သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှတလွှား ကပ်ဘေးကန့်သတ်မှုတွေ တိုးလုပ်


ဆိုးလ်မြို့ ဘူတာရုံတခုမှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်နိုင်ရေး Mask တပ်ဖို့ သတိပေးကြော်ငြာတခု။ (ဒီဇင်ဘာ ၈၊ ၂၀၂၀)
ဆိုးလ်မြို့ ဘူတာရုံတခုမှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်နိုင်ရေး Mask တပ်ဖို့ သတိပေးကြော်ငြာတခု။ (ဒီဇင်ဘာ ၈၊ ၂၀၂၀)

(Zawgyi / Unicode)

အာရှတလွှား ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ဆက်ပြီး မြင့်တက်နေတာနဲ့အတူ ဂျပန်နိုင်ငံမှာ ပထမဆုံးအကြိမ် တရက်တည်း ကူးစက်သူ ၃,၀၀၀ ကျော်ရှိပါတယ်။

စီးပွားရေးအရ ထိခိုက်မှုတွေရှိမှာ စိုးရိမ်ပြီး အားလပ်ရက်မတိုင်မီ အစိုးရက တင်းကျပ်တဲ့ ကန့်သတ်မှုတွေ ချမှတ်မထားခဲ့တာကြောင့် အခုလို ကူးစက်မှုနှုန်း မြင့်တက်လာတာပါ။ အခုထိ ဂျပန်မှာ ကူးစက်သူပေါင်းက ၁၇၇,၂၀၀ ကျော်နဲ့ သေဆုံးသူ ၂,၅၀၀ ကျော်ရှိပါတယ်။

ကိုရိုနာဗိုင်းရပ်စ်အရေး ကိုင်တွယ်ပုံတွေနဲ့ ပတ်သက်လို့ လူထုကြား ကျေနပ်မှု မရတာကြောင့် ဝန်ကြီးချုပ် Yoshihide Suga တာဝန်ယူခဲ့တဲ့ ပထမသုံးလအတွင်းမှာပဲ သူ့ကိုထောက်ခံသူ ၂၀ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပါတယ်။

တောင်ကိုရီးယားမှာ ကူးစက်မှုအသစ်တွေရဲ့ ၈၀ ရာခိုင်နှုန်းလောက်က ဆိုးလ်မြို့နဲ့ အနီးတဝိုက် ဖြစ်ပွားနေတာကြောင့် မြို့တော်တဝိုက် နိုက်ကလပ်တွေ၊ ညပိုင်း နောက်ကျဖွင့်တဲ့ စားသောက်ဆိုင်တွေနဲ့ တခြား ရောဂါကူးစက်နိုင်ချေများတဲ့ နေရာတွေကို ပိတ်ခိုင်းထားပါတယ်။

ကူးစက်မှုနှုန်း မကျရင်တော့ လူချင်းချဲနေဖို့ စည်းကမ်းတွေကို အမြင့်ဆုံးချမှတ်ဖို့ လိုလိမ့်မယ်လို့ ဝန်ကြီးချုပ် Chung Sye-kyun က စနေနေ့က ပြောပါတယ်။ ဒီလို စည်းကမ်းသတ်မှတ်ချက်တွေ ချမှတ်မယ်ဆိုရင် လူ ၁၀ ယောက်ထက်ပိုမစုဖို့၊ ကျောင်းတွေပိတ်ဖို့၊ ပြဇာတ်ရုံတွေနဲ့ ကုန်တိုက်တွေပိတ်ဖို့၊ အားကစားပွဲစဉ်တွေကို ရပ်ဆိုင်းထားဖို့ စတာတွေ ပါဝင်ပါတယ်။

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း Heilongjiang ပြည်နယ်မှာ COVID-19 ကူးစက်မှု တချို့ တွေ့ပြီးတဲ့နောက် လူ ၂ သိန်းလောက်နေထိုင်တဲ့ နေရာတဝိုက်ကို အသွားအလာတွေ ကန့်သတ်လိုက်ပါတယ်။ ဘတ်စ်ကား အသွားအလာတွေကို ရပ်ဆိုင်းထားသလို ကျောင်းတွေနဲ့ ရောဂါကာကွယ်ရေး နေ့စဉ်စည်းကမ်းတွေကို လိုက်နာခြင်းမရှိတဲ့ စက်ရုံတွေကို ပိတ်ထားပါတယ်။ အခုလက်ရှိ ကူးစက်မှု အများစုက ပြည်ပက ကူးစက်မှုတွေ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

------------------------

(Unicode)

အာရှတလှှား ကပျဘေးကန့ျသတျမှုတှေ တိုးလုပျ







XS
SM
MD
LG