(Zawgyi / Unicode)
တ႐ုတ္ႏုိင္ငံေျမာက္ပိုင္း ဟာေဘးခ႐ုိင္က လူဦးေရ ၁၁ သန္းရွိတဲ့ Shijiachaung ၿမိဳ႕မွာ COVID-19 ကူးစက္သူ ၃၉ ေယာက္ ေတြ႔ရွိခဲ့တဲ့ေနာက္ ဗုဒၶဟူးေန႔ကစၿပီး ၃ ရက္ၾကာ lockdown ခ် ကန္႔သတ္ခဲ့သလို ၿမိဳ႕ခံေတြအတြက္ ဒီေရာဂါရွိမရွိ စမ္းသပ္စစ္ေဆးမႈဟာလည္း ပထမအႀကိမ္ ၿပီးဆံုးသြားၿပီျဖစ္ေၾကာင္း ၿမိဳ႕ေတာ္ဝန္ Ma Yujun က စေနေန႔မွာ ေျပာပါတယ္။
ဒုတိယအႀကိမ္ စမ္းသပ္စစ္ေဆးမႈေတြကို မၾကာခင္မွာ စတင္ဖုိ႔ ရွိတယ္လုိ႔လည္း ေျပာပါတယ္။ ေဘဂ်င္းၿမိဳ႕ေတာ္နားမွာရွိတဲ့ ဒီ ဟာေဘးခ႐ုိင္မွာ ေနထိုင္သူ လူေပါင္း ၇၆ သန္းအတြက္ ခရီးသြားကန္႔သတ္မႈေတြ လုပ္ထားတာပါ။
ဒီခ႐ုိင္အတြက္ အဂၤါေန႔ကတည္းကစၿပီး ဒီေရာဂါဆိုင္ရာ ေနာက္ေယာင္ခံလိုက္တာေတြ ေဆးပစၥည္းေပးပို႔တာေတြ အပါအဝင္ စစ္ျဖစ္ေနတဲ့ အေနထားပံုစံ သတ္မွတ္ေဆာင္ရြက္ခဲ့တာျဖစ္ၿပီး တ႐ုတ္အာဏာပိုင္ေတြရဲ႕ ဒီလိုလုပ္ေဆာင္မႈကို တျခား အာရွ-ပစိဖိတ္ ေဒသတြင္း ႏိုင္ငံေတြကပါ အတုယူ လုပ္ေဆာင္လာၾကပါတယ္။
အေမရိကန္နဲ႔ ဥေရာပႏိုင္ငံေတြကေတာ့ ဒီေရာဂါပိုး ျပန္႔ပြါးမႈမရွိေအာင္ စဥ္းစဥ္းစားစား ခ်င့္ခ်ိန္ၿပီး လုပ္ေနၾကတာပါ။
စေနေန႔အထိဆို ကမာၻတလႊား ကို႐ုိနာဗုိင္းရပ္စ္ ကူးစက္သူ သန္း ၉၀ နီးပါး ျဖစ္လာခ်ိန္မွာပဲ အေမရိကန္ႏုိင္ငံမွာ ဒီေရာဂါကူးစက္သူ ၂၂ သန္းေက်ာ္နဲ႔ ေသဆံုးရသူက ၃၇၀,၀၀၀ ေက်ာ္ေနၿပီလို႔ Johns Hopkins တကၠသိုလ္ စစ္တမ္းမွာ ေဖာ္ျပထားပါတယ္။ အိႏၵိယမွာေတာ့ ကူးစက္ခံရသူ ၁၀ သန္းခြဲနီးပါး ရွိေနတာပါ။
-------------------------
(Unicode)
ကိုဗစ်ကူးစက်မှုတွေ့ရတဲ့ တရုတ်ပြည် Shijiachaung မြို့မှာ lockdown ချပြီး စမ်းသပ်မှုတွေ အမြန်ပြုလုပ်
တရုတ်နိုင်ငံမြောက်ပိုင်း ဟာဘေးခရိုင်က လူဦးရေ ၁၁ သန်းရှိတဲ့ Shijiachaung မြို့မှာ COVID-19 ကူးစက်သူ ၃၉ ယောက် တွေ့ရှိခဲ့တဲ့နောက် ဗုဒ္ဓဟူးနေ့ကစပြီး ၃ ရက်ကြာ lockdown ချ ကန့်သတ်ခဲ့သလို မြို့ခံတွေအတွက် ဒီရောဂါရှိမရှိ စမ်းသပ်စစ်ဆေးမှုဟာလည်း ပထမအကြိမ် ပြီးဆုံးသွားပြီဖြစ်ကြောင်း မြို့တော်ဝန် Ma Yujun က စနေနေ့မှာ ပြောပါတယ်။
ဒုတိယအကြိမ် စမ်းသပ်စစ်ဆေးမှုတွေကို မကြာခင်မှာ စတင်ဖို့ ရှိတယ်လို့လည်း ပြောပါတယ်။ ဘေဂျင်းမြို့တော်နားမှာရှိတဲ့ ဒီ ဟာဘေးခရိုင်မှာ နေထိုင်သူ လူပေါင်း ၇၆ သန်းအတွက် ခရီးသွားကန့်သတ်မှုတွေ လုပ်ထားတာပါ။
ဒီခရိုင်အတွက် အင်္ဂါနေ့ကတည်းကစပြီး ဒီရောဂါဆိုင်ရာ နောက်ယောင်ခံလိုက်တာတွေ ဆေးပစ္စည်းပေးပို့တာတွေ အပါအဝင် စစ်ဖြစ်နေတဲ့ အနေထားပုံစံ သတ်မှတ်ဆောင်ရွက်ခဲ့တာဖြစ်ပြီး တရုတ်အာဏာပိုင်တွေရဲ့ ဒီလိုလုပ်ဆောင်မှုကို တခြား အာရှ-ပစိဖိတ် ဒေသတွင်း နိုင်ငံတွေကပါ အတုယူ လုပ်ဆောင်လာကြပါတယ်။
အမေရိကန်နဲ့ ဥရောပနိုင်ငံတွေကတော့ ဒီရောဂါပိုး ပြန့်ပွါးမှုမရှိအောင် စဉ်းစဉ်းစားစား ချင့်ချိန်ပြီး လုပ်နေကြတာပါ။
စနေနေ့အထိဆို ကမ္ဘာတလွှား ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ သန်း ၉၀ နီးပါး ဖြစ်လာချိန်မှာပဲ အမေရိကန်နိုင်ငံမှာ ဒီရောဂါကူးစက်သူ ၂၂ သန်းကျော်နဲ့ သေဆုံးရသူက ၃၇၀,၀၀၀ ကျော်နေပြီလို့ Johns Hopkins တက္ကသိုလ် စစ်တမ်းမှာ ဖော်ပြထားပါတယ်။ အိန္ဒိယမှာတော့ ကူးစက်ခံရသူ ၁၀ သန်းခွဲနီးပါး ရှိနေတာပါ။