(Zawgyi/Unicode)
မြန်မာ အပါအဝင် အာရှ ၄ နိုင်ငံက လူ ၅၀၀၀ ဝန်းကျင်ကို ကောက်ယူခဲ့တဲ့ သဘောထား စစ်တမ်းတစ်ခုမှာ စစ်တမ်း ဖြေဆိုသူ လူ ၂ ယောက်မှာ ၁ ယောက်လောက်က COVID-19 ရောဂါကူးစက် ပျံ့နှံ့မှုနဲ့ ပတ်သက်ပြီး အုပ်စု အမျိုးအမည် တစ်ခုအပေါ်မှာ လက်ညှိုး ထိုးအပြစ်တင်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
ဒီ သဘောထား စစ်တမ်းကို နိုင်ငံတကာ ကြက်ခြေနီနဲ့ လခြမ်းနီအဖွဲ့ IFRC က ဦးဆောင်ပြီး မြန်မာ၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ပါကစ္စတန် နိုင်ငံက ပြည်သူ ၅၀၀၀ ကျော်ကို ကောက်ယူခဲ့တာ ဖြစ်ပါတယ်။သဘောထား ဖြေဆိုသူ ၄၉ ရာခိုင်နှုန်းက COVID 19 နဲ့ပတ်သက်ပြီး လူအုပ်စုတစ်စု အပေါ်မှာ သီးသန့်ခွဲခြားပြီး အပြစ်တင်ခဲ့တာ ဖြစ်ပါတယ်။ တော်တော်များများက တရုတ်လူမျိုးတွေ၊ ရွှေ့ပြောင်း ဝင်ရောက်လာသူတွေနဲ့ နိုင်ငံခြားသားတွေကို အပြစ်ဖို့ခဲ့ကြတာကို စစ်တမ်းမှာ တွေ့ရှိခဲ့တာပါ။
ဘာသာရေးပွဲတွေကို တက်ရောက်သူတွေနဲ့ နှာခေါင်းစည်း မဝတ်တာလို စည်းကမ်း မလိုက်နာသူတွေလည်း အပြစ်တင်ခံရတဲ့အထဲ ပါဝင်နေပါတယ်။
ဒီစစ်တမ်း ကောက်ယူရာမှာ အဓိက ဦးဆောင်သူလည်းဖြစ် IFRC ရဲ့ ညှိနှိုင်းရေးမှူးလည်းဖြစ်သူ Viviane Fluck ကတော့ ဒီ တွေ့ရှိ ချက်ဟာ စိုးရိမ်စရာကောင်းတယ်လို့ ပြောပါတယ်။
...........
(Unicode)