သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

က်ယ္ေဂါင္က ျမန္မာကုန္ကားဂိတ္ေတြအေရး တ႐ုတ္ဘက္က ယာယီေရႊ႕ဆိုင္း


တ႐ုတ္ ျမန္မာနယ္စပ္ရွိ က်ယ္ေဂါင္ၿမိဳ႕ ျမင္ကြင္း။ (စက္တင္ဘာ ၂၆၊ ၂၀၁၇)

[Zawgyi/Unicode]

တ႐ုတ္ႏုိင္ငံ ယူနန္ျပည္နယ္၊ က်ယ္ေဂါင္ၿမိဳ႕က ျမန္မာကုန္စည္ပို႔ေဆာင္ေရး ဂိတ္ေတြကို တ႐ုတ္ႏုိင္ငံသားေတြ အစုရွယ္ယာ မပါရင္ ပိတ္ပစ္မယ့္အေၾကာင္း သတိေပးခ်က္ကုိ ယာယီေရႊ႕ဆုိင္းလုိက္တဲ့အေၾကာင္း ေျပာျပမွာပါ။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုေဇာ္ထက္က သတင္းေပးပို႔ထားပါတယ္။

ျမန္မာႏုိင္ငံနဲ႔နယ္စပ္ တ႐ုတ္ႏုိင္ငံက်ယ္ေဂါင္ၿမိဳ႕ထဲက ျမန္မာကုန္စည္ပို႔ေဆာင္ေရး လုပ္ငန္း ၁၀၀ ေက်ာ္ကို တ႐ုတ္ႏိုင္ငံသား အစုစပ္ ၅၀ ရာခိုင္ႏႈန္း မပါရင္ ၁၀ ရက္အတြင္း လုပ္ငန္းေတြရပ္ဖုိ႔ ၿပီးခဲ့တဲ့ လကုန္ပုိင္းက ေၾကညာထားတဲ့ ညႊန္ၾကားခ်က္ကုိ ကပ္ေရာဂါကာ ျဖစ္တာေၾကာင့္ ေရႊ႕ဆုိင္းလုိက္ေၾကာင္း ယူနန္ျပည္နယ္ တာဝန္ရွိသူေတြက အသိေပးခဲ့တာပါ။

ယူနန္ျပည္နယ္တာဝန္ရွိသူေတြ သတ္မွတ္ထားတဲ့ရက္ ျပည့္ခဲ့တဲ့ မေန႔တုန္းကပဲ ျမန္မာကုန္စည္ပို႔ေဆာင္ေရး လုပ္ငန္းရွင္ေတြကို ေတြ႔ဆုံအေၾကာင္းခဲ့တာ ျဖစ္ေပမဲ့ စိုးရိမ္မႈေတြကေတာ့ ရွိေနဆဲပဲလုိ႔လည္း မူဆယ္ကုန္စည္ပို႔ေဆာင္ေရး လုပ္ငန္းရွင္အသင္း ဥကၠ႒ ဦးဝင္းေအာင္ခန႔္က ဗြီအိုေအကို ေျပာပါတယ္။

“မေန႔က ၃ ရက္ေန႔က ျပည့္တဲ့အခါက်ေတာ့ ၃ ရက္ေန႔ မနက္မွာ သူကအစည္းအေဝးေခၚလိုက္တယ္။ က်ယ္ေဂါင္ရဲစခန္းမွာ ရဲမႉးအဆင့္ရွိတဲ့သူေတြ ပါတယ္ေပါ့ဗ်ာ။ သူတို႔ေျပာထားတဲ့ ၁၀ ရက္ဆိုတာ မဟုတ္ပါဘူးေပါ့။ ဒီ ၁၀ ရက္ေနာက္ပိုင္းမွာလည္း ပုံမွန္အတိုင္း အလုပ္ေတြ ဆက္လုပ္ပါေပါ့။ အခု ကိုဗစ္ကာလ ဂိတ္အဝင္အထြက္ ပိတ္ထားတဲ့ အေျခအေနမွာ ဒီအတိုင္းပဲ လုပ္လို႔ရပါတယ္။ လူဝင္လူထြက္ ဂိတ္ျပန္ဖြင့္တဲ့ အခ်ိန္က်ရင္ေတာ့ လုပ္ငန္းလိုင္စင္ လုပ္ပါမယ္ေနာ္။ အဲလိုေျပာေပမဲ့ က်ေနာ္တို႔က သူ႔ကို သိပ္စိတ္မခ်ရဲဘူးဗ်ာ၊ ေနာ္။ ဘာပဲလုပ္လုပ္ သူလုပ္ခ်င္တာ တဘက္သတ္လုပ္တဲ့ အက်င့္ရွိတဲ့အတြက္ က်ေနာ္တို႔ သိပ္မယုံရဲဘူးေပါ့။”

တ႐ုတ္ကြန္ျမဴနစ္ပါတီ ဗဟိုေကာ္မတီ ႏိုင္ငံေရးဗ်ဴ႐ိုအဖြဲ႕ဝင္ မစၥတာယန္က်ဲ႕ခ်ီ ဒီသီတင္းပတ္ထဲမွာပဲ ျမန္မာႏုိင္ငံကုိ လာေရာက္ၿပီး ထိပ္တန္းေခါင္းေဆာင္ေတြနဲ႔ ေတြ႔ဆုံခဲ့တဲ့ ခရီးစဥ္ အၿပီးမွာပဲ ယာယီေရႊ႕ဆုိင္းတဲ့ အစီအစဥ္ထြက္ေပၚလာတာလည္း ျဖစ္ပါတယ္။

မူဆယ္ခ႐ိုင္အုပ္ခ်ဳပ္ေရးဌာနက လက္ေထာက္ၫႊန္ၾကားေရးမႉး ဦးေမာင္ေမာင္သန္းကေတာ့ ျမန္မာအစိုးရ တာဝန္ရွိသူေတြနဲ႔ တ႐ုတ္အာဏာပိုင္ေတြ ကုန္သြယ္ေရးကိစၥ၊ ကပ္ေရာဂါကိစၥ ႏွစ္ဘက္ေတြ႕ဆုံဖို႔ရက္ကို ႏွစ္ဘက္ညႇိႏႈိင္းေနၾကေၾကာင္း ဗြီအိုေအကို ေျပာပါတယ္။

“တ႐ုတ္ဘက္ကိုေတာ့ ကမ္းလွမ္းထားတယ္ဗ်၊ ေတြ႕ၿပီးေဆြးေႏြးဖို႔ေတာ့ ရွိပါတယ္။ သက္ဆိုင္ရာ ဌာနေတြ ပါဖို႔အတြက္ အားလုံးလွမ္းခ်ိတ္ထားတယ္။ ရက္ေတာ့ မသတ္မွတ္ရေသးဘူး။ အေၾကာင္းအရာေတြက အမ်ားႀကီးပါ ကုန္ကားကိစၥေတြေရာ၊ ကားအဝင္အထြက္ေတြ ျမန္ဆန္ေအာင္ ေဆာင္႐ြက္ေပးဖို႔ေတြေရာ၊ ေနာက္ COVID ကာကြယ္ေရးေရာ အကုန္ပါတယ္ဗ်။”

တ႐ုတ္နယ္ထဲက ျမန္မာကုန္စည္ပို႔ေဆာင္ေရး ဂိတ္ေတြကို အရင္လုိ လုပ္ငန္းေတြ ဆက္လုပ္ခြင့္ျပဳမယ့္အေၾကာင္း အသိေပးခဲ့တဲ့ေန႔မွာပဲ ျမန္မာကားဂိတ္ေတြက ကုန္ပစၥည္းေတြကို ေဒသခံတ႐ုတ္ရဲတပ္ဖြဲ႕က စစ္ေဆးတာေတြ ရွိခဲ့တယ္လုိ႔လည္း ကုန္သည္အသုိင္းအ၀န္းက ေျပာပါတယ္။ တ႐ုတ္ႏုိင္ငံတြင္းမွာ တင္းၾကပ္မႈေတြ တုိးလာေနတာေၾကာင့္က်ယ္ေဂါင္ၿမိဳ႕က ျမန္မာလုပ္ငန္းရွင္ေတြက ကုန္စည္ပို႔ေဆာင္ေရးဂိတ္ေတြကို ျမန္မာႏုိင္ငံဘက္ေရႊ႕ဖုိ႔ ႀကိဳးစားေနၾကၿပီလုိ႔လည္း ေျပာပါတယ္။

တ႐ုတ္အစိုးရ အတိုင္ပင္ခံလည္းျဖစ္ ႏိုင္ငံျခားေရးဝန္ႀကီးျဖစ္တဲ့ ဝမ္ယိကေတာ့ တ႐ုတ္ႏိုင္ငံက နယ္စပ္ျဖတ္ေက်ာ္ကုန္သြယ္မႈနဲ႔ လူအဝင္အထြက္ကိစၥေတြ ပိုေကာင္းမြန္လာဖို႔ အဖြဲ႕အစည္းအားလုံးနဲ႔ လက္တဲြႀကိဳးပမ္းလုိေၾကာင္း စက္မႈဖြံ႔ၿဖိဳးတဲ့ ႏုိင္ငံေပါင္း ၂၀၊ G20 ႏိုင္ငံျခားေရး ဝန္ႀကီးေတြရဲ႕ မေန႔တုန္းက အြန္လိုင္းေဆြးေႏြးပြဲမွာ ေျပာဆုိထားပါတယ္။

ျမန္မာ နယ္စပ္ကုန္သြယ္ေရးစခန္းေတြထဲမွာ မူဆယ္နယ္စပ္ ကုန္သြယ္ေရးစခန္းက အႀကီးဆုံးတခုျဖစ္ၿပီး ကုန္သြယ္ေရးဝန္ႀကီးဌာန ၂၀၁၈ စာရင္းေတြအရဆိုရင္ ႏွစ္ဘက္ကုန္သြယ္မႈပမာဏ အေမရိကန္ေဒၚလာ သန္း ၄,၉၀၀ ေက်ာ္ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကျယ်ဂေါင်က မြန်မာကုန်ကားဂိတ်တွေအရေး တရုတ်ဘက်က ယာယီရွှေ့ဆိုင်း

တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကျယ်ဂေါင်မြို့က မြန်မာကုန်စည်ပို့ဆောင်ရေး ဂိတ်တွေကို တရုတ်နိုင်ငံသားတွေ အစုရှယ်ယာ မပါရင် ပိတ်ပစ်မယ့်အကြောင်း သတိပေးချက်ကို ယာယီရွှေ့ဆိုင်းလိုက်တဲ့အကြောင်း ပြောပြမှာပါ။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုဇော်ထက်က သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံနဲ့နယ်စပ် တရုတ်နိုင်ငံကျယ်ဂေါင်မြို့ထဲက မြန်မာကုန်စည်ပို့ဆောင်ရေး လုပ်ငန်း ၁၀၀ ကျော်ကို တရုတ်နိုင်ငံသား အစုစပ် ၅၀ ရာခိုင်နှုန်း မပါရင် ၁၀ ရက်အတွင်း လုပ်ငန်းတွေရပ်ဖို့ ပြီးခဲ့တဲ့ လကုန်ပိုင်းက ကြေညာထားတဲ့ ညွှန်ကြားချက်ကို ကပ်ရောဂါကာ ဖြစ်တာကြောင့် ရွှေ့ဆိုင်းလိုက်ကြောင်း ယူနန်ပြည်နယ် တာဝန်ရှိaသူတွေက အသိပေးခဲ့တာပါ။

ယူနန်ပြည်နယ်တာဝန်ရှိသူတွေ သတ်မှတ်ထားတဲ့ရက် ပြည့်ခဲ့တဲ့ မနေ့တုန်းကပဲ မြန်မာကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တွေကို တွေ့ဆုံအကြောင်းခဲ့တာ ဖြစ်ပေမဲ့ စိုးရိမ်မှုတွေကတော့ ရှိနေဆဲပဲလို့လည်း မူဆယ်ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးဝင်းအောင်ခန့်က ဗွီအိုအေကို ပြောပါတယ်။

“မနေ့က ၃ ရက်နေ့က ပြည့်တဲ့အခါကျတော့ ၃ ရက်နေ့ မနက်မှာ သူကအစည်းအဝေးခေါ်လိုက်တယ်။ ကျယ်ဂေါင်ရဲစခန်းမှာ ရဲမှူးအဆင့်ရှိတဲ့သူတွေ ပါတယ်ပေါ့ဗျာ။ သူတို့ပြောထားတဲ့ ၁၀ ရက်ဆိုတာ မဟုတ်ပါဘူးပေါ့။ ဒီ ၁၀ ရက်နောက်ပိုင်းမှာလည်း ပုံမှန်အတိုင်း အလုပ်တွေ ဆက်လုပ်ပါပေါ့။ အခု ကိုဗစ်ကာလ ဂိတ်အဝင်အထွက် ပိတ်ထားတဲ့ အခြေအနေမှာ ဒီအတိုင်းပဲ လုပ်လို့ရပါတယ်။ လူဝင်လူထွက် ဂိတ်ပြန်ဖွင့်တဲ့ အချိန်ကျရင်တော့ လုပ်ငန်းလိုင်စင် လုပ်ပါမယ်နော်။ အဲလိုပြောပေမဲ့ ကျနော်တို့က သူ့ကို သိပ်စိတ်မချရဲဘူးဗျာ၊ နော်။ ဘာပဲလုပ်လုပ် သူလုပ်ချင်တာ တဘက်သတ်လုပ်တဲ့ အကျင့်ရှိတဲ့အတွက် ကျနော်တို့ သိပ်မယုံရဲဘူးပေါ့။”

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် မစ္စတာယန်ကျဲ့ချီ ဒီသီတင်းပတ်ထဲမှာပဲ မြန်မာနိုင်ငံကို လာရောက်ပြီး ထိပ်တန်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တဲ့ ခရီးစဉ် အပြီးမှာပဲ ယာယီရွှေ့ဆိုင်းတဲ့ အစီအစဉ်ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

မူဆယ်ခရိုင်အုပ်ချုပ်ရေးဌာနက လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်သန်းကတော့ မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ တရုတ်အာဏာပိုင်တွေ ကုန်သွယ်ရေးကိစ္စ၊ ကပ်ရောဂါကိစ္စ နှစ်ဘက်တွေ့ဆုံဖို့ရက်ကို နှစ်ဘက်ညှိနှိုင်းနေကြကြောင်း ဗွီအိုအေကို ပြောပါတယ်။

“တရုတ်ဘက်ကိုတော့ ကမ်းလှမ်းထားတယ်ဗျ၊ တွေ့ပြီးဆွေးနွေးဖို့တော့ ရှိပါတယ်။ သက်ဆိုင်ရာ ဌာနတွေ ပါဖို့အတွက် အားလုံးလှမ်းချိတ်ထားတယ်။ ရက်တော့ မသတ်မှတ်ရသေးဘူး။ အကြောင်းအရာတွေက အများကြီးပါ ကုန်ကားကိစ္စတွေရော၊ ကားအဝင်အထွက်တွေ မြန်ဆန်အောင် ဆောင်ရွက်ပေးဖို့တွေရော၊ နောက် COVID ကာကွယ်ရေးရော အကုန်ပါတယ်ဗျ။”

တရုတ်နယ်ထဲက မြန်မာကုန်စည်ပို့ဆောင်ရေး ဂိတ်တွေကို အရင်လို လုပ်ငန်းတွေ ဆက်လုပ်ခွင့်ပြုမယ့်အကြောင်း အသိပေးခဲ့တဲ့နေ့မှာပဲ မြန်မာကားဂိတ်တွေက ကုန်ပစ္စည်းတွေကို ဒေသခံတရုတ်ရဲတပ်ဖွဲ့က စစ်ဆေးတာတွေ ရှိခဲ့တယ်လို့လည်း ကုန်သည်အသိုင်းအဝန်းက ပြောပါတယ်။ တရုတ်နိုင်ငံတွင်းမှာ တင်းကြပ်မှုတွေ တိုးလာနေတာကြောင့်ကျယ်ဂေါင်မြို့က မြန်မာလုပ်ငန်းရှင်တွေက ကုန်စည်ပို့ဆောင်ရေးဂိတ်တွေကို မြန်မာနိုင်ငံဘက်ရွှေ့ဖို့ ကြိုးစားနေကြပြီလို့လည်း ပြောပါတယ်။

တရုတ်အစိုးရ အတိုင်ပင်ခံလည်းဖြစ် နိုင်ငံခြားရေးဝန်ကြီးဖြစ်တဲ့ ဝမ်ယိကတော့ တရုတ်နိုင်ငံက နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုနဲ့ လူအဝင်အထွက်ကိစ္စတွေ ပိုကောင်းမွန်လာဖို့ အဖွဲ့အစည်းအားလုံးနဲ့ လက်တွဲကြိုးပမ်းလိုကြောင်း စက်မှုဖွံ့ဖြိုးတဲ့ နိုင်ငံပေါင်း ၂၀၊ G20 နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ မနေ့တုန်းက အွန်လိုင်းဆွေးနွေးပွဲမှာ ပြောဆိုထားပါတယ်။

မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်းတွေထဲမှာ မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းက အကြီးဆုံးတခုဖြစ်ပြီး ကုန်သွယ်ရေးဝန်ကြီးဌာန ၂၀၁၈ စာရင်းတွေအရဆိုရင် နှစ်ဘက်ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ သန်း ၄,၉၀၀ ကျော်ရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG