သုံးရလွယ်ကူစေသည့် Link များ

တီဘီရောဂါ ကူးစက်မှုကို ကာကွယ်ရာမှာ ကာကွယ်ဆေးအပြင်၊ ကိုယ်ခံအားကောင်းဖို့ နဲ့ လူမှု့စီးပွား အဆင့်မြင့်ဖို့ လိုအပ်တယ်လို့ တီဘီရောဂါ တိုက်ဖျက်ရေး ကျွမ်းကျင်သူတွေက ပြောဆိုပါတယ်။ ကိုယ်ခံအားကောင်းအောင် အာဟာရ ပြည့်စုံမျှတအောင်စားခြင်း၊ HIV ကိုယ်ခံအား ကျဆင်းတဲ့ရောဂါပိုး ကာကွယ်ခြင်း နဲ့ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ဖို့တွေ လိုပါတယ်။

ဒီနေ့ တီဘီရောဂါ ဖြစ်ပွားမှု အများဆုံးနိုင်ငံ စာရင်းဝင် မြန်မာနိုင်ငံမှာ တီဘီရောဂါအပြင် ဆေးယဉ်ပါး တီဘီ (drug-resistant tuberculosis) ဖြစ်ပွားနေသူတွေ တိုးများလာကာ၊ ကူးစက်ပြန့်ပွားမှုတွေမဖြစ်ဖို့ ကာကွယ်ကုသရေးတွေ အလေးထားလုပ်ပေးနိုင်ဖို့ အရေးကြီးပါတယ်။ ဒီအတွက် ဘယ်လို စိန်ခေါ်မှုတွေ ကြုံနေရပါလဲ။

ဒီအကြောင်း ပိုမိုသိရှိနိုင်ဖို့ World Health Organization (WHO) ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အငြိမ်းစားညွှန်ကြားရေးမှုး နဲ့ တီဘီရောဂါ တိုက်ဖျက်ရေးကျွမ်းကျင်သူ ဒေါက်တာဝင်းမောင် နဲ့ ကိုဝင်းမင်းတို့ ဆွေးနွေးတင်ပြထားပါတယ်။

XS
SM
MD
LG