ့ ကျရောက်တဲ့ ခရစ္စမတ်နေ့ အထိမ်းအမှတ်အဖြစ် ခရစ်တော်ရဲ့ မြင့်မြတ်မှုတွေကို ပုပ်ရဟန်းမင်းကြီး Francis က အလေးထား ဟောကြားသွားသလို ကမ္ဘာတဝှမ်းက ဒုက္ခရောက်နေကြတဲ့ ကလေးငယ်တွေ အတွက်လည်း ဆုတောင်းစကား ပါးလိုက်ပါတယ်။

လူတွေရဲ့ နှလုံးသားမှာ အမှောင်ဖုံးလွှမ်းလေ့ ရှိတတ်ပေမဲ့ ခရစ်တော်ရဲ့ အလင်းရောင်က ပိုမိုကြီးမြတ်ကြောင်း လူပုဂ္ဂိုလ်တဦးချင်း၊ မိသားစုနဲ့ လူမှုဆက်ဆံရေးတွေမှာလည်း အမှောင်ဖုံးနေတတ်ပေမဲ့ ခရစ်တော်ရဲ့ အလင်းရောင်က ပိုမိုမြင့်မြတ်ကြောင်း ဗာတီကန်မှာကျင်းပတဲ့ ခရစ္စမတ် အခါသမယ အခန်းအနားမှာ ပုပ်ရဟန်းမင်းကြီး ဟောကြားသွားတာပါ။

အရှေ့အလယ်ပိုင်း ဒေသနဲ့ ကမ္ဘာတဝှမ်း နိုင်ငံတွေမှာ စစ်နဲ့ ပဋိပက္ခကြား ဒုက္ခရောက်နေတဲ့ ကလေးငယ်တွေအတွက် ခရစ်တော်က အလင်းရောင် ဆောင်ကျဉ်းပေးဖို့လည်း ဆုတောင်းပေးခဲ့ပါတယ်။

ကမ္ဘာတဝှမ်းက ရွှေ့ပြောင်းနေထိုင်သူတွေ တရားမျှတမှု ကင်းမဲ့နေတဲ့ အခြေအနေကိုလည်း St. Peter’s Basilica ဘုရားကျောင်းတော် ဝရံတာကနေ ပရိတ်သတ်ကို ဟောကြားရာမှာ အလေးထား ပြောကြားသွားခဲ့တာပါ။

လက်ဘနွန်နိုင်ငံက တင်းမာမှု အီရတ်နိုင်ငံက လူမှုရေးအရ မတည်မငြိမ် အခြေအနေတွေနဲ့ ယီမင်နိုင်ငံက လူသားချင်း စာနာမှုဆိုင်ရာ အကျပ်အတည်းတွေအပြင် တောင်အမေရိကတိုက်က ဗင်နီဇွဲလားနိုင်ငံမှာ နိုင်ငံရေး ပြဿနာတွေ ကြုံနေရတာတွေကိုလည်း ထည့်သွင်း ဟောကြားခဲ့ပါတယ်။

ဒီနေ့အစောပိုင်းမှာပဲ ကက်သလစ် ခရစ်ယာန် သာသာနာပိုင် ပုပ်ရဟန်းမင်းကြီးနဲ့ Canterbury ဂိုဏ်းချုပ် ဆရာတော် Justin Welby တို့ဟာလည်း တောင်ဆူဒန်နိုင်ငံ ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေး မျှော်လင့်ကြောင်း သတင်းစကားပါးခဲ့ကြပါတယ်။

ပြန်လည်ရင်ကြားစေ့ရေးနဲ့ ညီရင်းအစ်ကိုလို သင့်မြတ်မယ့် လမ်းကိုလျှောက်ဖို့ တောင်ဆူဒန် နိုင်ငံရေး ခေါင်းဆောင်တွေ သန္နိဌာန် ချခဲ့ကြတဲ့အပေါ် ဆုတောင်းမေတ္တာ ပို့သကြောင်းလည်း ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြခဲ့တာပါ။

XS
SM
MD
LG