သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

COVID ကပ္ေရာဂါေၾကာင္႔ အဆင္းရဲဆံုးႏိုင္ငံေတြ ပိုအခက္ႀကံဳ 


(Zawgyi/Unicode)

COVID -19 ကပ္ေရာဂါဆိုးက ကမၻာ့ အဆင္းရဲဆံုး ၄၇ နုိင္ငံရဲ႕ စီးပြားေရးကို နွစ္ေပါင္း (၃၀) အတြင္း အနိမ့္ဆံုးအေနအထားထိ ဆိုးဆိုးရြားရြား ရိုက္ခတ္သြားေစတယ္လို ့ ကုန္သြယ္ေရးနဲ ့ဖြံ႔ၿဖိဳးေရးဆိုင္ရာ ကုလသမဂၢညီလာခံ UNCTAD ရဲ႕ အစီရင္ခံစာထဲမွာ ေဖၚျပထားပါတယ္။ ဒီအေၾကာင္း ဗီြအိုေအ သတင္းေထာက္ Lisa Schlein ဂ်ီနီဗာကေန သတင္းေပးပို ့ထားတာကို ကိုေအာင္ျမတ္သူက တင္ျပေပးပါမယ္။

ကမၻာ့အဆင္းရဲဆံုးနိုင္ငံေတြအေနနဲ႔ သူတို ့ရဲ့ကုန္ထုတ္စြမ္းရည္ကို သိသိသာသာ မျမွင့္တင္ဘူးဆုိရင္ လက္ရွိ အေျခအေန ဆိုးၾကီးကေန လြန္ေျမာက္မွာမဟုတ္ဘူးလို ့UNCTAD ရဲ႕ စီးပြားေရးပညာရွင္ေတြက အခုႏွစ္အတြက္ ထုတ္ျပန္တဲ့ အစီရင္ခံစာထဲမွာ သတိေပးထားပါတယ္။ ကမၻာ့အဆင္းရဲဆံုး ၄၇ နိုင္ငံထဲက ၄၃ နိုင္ငံရဲ့ ပ်မ္းမွ်၀င္ေငြ က်ဆင္းသြားႏုိင္ေျခရွိတာေၾကာင့္ အဲဒီႏုိင္ငံေတြက လူဦးေရ ၃၂ သန္းဟာ အလြန္အမင္း ဆင္းရဲတဲ့အေျခအေနကုိ ေရာက္သြားႏုိင္တယ္လုိ႔ ဆုိပါတယ္။

ဥတုရာသီေျပာင္းလဲမႈ၊ စီးပြားက်ဆင္းမႈနဲ႔ လတ္တေလာ ရင္ဆုိင္ေနရဲ႕ ကုိဗစ္ကပ္ေရာဂါေတြကုိ ရင္ဆုိင္ေက်ာ္လႊားႏုိင္ဖုိ႔ ကမၻာ့ အဆင္းရဲဆံုးနို္င္ငံေတြအေနနဲ႔ သူတို ့ရဲ့ ကုန္ထုတ္စြမ္းအားကို အဘက္ဘက္က ျမွင့္တင္ၾကဖုိ႔ လုိအပ္ေၾကာင္း အာဖရိကနဲ ့ အဆင္းရဲဆံုး နိုင္ငံမ်ားဆိုင္ရာ UNCTAD ရဲ့ ညြန္ၾကားေရးမွဴး Paul Akiwumi က ေျပာပါတယ္။

ဆင္းရဲတဲ့ႏုိင္ငံေတြအေနနဲ႔ ကုန္ထုတ္လုပ္မႈနဲ႔ ၀န္ေဆာင္မႈလုပ္ငန္းေတြ ေပးႏုိင္ေရးအတြက္ လူစြမ္းအား၊ သဘာ၀နဲ႔ အရင္းအျမစ္ပုိင္ဆုိင္မႈ အပါအ၀င္ စြန္႔ဦးတီထြင္ စီးပြားလုပ္ငန္းရွင္ေတြ တည္ေဆာက္ဖုိ႔ လုိအပ္ေၾကာင္း၊ ဒါမွလည္း သူတုိ႔ရဲ႕ စီးပြားေရး ဖြံ႔ၿဖိဳးတုိးတက္လာမွာ ျဖစ္ေၾကာင္း Paul Akiwumi က ေျပာပါတယ္။

“လူသုံးကုန္ပစၥည္းေတြအေပၚ အေျခခံေနတဲ့ အဆင္းရဲဆုံးႏုိင္ငံေတြအေနနဲ႔ သူတုိ႔ရဲ႕ ဖြံ႔ၿဖိဳးေရးအစီအစဥ္ေတြကုိ ပုံစံေျပာင္း လုပ္ေဆာင္ဖုိ႔ လိုအပ္ေနပါၿပီ။ သူတုိ႔စီးပြားေရးဟာ လူသုံးကုန္ပစၥည္းအေပၚမွာ အေျခခံေနတဲ့အတြက္ အခုလုိ ကုိဗစ္ ကပ္ေရာဂါျဖစ္ၿပီး Loackdown ေတြ လုပ္လာၾကေတာ့ ကုန္ပစၥည္းေတြလည္း တင္ပုိ႔ႏုိင္ျခင္း မရွိေတာ့ပါဘူး။ ဒါေၾကာင့္ သူတုိ႔ရဲ႕ ၀င္ေငြေတြ ထိခုိက္လာတယ္၊ အခြန္ေကာက္ခံမႈလည္း ေလ်ာ့က်လာတဲ့အတြက္ သူတုိ႔ရဲ႕ စီးပြားေရးကုိ သိသိသာသာ ထိခုိက္ေနပါတယ္။”

နိုင္ငံတကာ အေထာက္အပံ့ေတြ မရေတာ့တဲ့အခ်က္ဟာလည္း ေနာက္ထပ္ ျပသနာတခုပဲလို ့ Akiwumi က ေထာက္ျပပါတယ္။ရန္ပံုေငြေတြ ေလ်ာ့နည္းက်ဆင္းသြားတာေၾကာင့္ ဒီႏုိင္ငံေတြအေနနဲ႔ လူမႈဖြံ ့ျဖိဳးေရးအတြက္ သုံးစြဲႏုိင္တဲ့ေငြေၾကးပမာဏဟာလည္း နည္းလာၿပီး နိုင္ငံျခားေၾကြးျမီေတြကိုလည္း ျပန္မဆပ္နိုင္ေတာ့ဘူးလို ့ဆိုပါတယ္။

ဒီ အဆင္းရဲဆုံးႏုိင္ငံေတြထဲက ျမန္မာ၊ လာအုိ၊ ဘဂၤလားေဒ့ရွ္၊ ကေမၻာဒီးယား၊ နီေပါ၊ အီသီယုိးပီးယားနဲ႔ ရ၀မ္ဒါ စတဲ့ (၈) ႏုိင္ငံကေတာ့ စီးပြားေရးအေျခခံေကာင္းေတြ ရွိလာၿပီး ကုန္ထုတ္စြမ္းအား ျမင့္တက္လာေရးအတြက္ ေခတ္နဲ႔ေလွ်ာ္ညီတဲ့ ျပဳျပင္ေျပာင္းလဲမႈေတြကုိ လုပ္ေဆာင္ႏုိင္ခဲ့တယ္လုိ႔ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။ အာရွတုိက္အတြင္းက အဆင္းရဲဆုံးႏုိင္ငံေတြဟာ ကုန္ထုတ္စြမ္းအားကုိ ျမင့္တင္ႏုိင္ခဲ့တဲ့အတြက္ ျပည္တြင္းအသားတင္ ကုန္ထုတ္လုပ္မႈဟာ ၁၉% ကုိေရာက္လာၿပီး အလုပ္အကုိင္အခြင့္အလမ္း ၁၂% ကုိ ဖန္တီးေပးႏုိင္ခဲ့တယ္လုိ႔လည္း အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

ေဟတီနဲ႔ အာဖရိကတုိက္က အဆင္းရဲဆံုးတိုင္းျပည္ေတြက အေျခအေနကေတာ့ အဲဒီလုိ မဟုတ္ပါဘူး။ ဒီႏုိင္ငံေတြမွာေတာ့ အေျခအေနေတြဟာ ရပ္တန္႔ေနၿပီး ျပည္တြင္းအသားတင္ ကုန္ထုတ္လုပ္မႈဟာ ၉% နဲ႔ အလုပ္အကုိင္ ရရွိမႈက ၅% မွာသာ ရွိတယ္လုိ႔ အစီရင္ခံမွာ ေဖာ္ျပထားပါတယ္။

ဒါေၾကာင့္ ဒီ အဆင္းရဲဆုံးႏုိင္ငံေတြ ျပဳျပင္ေျပာင္းလဲၿပီး သူတုိ႔စီးပြားေရးေတြ ျပန္နာလန္ထူလာေအာင္ လုပ္ေဆာင္ေရးအတြက္ ႏုိင္ငံတကာ အသုိင္း၀ုိင္းအေနနဲ႔ ရင္းႏွီးျမဳပ္ႏွံၾကဖုိ႔၊ ဘ႑ာေရးဆုိင္ရာ အကူအညီေတြ ေပးၾကဖုိ႔ UNCTAD ကုန္သြယ္ေရးနဲ ့ဖြံ ့ျဖိဳူးေရးဆိုင္ရာ ကုလသမဂၢညီလာခံက ေတာင္းဆုိထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

COVID ကပ်ရောဂါကြောင့် အဆင်းရဲဆုံးနိုင်ငံတွေ ပိုအခက်ကြုံ
(Unicode)

COVID -19 ကပ်ရောဂါဆိုးက ကမ္ဘာ့ အဆင်းရဲဆုံး ၄၇ နိုင်ငံရဲ့ စီးပွားရေးကို နှစ်ပေါင်း (၃၀) အတွင်း အနိမ့်ဆုံးအနေအထားထိ ဆိုးဆိုးရွားရွား ရိုက်ခတ်သွားစေတယ်လို့ ကုန်သွယ်ရေးနဲ့ဖွံ့ဖြိုးရေးဆိုင်ရာ ကုလသမဂ္ဂညီလာခံ UNCTAD ရဲ့ အစီရင်ခံစာထဲမှာ ဖေါ်ပြထားပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် Lisa Schlein ဂျီနီဗာကနေ သတင်းပေးပို့ထားတာကို ကိုအောင်မြတ်သူက တင်ပြပေးပါမယ်။

ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတွေအနေနဲ့ သူတို့ရဲ့ကုန်ထုတ်စွမ်းရည်ကို သိသိသာသာ မမြှင့်တင်ဘူးဆိုရင် လက်ရှိ အခြေအနေ ဆိုးကြီးကနေ လွန်မြောက်မှာမဟုတ်ဘူးလို့UNCTAD ရဲ့ စီးပွားရေးပညာရှင်တွေက အခုနှစ်အတွက် ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ သတိပေးထားပါတယ်။ ကမ္ဘာ့အဆင်းရဲဆုံး ၄၇ နိုင်ငံထဲက ၄၃ နိုင်ငံရဲ့ ပျမ်းမျှဝင်ငွေ ကျဆင်းသွားနိုင်ခြေရှိတာကြောင့် အဲဒီနိုင်ငံတွေက လူဦးရေ ၃၂ သန်းဟာ အလွန်အမင်း ဆင်းရဲတဲ့အခြေအနေကို ရောက်သွားနိုင်တယ်လို့ ဆိုပါတယ်။

ဥတုရာသီပြောင်းလဲမှု၊ စီးပွားကျဆင်းမှုနဲ့ လတ်တလော ရင်ဆိုင်နေရဲ့ ကိုဗစ်ကပ်ရောဂါတွေကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့ ကမ္ဘာ့ အဆင်းရဲဆုံးနိုင်ငံတွေအနေနဲ့ သူတို့ရဲ့ ကုန်ထုတ်စွမ်းအားကို အဘက်ဘက်က မြှင့်တင်ကြဖို့ လိုအပ်ကြောင်း အာဖရိကနဲ့ အဆင်းရဲဆုံး နိုင်ငံများဆိုင်ရာ UNCTAD ရဲ့ ညွန်ကြားရေးမှူး Paul Akiwumi က ပြောပါတယ်။

ဆင်းရဲတဲ့နိုင်ငံတွေအနေနဲ့ ကုန်ထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ ပေးနိုင်ရေးအတွက် လူစွမ်းအား၊ သဘာဝနဲ့ အရင်းအမြစ်ပိုင်ဆိုင်မှု အပါအဝင် စွန့်ဦးတီထွင် စီးပွားလုပ်ငန်းရှင်တွေ တည်ဆောက်ဖို့ လိုအပ်ကြောင်း၊ ဒါမှလည်း သူတို့ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ကြောင်း Paul Akiwumi က ပြောပါတယ်။

“လူသုံးကုန်ပစ္စည်းတွေအပေါ် အခြေခံနေတဲ့ အဆင်းရဲဆုံးနိုင်ငံတွေအနေနဲ့ သူတို့ရဲ့ ဖွံ့ဖြိုးရေးအစီအစဉ်တွေကို ပုံစံပြောင်း လုပ်ဆောင်ဖို့ လိုအပ်နေပါပြီ။ သူတို့စီးပွားရေးဟာ လူသုံးကုန်ပစ္စည်းအပေါ်မှာ အခြေခံနေတဲ့အတွက် အခုလို ကိုဗစ် ကပ်ရောဂါဖြစ်ပြီး Loackdown တွေ လုပ်လာကြတော့ ကုန်ပစ္စည်းတွေလည်း တင်ပို့နိုင်ခြင်း မရှိတော့ပါဘူး။ ဒါကြောင့် သူတို့ရဲ့ ဝင်ငွေတွေ ထိခိုက်လာတယ်၊ အခွန်ကောက်ခံမှုလည်း လျော့ကျလာတဲ့အတွက် သူတို့ရဲ့ စီးပွားရေးကို သိသိသာသာ ထိခိုက်နေပါတယ်။”

နိုင်ငံတကာ အထောက်အပံ့တွေ မရတော့တဲ့အချက်ဟာလည်း နောက်ထပ် ပြသနာတခုပဲလို့ Akiwumi က ထောက်ပြပါတယ်။ရန်ပုံငွေတွေ လျော့နည်းကျဆင်းသွားတာကြောင့် ဒီနိုင်ငံတွေအနေနဲ့ လူမှုဖွံ့ဖြိုးရေးအတွက် သုံးစွဲနိုင်တဲ့ငွေကြေးပမာဏဟာလည်း နည်းလာပြီး နိုင်ငံခြားကြွေးမြီတွေကိုလည်း ပြန်မဆပ်နိုင်တော့ဘူးလို့ဆိုပါတယ်။

ဒီ အဆင်းရဲဆုံးနိုင်ငံတွေထဲက မြန်မာ၊ လာအို၊ ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ နီပေါ၊ အီသီယိုးပီးယားနဲ့ ရဝမ်ဒါ စတဲ့ (၈) နိုင်ငံကတော့ စီးပွားရေးအခြေခံကောင်းတွေ ရှိလာပြီး ကုန်ထုတ်စွမ်းအား မြင့်တက်လာရေးအတွက် ခေတ်နဲ့လျှော်ညီတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ဆောင်နိုင်ခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အာရှတိုက်အတွင်းက အဆင်းရဲဆုံးနိုင်ငံတွေဟာ ကုန်ထုတ်စွမ်းအားကို မြင့်တင်နိုင်ခဲ့တဲ့အတွက် ပြည်တွင်းအသားတင် ကုန်ထုတ်လုပ်မှုဟာ ၁၉% ကိုရောက်လာပြီး အလုပ်အကိုင်အခွင့်အလမ်း ၁၂% ကို ဖန်တီးပေးနိုင်ခဲ့တယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဟေတီနဲ့ အာဖရိကတိုက်က အဆင်းရဲဆုံးတိုင်းပြည်တွေက အခြေအနေကတော့ အဲဒီလို မဟုတ်ပါဘူး။ ဒီနိုင်ငံတွေမှာတော့ အခြေအနေတွေဟာ ရပ်တန့်နေပြီး ပြည်တွင်းအသားတင် ကုန်ထုတ်လုပ်မှုဟာ ၉% နဲ့ အလုပ်အကိုင် ရရှိမှုက ၅% မှာသာ ရှိတယ်လို့ အစီရင်ခံမှာ ဖော်ပြထားပါတယ်။

ဒါကြောင့် ဒီ အဆင်းရဲဆုံးနိုင်ငံတွေ ပြုပြင်ပြောင်းလဲပြီး သူတို့စီးပွားရေးတွေ ပြန်နာလန်ထူလာအောင် လုပ်ဆောင်ရေးအတွက် နိုင်ငံတကာ အသိုင်းဝိုင်းအနေနဲ့ ရင်းနှီးမြုပ်နှံကြဖို့၊ ဘဏ္ဍာရေးဆိုင်ရာ အကူအညီတွေ ပေးကြဖို့ UNCTAD ကုန်သွယ်ရေးနဲ့ဖွံ့ဖြိုူးရေးဆိုင်ရာ ကုလသမဂ္ဂညီလာခံက တောင်းဆိုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG