သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျပည္တြင္းျပည္ပကုမၸဏီေတြ ဦးပိုင္ကုမၸဏီနဲ႔ စီးပြားေရးမလုပ္ဖို႔ AI အဖြဲ႔တိုက္တြန္း


ရန္ကုန္ၿမိဳ႕ရွိ Inno City ေဆာက္လုပ္ေရးေနရာရဲ႕ အ၀င္ေပါက္ ျမင္ကြင္း။ (စက္တင္ဘာ ၁၀၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာ့တပ္မေတာ္ပိုင္ အႀကီးဆံုးကုမၸဏီတခ်ိဳ႕ကတဆင့္ ႏိုင္ငံစီးပြားေရးကို က်ယ္က်ယ္ျပန္႔ျပန္႔ခ်ဳပ္ကိုင္ထားတာေၾကာင့္ ႏိုင္ငံျခားနဲ႔ ျပည္တြင္းစီးပြားေရးဖက္စပ္လုပ္ငန္းေတြဟာ လူ႔အခြင့္အေရးခ်ိဳးေဖာက္ေနတဲ့ တပ္ဖြဲ႔ေတြနဲ႔ တပ္ေခါင္းေဆာင္ေတြကို ကူညီရာေရာက္ႏိုင္တယ္လို႔ ေဝဖန္သူေတြက ဆိုပါတယ္။

Amnesty International အျပည္ျပည္ဆိုင္ရာလြတ္ၿငိမ္းခ်မ္းသာခြင့္အဖြဲ႔ရဲ့ ဒီေန႔ထုတ္ျပန္ခ်က္ထဲမွာ ျမန္မာတပ္မေတာ္က ၁၉၉၀ မွာ ထူေထာင္ခဲ့တဲ့ ျမန္မာဦးပိုင္လီမီတက္နဲ႔ ဖက္စပ္လုပ္ကိုင္ေနတဲ့ ကုမၸဏီတခ်ိဳ႕ရဲ့ အေသးစိတ္ေတြကို ဖြင့္ခ်ထားပါတယ္။

ဒါေၾကာင့္ ျမန္မာႏိုင္ငံမွာ လူ႔အခြင့္အေရး ခ်ိဳးေဖာက္ေနတာေတြကို ေငြေၾကးကူညီသလိုျဖစ္ႏိုင္တဲ့ ဒီဦးပိုင္ေကာ္မတီနဲ႔ ဖက္စပ္လုပ္ကိုင္ေနတာေတြ ရပ္တန္႔ဖို႔ ကုမၸဏီေတြနဲ႔ အစိုးရေတြကို ဒီ Amnesty လူ႔အခြင့္အေရးအဖြဲ႔က တိုက္တြန္းလိုက္ပါတယ္။

ဒီဦးပိုင္ကုမၸဏီနဲ႔ ဖက္စပ္လုပ္ကိုင္တဲ့ ကုမၸဏီေတြထဲမွာ ေတာင္ကိုရီးယားကုမၸဏီေတြျဖစ္တဲ့ စတီးထုတ္လုပ္ေရး Posco International၊ ကုန္သြယ္ေရးကုမၸဏီ Pan-Pacific နဲ႔ Inno Group၊ ေနာက္ အရင္ ၿဗိတိန္-အေမရိကန္ Tobacco ကုမၸဏီပိုင္ RMH စကၤာပူ လီမီတက္၊ တရုတ္ Wanbao Mining ေၾကးနီကုမၸဏီနဲ႔၊ ဂ်ပန္က Kirin ဘီယာကုမၸဏီတို႔ပါေၾကာင္း ထုတ္ျပန္ထားပါတယ္။

Kirin ဘီယာအပါအဝင္ ဒီ ဦးပိုင္ရဲ့ ႏိုင္ငံျခား ဖက္စပ္ကုမၸဏီေတြထဲက တခ်ိဳ.ကေတာ့ ဒီ Amnesty လူ႔အခြင့္အေရးအဖြဲ႔ အစီရင္ခံစာကေတာက္ျပထားတဲ့ စိုးရိမ္ခ်က္အေပၚ စံုစမ္းစစ္ေဆးမူေတြလုပ္ေနတယ္လို႔ တံု႔ျပန္လာေပမဲ့ အျခားကုမၸဏီေတြကေတာ့ ဘာမွမေျပာေသးပါဘူး။

ဒီ Amnesty အစီရင္ခံစာကို၊ ျမန္မာႏိုင္ငံက Justice for Myanmar အဖြဲ႔နဲ ပူးေပါင္းေရးသားထားၿပီး၊ ရခိုင္ျပည္နယ္ အေနာက္ေျမာက္ပိုင္းမွာ တပ္မေတာ္အေခၚ နယ္ေျမရွင္းလင္းေရး စစ္ဆင္ေရးအတြင္း အဓိကပါဝင္ခဲ့တဲ့ တပ္ဖြဲ႔ေတြနဲ႔ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္အပါအဝင္ တပ္ေခါင္းေဆာင္ေတြနဲ႔ ဒီဦးပိုင္ကုမၸဏီၾကား အခ်ိတ္အဆက္ေတြကို ထုတ္ေဖာ္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ပြည်တွင်းပြည်ပကုမ္ပဏီတွေ ဦးပိုင်ကုမ္ပဏီနဲ့ စီးပွားရေးမလုပ်ဖို့ AI အဖွဲ့တိုက်တွန်း

မြန်မာ့တပ်မတော်ပိုင် အကြီးဆုံးကုမ္ပဏီတချို့ကတဆင့် နိုင်ငံစီးပွားရေးကို ကျယ်ကျယ်ပြန့်ပြန့်ချုပ်ကိုင်ထားတာကြောင့် နိုင်ငံခြားနဲ့ ပြည်တွင်းစီးပွားရေးဖက်စပ်လုပ်ငန်းတွေဟာ လူ့အခွင့်အရေးချိုးဖောက်နေတဲ့ တပ်ဖွဲ့တွေနဲ့ တပ်ခေါင်းဆောင်တွေကို ကူညီရာရောက်နိုင်တယ်လို့ ဝေဖန်သူတွေက ဆိုပါတယ်။

Amnesty International အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ရဲ့ ဒီနေ့ထုတ်ပြန်ချက်ထဲမှာ မြန်မာတပ်မတော်က ၁၉၉၀ မှာ ထူထောင်ခဲ့တဲ့ မြန်မာဦးပိုင်လီမီတက်နဲ့ ဖက်စပ်လုပ်ကိုင်နေတဲ့ ကုမ္ပဏီတချို့ရဲ့ အသေးစိတ်တွေကို ဖွင့်ချထားပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်နေတာတွေကို ငွေကြေးကူညီသလိုဖြစ်နိုင်တဲ့ ဒီဦးပိုင်ကော်မတီနဲ့ ဖက်စပ်လုပ်ကိုင်နေတာတွေ ရပ်တန့်ဖို့ ကုမ္ပဏီတွေနဲ့ အစိုးရတွေကို ဒီ Amnesty လူ့အခွင့်အရေးအဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

ဒီဦးပိုင်ကုမ္ပဏီနဲ့ ဖက်စပ်လုပ်ကိုင်တဲ့ ကုမ္ပဏီတွေထဲမှာ တောင်ကိုရီးယားကုမ္ပဏီတွေဖြစ်တဲ့ စတီးထုတ်လုပ်ရေး Posco International၊ ကုန်သွယ်ရေးကုမ္ပဏီ Pan-Pacific နဲ့ Inno Group၊ နောက် အရင် ဗြိတိန်-အမေရိကန် Tobacco ကုမ္ပဏီပိုင် RMH စင်္ကာပူ လီမီတက်၊ တရုတ် Wanbao Mining ကြေးနီကုမ္ပဏီနဲ့၊ ဂျပန်က Kirin ဘီယာကုမ္ပဏီတို့ပါကြောင်း ထုတ်ပြန်ထားပါတယ်။

Kirin ဘီယာအပါအဝင် ဒီ ဦးပိုင်ရဲ့ နိုင်ငံခြား ဖက်စပ်ကုမ္ပဏီတွေထဲက တချို.ကတော့ ဒီ Amnesty လူ့အခွင့်အရေးအဖွဲ့ အစီရင်ခံစာကတောက်ပြထားတဲ့ စိုးရိမ်ချက်အပေါ် စုံစမ်းစစ်ဆေးမူတွေလုပ်နေတယ်လို့ တုံ့ပြန်လာပေမဲ့ အခြားကုမ္ပဏီတွေကတော့ ဘာမှမပြောသေးပါဘူး။

ဒီ Amnesty အစီရင်ခံစာကို၊ မြန်မာနိုင်ငံက Justice for Myanmar အဖွဲ့နဲ ပူးပေါင်းရေးသားထားပြီး၊ ရခိုင်ပြည်နယ် အနောက်မြောက်ပိုင်းမှာ တပ်မတော်အခေါ် နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးအတွင်း အဓိကပါဝင်ခဲ့တဲ့ တပ်ဖွဲ့တွေနဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် တပ်ခေါင်းဆောင်တွေနဲ့ ဒီဦးပိုင်ကုမ္ပဏီကြား အချိတ်အဆက်တွေကို ထုတ်ဖော်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG