သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

COVID ကပ်ရောဂါ အဆုံးသတ်နိုင်ရေး ကမ္ဘာ့ခေါင်းဆောင်တွေ ဆွေးနွေး 


(Zawgyi/Unicode)

ပထမဆုံးအကြိမ် COVID 19 ရောဂါဆိုင်ရာ အထူး ထိပ်သီး ညီလာခံကို ကုလသမဂ္ဂမှာ စတင်ကျင်းပနေပြီ ဖြစ်ပါတယ်။ ကမ္ဘာ့ ခေါင်းဆောင်တွေက ဗွီဒီယိုကနေတဆင့် တက်ရောက် အမှာစကား ပြောကြားမယ့် အဲဒီ အထူး ညီလာခံကို ကုလသမဂ္ဂ အထွေထွေ ညီလာခံ သဘာပတိ Volkan Bozkir က ကြာသပတေးနေ့က ဖွင့်လှစ်ပေပြီး အဖွင့်အမှာစကား ပြောပါတယ်။

အခုအချိန်ဟာ တစ်ဦးနဲ့တစ်ဦး လက်ညှိုးထိုး အပြစ်တင်ရမယ့် အချိန်မဟုတ်ကြောင်း၊ ကျွန်တော်တို့ အလုပ်အကျွေး ပြုနေတဲ့ ကမ္ဘာ့ လူသားတွေ ခံစားနေရတဲ့ ကပ်ရောဂါကြီး အဆုံးသတ်စေဖို့ လမ်းကြောင်းဖော်ပေးနိုင်ဖို့အတွက် အခုလို ထိပ်သီး ညီလာခံကို ကျင်းပ တာ ဖြစ်ကြောင်း အထွေထွေ ညီလာခံ သဘာပတိ Volkan Bozkir က ပြောပါတယ်။

ဒီ ညီလာခံဟာ ကပ်ရောဂါကြီး ပြီးဆုံးသွားစေဖို့ ကျင်းပတဲ့ သမိုင်းဝင် ညီလာခံ ဖြစ်ပြီး လူတိုင်း ကာကွယ်ဆေး ရရှိနိုင်ဖို့နဲ့ ကပ်ရောဂါအပြီး ပြန်လည် ထူထောင်ရေး ငွေကြေး အရင်းအမြစ်တွေ စုစည်းနိုင်ဖို့ ကျင်းပတာလို့လည်း ပြောပါတယ်။

အခုအချိန်မှာ တစ်ကမ္ဘာလုံးက ကုလသမဂ္ဂ အဖွဲ့ကြီးရဲ့ ခေါင်းဆောင်မှုကို မျှော်လင့်နေတာ ဖြစ်လို့ တစ်ဦးနဲ့တစ်ဦး အပြစ်တင် လက်ညှိုး ထိုးကြရမယ့် အချိန်မဟုတ်ကြောင်း ပြောပါတယ်။

ဒီဇင်ဘာလ ၃ ရက်ကနေ ၄ ရက်နေ့အထိ ကျင်းပနေတဲ့ အဲဒီ ထိပ်သီး ညီလာခံကို ကမ္ဘာ့ ခေါင်းဆောင် ၁၀၀ နီးပါးနဲ့ ဒါဇင်နဲ့ချီတဲ့ နိုင်ငံတွေ က ဝန်ကြီးတွေက ဗွီဒီယိုကတဆင့် မိန့်ခွန်းစကား ပြောကြားမှာ ဖြစ်ပါတယ်။

အထွေထွေ ညီလာခံ သဘာပတိနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်တို့က ညီလာခံကို နိုင်ပေါင်းစုံက သံအမတ်ကြီးတွေနဲ့အတူ လူကိုယ် တိုင်တက်ရောက်ခဲ့ပြီးညီလာခံမစခင်မှာ COVID 19 ကြောင့် သေဆုံးခဲ့ရသူ တစ်သန်း ခွဲအတွက်ဝမ်းနည်းကြောင်း ပြသတဲ့အနေနဲ့တစ်မိနစ်တာငြိမ်သက်နေခဲ့ကြပါတယ်။

ကုလ အတွင်းရေးမှူးချုပ် Antonio Guterres က ဒီနှစ် အစောပိုင်း ကပ်ရောဂါ စဖြစ် ကတည်းက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က နိုင်ငံတိုင်း ပူးပေါင်း ညှိနှိုင်း လိုက်နာနိုင်ဖို့ သတင်းအချက်အလက်တွေနဲ့ လမ်းညွှန်ချက်တွေကို ချပေးခဲ့ပေမယ့် အားလုံး လိုက်နာ ဆောင်ရွက်မှု နည်းပါး ခဲ့ကြောင်း ပြောပါတယ်။

ဒီညီလာခံမှာ မိန့်ခွန်း ပြောကြားမယ့် ခေါင်းဆောင်တွေအထဲ ပြင်သစ် သမ္မတ ၊ ဂျာမနီ၊ ဗြိတိန်၊ ဂျပန်နိုင်ငံက ဝန်ကြီးချုပ်တွေ ပါဝင် ပါတယ်။ အမေရိကန်နိုင်ငံက ကျန်းမာရေး ဝန်ကြီး Alex Azar ပါဝင် တက်ရောက်မှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


..............


(Unicode)









XS
SM
MD
LG