သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တ႐ုတ္ ယူနန္ေရာက္ ျမန္မာသံုးဦးမွာ ကိုဗစ္ဓါတ္ခဲြနမူနာအတည္ျပဳ


တရုတ္ႏိုင္ငံ ယူနန္ၿမိဳ႕မွာ ကိုဗစ္ေရာဂါရွိ၊ မရွိ စစ္ေဆးေနတဲ့ ျမင္ကြင္း။ (စက္တင္ဘာ ၁၅၊ ၂၀၂၀)

[Zawgyi/Unicode]

တ႐ုတ္ႏိုင္ငံ ယူနန္ျပည္နယ္ေရာက္ ျမန္မာႏုိင္ငံသားတခ်ဳိ႕မွာ ကုိဗစ္ကပ္ေရာဂါကူးစက္မႈ ေတြ႔ရွိခဲ့တာေၾကာင့္ တ႐ုတ္က်န္းမာေရး တာ၀န္ရွိသူေတြ ကန္႔သတ္စစ္ေဆးေနတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုေဇာ္ထက္က သတင္းေပးပို႔ထားပါတယ္။

ယူနန္ျပည္နယ္ထဲမွာ ကူးစက္မႈ မရွိေတာ့ေပမဲ့ ျပင္ပကဝင္လာတဲ့ ကိုဗစ္ေရာဂါကိုေတာ့ ျမန္မာ ၃ ေယာက္မွာ စေတြ႕ရတယ္ဆိုၿပီး ယူနန္ျပည္နယ္ က်န္းမာေရးေကာ္မရွင္က ဒီေန႔ ႏိုဝင္ဘာ ၁၀ ရက္မွာ ထုတ္ျပန္လိုက္တာပါ။ မူဆယ္ဘက္က ဝင္လာတဲ့ အသက္ ၂၁ ႏွစ္အ႐ြယ္ အမ်ိဳးသမီး၊ အသက္ ၂၀ အမ်ိဳးသမီး နဲ႔ ၃၄ ႏွစ္အ႐ြယ္ အမ်ိဳးသားတဦးတုိ႔မွာ ေရာဂါကူးစက္ေနတာ အတည္ျပဳႏုိင္ခဲ့ေၾကာင္းလည္း ထုတ္ျပန္ခ်က္မွာ ေရးသားထားပါတယ္။

ေရႊလီၿမိဳ႕က ေက်ာက္မ်က္ရတနာ ေရာင္း၀ယ္တဲ့ ရပ္ကြက္မွာ ျမန္မာဘက္က ဝင္လာတဲ့သူေတြ ရွိေနတယ္လို႔ သတင္းရရွိခဲ့ၿပီးေနာက္ တ႐ုတ္ရဲတပ္ဖြဲ႕က မေန႔က ေအာက္တိုဘာ ၉ ရက္က အဲဒီရပ္ကြက္ကို ဝင္ေရာက္စစ္ေဆးခဲ့ၿပီး အခုလိုေတြ႕ရွိခဲ့တာျဖစ္ပါတယ္။ မေန႔က ညတြင္ခ်င္းပဲ ေ႐ႊလီေက်ာက္ဝိုင္းနားက ရပ္ကြက္ကို တာဝန္ရွိသူေတြက အသြားအလာ ပိတ္ခ်လိုက္ၿပီး က်န္းမာေရးစစ္ေဆးမႈေတြ စလုပ္ေနၿပီလို႔ ေ႐ႊလီၿမိဳ႕မိုးမခေဖာင္ေဒးရွင္း ဥကၠ႒ ေဒၚမိုးမခက ဗြီအိုေအကို ေျပာပါတယ္။

“မေန႔ညက ညတြင္းခ်င္းစစ္တာနဲ႔ သူတို႔ေရာဂါ စစ္မိတာနဲ႔ တခါတည္း အဲဒီတိုက္ခန္းေတြ lockdown ခ်လိုက္ၿပီရွင့္၊ lockdown ခ်ၿပီးမွ ဒီတ႐ုတ္ အစိုးရက ေနၿပီးေတာ့ ညတြင္းခ်င္းပဲ အဲဒီနား သူနဲ႔ဆက္စပ္တဲ့ ေနရာေပါ့ေနာ္.. အဲဒီတရပ္ကြက္လုံး အကုန္ lockdown ခ်ၿပီးမွ ညတြင္းခ်င္း ခ်က္ခ်င္း အကုန္ တေယာက္မက်န္ ေရာဂါျပန္စစ္ေပးေနတယ္ရွင့္။ အဲဒီနား လူေတာ္ေတာ္မ်ားတယ္ ၅၀၀ ေလာက္ေတာ့ ရွိမယ္... အဲဒီနား တဝိုက္ေလးေတာင္မွ။”

ယူနန္ျပည္နယ္တာဝန္ရွိသူေတြကေတာ့ ျမန္မာႏိုင္ငံက ေရာက္ရွိလာသူေတြထံက ကူးစက္မႈအျဖစ္ မွတ္တမ္းတင္ထားၿပီး ထိေတြ႔ဆက္ဆံခဲ့သူေတြကိုလည္း သီးသန႔္ခြဲ ေစာင့္ၾကည့္ေနၿပီး ေရာဂါစစ္ေဆးမႈေတြ လုပ္သြာမယ္လို႔ ယူနန္ျပည္နယ္ က်န္းမာေရးေကာ္မရွင္ ထုတ္ျပန္ခ်က္မွာ ေရးသားထားပါတယ္။

ျမန္မာလုပ္သားေတြကို လက္ခံထားတဲ့ တ႐ုတ္လုပ္ငန္းရွင္ေတြကိုေတာ့ က်န္းမာေရးတာဝန္ရွိသူေတြက တိုက္႐ိုက္ဆက္သြယ္ၿပီး အလုပ္သမားကဒ္နဲ႔ ေနထိုင္ခြင့္အေထာက္အထား စစ္ေဆးတာေတြ စလုပ္ေနေၾကာင္း ေ႐ႊလီၿမိဳ႕က ျမန္မာလုပ္သား ကိုေနမင္းၿဖိဳးကေျပာပါတယ္။

“ျမန္မာျပည္သားေတြ ေတြ႕တာလို႔ေတာ့ သူေဌးေတြဆီကို တိုက္႐ိုက္ေျပာတယ္ေပါ့။ ေျပာၿပီးေတာ့ အခုလက္ရွိ ေနေနတဲ့သူေတြကို အရင္တုန္းကတည္းက ေနတာ ဟုတ္ရဲ႕လားဆိုၿပီးေတာမွ သူတို႔ရဲ႕ ကဒ္ေတြတို႔ စာအုပ္ေတြတို႔ကို ႐ိုက္ၿပီး လိုင္းေပၚမွာ တင္ေပးရတာေလ။ ျမန္မာေတြရွိတဲ့ေနရာက သူေဌးေတြေပါ့ အဲလိုမ်ိဳး။ အခုရက္ပိုင္းေတြဆို ခိုးဝင္တဲ့သူ အရမ္းမ်ားတာေလ။ ခိုးဝင္ထားတဲ့သူေတြ ဆိုရင္ေတာ့ အကုန္လုံး ျပန္ဖမ္းမွာပါပဲ။”

အေသးစိတ္အေျခအေနကို ေမးျမန္းဖို႔ ကူမင္းၿမိဳ႕ ေကာင္စစ္ဝန္႐ုံးကို ဗြီအိုေအက ဆက္သြယ္ခဲ့ေပမဲ့ ဖုန္းျပန္လည္ ေျဖၾကားျခင္း မရွိခဲ့ပါဘူး။

မူဆယ္ခ႐ိုင္ အုပ္ခ်ဳပ္ေရး လက္ေထာက္ ၫႊန္ၾကားေရးမႉး ဦးေမာင္ေမာင္သန္းကေတာ့ ယူနန္အစိုးရဘက္က မူဆယ္ဘက္ကို တရားဝင္စာပို႔ လာတာေတာ့ မရွိေသးဘူးလို႔ ေျပာပါတယ္။

“က်ေနာ္တို႔ဆီေတာ့ အခုထက္ထိ အုပ္ခ်ဳပ္ေရးဌာန အခ်င္းခ်င္း အေၾကာင္းၾကားစာ မလာေသးဘူးဗ်၊ သံတမန္လမ္းေၾကာင္းက တရားဝင္စာ မလာေသးဘူး။”

ျမန္မာျပည္မွာ ကိုဗစ္ေရာဂါစေတြ႕တဲ့ မတ္လကုန္ကစလို႔ တ႐ုတ္ ယူနန္အစိုးရက နယ္စပ္တေလွ်ာက္မွာ လုံၿခဳံေရး အမ်ားအျပားခ်ထားေပမဲ့ ျမန္မာဘက္ကေတာ့ ဝင္တဲ့သူေတြ ရွိေနဆဲပဲလို႔ ေ႐ႊလီၿမိဳ႕က ျမန္မာေတြက ေျပာပါတယ္။ ၿပီးခဲ့တဲ့ လပိုင္းအတြင္းက ေ႐ႊလီၿမိဳ႕ထဲက ျမန္မာ ၂ ေယာက္မွာ ကိုဗစ္ေရာဂါ ေတြ႕ရွိခဲ့လို႔ လူဦးေရ ၂,၀၀၀,၀၀၀ ေလာက္ကို တပတ္အတြင္း အေရးေပၚစစ္ေဆးတာေတြလည္း လုပ္ခဲ့ဖူးပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

တရုတ် ယူနန်ရောက် မြန်မာသုံးဦးမှာ ကိုဗစ်ဓါတ်ခွဲနမူနာအတည်ပြု

တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရောက် မြန်မာနိုင်ငံသားတချို့မှာ ကိုဗစ်ကပ်ရောဂါကူးစက်မှု တွေ့ရှိခဲ့တာကြောင့် တရုတ်ကျန်းမာရေး တာဝန်ရှိသူတွေ ကန့်သတ်စစ်ဆေးနေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုဇော်ထက်က သတင်းပေးပို့ထားပါတယ်။

ယူနန်ပြည်နယ်ထဲမှာ ကူးစက်မှု မရှိတော့ပေမဲ့ ပြင်ပကဝင်လာတဲ့ ကိုဗစ်ရောဂါကိုတော့ မြန်မာ ၃ ယောက်မှာ စတွေ့ရတယ်ဆိုပြီး ယူနန်ပြည်နယ် ကျန်းမာရေးကော်မရှင်က ဒီနေ့ နိုဝင်ဘာ ၁၀ ရက်မှာ ထုတ်ပြန်လိုက်တာပါ။ မူဆယ်ဘက်က ဝင်လာတဲ့ အသက် ၂၁ နှစ်အရွယ် အမျိုးသမီး၊ အသက် ၂၀ အမျိုးသမီး နဲ့ ၃၄ နှစ်အရွယ် အမျိုးသားတဦးတို့မှာ ရောဂါကူးစက်နေတာ အတည်ပြုနိုင်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ရွှေလီမြို့က ကျောက်မျက်ရတနာ ရောင်းဝယ်တဲ့ ရပ်ကွက်မှာ မြန်မာဘက်က ဝင်လာတဲ့သူတွေ ရှိနေတယ်လို့ သတင်းရရှိခဲ့ပြီးနောက် တရုတ်ရဲတပ်ဖွဲ့က မနေ့က အောက်တိုဘာ ၉ ရက်က အဲဒီရပ်ကွက်ကို ဝင်ရောက်စစ်ဆေးခဲ့ပြီး အခုလိုတွေ့ရှိခဲ့တာဖြစ်ပါတယ်။ မနေ့က ညတွင်ချင်းပဲ ရွှေလီကျောက်ဝိုင်းနားက ရပ်ကွက်ကို တာဝန်ရှိသူတွေက အသွားအလာ ပိတ်ချလိုက်ပြီး ကျန်းမာရေးစစ်ဆေးမှုတွေ စလုပ်နေပြီလို့ ရွှေလီမြို့မိုးမခဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါ်မိုးမခက ဗွီအိုအေကို ပြောပါတယ်။

“မနေ့ညက ညတွင်းချင်းစစ်တာနဲ့ သူတို့ရောဂါ စစ်မိတာနဲ့ တခါတည်း အဲဒီတိုက်ခန်းတွေ lockdown ချလိုက်ပြီရှင့်၊ lockdown ချပြီးမှ ဒီတရုတ် အစိုးရက နေပြီးတော့ ညတွင်းချင်းပဲ အဲဒီနား သူနဲ့ဆက်စပ်တဲ့ နေရာပေါ့နော်။ အဲဒီတရပ်ကွက်လုံး အကုန် lockdown ချပြီးမှ ညတွင်းချင်း ချက်ချင်း အကုန် တယောက်မကျန် ရောဂါပြန်စစ်ပေးနေတယ်ရှင့်။ အဲဒီနား လူတော်တော်များတယ် ၅၀၀ လောက်တော့ ရှိမယ်... အဲဒီနား တဝိုက်လေးတောင်မှ။”

ယူနန်ပြည်နယ်တာဝန်ရှိသူတွေကတော့ မြန်မာနိုင်ငံက ရောက်ရှိလာသူတွေထံက ကူးစက်မှုအဖြစ် မှတ်တမ်းတင်ထားပြီး ထိတွေ့ဆက်ဆံခဲ့သူတွေကိုလည်း သီးသန့်ခွဲ စောင့်ကြည့်နေပြီး ရောဂါစစ်ဆေးမှုတွေ လုပ်သွာမယ်လို့ ယူနန်ပြည်နယ် ကျန်းမာရေးကော်မရှင် ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

မြန်မာလုပ်သားတွေကို လက်ခံထားတဲ့ တရုတ်လုပ်ငန်းရှင်တွေကိုတော့ ကျန်းမာရေးတာဝန်ရှိသူတွေက တိုက်ရိုက်ဆက်သွယ်ပြီး အလုပ်သမားကဒ်နဲ့ နေထိုင်ခွင့်အထောက်အထား စစ်ဆေးတာတွေ စလုပ်နေကြောင်း ရွှေလီမြို့က မြန်မာလုပ်သား ကိုနေမင်းဖြိုးကပြောပါတယ်။

“မြန်မာပြည်သားတွေ တွေ့တာလို့တော့ သူဌေးတွေဆီကို တိုက်ရိုက်ပြောတယ်ပေါ့။ ပြောပြီးတော့ အခုလက်ရှိ နေနေတဲ့သူတွေကို အရင်တုန်းကတည်းက နေတာ ဟုတ်ရဲ့လားဆိုပြီးတောမှ သူတို့ရဲ့ ကဒ်တွေတို့ စာအုပ်တွေတို့ကို ရိုက်ပြီး လိုင်းပေါ်မှာ တင်ပေးရတာလေ။ မြန်မာတွေရှိတဲ့နေရာက သူဌေးတွေပေါ့ အဲလိုမျိုး။ အခုရက်ပိုင်းတွေဆို ခိုးဝင်တဲ့သူ အရမ်းများတာလေ။ ခိုးဝင်ထားတဲ့သူတွေ ဆိုရင်တော့ အကုန်လုံး ပြန်ဖမ်းမှာပါပဲ။”

အသေးစိတ်အခြေအနေကို မေးမြန်းဖို့ ကူမင်းမြို့ ကောင်စစ်ဝန်ရုံးကို ဗွီအိုအေက ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းပြန်လည် ဖြေကြားခြင်း မရှိခဲ့ပါဘူး။

မူဆယ်ခရိုင် အုပ်ချုပ်ရေး လက်ထောက် ညွှန်ကြားရေးမှူး ဦးမောင်မောင်သန်းကတော့ ယူနန်အစိုးရဘက်က မူဆယ်ဘက်ကို တရားဝင်စာပို့ လာတာတော့ မရှိသေးဘူးလို့ ပြောပါတယ်။

“ကျနော်တို့ဆီတော့ အခုထက်ထိ အုပ်ချုပ်ရေးဌာန အချင်းချင်း အကြောင်းကြားစာ မလာသေးဘူးဗျ၊ သံတမန်လမ်းကြောင်းက တရားဝင်စာ မလာသေးဘူး။”

မြန်မာပြည်မှာ ကိုဗစ်ရောဂါစတွေ့တဲ့ မတ်လကုန်ကစလို့ တရုတ် ယူနန်အစိုးရက နယ်စပ်တလျှောက်မှာ လုံခြုံရေး အများအပြားချထားပေမဲ့ မြန်မာဘက်ကတော့ ဝင်တဲ့သူတွေ ရှိနေဆဲပဲလို့ ရွှေလီမြို့က မြန်မာတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ လပိုင်းအတွင်းက ရွှေလီမြို့ထဲက မြန်မာ ၂ ယောက်မှာ ကိုဗစ်ရောဂါ တွေ့ရှိခဲ့လို့ လူဦးရေ ၂,၀၀၀,၀၀၀ လောက်ကို တပတ်အတွင်း အရေးပေါ်စစ်ဆေးတာတွေလည်း လုပ်ခဲ့ဖူးပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG