သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိမ္ေထာင္သည္ေတြ ခရစ္ယန္ဘုန္းေတာ္ႀကီးျဖစ္ခြင္႔ ရဟန္းမင္းႀကီးပယ္ခ်


အေမဇုံေဒသတြင္း တရားေဟာဆရာ ရွားပါးေနတဲ့အတြက္ အိမ္ေထာင္ျပဳၿပီးတဲ့ အမ်ဳိးသားေတြကုိ သိကၡာေတာ္အပ္ႏွင္းေပးဖုိ႔ ေတာင္းဆုိခ်က္ကုိ ပုပ္ရဟန္းမင္းႀကီး Francis က ဗုဒၶဟူးေန႔မွာ ပယ္ခ်လုိက္ပါတယ္။ ဒါဟာ ပုပ္ရဟန္းမင္းႀကီး အျဖစ္ ခန္႔အပ္ခံရၿပီးေနာက္ပုိင္း သူ႔အတြက္ အႀကီးမားဆုံးေသာ ဆုံးျဖတ္ခ်က္လည္း ျဖစ္ပါတယ္။

လက္တင္အေမရိကန္ ဘုန္းေတာ္ႀကီးေတြက ၿပီးခဲ့တဲ့ႏွစ္မွာ တင္သြင္းခဲ့တဲ့ အဲဒီအဆုိျပဳခ်က္ဟာ တရားေဟာဆရာေတြ အေနနဲ႔ အိမ္ေထာင္ျပဳခြင့္ မရွိဘူးလုိ႔ ရာစုႏွစ္ေပါင္းမ်ားစြာ ယုံၾကည္ထားခဲ့ၾကတဲ့ ၁ ဒသမ ၃ ဘီလ်ံ ရွိတဲ့ ရုိမန္ကက္သလစ္ ဘာသာ၀င္ေတြအၾကား စုိးရိမ္စရာ ျဖစ္ေစခဲ့တာပါ။

အျပန္အလွန္ ျငင္းခုံမႈေတြနဲ႔ ဗာတီကန္မွာ က်င္းပတဲ့ စည္းေ၀းပြဲအတြင္း ၁၂၈ မဲ၊ ၄၁ မဲနဲ႔ မဲခြဲဆုံးျဖတ္အၿပီး ၃ လအၾကာမွာ ပုပ္ရဟန္းမင္းႀကီး Francis က သူ႔ရဲ႕သေဘာထားကုိ ေၾကညာခ်က္ထုတ္ျပန္ ေျပာဆုိလုိက္တာပါ။

ဗုဒၶဟူးေန႔က ထုတ္ျပန္တဲ့ ၃၂ မ်က္ႏွာပါ ေၾကညာခ်က္ထဲမွာ လက္တင္အေမရိကန္ ဘုန္းေတာ္ႀကီးေတြ အဆုိျပဳထားတဲ့အခ်က္ကုိေတာင္ ထည့္သြင္း ေဖာ္ျပထားျခင္း မရွိပါဘူး။ အဲဒီ အဆုိျပဳခ်က္အရ အသက္အရြယ္ ႀကီးရင့္ေနၿပီး မိသားစုနဲ႔ တည္ၿငိမ္စြာ ရွိေနၿပီး ေ၀းလံေခါင္ဖ်ားတဲ့ ေဒသေတြမွာ ကက္သလစ္ အသုိင္း၀ုိင္းအတြက္ ေခါင္းေဆာင္အျဖစ္ ရပ္တည္ျပႏုိင္တဲ့ ဘုန္းေတာ္ႀကီး မဟုတ္ေသးတဲ့ Deacon ေတြကုိ သိကၡာေတာ္ရ ဘုန္းေတာ္ႀကီးေတြ အျဖစ္ ခန္႔အပ္ တာ၀န္ေပးဖုိ႔ ေတာင္းဆုိထားတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

အိမ်ထောင်သည်တွေ ခရစ်ယန်ဘုန်းတော်ကြီးဖြစ်ခွင့် ရဟန်းမင်းကြီးပယ်ချ


အမေဇုံဒေသတွင်း တရားဟောဆရာ ရှားပါးနေတဲ့အတွက် အိမ်ထောင်ပြုပြီးတဲ့ အမျိုးသားတွေကို သိက္ခာတော်အပ်နှင်းပေးဖို့ တောင်းဆိုချက်ကို ပုပ်ရဟန်းမင်းကြီး Francis က ဗုဒ္ဓဟူးနေ့မှာ ပယ်ချလိုက်ပါတယ်။ ဒါဟာ ပုပ်ရဟန်းမင်းကြီးအဖြစ် ခန့်အပ်ခံရပြီးနောက်ပိုင်း သူ့အတွက် အကြီးမားဆုံးသော ဆုံးဖြတ်ချက်လည်း ဖြစ်ပါတယ်။

လက်တင်အမေရိကန် ဘုန်းတော်ကြီးတွေက ပြီးခဲ့တဲ့နှစ်မှာ တင်သွင်းခဲ့တဲ့ အဲဒီအဆိုပြုချက်ဟာ တရားဟောဆရာတွေအနေနဲ့ အိမ်ထောင်ပြုခွင့် မရှိဘူးလို့ ရာစုနှစ်ပေါင်းများစွာ ယုံကြည်ထားခဲ့ကြတဲ့ ၁ ဒသမ ၃ ဘီလျံ ရှိတဲ့ ရိုမန်ကက်သလစ် ဘာသာဝင်တွေအကြား စိုးရိမ်စရာ ဖြစ်စေခဲ့တာပါ။

အပြန်အလှန် ငြင်းခုံမှုတွေနဲ့ ဗာတီကန်မှာ ကျင်းပတဲ့ စည်းဝေးပွဲအတွင်း ၁၂၈ မဲ၊ ၄၁ မဲနဲ့ မဲခွဲဆုံးဖြတ်အပြီး ၃ လအကြာမှာ ပုပ်ရဟန်းမင်းကြီး Francis က သူ့ရဲ့သဘောထားကို ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်တာပါ။

ဗုဒ္ဓဟူးနေ့က ထုတ်ပြန်တဲ့ ၃၂ မျက်နှာပါ ကြေညာချက်ထဲမှာ လက်တင်အမေရိကန် ဘုန်းတော်ကြီးတွေ အဆိုပြုထားတဲ့အချက်ကိုတောင် ထည့်သွင်း ဖော်ပြထားခြင်း မရှိပါဘူး။ အဲဒီ အဆိုပြုချက်အရ အသက်အရွယ် ကြီးရင့်နေပြီး မိသားစုနဲ့ တည်ငြိမ်စွာ ရှိနေပြီး ဝေးလံခေါင်ဖျားတဲ့ ဒေသတွေမှာ ကက်သလစ်အသိုင်းဝိုင်းအတွက် ခေါင်းဆောင်အဖြစ် ရပ်တည်ပြနိုင်တဲ့ ဘုန်းတော်ကြီး မဟုတ်သေးတဲ့ Deacon တွေကို သိက္ခာတော်ရ ဘုန်းတော်ကြီးတွေအဖြစ် ခန့်အပ် တာဝန်ပေးဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG