သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဇီ၀လက္နက္ လွ်ဳိ႕၀ွက္စမ္းသပ္မႈ ေဖာ္ထုတ္ေရးသားခ်က္ တ႐ုတ္နဲ႔ ပါကစၥတန္ ျငင္းဆို


Wuhan Institute of Virology.

(Zawgyi / Unicode)

တ႐ုတ္နဲ႔ ပါကစၥတန္ မဟာမိတ္ႏွစ္ႏုိင္ငံဟာ ႏုိင္ငံတကာ သေဘာတူညီခ်က္ေတြကို ခ်ိဳးေဖာက္ၿပီး ဇီ၀လက္နက္ စမ္းသပ္သုေတသန ပူးတြဲလုပ္ေဆာင္ေနတယ္ဆိုတဲ့ မီဒီယာ သတင္းေဖာ္ျပခ်က္ဟာ အဓိပၸာယ္မဲ့ လုပ္ႀကံဖန္တီးမႈဆိုၿပီး ႏွစ္ႏုိင္ငံစလံုးက ျငင္းဆိုလိုက္ပါတယ္။

အသက္အႏၱရာယ္ရွိတဲ့ Anthrax ေထာင့္သန္း ဗိုင္းရပ္စ္ပိုးေတြနဲ႔ ဆက္စပ္တဲ့ သုေတသနစီမံကိန္း အမ်ားအျပား လုပ္ေနတာ အပါအ၀င္ အလားအလာရွိတဲ့ ဇီ၀လက္နက္စြမ္းရည္ကို တိုးခ်ဲ႕ႏုိင္ေရးအတြက္ တ႐ုတ္နဲ႔ ပါကစၥတန္အစိုးရ ႏွစ္ရပ္ဟာ သံုးႏွစ္ၾကာ သေဘာတူညီခ်က္နဲ႔ လွ်ဳိ႕၀ွက္ေဆာင္ရြက္ေနတယ္လို႔ ၾသစေၾတးလ်သတင္းစာ The Klaxon ရဲ႕ စံုစမ္းေဖာ္ထုတ္ ေရးသားခ်က္မွာ စြပ္စြဲေရးသားထားပါတယ္။ ဒီေရးသားခ်က္ကိုေတာ့ ၿပီးခဲ့တဲ့ သီတင္းပတ္က ေဖာ္ျပခဲ့တာပါ။

ေထာက္လွမ္းေရး သတင္းရင္းျမစ္ေတြကို ကိုးကားၿပီး ေဖာ္ျပထားတဲ့ ဒီသတင္းမွာေတာ့ ပါကစၥတန္မွာ လွ်ဳိ႕၀ွက္စမ္းသပ္ခန္းေတြ တည္ေထာင္ဖို႔အတြက္ တ႐ုတ္ရဲ႕ သုေတသနဌာန Wuhan Institute of Virology က ေငြေၾကးအရေရာ နည္းပညာအရေရာ ေထာက္ပံ့ေပးတယ္လို႔ ေဖာ္ျပပါတယ္။

တ႐ုတ္ႏုိင္ငံ ၀ူဟန္ သုေတသန ဓာတ္ခြဲခန္းကေန ေရာဂါျဖစ္ေစတဲ့ Pathogens ေတြနဲ႔ ဇီ၀ဆိုင္ရာ အခ်က္အလက္ေတြကို ဘယ္လိုကိုင္တြယ္ ေဆာင္ရြက္သလဲ ဆိုတာကို ပါကစၥတန္ သိပၸံပညာရွင္ေတြကို က်ယ္က်ယ္ျပန္႔ျပန္႔ ေလ႔က်င့္သင္တန္းေပးခဲ့ေၾကာင္း၊ ပါကစၥတန္အေနနဲ႔ ကိုယ္ပိုင္ ဗိုင္းရပ္စ္ အခ်က္အလက္ေတြ ေဖာ္ထုတ္ စုစည္းႏုိင္ဖို႔ အခုလို သင္တန္းေတြ ေပးတာျဖစ္ေၾကာင္း သတင္းက ေဖာ္ျပပါတယ္။

ပါကစၥတန္ ႏိုင္ငံျခားေရး၀န္ႀကီးဌာနကေတာ့ ႏုိင္ငံေရး ရည္ရြယ္ခ်က္နဲ႔ ေဖာ္ျပတဲ့ အတုအေယာင္သတင္းသာ ျဖစ္တယ္လို႔ ေျပာဆိုၿပီး ဒီသတင္းေဖာ္ျပခ်က္ကို တနဂၤေႏြေန႔မွာ ျငင္းဆိုပါတယ္။

ပါကစၥတန္ဆိုင္ရာ တ႐ုတ္သံ႐ုံးဘက္ကလည္း ၾသစေၾတးလ် မီဒီယာရဲ႕ ေဖာ္ျပခ်က္ဟာ လုပ္ႀကံဖန္တီးထားတာ ျဖစ္တယ္လို႔ ေျပာဆိုၿပီး ႐ႈတ္ခ်ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------------

(Unicode)

ဇီဝလက်နက် လျှို့ဝှက်စမ်းသပ်မှု ဖော်ထုတ်ရေးသားချက် တရုတ်နဲ့ ပါကစ္စတန် ငြင်းဆို

တရုတ်နဲ့ ပါကစ္စတန် မဟာမိတ်နှစ်နိုင်ငံဟာ နိုင်ငံတကာ သဘောတူညီချက်တွေကို ချိုးဖောက်ပြီး ဇီဝလက်နက် စမ်းသပ်သုတေသန ပူးတွဲလုပ်ဆောင်နေတယ်ဆိုတဲ့ မီဒီယာ သတင်းဖော်ပြချက်ဟာ အဓိပ္ပာယ်မဲ့ လုပ်ကြံဖန်တီးမှုဆိုပြီး နှစ်နိုင်ငံစလုံးက ငြင်းဆိုလိုက်ပါတယ်။

အသက်အန္တရာယ်ရှိတဲ့ Anthrax ထောင့်သန်း ဗိုင်းရပ်စ်ပိုးတွေနဲ့ ဆက်စပ်တဲ့ သုတေသနစီမံကိန်း အများအပြား လုပ်နေတာ အပါအဝင် အလားအလာရှိတဲ့ ဇီဝလက်နက်စွမ်းရည်ကို တိုးချဲ့နိုင်ရေးအတွက် တရုတ်နဲ့ ပါကစ္စတန်အစိုးရ နှစ်ရပ်ဟာ သုံးနှစ်ကြာ သဘောတူညီချက်နဲ့ လျှို့ဝှက်ဆောင်ရွက်နေတယ်လို့ သြစတြေးလျသတင်းစာ The Klaxon ရဲ့ စုံစမ်းဖော်ထုတ် ရေးသားချက်မှာ စွပ်စွဲရေးသားထားပါတယ်။ ဒီရေးသားချက်ကိုတော့ ပြီးခဲ့တဲ့ သီတင်းပတ်က ဖော်ပြခဲ့တာပါ။

ထောက်လှမ်းရေး သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဖော်ပြထားတဲ့ ဒီသတင်းမှာတော့ ပါကစ္စတန်မှာ လျှို့ဝှက်စမ်းသပ်ခန်းတွေ တည်ထောင်ဖို့အတွက် တရုတ်ရဲ့ သုတေသနဌာန Wuhan Institute of Virology က ငွေကြေးအရရော နည်းပညာအရရော ထောက်ပံ့ပေးတယ်လို့ ဖော်ပြပါတယ်။

တရုတ်နိုင်ငံ ဝူဟန် သုတေသန ဓာတ်ခွဲခန်းကနေ ရောဂါဖြစ်စေတဲ့ Pathogens တွေနဲ့ ဇီဝဆိုင်ရာ အချက်အလက်တွေကို ဘယ်လိုကိုင်တွယ် ဆောင်ရွက်သလဲ ဆိုတာကို ပါကစ္စတန် သိပ္ပံပညာရှင်တွေကို ကျယ်ကျယ်ပြန့်ပြန့် လေ့ကျင့်သင်တန်းပေးခဲ့ကြောင်း၊ ပါကစ္စတန်အနေနဲ့ ကိုယ်ပိုင် ဗိုင်းရပ်စ် အချက်အလက်တွေ ဖော်ထုတ် စုစည်းနိုင်ဖို့ အခုလို သင်တန်းတွေ ပေးတာဖြစ်ကြောင်း သတင်းက ဖော်ပြပါတယ်။

ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ နိုင်ငံရေး ရည်ရွယ်ချက်နဲ့ ဖော်ပြတဲ့ အတုအယောင်သတင်းသာ ဖြစ်တယ်လို့ ပြောဆိုပြီး ဒီသတင်းဖော်ပြချက်ကို တနင်္ဂနွေနေ့မှာ ငြင်းဆိုပါတယ်။

ပါကစ္စတန်ဆိုင်ရာ တရုတ်သံရုံးဘက်ကလည်း သြစတြေးလျ မီဒီယာရဲ့ ဖော်ပြချက်ဟာ လုပ်ကြံဖန်တီးထားတာ ဖြစ်တယ်လို့ ပြောဆိုပြီး ရှုတ်ချထားပါတယ်။

XS
SM
MD
LG