(Zawgyi/Unicode)
တရုတ္ႏုိင္ငံတြင္းမွာ COVID 19 ကပ္ေဘးေရာဂါရဲ႕ မူရင္း ဇစ္ျမစ္ကို စံုစမ္းစစ္ေဆးမယ့္ ကမၻာ့က်န္းမာေရး အဖြဲ႔ WHO ရဲ႕ ႏုိင္ငံတကာ ပညာရွင္မ်ား အဖြဲ႔တခု ဇန္န၀ါရီလ ၁၄ ရက္ေန႔မွာ တရုတ္ကို ဆိုက္ေရာက္လာမယ့္ အေၾကာင္း တရုတ္ႏုိင္ငံျခားေရး ၀န္ႀကီးဌာနက ဇန္န၀ါရီလ ၁၁ ရက္ေန႔ တနလာၤေန႔မွာ ေျပာပါတယ္။
"ကိုရိုနာဗိုင္းရပ္စ္ ပိုးသစ္ရဲ႕ မူလ ဇစ္ျမစ္ အေရးနဲ႔ ပတ္သက္ၿပီး တရုတ္ သိပၸံပညာရွင္ေတြ၊ ေဆးဘက္ဆိုင္ရာ ကြ်မ္းက်င္သူေတြနဲ႔ သိပၸံနည္းက် ပူးေပါင္းေဆာင္ရြက္ေရး အတြက္ WHO ရဲ႕ ႏုိင္ငံတကာ ကြ်မ္းက်င္သူမ်ားပါတဲ႔ အဖြဲ႔ တရုတ္ကို လာေရာက္ေရး ႏွစ္ဘက္ ေဆြးေႏြးမႈေတြ အၿပီး တရုတ္အစိုးရဘက္က သေဘာတူခဲ႔တာ ျဖစ္ေၾကာင္း" တရုတ္ႏုိင္ငံျခားေရး ဌာန ေျပာခြင့္ရ Zhao Lijian က မန္ဒရင္း တရုတ္စကားနဲ႔ ရွင္းလင္းခဲ႔တာပါ။
ကိုရိုနာဗိုင္းရပ္စ္ ဇစ္ျမစ္ကို စံုစမ္းစစ္ေဆးမယ့္ WHO အဖြဲ႔ကို တရုတ္ဘက္က ခြင္႔မျပဳတာေၾကာင့္ ခရီးစဥ္ ေႏွာင့္ေႏွးခဲ႔ရတာ ျဖစ္ၿပီး တရုတ္ကေတာ့ ႏွစ္ဘက္ၾကား နားလည္မႈ လြဲတာ ျဖစ္ေၾကာင္း ေျပာဆိုထားပါတယ္။
ဇန္န၀ါရီလ အေစာပိုင္းမွာ သြားေရာက္ဖို႔ စီစဥ္ထားၿပီး ေႏွာင့္ေႏွးခဲ႔ရတဲ႔ WHOရဲ႕ ကြ်မ္းက်င္သူမ်ားပါတဲ႔ အဖြဲ႔ရဲ႕ ခရီးစဥ္ ေန႔ရက္ကို တရုတ္ အမ်ိဳးသား က်န္းမာေရး ေကာ္မရွင္ဘက္က ေၾကညာခဲ႔ေပမယ့္လည္း ဒီအဖြဲ႔ရဲ႕ ခရီးစဥ္ အေသးစိတ္ကိုေတာ့ မထုတ္ျပန္ပါဘူး။
၂၀၁၉ ခုႏွစ္ ေႏွာင္းပိုင္း ၀ူဟန္ၿမိဳ႕မွာ ပထမဆံုး ကိုရိုနာဗိုင္းရပ္စ္ စတင္ပ်ံ႕ႏွံ႔ခ်ိန္ကစလို႔ တရုတ္ဘက္က ခ်က္ခ်င္း အေရးယူ ကိုင္တြယ္ဖို႔ ေႏွာင့္ေႏွးခဲ႔ၿပီး ဖံုးကြယ္ထားခဲ႔တယ္လုိ႔ စြပ္စြဲခံထားရတာပါ။
...........
ကိုဗစ်ဇစ်မြစ်စုံစမ်းရေး WHO ကိုယ်စားလှယ်အဖွဲ့ တရုတ်ကို လာရောက်မည်
(Unicode)
တရုတ်နိုင်ငံတွင်းမှာ COVID 19 ကပ်ဘေးရောဂါရဲ့ မူရင်း ဇစ်မြစ်ကို စုံစမ်းစစ်ဆေးမယ့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO ရဲ့ နိုင်ငံတကာ ပညာရှင်များ အဖွဲ့တခု ဇန်နဝါရီလ ၁၄ ရက်နေ့မှာ တရုတ်ကို ဆိုက်ရောက်လာမယ့် အကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဇန်နဝါရီလ ၁၁ ရက်နေ့ တနလာၤနေ့မှာ ပြောပါတယ်။
"ကိုရိုနာဗိုင်းရပ်စ်ပိုးသစ်ရဲ့ မူလ ဇစ်မြစ် အရေးနဲ့ ပတ်သက်ပြီး တရုတ် သိပ္ပံပညာရှင်တွေ၊ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ သိပ္ပံနည်းကျ ပူးပေါင်းဆောင်ရွက်ရေး အတွက် WHO ရဲ့ နိုင်ငံတကာ ကျွမ်းကျင်သူများပါတဲ့ အဖွဲ့ တရုတ်ကို လာရောက်ရေး နှစ်ဘက် ဆွေးနွေးမှုတွေ အပြီး တရုတ်အစိုးရဘက်က သဘောတူခဲ့တာ ဖြစ်ကြောင်း" တရုတ်နိုင်ငံခြားရေး ဌာန ပြောခွင့်ရ Zhao Lijian က မန်ဒရင်း တရုတ်စကားနဲ့ ရှင်းလင်းခဲ့တာပါ။
ကိုရိုနာဗိုင်းရပ်စ် ဇစ်မြစ်ကို စုံစမ်းစစ်ဆေးမယ့် WHO အဖွဲ့ကို တရုတ်ဘက်က ခွင့်မပြုတာကြောင့် ခရီးစဉ် နှောင့်နှေးခဲ့ရတာ ဖြစ်ပြီး တရုတ်ကတော့ နှစ်ဘက်ကြား နားလည်မှု လွဲတာ ဖြစ်ကြောင်း ပြောဆိုထားပါတယ်။
ဇန်နဝါရီလ အစောပိုင်းမှာ သွားရောက်ဖို့ စီစဉ်ထားပြီး နှောင့်နှေးခဲ့ရတဲ့ WHOရဲ့ ကျွမ်းကျင်သူများပါတဲ့ အဖွဲ့ရဲ့ ခရီးစဉ် နေ့ရက်ကို တရုတ် အမျိုးသား ကျန်းမာရေး ကော်မရှင်ဘက်က ကြေညာခဲ့ပေမယ့်လည်း ဒီအဖွဲ့ရဲ့ ခရီးစဉ် အသေးစိတ်ကိုတော့ မထုတ်ပြန်ပါဘူး။
၂၀၁၉ ခုနှစ် နှောင်းပိုင်း ဝူဟန်မြို့မှာ ပထမဆုံး ကိုရိုနာဗိုင်းရပ်စ် စတင်ပျံ့နှံ့ချိန်ကစလို့ တရုတ်ဘက်က ချက်ချင်း အရေးယူ ကိုင်တွယ်ဖို့ နှောင့်နှေးခဲ့ပြီး ဖုံးကွယ်ထားခဲ့တယ်လို့ စွပ်စွဲခံထားရတာပါ။