သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္ အသက္ ၂၁ ႏွစ္ေအာက္ လူနည္းစုဝင္ေတြၾကား ကိုဗစ္ေၾကာင့္ေသဆံုးသူ ပိုမ်ား


Florida ျပည္နယ္ Lake Buena Vista ၿမိဳ႕ Walt Disney ကို လာေရာက္လည္ပတ္ၾကသူမ်ား။ (ၾသဂုတ္ ၁၃၊ ၂၀၂၀)

[Zawgyi/Unicode]

အေမရိကန္ျပည္ေထာင္စုမွာ လူနည္းစု၀င္ေတြထဲက အသက္ ၂၁ ႏွစ္ေအာက္ အရြယ္ေတြဟာ လူျဖဴအေမရိကန္ အသက္ ၂၁ ႏွစ္ေအာက္ေတြထက္ COVID-19 ေရာဂါကူးစက္ခံရတာ ပိုမ်ားတယ္လို႔ အေမရိကန္ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးဌာန (CDC) က အခုသီတင္းပတ္မွာ ေျပာၾကားလိုက္ပါတယ္။

ျပည္နယ္ ၂၇ ခုက စာရင္းေတြအရေတာ့ ၿပီးခဲ့တဲ့ ေဖေဖာ္၀ါရီလ ၂၁ ရက္ကေန ဇူလိုင္ ၃၁ ရက္ၾကားမွာ အသက္ ၂၁ ႏွစ္ေအာက္ အရြယ္ ၁၂၁ ေယာက္ေသဆုံးခဲ့ပါတယ္။ အဲဒီထဲက ၇၅ ရာခိုင္ႏႈန္းက စပိန္ႏြယ္ဖြားေတြ၊ လူမည္းေတြ၊ အေမရိကန္ဌာေန တုိင္းရင္းသားေတြနဲ႔ Alasaka ဌာေန တုိင္းရင္းသားေတြျဖစ္ပါတယ္။ အဲဒီထဲမွာ ၄၄ ရာခိုင္ႏႈန္းက စပိန္ႏြယ္ဖြား၊ ၂၉ ရာခိုင္ႏႈန္းက လူမည္းေတြျဖစ္ၿပီး ၁၄ ရာခိုင္ႏႈန္းကပဲ လူျဖဴ ကေလးငယ္ေတြျဖစ္တယ္လို႔ ေျပာပါတယ္။ ဌာေနတုိင္းရင္းသားနဲ႔ Alaska ဌာေနတုိင္းရင္းသားေတြထဲက ၄ ရာခိုင္ႏႈန္းျဖစ္ၿပီး အာရွနဲ႔ ပစိဖိတ္ကၽြန္းသားေတြကလည္း ၄ ရာခိုင္ႏႈန္း ေလာက္ျဖစ္တယ္လို႔ ေျပာပါတယ္။

ေသဆုံးတဲ့သူေတြထဲက ၇၅ ရာခိုင္ႏႈန္းက ပန္းနာရင္ၾကပ္ေရာဂါ၊ အ၀လြန္တာ၊ အာ႐ုံေၾကာနဲ႔ ဖြံ႔ၿဖိဳးတုိးတက္မႈဆုိင္ရာေရာဂါ ဒါမွမဟုတ္ ႏွလုံးေရာဂါစတဲ့ ေရာဂါအခံတမ်ိဳးမ်ိဳးရွိတဲ့သူေတြျဖစ္တယ္လို႔ CDC ရဲ႕ အစီရင္ခံစာထဲမွာ ေျပာထားပါတယ္။

ဒါ့အျပင္ လူေနထုိင္မႈမ်ားျပားတာ၊ အစားအစာနဲ႔ ေနေရးထိုင္ေရး လုံျခဳံမႈမရွိတာ၊ ဓနအင္အားနဲ႔ပညာေရးကြာဟမႈစတဲ့ တခ်ိဳ႕ လူမႈေရးအေျခအေနေတြကလည္း လူနည္းစု၀င္ကေလးေတြထဲမွာ ေသဆုံးမႈမ်ားေစတဲ့ အခ်က္ေတြျဖစ္တယ္လို႔ သုေတသီေတြက ေထာက္ျပပါတယ္။

ဒါ့အျပင္ ကာကြယ္ေဆးကို တရား၀င္အတည္ျပဳၿပီးတာနဲ႔ ၂၄ နာရီအတြင္း ကာကြယ္ေဆး စတင္ျဖန္႔ေ၀မယ့္ အစီအစဥ္အေသးစိတ္ကို CDC က ဗုဒၶဟူးေန႔က ခ်ျပခဲ့ပါတယ္။ အဲဒီအစီအစဥ္အရေတာ့ ပထမဦးဆုံးအေနနဲ႔ က်န္းမာေရး၀န္ထမ္းေတြလို အေရးႀကီးတဲ့သူေတြကို ကာကြယ္ေဆး အရင္ထုိးေပးသြားမွာျဖစ္တယ္လို႔ ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အမေရိကန် အသက် ၂၁ နှစ်အောက် လူနည်းစုဝင်တွေကြား ကိုဗစ်ကြောင့်သေဆုံးသူ ပိုများ

အမေရိကန်ပြည်ထောင်စုမှာ လူနည်းစုဝင်တွေထဲက အသက် ၂၁ နှစ်အောက် အရွယ်တွေဟာ လူဖြူအမေရိကန် အသက် ၂၁ နှစ်အောက်တွေထက် COVID-19 ရောဂါကူးစက်ခံရတာ ပိုများတယ်လို့ အမေရိကန်ရောဂါကာကွယ်ထိန်းချုပ်ရေးဌာန (CDC) က အခုသီတင်းပတ်မှာ ပြောကြားလိုက်ပါတယ်။

ပြည်နယ် ၂၇ ခုက စာရင်းတွေအရတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၁ ရက်ကနေ ဇူလိုင် ၃၁ ရက်ကြားမှာ အသက် ၂၁ နှစ်အောက် အရွယ် ၁၂၁ ယောက်သေဆုံးခဲ့ပါတယ်။ အဲဒီထဲက ၇၅ ရာခိုင်နှုန်းက စပိန်နွယ်ဖွားတွေ၊ လူမည်းတွေ၊ အမေရိကန်ဌာနေ တိုင်းရင်းသားတွေနဲ့ Alasaka ဌာနေ တိုင်းရင်းသားတွေဖြစ်ပါတယ်။ အဲဒီထဲမှာ ၄၄ ရာခိုင်နှုန်းက စပိန်နွယ်ဖွား၊ ၂၉ ရာခိုင်နှုန်းက လူမည်းတွေဖြစ်ပြီး ၁၄ ရာခိုင်နှုန်းကပဲ လူဖြူ ကလေးငယ်တွေဖြစ်တယ်လို့ ပြောပါတယ်။ ဌာနေတိုင်းရင်းသားနဲ့ Alaska ဌာနေတိုင်းရင်းသားတွေထဲက ၄ ရာခိုင်နှုန်းဖြစ်ပြီး အာရှနဲ့ ပစိဖိတ်ကျွန်းသားတွေကလည်း ၄ ရာခိုင်နှုန်း လောက်ဖြစ်တယ်လို့ ပြောပါတယ်။

သေဆုံးတဲ့သူတွေထဲက ၇၅ ရာခိုင်နှုန်းက ပန်းနာရင်ကြပ်ရောဂါ၊ အဝလွန်တာ၊ အာရုံကြောနဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာရောဂါ ဒါမှမဟုတ် နှလုံးရောဂါစတဲ့ ရောဂါအခံတမျိုးမျိုးရှိတဲ့သူတွေဖြစ်တယ်လို့ CDC ရဲ့ အစီရင်ခံစာထဲမှာ ပြောထားပါတယ်။

ဒါ့အပြင် လူနေထိုင်မှုများပြားတာ၊ အစားအစာနဲ့ နေရေးထိုင်ရေး လုံခြုံမှုမရှိတာ၊ ဓနအင်အားနဲ့ပညာရေးကွာဟမှုစတဲ့ တချို့ လူမှုရေးအခြေအနေတွေကလည်း လူနည်းစုဝင်ကလေးတွေထဲမှာ သေဆုံးမှုများစေတဲ့ အချက်တွေဖြစ်တယ်လို့ သုတေသီတွေက ထောက်ပြပါတယ်။

ဒါ့အပြင် ကာကွယ်ဆေးကို တရားဝင်အတည်ပြုပြီးတာနဲ့ ၂၄ နာရီအတွင်း ကာကွယ်ဆေး စတင်ဖြန့်ဝေမယ့် အစီအစဉ်အသေးစိတ်ကို CDC က ဗုဒ္ဓဟူးနေ့က ချပြခဲ့ပါတယ်။ အဲဒီအစီအစဉ်အရတော့ ပထမဦးဆုံးအနေနဲ့ ကျန်းမာရေးဝန်ထမ်းတွေလို အရေးကြီးတဲ့သူတွေကို ကာကွယ်ဆေး အရင်ထိုးပေးသွားမှာဖြစ်တယ်လို့ ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG