(Zawgyi/Unicode)
COVD-19 ေရာဂါဇစ္ျမစ္ကို ေလ့လာစစ္ေဆးဖို႔ ကမၻာ့က်န္းမာေရး အဖြဲ႕ WHO ကၽြမ္းက်င္ပညာရွင္ေတြကို ေရာဂါ စတင္ ျဖစ္ပြားတဲ့ တ႐ုတ္နိုင္ငံ ဝူဟန္ၿမိဳ႕ကို ေစလႊတ္မယ့္အစီအစဥ္အတြက္ ေစ့စပ္ ညႇိႏွိုင္းမႈေတြလုပ္ေနဆဲလို႔ တ႐ုတ္နိုင္ငံက ေျပာပါတယ္။
နိုင္ငံတကာ ကၽြမ္းက်င္ပညာရွင္ေတြပါဝင္တဲ့အဖြဲ႕ကို နိုင္ငံတြင္း ဝင္ေရာက္ခြင့္ ခြင့္ျပဳခ်က္ေပးဖို႔ တ႐ုတ္ဘက္က ပ်က္ကြက္ေနတဲ့ အေပၚမွာ စိတ္ပ်က္မိတယ္လို႔ အဂၤါေန႔တုန္းက WHO ညႊန္ၾကားေရးမႈးခ်ဳပ္ Dr. Tedros Adhanom Ghebreyesus က Geneva ၿမိဳ႕မွာ သတင္းေထာက္ေတြကို ေျပာခဲ့တာပါ။
တ႐ုတ္နိုင္ငံ ဘက္ကေတာ့ ဒီကိစၥနဲ႔ ပတ္သက္လို႔ ရက္အတိအက်သတ္မွတ္ဖို႔ ႏွစ္ဘက္ညႇိႏွိုင္းေနဆဲျဖစ္ၿပီး WHO အေနနဲ႔ နားလည္မႈလြဲေနတာျဖစ္တယ္လို႔ ေျပာပါတယ္။
သတင္းမီဒီယာေတြမွာ ေဖာ္ျပေနၾကတာကို ေကာက္ခ်က္ခ်ရရင္ WHO နဲ႔ တ႐ုတ္နိုင္ငံၾကား နားလည္မႈလြဲေနတာျဖစ္ေၾကာင္း၊ အေစာပိုင္းတုန္းက ေျပာခဲ့သလို WHO နဲ႔ Mr. Tedros ရဲ့ သေဘာထား အျမင္ကိုလည္း နားလည္ ေၾကာင္း၊ အခုနိုင္ငံတကာ ကၽြမ္းက်င္ပညာရွင္ေတြအေနနဲ႔ တ႐ုတ္နိုင္ငံမွာ လုပ္ငန္းစဥ္ေတြကို အဆင္ေျပေၿပ ေခ်ာေခ်ာေမြ႕ေမြ႕လုပ္ေဆာင္နိုင္ဖို႔အတြက္ အေသးစိတ္အခ်က္အလက္ေတြကို ႏွစ္ဘက္စလုံး ေဆြးေႏြးညႇိႏွိုင္းဆဲျဖစ္ေၾကာင္း တ႐ုတ္နိုင္ငံျခားေရးဌာန ေျပာခြင့္ရ Hua Chunying က ဗုဒၶဟူးေန႔က ေျပာပါတယ္။
ကၽြမ္းက်င္ပညာရွင္ေတြလာေရာက္မယ့္အခ်ိန္နဲ႔ တျခားအေသးစိတ္အခ်က္အလက္ေတြကို ညႇိႏွိုင္းၿပီးရင္ ဆုံးျဖတ္ခ်က္ေတြကို သင့္ေတာ္တဲ့ ဆက္ဆံေရး လမ္းေၾကာင္းကေနေျပာဆိုသြားမွာ ျဖစ္တယ္လို႔လည္း သူကေျပာပါတယ္။ တ႐ုတ္နိုင္ငံနဲ႔ WHO ၾကား အျမဲတမ္းပြင့္လင္းတဲ့ ဆက္ဆံေရးရွိခဲ့သလို အခုလည္း WHO အေနနဲ႔ တ႐ုတ္နိုင္ငံအေပၚနားလည္လိမ့္မယ္လို႔ ေမၽွာ္လင့္ေၾကာင္းနဲ႔ လုပ္ငန္းစဥ္အတြင္း နားလည္မႈလြဲမွားေနတာသာျဖစ္တယ္လို႔လည္း Hua Chunying ကေျပာပါတယ္။
Johns Hopkins သုေတသနစင္တာစာရင္းေတြအရ ကမၻာမွာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈႏႈန္း အမ်ားဆုံးျဖစ္ေနတဲ့ အေမရိကန္ ျပည္ေထာင္စုမွာ အဂၤါေန႔တရက္ထဲ COVID-19 ေၾကာင့္ေဆး႐ုံေတြမွာ ေဆးကုသမႈခံယူရသူ ၁၃၁,၁၀၀ ေက်ာ္ ရွိပါတယ္။ ေသဆုံးသူ ၃,၇၇၅ ေယာက္ရွိတာေၾကာင့္ တရက္တည္း ေသဆုံးသူ အေရအတြက္ စံခ်ိန္တင္သြားခဲ့ပါတယ္။ တနိုင္ငံလုံး ကူးစက္ထား သူက ၂၁ သန္းေက်ာ္နဲ႔ ေသဆုံးသူ ၃၅၇,၃၀၀ ေက်ာ္ရွိတာပါ။
အခုရက္ပိုင္း အတြင္းမွာေတာ့ ကယ္လီဖိုးနီးယားျပည္နယ္က ေရာဂါ ကူးစက္မႈ အမ်ားဆုံး ျဖစ္ပြားတဲ့ ေနရာ ျဖစ္လာၿပီး အဂၤါေန႔ တေန႔တည္း ကူးစက္ခံရသူ ၃၁၅၀၀ နီးပါး ရွိတာေၾကာင့္ တျပည္နယ္လုံး ကူးစက္ခံရသူ ၂.၄ သန္း ရွိသြားၿပီ ျဖစ္ပါတယ္။
အခုထိတကမၻာလုံးအတိုင္းအတာနဲ႔ COVID-19 ကူးစက္သူ ၈၆ သန္းေက်ာ္နဲ႔ ေသဆုံးသူက ၁.၈ သန္းရွိေနၿပီျဖစ္ပါတယ္။
............
ကိုဗစ်လေ့လာရေးပညာရှင်တွေ ပြည်ဝင်ခွင့်ပေးဖို့ တရုတ် WHO နဲ့ ညှိနှိုင်းဆဲ
(Unicode)
COVD-19 ရောဂါဇစ်မြစ်ကို လေ့လာစစ်ဆေးဖို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO ကျွမ်းကျင်ပညာရှင်တွေကို ရောဂါ စတင် ဖြစ်ပွားတဲ့ တရုတ်နိုင်ငံ ဝူဟန်မြို့ကို စေလွှတ်မယ့်အစီအစဉ်အတွက် စေ့စပ် ညှိနှိုင်းမှုတွေလုပ်နေဆဲလို့ တရုတ်နိုင်ငံက ပြောပါတယ်။
နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်တွေပါဝင်တဲ့အဖွဲ့ကို နိုင်ငံတွင်း ဝင်ရောက်ခွင့် ခွင့်ပြုချက်ပေးဖို့ တရုတ်ဘက်က ပျက်ကွက်နေတဲ့ အပေါ်မှာ စိတ်ပျက်မိတယ်လို့ အင်္ဂါနေ့တုန်းက WHO ညွှန်ကြားရေးမှုးချုပ် Dr. Tedros Adhanom Ghebreyesus က Geneva မြို့မှာ သတင်းထောက်တွေကို ပြောခဲ့တာပါ။
တရုတ်နိုင်ငံ ဘက်ကတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ ရက်အတိအကျသတ်မှတ်ဖို့ နှစ်ဘက်ညှိနှိုင်းနေဆဲဖြစ်ပြီး WHO အနေနဲ့ နားလည်မှုလွဲနေတာဖြစ်တယ်လို့ ပြောပါတယ်။
သတင်းမီဒီယာတွေမှာ ဖော်ပြနေကြတာကို ကောက်ချက်ချရရင် WHO နဲ့ တရုတ်နိုင်ငံကြား နားလည်မှုလွဲနေတာဖြစ်ကြောင်း၊ အစောပိုင်းတုန်းက ပြောခဲ့သလို WHO နဲ့ Mr. Tedros ရဲ့ သဘောထား အမြင်ကိုလည်း နားလည် ကြောင်း၊ အခုနိုင်ငံတကာ ကျွမ်းကျင်ပညာရှင်တွေအနေနဲ့ တရုတ်နိုင်ငံမှာ လုပ်ငန်းစဉ်တွေကို အဆင်ပြေပြေ ချောချောမွေ့မွေ့လုပ်ဆောင်နိုင်ဖို့အတွက် အသေးစိတ်အချက်အလက်တွေကို နှစ်ဘက်စလုံး ဆွေးနွေးညှိနှိုင်းဆဲဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Hua Chunying က ဗုဒ္ဓဟူးနေ့က ပြောပါတယ်။
ကျွမ်းကျင်ပညာရှင်တွေလာရောက်မယ့်အချိန်နဲ့ တခြားအသေးစိတ်အချက်အလက်တွေကို ညှိနှိုင်းပြီးရင် ဆုံးဖြတ်ချက်တွေကို သင့်တော်တဲ့ ဆက်ဆံရေး လမ်းကြောင်းကနေပြောဆိုသွားမှာ ဖြစ်တယ်လို့လည်း သူကပြောပါတယ်။ တရုတ်နိုင်ငံနဲ့ WHO ကြား အမြဲတမ်းပွင့်လင်းတဲ့ ဆက်ဆံရေးရှိခဲ့သလို အခုလည်း WHO အနေနဲ့ တရုတ်နိုင်ငံအပေါ်နားလည်လိမ့်မယ်လို့ မျှော်လင့်ကြောင်းနဲ့ လုပ်ငန်းစဉ်အတွင်း နားလည်မှုလွဲမှားနေတာသာဖြစ်တယ်လို့လည်း Hua Chunying ကပြောပါတယ်။
Johns Hopkins သုတေသနစင်တာစာရင်းတွေအရ ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း အများဆုံးဖြစ်နေတဲ့ အမေရိကန် ပြည်ထောင်စုမှာ အင်္ဂါနေ့တရက်ထဲ COVID-19 ကြောင့်ဆေးရုံတွေမှာ ဆေးကုသမှုခံယူရသူ ၁၃၁,၁၀၀ ကျော် ရှိပါတယ်။ သေဆုံးသူ ၃,၇၇၅ ယောက်ရှိတာကြောင့် တရက်တည်း သေဆုံးသူ အရေအတွက် စံချိန်တင်သွားခဲ့ပါတယ်။ တနိုင်ငံလုံး ကူးစက်ထား သူက ၂၁ သန်းကျော်နဲ့ သေဆုံးသူ ၃၅၇,၃၀၀ ကျော်ရှိတာပါ။
အခုရက်ပိုင်း အတွင်းမှာတော့ ကယ်လီဖိုးနီးယားပြည်နယ်က ရောဂါ ကူးစက်မှု အများဆုံး ဖြစ်ပွားတဲ့ နေရာ ဖြစ်လာပြီး အင်္ဂါနေ့ တနေ့တည်း ကူးစက်ခံရသူ ၃၁၅၀၀ နီးပါး ရှိတာကြောင့် တပြည်နယ်လုံး ကူးစက်ခံရသူ ၂.၄ သန်း ရှိသွားပြီ ဖြစ်ပါတယ်။
အခုထိတကမ္ဘာလုံးအတိုင်းအတာနဲ့ COVID-19 ကူးစက်သူ ၈၆ သန်းကျော်နဲ့ သေဆုံးသူက ၁.၈ သန်းရှိနေပြီဖြစ်ပါတယ်။