သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဘရြတ္ ေပါက္ကဲြမႈ ထိခိုက္သူေတြအတြက္ ဆုေတာင္းၾကဖို႔ ပုပ္ရဟန္းမင္းပန္ၾကား


Labanon ႏိုင္ငံ ေဘရြတ္ၿမိဳ႕ေတာ္က ေပါက္ကဲြမႈ ျမင္ကြင္း။ (ၾသဂုတ္ ၀၄၊ ၂၀၂၀)

[Zawgyi/Unicode]

လက္ဘႏြန္ႏုိင္ငံ၊ ေဘရြတ္ၿမိဳ႕ေတာ္မွာ ေပါက္ကြဲမႈႀကီးေၾကာင့္ ေသဆံုး ဒဏ္ရာရသူေတြအတြက္ ႏုိင္ငံတကာအသိုင္းအဝိုင္းက ဆုေတာင္းေပးၾကဖို႔ ပုပ္ရဟန္းမင္းႀကီး Francis က ဒီကေန႔ တရားပြဲအတြင္း ပန္ၾကားသြားပါတယ္။

ပုပ္ရဟန္းမင္းႀကီး Francis
ပုပ္ရဟန္းမင္းႀကီး Francis

"ေသဆံုးဒဏ္ရာရသူေတြအတြက္၊ မိသားစုေတြအတြက္ လက္ဘႏြန္ႏုိင္ငံအတြက္ ဆုေတာင္းေပးၾကပါစို႔၊ လူမႈေရး၊ ႏုိင္ငံေရး၊ ဘာသာေရး က႑အားလံုးမွာ လက္ဘႏြန္ႏုိင္ငံရဲ႕ ခုိင္မာတဲ့ သႏၷိ႒ာန္နဲ႔အတူ ဒီလို ဝမ္းနည္းေၾကကဲြဖြယ္ ျဖစ္ရပ္ကို ရင္ဆိုင္ႏုိင္ဖို႔ ဆုေတာင္းေပးၾကပါစို႔၊ ၾကံဳေတြ႔ခံစားေနရတဲ့ ဆိုးရြားတဲ့အက်ပ္အတည္းကို ႏုိင္ငံတကာအသိုင္းအဝုိင္းရဲ႕ အကူအညီနဲ႔ ေက်ာ္လႊားႏုိင္ေရး ဆုေတာင္းေပးၾကပါစို႔။" လို႔ ပုပ္ရဟန္းမင္းႀကီးက ေျပာပါတယ္။

ဒီေပါက္ကြဲမႈေၾကာင့္ လူေပါင္း ၁၀၀ ေက်ာ္ေသဆံုးၿပီး ၄,၀၀၀ ထက္မနည္း ဒဏ္ရာရထားတယ္လုိ႔ လက္ဘႏြန္ ၾကက္ေျခနီအဖြဲ႔ရဲ႕ ဒီကေန႔မနက္ဘက္ ထုတ္ျပန္ခ်က္တခုမွာ ေျပာထားပါတယ္။ အေဆာက္အဦးပ်က္ေတြၾကားမွာ ကယ္ဆယ္ေရးလုပ္သားေတြ ဆက္ၿပီးရွာေနၾကသလို ေပ်ာက္ဆံုးေနတဲ့ မိသားစုဝင္ေတြနဲ႔ မိတ္ေဆြသူငယ္ခ်င္းေတြကိုလည္း လူေတြလိုက္ရွာေနၾကတာနဲ႔အမ ွ် ေသဆံုး ဒဏ္ရာရသူအေရအတြက္ တိုးလာမယ္လို႔ တာဝန္ရွိသူေတြက ခန္႔မွန္းထားပါတယ္။

ဝန္ႀကီးခ်ဳပ္ Hassan Diab က ဒီကေန႔ကို ဝမ္းနည္းေၾကကဲြဖြယ္ေန႔အျဖစ္ ေၾကညာထားပါတယ္။

အဂၤါေန႔က ေပါက္ကြဲမႈျဖစ္တဲ့အေၾကာင္းရင္းကို ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။ ဒါေပမဲ့ လြန္ခဲ့တဲ့ ၆ ႏွစ္အတြင္း ကုန္ေလွာင္႐ံုေတြမွာ သိမ္းဆည္းထားတဲ့ အမိုနီယမ္ ႏိုက္ထရိတ္ တန္ေပါင္းမ်ားစြာ ေပါက္ကြဲတာျဖစ္ႏုိင္တယ္လုိ႔ လက္ဘႏြန္တာဝန္ရွိသူေတြက ခန္႔မွန္းပါတယ္။

ေပါက္ကြဲမႈျဖစ္တဲ့ေနရာကေန အဆိပ္ဓာတ္ေငြ႔ေတြ ထြက္ေနတယ္ဆိုတဲ့ သတင္းေတြေၾကာင့္ လူေတြအေနနဲ႔ အေဆာက္အဦးေတြအတြင္းမွာ ေနၾကဖို႔ ေဘရြတ္ၿမိဳ႕ေတာ္မွာရွိတဲ့ အေမရိကန္သံ႐ံုးက တိုက္တြန္းထားပါတယ္။

လက္ဘႏြန္သမၼတ Michel Aoun က ဒီကေန႔ အစိုးရအဖြဲ႔ အေရးေပၚအစည္းအေဝးတခုလုပ္ၿပီး ေပါက္ကြဲမႈအတြက္ တာဝန္ရွိသူေတြကို အျပင္းထန္ဆံုး အေရးယူသြားမယ္လုိ႔ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဘေရွတ် ပေါက်ကွဲမှု ထိခိုက်သူတွေအတွက် ဆုတောင်းကြဖို့ ပုပ်ရဟန်းမင်းပန်ကြား

လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့တော်မှာ ပေါက်ကွဲမှုကြီးကြောင့် သေဆုံး ဒဏ်ရာရသူတွေအတွက် နိုင်ငံတကာအသိုင်းအဝိုင်းက ဆုတောင်းပေးကြဖို့ ပုပ်ရဟန်းမင်းကြီး Francis က ဒီကနေ့ တရားပွဲအတွင်း ပန်ကြားသွားပါတယ်။

"သေဆုံးဒဏ်ရာရသူတွေအတွက်၊ မိသားစုတွေအတွက် လက်ဘနွန်နိုင်ငံအတွက် ဆုတောင်းပေးကြပါစို့၊ လူမှုရေး၊ နိုင်ငံရေး၊ ဘာသာရေး ကဏ္ဍအားလုံးမှာ လက်ဘနွန်နိုင်ငံရဲ့ ခိုင်မာတဲ့ သန္နိဋ္ဌာန်နဲ့အတူ ဒီလို ဝမ်းနည်းကြေကွဲဖွယ် ဖြစ်ရပ်ကို ရင်ဆိုင်နိုင်ဖို့ ဆုတောင်းပေးကြပါစို့၊ ကြုံတွေ့ခံစားနေရတဲ့ ဆိုးရွားတဲ့အကျပ်အတည်းကို နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အကူအညီနဲ့ ကျော်လွှားနိုင်ရေး ဆုတောင်းပေးကြပါစို့။" လို့ ပုပ်ရဟန်းမင်းကြီးက ပြောပါတယ်။

ဒီပေါက်ကွဲမှုကြောင့် လူပေါင်း ၁၀၀ ကျော်သေဆုံးပြီး ၄,၀၀၀ ထက်မနည်း ဒဏ်ရာရထားတယ်လို့ လက်ဘနွန် ကြက်ခြေနီအဖွဲ့ရဲ့ ဒီကနေ့မနက်ဘက် ထုတ်ပြန်ချက်တခုမှာ ပြောထားပါတယ်။ အဆောက်အဦးပျက်တွေကြားမှာ ကယ်ဆယ်ရေးလုပ်သားတွေ ဆက်ပြီးရှာနေကြသလို ပျောက်ဆုံးနေတဲ့ မိသားစုဝင်တွေနဲ့ မိတ်ဆွေသူငယ်ချင်းတွေကိုလည်း လူတွေလိုက်ရှာနေကြတာနဲ့အမ ျှ သေဆုံး ဒဏ်ရာရသူအရေအတွက် တိုးလာမယ်လို့ တာဝန်ရှိသူတွေက ခန့်မှန်းထားပါတယ်။

Lebanon ဝန်ကြီးချုပ် Hassan Diab
Lebanon ဝန်ကြီးချုပ် Hassan Diab

ဝန်ကြီးချုပ် Hassan Diab က ဒီကနေ့ကို ဝမ်းနည်းကြေကွဲဖွယ်နေ့အဖြစ် ကြေညာထားပါတယ်။

အင်္ဂါနေ့က ပေါက်ကွဲမှုဖြစ်တဲ့အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒါပေမဲ့ လွန်ခဲ့တဲ့ ၆ နှစ်အတွင်း ကုန်လှောင်ရုံတွေမှာ သိမ်းဆည်းထားတဲ့ အမိုနီယမ် နိုက်ထရိတ် တန်ပေါင်းများစွာ ပေါက်ကွဲတာဖြစ်နိုင်တယ်လို့ လက်ဘနွန်တာဝန်ရှိသူတွေက ခန့်မှန်းပါတယ်။

ပေါက်ကွဲမှုဖြစ်တဲ့နေရာကနေ အဆိပ်ဓာတ်ငွေ့တွေ ထွက်နေတယ်ဆိုတဲ့ သတင်းတွေကြောင့် လူတွေအနေနဲ့ အဆောက်အဦးတွေအတွင်းမှာ နေကြဖို့ ဘေရွတ်မြို့တော်မှာရှိတဲ့ အမေရိကန်သံရုံးက တိုက်တွန်းထားပါတယ်။

လက်ဘနွန်သမ္မတ Michel Aoun က ဒီကနေ့ အစိုးရအဖွဲ့ အရေးပေါ်အစည်းအဝေးတခုလုပ်ပြီး ပေါက်ကွဲမှုအတွက် တာဝန်ရှိသူတွေကို အပြင်းထန်ဆုံး အရေးယူသွားမယ်လို့ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG