(Zawgyi/Unicode)
ျမန္မာႏုိင္ငံနဲ႔နယ္စပ္ တ႐ုတ္ႏုိင္ငံ ေရႊလီၿမိဳ႕မွာ လူစုလူေ၀းနဲ႔ ႏုိင္ငံေရးမဲဆြယ္လႈပ္ရွားခဲ့တာေၾကာင့္ ဖမ္းဆီးခံခဲ့ရတဲ့ ျမန္မာႏုိင္ငံသားေတြထဲက အားလုံးနီးပါး ျပန္လြတ္လာတဲ့ အေၾကာင္းကို ကိုထက္ေအာင္ခန္႔ ေျပာျပပါမယ္။
တရုတ္-ျမန္မာ နယ္စပ္ျဖစ္တဲ့ ေရႊလီၿမိဳ႕မွာ အလုပ္လုပ္ေနတဲ့ ျမန္မာအလုပ္သမား ရာနဲ႔ခ်ီဟာ လက္ရွိ အာဏာရ ပါတီျဖစ္တဲ့ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ NLD ပါတီတံဆိပ္ တီရွပ္ ဦးထုပ္ေတြ ၀တ္ဆင္ၿပီး ၾကာသပေတးေန႔ အေစာပုိင္းက ဆိုင္ကယ္ေတြနဲ႔ လွည့္လည္ၿပီး ေထာက္ခံပြဲလုပ္ခဲ့လို႔ တရုတ္အာဏာပိုင္ေတြက ဖမ္းဆီးခဲ့တာ ျဖစ္ပါတယ္။
ဖမ္းဆီးခံရတဲ့ အလုပ္သမားေတြနဲ႔ ပတ္သက္ၿပီး ၂ ႏိုင္ငံ အာဏာပိုင္ေတြ ညွိႏိႈင္းခဲ့ၿပီးေနာက္ အလုပ္သမား အမ်ားစု ျပန္လႊတ္လာၿပီး ေထာက္ခံပြဲကို ဦးေဆာင္တယ္လို႔ ယူဆရသူ ၃ ဦးကိုေတာ့ တရုတ္အာဏာပိုင္ေတြက ဆက္လက္ထိန္းသိမ္းထားပါတယ္။
ဖမ္းဆီးသြားၿပီး ေနာက္တရက္မွာပဲ အမ်ားစုကုိ ျပန္လႊတ္ေပးလုိက္တာ ျဖစ္ေၾကာင္းလည္း ရွမ္းျပည္နယ္ စီမံဘ႑ာ၀န္ႀကီး ဦးစိုးညြန္႔လြင္ကေျပာပါတယ္။
“လြတ္လာပါၿပီ ၉၀၁ ေယာက္လြတ္တယ္။ မနက္ ၁ နာရီခြဲက လႊတ္လိုက္တယ္။ စီကိုင္ေထာင္ လို႔ေခၚတာေပါ့။ စီကိုင္ေထာင္ကေန ၉၀၁ ေယာက္လြတ္တယ္။ ေခါင္းေဆာင္လို႔ ယူဆရတဲ့ ၃ ေယာက္ကိုေတာ့ ၁၅ ရက္ေလာက္ ဆက္ထိန္းသိမ္းမယ္ေပါ့။ ဒါေပမယ့္ လြတ္လာတဲ့ ျမန္မာအလုပ္သမားေတြကလဲ သူတို႔စက္ရံု ေတြမွာ အလုပ္ျပန္၀င္ကုန္ပါၿပီ။ အဆင္ေျပပါတယ္။ ကိုဗစ္ ဥပေဒနဲ႔ပဲ သြားမယ္ထင္တယ္။ ယာယီပါပဲ။ လက္မွတ္ထိုးရတာတို႔ ဘာတို႔ေတာ့ မရွိပါဘူး။”
ျပန္လြတ္လာသူေတြကို တရုတ္အာဏာပိုင္ေတြက ေနာက္ေနာင္ လူစုလူေ၀း မလုပ္ဖို႔ မွာၾကားလိုက္ပါတယ္။ ေရႊလီၿမိဳ႕က ျမန္မာ အလုပ္သမားမ်ားအေရး ေဆာင္ရြက္ေပးေနတဲ့ ေရႊျမန္မာ အြန္လိုင္း အေရးေပၚ က်န္းမာေရး ကူညီေရးအသင္း ဥကၠဌ ကိုခ်မ္းေျမ့ကေတာ့ ဒီကိစၥေၾကာင့္ တရုတ္ႏိုင္ငံအေနနဲ႔ ျမန္မာအလုပ္သမားေတြအေပၚ စည္းကမ္းပိုမို တင္းက်ပ္လာႏိုင္တယ္လို႔ သံုးသပ္ပါတယ္။
“ျမန္မာျပည္သူလူထုက လွည့္လည္ခ်င္တာ ဒီႏိုင္ငံက တရားဥပေဒစိုးမိုးတဲ့ႏိုင္ငံ COVID-19 ကိုျပင္းျပင္း ထန္ထန္ ထိန္းခ်ဳပ္ေနတဲ့ ႏိုင္ငံျဖစ္တဲ့အတြက္ ဒီလိုအျဖစ္မ်ိဳးေတြ ျဖစ္လာတာေပါ့ဗ်ာ။ အဲ့လိုျဖစ္တာေတာ့ ေနာက္ဆက္တြဲ အက်ိဳးဆက္ေတြက ဒီဘက္မွာ ေကာင္းေကာင္းမြန္မြန္ ျမန္မာႏိုင္ငံသား တိုင္းရင္းသား ျပည္သူေတြ အက်ပ္အတည္းျဖစ္ကုန္တာေပါ့။ သူတို႔တစုတဖြဲ႕တည္း ဥပေဒခ်ိဳးေဖာက္ၿပီး လုုပ္လိုက္တဲ့အတြက္ အမ်ားမွာ တင္းက်ပ္လာႏိုင္တဲ့စည္းကမ္းေတြ ျမန္မာႏိုင္ငံသားေတြအေပၚ ခ်မွတ္လာႏိုင္ဖြယ္ရွိတယ္ခင္ဗ်။”
ကပ္ေရာဂါကာလ ကန္႔သတ္ခ်က္ေတြေၾကာင့္ နယ္စပ္ေဒသမွာ အလုပ္လုပ္ေနၾကတဲ့ ျမန္မာႏုိင္ငံသားေတြ ေရြးေကာက္ပဲြမွာ မဲေပးခြင့္ရေရး အေျခအေနဟာလည္း မေရမရာ ျဖစ္ေနပါတယ္။
ရွမ္းျပည္နယ္ စီမံဘ႑ာ၀န္ႀကီး ဦးစိုးညြန္႔လြင္ကေတာ့ နယ္စပ္ၿမိဳ႕မွာ ေရာက္ေနတဲ့ ျမန္မာႏုိင္ငံသားေတြ မဲေပးခြင့္ရဖုိ႔ စီစဥ္ေနတယ္လုိ႔ု ေျပာပါတယ္။
“ေကာ္မရွင္က ျပဌာန္းတဲ့ ဥပေဒနဲ႔အညီလည္းျဖစ္ရမယ္။ ေနာက္ၿပီး တရုတ္အစိုးရနဲ႔လည္း ဆက္ညွိရမယ္။ ေရႊလီအစိုးရနဲ႔ တကယ္လို႔ ကြ်န္ေတာ္တို႔ဘက္မွာ မဲလာေပးၿပီေပါ့။ မဲလာေပးၿပီေပါ့ဆိုရင္ သူတို႔ ျပန္၀င္ဖို႔ရာ ေတာ္ေတာ္ခက္သြားမယ္။ ကိုဗစ္စည္းကမ္းတင္းၾကပ္တယ္ တရုတ္က အဲ့ေတာ့ ေရႊလီအစိုးရနဲ႔ နည္းနည္း ညွိရမယ္။ ျမန္မာေရြးေကာက္ပြဲေကာ္မရွင္ ဥပေဒနဲ႔အညီလည္း ျဖစ္ရမယ္။ အဲ့ဒါေတြကေတာ့ ဆက္လက္ၿပီး လုပ္ရအံုးမယ့္ အေနအထား ျဖစ္မွာေပါ့ေနာ္။”
ျမန္မာႏုိင္ငံမွာ ကုိဗစ္ကပ္ေရာဂါ ကူးစက္မႈေတြ တုိးလာေနတာေၾကာင့္ တ႐ုတ္ႏုိင္ငံက နယ္စပ္ေဒသမွာ သြားလာလႈပ္ရွားမႈေတြ ကန္႔သတ္ထားတာပါ။ ျမန္မာႏုိင္ငံမွာ မၾကာေသးခင္ လပုိင္းအတြင္းမွာပဲ ကပ္ေရာဂါေၾကာင့္ ေသဆုံးသူ ၅၀၀ ေက်ာ္နဲ႔ ကူးစက္သူ ၂ ေသာင္းေက်ာ္အထိ တုိးလာတာေၾကာင့္ တ႐ုတ္ႏုိင္ငံသာမက အိမ္နီးခ်င္း ထုိင္းႏုိင္ငံကလည္း ကူးစက္မႈေတြကုိ ထိန္းခ်ဳပ္ဖုိ႔ နယ္စပ္ေတြမွာ လုံၿခံဳေရးေတြ တင္းၾကပ္ထားပါတယ္။
.........
ရွှေလီမှာဖမ်းခံထားရတဲ့ မြန်မာတွေ တရုတ်အစိုးရပြန်လွှတ်ပေး
(Unicode)
မြန်မာနိုင်ငံနဲ့နယ်စပ် တရုတ်နိုင်ငံ ရွှေလီမြို့မှာ လူစုလူဝေးနဲ့ နိုင်ငံရေးမဲဆွယ်လှုပ်ရှားခဲ့တာကြောင့် ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာနိုင်ငံသားတွေထဲက အားလုံးနီးပါး ပြန်လွတ်လာတဲ့ အကြောင်းကို ကိုထက်အောင်ခန့် ပြောပြပါမယ်။
တရုတ်-မြန်မာ နယ်စပ်ဖြစ်တဲ့ ရွှေလီမြို့မှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား ရာနဲ့ချီဟာ လက်ရှိ အာဏာရ ပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီတံဆိပ် တီရှပ် ဦးထုပ်တွေ ဝတ်ဆင်ပြီး ကြာသပတေးနေ့ အစောပိုင်းက ဆိုင်ကယ်တွေနဲ့ လှည့်လည်ပြီး ထောက်ခံပွဲလုပ်ခဲ့လို့ တရုတ်အာဏာပိုင်တွေက ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
ဖမ်းဆီးခံရတဲ့ အလုပ်သမားတွေနဲ့ ပတ်သက်ပြီး ၂ နိုင်ငံ အာဏာပိုင်တွေ ညှိနှိုင်းခဲ့ပြီးနောက် အလုပ်သမား အများစု ပြန်လွှတ်လာပြီး ထောက်ခံပွဲကို ဦးဆောင်တယ်လို့ ယူဆရသူ ၃ ဦးကိုတော့ တရုတ်အာဏာပိုင်တွေက ဆက်လက်ထိန်းသိမ်းထားပါတယ်။
ဖမ်းဆီးသွားပြီး နောက်တရက်မှာပဲ အများစုကို ပြန်လွှတ်ပေးလိုက်တာ ဖြစ်ကြောင်းလည်း ရှမ်းပြည်နယ် စီမံဘဏ္ဍာဝန်ကြီး ဦးစိုးညွန့်လွင်ကပြောပါတယ်။
“လွတ်လာပါပြီ ၉၀၁ ယောက်လွတ်တယ်။ မနက် ၁ နာရီခွဲက လွှတ်လိုက်တယ်။ စီကိုင်ထောင် လို့ခေါ်တာပေါ့။ စီကိုင်ထောင်ကနေ ၉၀၁ ယောက်လွတ်တယ်။ ခေါင်းဆောင်လို့ ယူဆရတဲ့ ၃ ယောက်ကိုတော့ ၁၅ ရက်လောက် ဆက်ထိန်းသိမ်းမယ်ပေါ့။ ဒါပေမယ့် လွတ်လာတဲ့ မြန်မာအလုပ်သမားတွေကလဲ သူတို့စက်ရုံ တွေမှာ အလုပ်ပြန်ဝင်ကုန်ပါပြီ။ အဆင်ပြေပါတယ်။ ကိုဗစ် ဥပဒေနဲ့ပဲ သွားမယ်ထင်တယ်။ ယာယီပါပဲ။ လက်မှတ်ထိုးရတာတို့ ဘာတို့တော့ မရှိပါဘူး။”
ပြန်လွတ်လာသူတွေကို တရုတ်အာဏာပိုင်တွေက နောက်နောင် လူစုလူဝေး မလုပ်ဖို့ မှာကြားလိုက်ပါတယ်။ ရွှေလီမြို့က မြန်မာ အလုပ်သမားများအရေး ဆောင်ရွက်ပေးနေတဲ့ ရွှေမြန်မာ အွန်လိုင်း အရေးပေါ် ကျန်းမာရေး ကူညီရေးအသင်း ဥက္ကဌ ကိုချမ်းမြေ့ကတော့ ဒီကိစ္စကြောင့် တရုတ်နိုင်ငံအနေနဲ့ မြန်မာအလုပ်သမားတွေအပေါ် စည်းကမ်းပိုမို တင်းကျပ်လာနိုင်တယ်လို့ သုံးသပ်ပါတယ်။
“မြန်မာပြည်သူလူထုက လှည့်လည်ချင်တာ ဒီနိုင်ငံက တရားဥပဒေစိုးမိုးတဲ့နိုင်ငံ COVID-19 ကိုပြင်းပြင်း ထန်ထန် ထိန်းချုပ်နေတဲ့ နိုင်ငံဖြစ်တဲ့အတွက် ဒီလိုအဖြစ်မျိုးတွေ ဖြစ်လာတာပေါ့ဗျာ။ အဲ့လိုဖြစ်တာတော့ နောက်ဆက်တွဲ အကျိုးဆက်တွေက ဒီဘက်မှာ ကောင်းကောင်းမွန်မွန် မြန်မာနိုင်ငံသား တိုင်းရင်းသား ပြည်သူတွေ အကျပ်အတည်းဖြစ်ကုန်တာပေါ့။ သူတို့တစုတဖွဲ့တည်း ဥပဒေချိုးဖောက်ပြီး လုပ်လိုက်တဲ့အတွက် အများမှာ တင်းကျပ်လာနိုင်တဲ့စည်းကမ်းတွေ မြန်မာနိုင်ငံသားတွေအပေါ် ချမှတ်လာနိုင်ဖွယ်ရှိတယ်ခင်ဗျ။”
ကပ်ရောဂါကာလ ကန့်သတ်ချက်တွေကြောင့် နယ်စပ်ဒေသမှာ အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသားတွေ ရွေးကောက်ပွဲမှာ မဲပေးခွင့်ရရေး အခြေအနေဟာလည်း မရေမရာ ဖြစ်နေပါတယ်။
ရှမ်းပြည်နယ် စီမံဘဏ္ဍာဝန်ကြီး ဦးစိုးညွန့်လွင်ကတော့ နယ်စပ်မြို့မှာ ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ မဲပေးခွင့်ရဖို့ စီစဉ်နေတယ်လို့ု ပြောပါတယ်။
“ကော်မရှင်က ပြဌာန်းတဲ့ ဥပဒေနဲ့အညီလည်းဖြစ်ရမယ်။ နောက်ပြီး တရုတ်အစိုးရနဲ့လည်း ဆက်ညှိရမယ်။ ရွှေလီအစိုးရနဲ့ တကယ်လို့ ကျွန်တော်တို့ဘက်မှာ မဲလာပေးပြီပေါ့။ မဲလာပေးပြီပေါ့ဆိုရင် သူတို့ ပြန်ဝင်ဖို့ရာ တော်တော်ခက်သွားမယ်။ ကိုဗစ်စည်းကမ်းတင်းကြပ်တယ် တရုတ်က အဲ့တော့ ရွှေလီအစိုးရနဲ့ နည်းနည်း ညှိရမယ်။ မြန်မာရွေးကောက်ပွဲကော်မရှင် ဥပဒေနဲ့အညီလည်း ဖြစ်ရမယ်။ အဲ့ဒါတွေကတော့ ဆက်လက်ပြီး လုပ်ရအုံးမယ့် အနေအထား ဖြစ်မှာပေါ့နော်။”
မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ တိုးလာနေတာကြောင့် တရုတ်နိုင်ငံက နယ်စပ်ဒေသမှာ သွားလာလှုပ်ရှားမှုတွေ ကန့်သတ်ထားတာပါ။ မြန်မာနိုင်ငံမှာ မကြာသေးခင် လပိုင်းအတွင်းမှာပဲ ကပ်ရောဂါကြောင့် သေဆုံးသူ ၅၀၀ ကျော်နဲ့ ကူးစက်သူ ၂ သောင်းကျော်အထိ တိုးလာတာကြောင့် တရုတ်နိုင်ငံသာမက အိမ်နီးချင်း ထိုင်းနိုင်ငံကလည်း ကူးစက်မှုတွေကို ထိန်းချုပ်ဖို့ နယ်စပ်တွေမှာ လုံခြုံရေးတွေ တင်းကြပ်ထားပါတယ်။