သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္သမိုင္းျပတိုက္မွ ဟိုတယ္သို႔


The Myanmar Economic Corporation (MEC) headquarters - one of the country's main military conglomerate under US sanctions - is seen in Yangon on September 15, 2016. - Myanmar cheered a US promise to end sanctions on Thursday, with punters in its commercial
စစ္သမိုင္းျပတိုက္မွ ဟိုတယ္သို႔
please wait

No media source currently available

0:00 0:05:27 0:00
တိုက္႐ိုက္ လင့္ခ္

ေရြတိဂံုဘုရာုးလမ္းနဲ႔ ပန္တ်ာလမ္းဆံုတဲ့ေနရာက စစ္သမိုင္းျပတိုက္ေဟာင္းကို ဖ်က္သိမ္းၿပီး ဟိုတယ္နဲ႔ ဘဏ္စံုရံုးခန္းေတြ တည္ေဆာက္ခြင့္ေပးတာဟာ စစ္တပ္ရဲ ႔ စီးပြားရွာကြက္ တခုျဖစ္ပါတယ္။ စကၤာပူအေျခစိုက္ Y Complex Project ရဲ ႔ စီးပြားဖက္ျဖစ္တဲ့ YTTC-- Yangon Technical Trading Co. ကို ကာကြယ္ေရးဝန္ႀကီးဌာနက BOT--Build Operate Tranfer စနစ္နဲ႔ ငွားရမ္းပါတယ္။ Tokyo Tatemono နဲ႔ FFujita-Daiwa ကုမၸဏီေတြက ေဆာက္လုပ္ေရး တာဝန္ယူထားပါတယ္။ YTTC ဟာ စစ္အုပ္စုကိုယ္စားျပဳ ခရိုနီကုမၸဏီ ဧရာဟသၤာအုပ္စုရဲ ႔ လက္ေအာက္ခံျဖစ္တယ္လို႔ Justice for Myanmar အဖြဲ႔က ဆုိပါတယ္။ စကၤာပူကုမၸဏီဆီက ေျမငွားခ အေမရိကန္ေဒၚလာ (၂) သန္းေက်ာ္ကို YTTC က လက္ခံရယူၿပီး ကာကြယ္ေရးဌာနကို လႊဲေျပာင္းေပးရတယ္လို႔ ဆုိပါတယ္။ ဒါေၾကာင့္ YTTC ဟာ ကာကြယ္ေရးဌာနကို ေျမငွားခေဒၚလာ (၂) သန္းေက်ာ္ ႏွစ္စဥ္ေပးေနသလို ျဖစ္ေနပါတယ္။ အႏွစ္ (၅၀) ေျမငွားမယ့္ အစီအစဥ္ျဖစ္ၿပီး သက္တမ္းကုန္တဲ့အခါ (၁၀) ႏွစ္စီ သက္တမ္း (၂) ခါ ထပ္တိုးႏိုင္ပါတယ္။

အေမရိကန္ေဒၚလာ (၁၇၆) သန္း ရင္းႏီွးျမဳပ္ႏံွမယ့္ စီမံခ်က္ျဖစ္ၿပီး ျပည္ပကေဒၚလာသန္း (၁၄၀) ေက်ာ္၊ ျပည္တြင္းက ေဒၚလာ (၃၅) သန္းေက်ာ္ အရင္စိုက္ထုတ္မယ္လို႔ ဆိုပါတယ္။ ဟိုတယ္ခန္း (၂၅၂) ခန္းမွာ အထူးခန္း (၁၄၀) ရိွၿပီး၊ အက်ယ္အဝန္းက စတုရမ္းမီတာ (၂၃၄၄) ရိွပါတယ္။ ဘက္စံုရံုးအတြက္ ဝန္ေဆာင္မႈလုပ္ငန္းကို Tokyo Tatemono ကုမၸဏီက တာဝန္ယူတယ္လို႔ ဆုိပါတယ္။ ဟိုတယ္လုပ္ငန္းမွာလည္း ဂ်ပန္ကုမၸဏီေတြက ေဆာင္ရြက္ေနပါတယ္။ ေရႊတိဂံုေစတီနဲ႔ နီးကပ္တာမို႔ ႏုိင္ငံျခားဧည့္သည္နဲ႔ ခရီးသြားေတြကို ဆြဲေဆာင္ႏိုင္မယ္လို႔ ေမွ်ာ္မွန္းထားပါတယ္။ YTTC ဟိုတယ္ရံုးခန္းဆိုင္ခန္း စီမံခ်က္နဲ႔ ပတ္သက္တဲ့ "ပတ္ဝန္းက်င္ထိခိုက္မႈ ဆန္းစစ္ခ်က္" အစီရင္ခံစာကို (၂၀၁၉) ဇူလိုင္လက ထုတ္ေဝပါတယ္။ အဂၤလိပ္-ျမန္မာ (၂) ဘာသာနဲ႔ ေရးထားတဲ့ စာမ်က္ႏွာ (၃၄၉) ရိွတဲ့ စာတမ္း ျဖစ္ပါတယ္။ စီမံခ်က္ၿပီးရင္ ေဒသခံအလုပ္သမား (၆၅၂) ဦး ႏွစ္္ရွည္ အလုပ္အကိုင္ ရရိွမယ္လို႔ ဆိုပါတယ္။

YTTC ဟာ ဧရာဟသၤာကုမၸဏီအုပ္စုရဲ ႔ လက္ေအာက္ခံျဖစ္ၿပီး ဧရာဟသၤာကေတာ့ စစ္အုပ္စုအက်ဳိးစီးပြားျမွင့္တင္တဲ့ ခရိုနီအုပ္စုဝင္ ျဖစ္တယ္လို႔ Justice for Myanmar အဖြဲ႔က ဆိုပါတယ္။ ေျမငွားခတင္မကပါဘူး Y Complex အေဆာက္အဦးမွာ ပါဝင္သူအားလံုးဟာ စစ္အုပ္စုရဲ ႔ အက်ဳိးစီးပြားကို ျမွင့္တင္ေပးသလို ျဖစ္ေနပါတယ္။ ဂ်ပန္အစိုးရအဖြဲ႔အစည္းနဲ႔ ဂ်ပန္ကုမၸဏီအခ်ဳိ ႔ဟာ စစ္တပ္စီးပြားေရးလုပ္ငန္းေတြကို တိုက္ရိုက္အားေပးရာ ေရာက္ပါတယ္။ Y Complex ဟိုတယ္မွာ တည္ခိုသူမ်ားနဲ႔ ရံုးခန္းဖြြင့္သူေတြဟာလည္း စစ္တပ္စီးပြားေရးကို အားေပးသလို ျဖစ္ေနတယ္လို႔ Justice for Myanmar အဖြဲ႔က သံုးသပ္ပါတယ္။ တပ္မေတာ္နဲ႔ အက်ဳိးတူလုပ္ငန္းရွင္ေတြဟာ ဝင္ေငြကို လက္ေျပာင္းလက္လြဲလုပ္ၿပီး ပိုင္ဆိုင္မႈေတြကို လွ်ဳိ ႔ဝွက္ထားတာေၾကာင့္ ေငြဘယ္ေလာက္ရိွၿပီး ဘာေတြသံုးေနမွန္း သိႏိုင္ဖို႔ ခက္ခဲပါတယ္။

ရန္ကုန္က စစ္သမိုင္းျပတိုက္ေဟာင္းက ေျမကြက္ကို စစ္ရံုးက ငွားစားတဲ့ကိစၥမွာ စာရင္းစစ္ခ်ဳပ္က စစ္ေဆးႏိုင္စြမ္းမရိွဘူးလို႔ ဇြန္လ (၁၀) ရက္ေန႔ထုတ္ Myanmar Now သတင္းမွာ ေဖာ္ျပထားပါတယ္။ စစ္ရံုးကရတဲ့ ေျမငွားခေဒၚလာ (၂) သန္းေက်ာ္ဟာ ကာကြယ္ေရးဝန္ႀကီးဌာနရဲ ႔ ဘတ္ဂ်က္အသံုးစရိတ္မွာ မပါဝင္ဘူးလို႔ ဆိုပါတယ္။ နအဖအစိုးရ ၂၀၁၀ မွာ ျပဌာန္းထားတဲ့ စာရင္းစစ္ခ်ဳပ္ဥပေဒမွာ ကာကြယ္ေရးဝန္ႀကီးဌာနကို စစ္ေဆးပိုင္ခြင့္မရိွဘူးလို႔ ေဖာ္ျပထားတဲ့အတြက္ စာရင္းစစ္ခ်ဳပ္ရံုးအေနနဲ႔ စစ္ေဆးပိုင္ခြင့္မရိွေၾကာင္း သိရိွရပါတယ္။ စစ္တပ္လုပ္ရပ္မွန္သမွ်ကို အကာအကြယ္ေပးတဲ့ ဥပေဒမ်ဳိးကို လႊတ္ေတာ္ကဖ်က္သိမ္းၿပီး ဥပေဒသစ္ျပဌာန္းသင့္တယ္လို႔ ကုလသမဂၢ အခ်က္အလက္ရွာေဖြေရးမစ္ရွင္းရဲ ႔ ေရွ ႔ေနက ေျပာဆိုသြားပါတယ္။ ကာကြယ္ေရးဝန္ႀကီးဌာနဟာလည္း အျခားအစိုးရဌာနေတြလိုပဲ အစစ္ေဆးခံႏိုင္ရမယ္လို႔ ဆိုပါတယ္။ မမွန္မကန္လုပ္သူကသာ အစစ္ေဆး မခံႏိုင္တာ ျဖစ္ႏိုင္ပါတယ္။

စစ္တပ္ရဲ ႔ လုပ္ငန္းေတြကို စစ္ေရးလ်ွဳိ ႔ဝွက္ခ်က္အျဖစ္ သတ္မွတ္တဲ့ အေလ့အက်င့္ဟာ စီးပြားေရးလုပ္တဲ့အခါမွာ အဂတိလိုက္စားမႈကို အားေပးသလို ျဖစ္ေနပါတယ္။ ယခင္ Jubilee Hall အေဆာက္အဦးကို မဆလေခတ္ ၁၉၈၅ ခုႏွစ္က ၿဖိဳဖ်က္ၿပီး စစ္သမိုင္းျပတိုက္ ေဆာက္လုပ္ပါတယ္။ ၁၉၉၄ မွာ ျပတိုက္ကိုဖြင့္လွစ္ၿပီး အႏွစ္ (၂၀) ေက်ာ္ ၾကာေတာ့ စစ္သမိုင္းျပတိုက္ကို ၿဖိဳဖ်က္ၿပီး ဟိုတယ္နဲ႔ရံုးခန္းေတြ ေဆာက္လုပ္တာ ျဖစ္ပါတယ္။ စစ္ေခါင္းေဆာင္ေတြ တည္ေထာင္ထားတဲ့ ႀကံ့ဖြံ႔ပါတီပိုင္ ကုန္ပစၥည္းဓါတ္မွန္ရိုက္စက္ X-ray Cargo Scanner ေတြကို အစိုးရက ငွားရမ္းသံုးစြဲတဲ့အတြက္ (၂၀၁၇) တႏွစ္ထဲမွာတင္ က်ပ္ေငြသန္း (၆၀၀၀) ေက်ာ္ ႀကံ့ဖြံ႔ပါတီကို ေပးလိုက္ရေၾကာင္း သိရိွရပါတယ္။

ႀကံ့ဖြံ႔အသင္းပိုင္ ပစၥည္းေတြဟာ ေရြးေကာက္ပြဲေခတ္ေရာက္ေတာ့ ႀကံ့ဖြ႔ံပါတီပိုင္ ပစၥည္းေတြ ျဖစ္လာပါတယ္။ ၂၀၁၅ မွာ ႀကံ့ဖြံ႔ပါတီရဲ ႔ လစဥ္အသံုးစရိတ္ဟာ က်ပ္သန္း (၁၄၀၀) ေက်ာ္ ရိွပါတယ္။ စစ္တပ္နဲ႔ ပတ္သက္တဲ့ အခြင့္ထူးခံ အဖြဲ႔အစည္းေတြကို စစ္ေဆးဖို႔ ခက္ခဲေနဆဲ ျဖစ္ပံုရပါတယ္။

==Unicode==

ရွေတိဂုံဘုရာုးလမ်းနဲ့ ပန်တျာလမ်းဆုံတဲ့နေရာက စစ်သမိုင်းပြတိုက်ဟောင်းကို ဖျက်သိမ်းပြီး ဟိုတယ်နဲ့ ဘဏ်စုံရုံးခန်းတွေ တည်ဆောက်ခွင့်ပေးတာဟာ စစ်တပ်ရဲ့ စီးပွားရှာကွက် တခုဖြစ်ပါတယ်။ စင်္ကာပူအခြေစိုက် Y Complex Project ရဲ့ စီးပွားဖက်ဖြစ်တဲ့ YTTC-- Yangon Technical Trading Co. ကို ကာကွယ်ရေးဝန်ကြီးဌာနက BOT--Build Operate Tranfer စနစ်နဲ့ ငှားရမ်းပါတယ်။ Tokyo Tatemono နဲ့ FFujita-Daiwa ကုမ္ပဏီတွေက ဆောက်လုပ်ရေး တာဝန်ယူထားပါတယ်။ YTTC ဟာ စစ်အုပ်စုကိုယ်စားပြု ခရိုနီကုမ္ပဏီ ဧရာဟင်္သာအုပ်စုရဲ့ လက်အောက်ခံဖြစ်တယ်လို့ Justice for Myanmar အဖွဲ့က ဆိုပါတယ်။ စင်္ကာပူကုမ္ပဏီဆီက မြေငှားခ အမေရိကန်ဒေါ်လာ (၂) သန်းကျော်ကို YTTC က လက်ခံရယူပြီး ကာကွယ်ရေးဌာနကို လွှဲပြောင်းပေးရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် YTTC ဟာ ကာကွယ်ရေးဌာနကို မြေငှားခဒေါ်လာ (၂) သန်းကျော် နှစ်စဉ်ပေးနေသလို ဖြစ်နေပါတယ်။ အနှစ် (၅၀) မြေငှားမယ့် အစီအစဉ်ဖြစ်ပြီး သက်တမ်းကုန်တဲ့အခါ (၁၀) နှစ်စီ သက်တမ်း (၂) ခါ ထပ်တိုးနိုင်ပါတယ်။

အမေရိကန်ဒေါ်လာ (၁၇၆) သန်း ရင်းနှီးမြုပ်နံှမယ့် စီမံချက်ဖြစ်ပြီး ပြည်ပကဒေါ်လာသန်း (၁၄၀) ကျော်၊ ပြည်တွင်းက ဒေါ်လာ (၃၅) သန်းကျော် အရင်စိုက်ထုတ်မယ်လို့ ဆိုပါတယ်။ ဟိုတယ်ခန်း (၂၅၂) ခန်းမှာ အထူးခန်း (၁၄၀) ရှိပြီး၊ အကျယ်အဝန်းက စတုရမ်းမီတာ (၂၃၄၄) ရှိပါတယ်။ ဘက်စုံရုံးအတွက် ဝန်ဆောင်မှုလုပ်ငန်းကို Tokyo Tatemono ကုမ္ပဏီက တာဝန်ယူတယ်လို့ ဆိုပါတယ်။ ဟိုတယ်လုပ်ငန်းမှာလည်း ဂျပန်ကုမ္ပဏီတွေက ဆောင်ရွက်နေပါတယ်။ ရွှေတိဂုံစေတီနဲ့ နီးကပ်တာမို့ နိုင်ငံခြားဧည့်သည်နဲ့ ခရီးသွားတွေကို ဆွဲဆောင်နိုင်မယ်လို့ မျှော်မှန်းထားပါတယ်။ YTTC ဟိုတယ်ရုံးခန်းဆိုင်ခန်း စီမံချက်နဲ့ ပတ်သက်တဲ့ "ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ချက်" အစီရင်ခံစာကို (၂၀၁၉) ဇူလိုင်လက ထုတ်ဝေပါတယ်။ အင်္ဂလိပ်-မြန်မာ (၂) ဘာသာနဲ့ ရေးထားတဲ့ စာမျက်နှာ (၃၄၉) ရှိတဲ့ စာတမ်း ဖြစ်ပါတယ်။ စီမံချက်ပြီးရင် ဒေသခံအလုပ်သမား (၆၅၂) ဦး နှစ်ရှည် အလုပ်အကိုင် ရရှိမယ်လို့ ဆိုပါတယ်။

YTTC ဟာ ဧရာဟင်္သာကုမ္ပဏီအုပ်စုရဲ့ လက်အောက်ခံဖြစ်ပြီး ဧရာဟင်္သာကတော့ စစ်အုပ်စုအကျိုးစီးပွားမြှင့်တင်တဲ့ ခရိုနီအုပ်စုဝင် ဖြစ်တယ်လို့ Justice for Myanmar အဖွဲ့က ဆိုပါတယ်။ မြေငှားခတင်မကပါဘူး Y Complex အဆောက်အဦးမှာ ပါဝင်သူအားလုံးဟာ စစ်အုပ်စုရဲ့ အကျိုးစီးပွားကို မြှင့်တင်ပေးသလို ဖြစ်နေပါတယ်။ ဂျပန်အစိုးရအဖွဲ့အစည်းနဲ့ ဂျပန်ကုမ္ပဏီအချို့ဟာ စစ်တပ်စီးပွားရေးလုပ်ငန်းတွေကို တိုက်ရိုက်အားပေးရာ ရောက်ပါတယ်။ Y Complex ဟိုတယ်မှာ တည်ခိုသူများနဲ့ ရုံးခန်းဖွင့်သူတွေဟာလည်း စစ်တပ်စီးပွားရေးကို အားပေးသလို ဖြစ်နေတယ်လို့ Justice for Myanmar အဖွဲ့က သုံးသပ်ပါတယ်။ တပ်မတော်နဲ့ အကျိုးတူလုပ်ငန်းရှင်တွေဟာ ဝင်ငွေကို လက်ပြောင်းလက်လွဲလုပ်ပြီး ပိုင်ဆိုင်မှုတွေကို လျှို့ဝှက်ထားတာကြောင့် ငွေဘယ်လောက်ရှိပြီး ဘာတွေသုံးနေမှန်း သိနိုင်ဖို့ ခက်ခဲပါတယ်။

ရန်ကုန်က စစ်သမိုင်းပြတိုက်ဟောင်းက မြေကွက်ကို စစ်ရုံးက ငှားစားတဲ့ကိစ္စမှာ စာရင်းစစ်ချုပ်က စစ်ဆေးနိုင်စွမ်းမရှိဘူးလို့ ဇွန်လ (၁၀) ရက်နေ့ထုတ် Myanmar Now သတင်းမှာ ဖော်ပြထားပါတယ်။ စစ်ရုံးကရတဲ့ မြေငှားခဒေါ်လာ (၂) သန်းကျော်ဟာ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဘတ်ဂျက်အသုံးစရိတ်မှာ မပါဝင်ဘူးလို့ ဆိုပါတယ်။ နအဖအစိုးရ ၂၀၁၀ မှာ ပြဌာန်းထားတဲ့ စာရင်းစစ်ချုပ်ဥပဒေမှာ ကာကွယ်ရေးဝန်ကြီးဌာနကို စစ်ဆေးပိုင်ခွင့်မရှိဘူးလို့ ဖော်ပြထားတဲ့အတွက် စာရင်းစစ်ချုပ်ရုံးအနေနဲ့ စစ်ဆေးပိုင်ခွင့်မရှိကြောင်း သိရှိရပါတယ်။ စစ်တပ်လုပ်ရပ်မှန်သမျှကို အကာအကွယ်ပေးတဲ့ ဥပဒေမျိုးကို လွှတ်တော်ကဖျက်သိမ်းပြီး ဥပဒေသစ်ပြဌာန်းသင့်တယ်လို့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင်းရဲ့ ရှေ့နေက ပြောဆိုသွားပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာနဟာလည်း အခြားအစိုးရဌာနတွေလိုပဲ အစစ်ဆေးခံနိုင်ရမယ်လို့ ဆိုပါတယ်။ မမှန်မကန်လုပ်သူကသာ အစစ်ဆေး မခံနိုင်တာ ဖြစ်နိုင်ပါတယ်။

စစ်တပ်ရဲ့ လုပ်ငန်းတွေကို စစ်ရေးလျှို့ဝှက်ချက်အဖြစ် သတ်မှတ်တဲ့ အလေ့အကျင့်ဟာ စီးပွားရေးလုပ်တဲ့အခါမှာ အဂတိလိုက်စားမှုကို အားပေးသလို ဖြစ်နေပါတယ်။ ယခင် Jubilee Hall အဆောက်အဦးကို မဆလခေတ် ၁၉၈၅ ခုနှစ်က ဖြိုဖျက်ပြီး စစ်သမိုင်းပြတိုက် ဆောက်လုပ်ပါတယ်။ ၁၉၉၄ မှာ ပြတိုက်ကိုဖွင့်လှစ်ပြီး အနှစ် (၂၀) ကျော် ကြာတော့ စစ်သမိုင်းပြတိုက်ကို ဖြိုဖျက်ပြီး ဟိုတယ်နဲ့ရုံးခန်းတွေ ဆောက်လုပ်တာ ဖြစ်ပါတယ်။ စစ်ခေါင်းဆောင်တွေ တည်ထောင်ထားတဲ့ ကြံ့ဖွံ့ပါတီပိုင် ကုန်ပစ္စည်းဓါတ်မှန်ရိုက်စက် X-ray Cargo Scanner တွေကို အစိုးရက ငှားရမ်းသုံးစွဲတဲ့အတွက် (၂၀၁၇) တနှစ်ထဲမှာတင် ကျပ်ငွေသန်း (၆၀၀၀) ကျော် ကြံ့ဖွံ့ပါတီကို ပေးလိုက်ရကြောင်း သိရှိရပါတယ်။

ကြံ့ဖွံ့အသင်းပိုင် ပစ္စည်းတွေဟာ ရွေးကောက်ပွဲခေတ်ရောက်တော့ ကြံ့ဖွံ့ပါတီပိုင် ပစ္စည်းတွေ ဖြစ်လာပါတယ်။ ၂၀၁၅ မှာ ကြံ့ဖွံ့ပါတီရဲ့ လစဉ်အသုံးစရိတ်ဟာ ကျပ်သန်း (၁၄၀၀) ကျော် ရှိပါတယ်။ စစ်တပ်နဲ့ ပတ်သက်တဲ့ အခွင့်ထူးခံ အဖွဲ့အစည်းတွေကို စစ်ဆေးဖို့ ခက်ခဲနေဆဲ ဖြစ်ပုံရပါတယ်။

XS
SM
MD
LG