(Zawgyi / Unicode)
အင္ဒုိနီရွားႏုိင္ငံကို တ႐ုတ္လုပ္ COVID-19 ကာကြယ္ေဆး ၁.၂ သန္း တနဂၤေႏြညေနပိုင္းမွာ ေရာက္ရွိလာၿပီျဖစ္ေၾကာင္း အင္ဒုိနီးရွားအစိုးရက ေၾကညာပါတယ္။ အဲဒီကာကြယ္ေဆးကုိ ေဘဂ်င္းၿမဳိ႕အေျခစိုက္ Sinovac Biotech ဇီဝေဆးဝါးေဖာ္စပ္ေရး ကုမၸဏီက ထုတ္လုပ္တာပါ။
ကိုဗစ္ကာကြယ္ေဆး ေနာက္ထပ္ ၁.၈ သန္းဟာလည္း လာမယ့္ ဇႏၷဝါရီလထဲမွာ ထပ္ေရာက္လာမယ္လို႔ ေမွ်ာ္လင့္ေၾကာင္း ႐ုပ္သံမိန္႔ခြန္းမွာ အင္ဒုိနီးရွားသမၼတ Joko Widodo က ေျပာၾကားပါတယ္။
“ျပည္သူေတြအားလုံး ကာကြယ္ေဆးကို တၿပဳိင္နက္တည္း ထိုးဖို႔ဆိုတာ မျဖစ္ႏုိင္ပါဘူး။ လူေတြကို ကာကြယ္ေဆးထုိးေပးဖို႔ ေလာေလာဆယ္ ျပင္ဆင္ေနၿပီး ျပည္သူေတြအေနနဲ႔ သက္ဆုိင္ရာ တာဝန္ရွိသူေတြရဲ႕ လမ္းညႊန္ေၾကညာခ်က္ကို လိုက္နာၾကဖို႔ လိုပါတယ္။” လို႔ သမၼတက ေျပာပါတယ္။
ေနာက္ထပ္ သန္းနဲ႔ခ်ီတဲ့ ကုိဗစ္ကာကြယ္ေဆး ကုန္ၾကမ္းေဆးရည္ကုိ ေစာင့္ဆုိင္းေနၿပီး အင္ဒိုနီးရွားအစိုးရပိုင္ PT Bio Farma ကုမၸဏီက ေနာက္ဆုံး ျဖန္႔ေဝႏိုင္တဲ့အဆင့္ထိ ေရာက္ေအာင္ အေခ်ာျပန္ထုတ္မွာ ျဖစ္ပါတယ္။
Sinovac ကထုတ္တဲ့ ကိုဗစ္ေဆး စမ္းသပ္မႈကုိ အဆင့္ ၃ အထိ အင္ဒုိနီးရွား ဘန္ေဒါင္းၿမဳိ႕မွာ ေစတနာ့ဝန္ထမ္း ပူးေပါင္းေဆာင္ရြက္သူ ၁,၆၀၀ ေက်ာ္နဲ႔ ၿပီးခဲ့တဲ့ ၾသဂုတ္လကစလို႔ စမ္းသပ္ၿပီးစီးခဲ့ၿပီ ျဖစ္ပါတယ္။
-----------------------
(Unicode)
တရုတ် ကိုဗစ်ကာကွယ်ဆေး အလုံးရေ ၁ သန်းကျော် အင်ဒိုနီးရှားကိုရောက်
အင်ဒိုနီရှားနိုင်ငံကို တရုတ်လုပ် COVID-19 ကာကွယ်ဆေး ၁.၂ သန်း တနင်္ဂနွေညနေပိုင်းမှာ ရောက်ရှိလာပြီဖြစ်ကြောင်း အင်ဒိုနီးရှားအစိုးရက ကြေညာပါတယ်။ အဲဒီကာကွယ်ဆေးကို ဘေဂျင်းမြို့အခြေစိုက် Sinovac Biotech ဇီဝဆေးဝါးဖော်စပ်ရေး ကုမ္ပဏီက ထုတ်လုပ်တာပါ။
ကိုဗစ်ကာကွယ်ဆေး နောက်ထပ် ၁.၈ သန်းဟာလည်း လာမယ့် ဇန္နဝါရီလထဲမှာ ထပ်ရောက်လာမယ်လို့ မျှော်လင့်ကြောင်း ရုပ်သံမိန့်ခွန်းမှာ အင်ဒိုနီးရှားသမ္မတ Joko Widodo က ပြောကြားပါတယ်။
“ပြည်သူတွေအားလုံး ကာကွယ်ဆေးကို တပြိုင်နက်တည်း ထိုးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ လူတွေကို ကာကွယ်ဆေးထိုးပေးဖို့ လောလောဆယ် ပြင်ဆင်နေပြီး ပြည်သူတွေအနေနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ လမ်းညွှန်ကြေညာချက်ကို လိုက်နာကြဖို့ လိုပါတယ်။” လို့ သမ္မတက ပြောပါတယ်။
နောက်ထပ် သန်းနဲ့ချီတဲ့ ကိုဗစ်ကာကွယ်ဆေး ကုန်ကြမ်းဆေးရည်ကို စောင့်ဆိုင်းနေပြီး အင်ဒိုနီးရှားအစိုးရပိုင် PT Bio Farma ကုမ္ပဏီက နောက်ဆုံး ဖြန့်ဝေနိုင်တဲ့အဆင့်ထိ ရောက်အောင် အချောပြန်ထုတ်မှာ ဖြစ်ပါတယ်။
Sinovac ကထုတ်တဲ့ ကိုဗစ်ဆေး စမ်းသပ်မှုကို အဆင့် ၃ အထိ အင်ဒိုနီးရှား ဘန်ဒေါင်းမြို့မှာ စေတနာ့ဝန်ထမ်း ပူးပေါင်းဆောင်ရွက်သူ ၁,၆၀၀ ကျော်နဲ့ ပြီးခဲ့တဲ့ သြဂုတ်လကစလို့ စမ်းသပ်ပြီးစီးခဲ့ပြီ ဖြစ်ပါတယ်။