သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

COVID ကာကြယ္ေဆး လူထုယံုၾကည္ေအာင္ ကန္သမၼတေဟာင္း  ၃ ဦး လက္ေတြ႔ သရုပ္ျပမည္


(Zawgyi/Unicode)

COVID 19 ကာကြယ္ေဆးအေပၚ လူေတြ ယုံၾကည္မႈ ရွိေစဖို႔ သူတို႔ကိုယ္တိုင္ ကာကြယ္ေဆး အထိုးခံဖို႔ အဆင့္သင့္ ျဖစ္ေနၿပီလို႔ အေမရိကန္ သမၼတေဟာင္းေတြက ေျပာပါတယ္။

သမၼတေဟာင္း Barack Obama ၊ George W. Bush နဲ႔ Bill Clinton တို႔က သူတို႔ ကာကြယ္ေဆး ထိုးေနတဲ့ ပုံေတြကို အမ်ားျပည္သူ ေတြ႕ျမင္ ၾကည့္ရႈနိုင္ဖို႔ ဗီြဒီယို အရိုက္ခံမယ္လို႔လည္း ေျပာပါတယ္။

ကူးစက္ေရာဂါ ကၽြမ္းက်င္ပညာရွင္ ေဒါက္တာ Anthony Fauci က COVID-19 ကာကြယ္ေဆးကို အတည္ျပဳေပးၿပီဆိုရင္ သူကိုယ္တိုင္ ေဆးထိုးခံမွာျဖစ္ေၾကာင္း သမၼတ ေဟာင္း Barack Obama က Sirius XM ေရဒီယိုနဲ႔ အင္တာဗ်ဴးမွာ ေျပာပါတယ္။

ဒီကာကြယ္ေဆးေတြက ေဘးအႏၲရာယ္ကင္းတယ္။ COVID ေရာဂါကို ခုခံနိုင္တယ္လို႔ ေဒါက္တာ Fauci က ေျပာတာနဲ႔ ကၽြန္ေတာ္က ေဆးထိုးခံမွာပါလို႔ သမၼတေဟာင္း Obama ကေျပာပါတယ္။

သူေဆးထိုးခံေနတဲ့ ပုံေတြကို TV ႐ုပ္သံကေန ထုတ္လႊင့္တာျဖစ္ျဖစ္၊ ႐ုပ္ရွင္ရိုက္ယူတာပဲျဖစ္ျဖစ္ ခြင့္ျပဳမွာျဖစ္ၿပီး ဒါမွ သူကိုယ္တိုင္ သိပၸံ ပညာရပ္ကို ယုံၾကည္တယ္ဆိုတာကို လူေတြ ျမင္ၾကမွာလို႔လည္း Obama ကေျပာပါတယ္။

သမၼတေဟာင္း George W. Bush ကလည္း ကာကြယ္ေဆးအေပၚ လူေတြ ယုံၾကည္လာေအာင္ အကူအညီ ေပးခ်င္ေနတယ္လို႔ သူ႔ရဲ့ ဝန္ထမ္းတဦးျဖစ္တဲ့ Freddy Ford က CNN သတင္းကို ေျပာပါတယ္၊

ပထမဦးဆုံးအေနနဲ႔ ကာကြယ္ေဆးက အႏၲရာယ္ကင္း တယ္ဆိုရင္ ဦးစားေပး ထိုးႏွံေပးထိုးႏွံရမယ့္ လူေတြထိုးေပးရမွာ ျဖစ္ၿပီး အဲဒီ ေနာက္မွာ သမၼတ Bush ကိုယ္တိုင္ ေဆးအထိုးခံမွာ ျဖစ္သလို ေဆးထိုးေနတာကိုလည္း ၾကည္ၾကည္ႏူးႏူး ဗီြဒီယိုရိုက္ခံမွာလို႔ Ford က ေျပာပါတယ္။

သမၼတေဟာင္း Bill Clinton ကလည္း႐ုပ္သံကေနတဆင့္ အမ်ားျပည္သူေရွ႕မွာ ကာကြယ္ေဆးအထိုးခံဖို႔ ဆႏၵရွိတယ္လို႔သူ႔ရဲ့ျပန္ၾကားေရး အရာရွိ Angel Urena က ေျပာပါတယ္။

Pfizer-BioNTech ေဆးကုမၸဏီအျပင္ Moderna ေဆးကုမၸဏီနဲ႔ အမ်ိဳးသား က်န္းမာေရးသိပၸံတို႔ ပူးတြဲစမ္းသပ္ထားတဲ့ ကာကြယ္ေဆး ေတြ ကို သက္ဆိုင္ရာအာဏာပိုင္ေတြက မၾကာခင္မွာ အတည္ျပဳေပးလိမ့္မယ္လို႔ ေမၽွာ္မွန္းထားၾကပါတယ္။ အေမရိကန္ျပည္ေထာင္စု မွာ ေနာက္ႏွစ္ ေဖေဖာ္ ဝါရီ လကုန္ပိုင္းေလာက္မွာ လူသန္း ၁၀၀ ကို ကာကြယ္ေဆးထိုးေပးၿပီးျဖစ္ဖို႔ ခန္႔မွန္းထားတယ္ လို႔ သိပၸံ နယ္ပယ္က ထိပ္တန္း အရာရွိတဦးက ဗုဒၶဟူးေန႔ကေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

............

COVID ကာကွယ်ဆေး လူထုယုံကြည်အောင် ကန်သမ္မတဟောင်း ၃ ဦး လက်တွေ့ သရုပ်ပြမည်

(Unicode)

COVID 19 ကာကွယ်ဆေးအပေါ် လူတွေ ယုံကြည်မှု ရှိစေဖို့ သူတို့ကိုယ်တိုင် ကာကွယ်ဆေး အထိုးခံဖို့ အဆင့်သင့် ဖြစ်နေပြီလို့ အမေရိကန် သမ္မတဟောင်းတွေက ပြောပါတယ်။

သမ္မတဟောင်း Barack Obama ၊ George W. Bush နဲ့ Bill Clinton တို့က သူတို့ ကာကွယ်ဆေး ထိုးနေတဲ့ ပုံတွေကို အများပြည်သူ တွေ့မြင် ကြည့်ရှုနိုင်ဖို့ ဗွီဒီယို အရိုက်ခံမယ်လို့လည်း ပြောပါတယ်။

ကူးစက်ရောဂါ ကျွမ်းကျင်ပညာရှင် ဒေါက်တာ Anthony Fauci က COVID-19 ကာကွယ်ဆေးကို အတည်ပြုပေးပြီဆိုရင် သူကိုယ်တိုင် ဆေးထိုးခံမှာဖြစ်ကြောင်း သမ္မတ ဟောင်း Barack Obama က Sirius XM ရေဒီယိုနဲ့ အင်တာဗျူးမှာ ပြောပါတယ်။

ဒီကာကွယ်ဆေးတွေက ဘေးအန္တရာယ်ကင်းတယ်။ COVID ရောဂါကို ခုခံနိုင်တယ်လို့ ဒေါက်တာ Fauci က ပြောတာနဲ့ ကျွန်တော်က ဆေးထိုးခံမှာပါလို့ သမ္မတဟောင်း Obama ကပြောပါတယ်။

သူဆေးထိုးခံနေတဲ့ ပုံတွေကို TV ရုပ်သံကနေ ထုတ်လွှင့်တာဖြစ်ဖြစ်၊ ရုပ်ရှင်ရိုက်ယူတာပဲဖြစ်ဖြစ် ခွင့်ပြုမှာဖြစ်ပြီး ဒါမှ သူကိုယ်တိုင် သိပ္ပံ ပညာရပ်ကို ယုံကြည်တယ်ဆိုတာကို လူတွေ မြင်ကြမှာလို့လည်း Obama ကပြောပါတယ်။

သမ္မတဟောင်း George W. Bush ကလည်း ကာကွယ်ဆေးအပေါ် လူတွေ ယုံကြည်လာအောင် အကူအညီ ပေးချင်နေတယ်လို့ သူ့ရဲ့ ဝန်ထမ်းတဦးဖြစ်တဲ့ Freddy Ford က CNN သတင်းကို ပြောပါတယ်၊

ပထမဦးဆုံးအနေနဲ့ ကာကွယ်ဆေးက အန္တရာယ်ကင်း တယ်ဆိုရင် ဦးစားပေး ထိုးနှံပေးထိုးနှံရမယ့် လူတွေထိုးပေးရမှာ ဖြစ်ပြီး အဲဒီ နောက်မှာ သမ္မတ Bush ကိုယ်တိုင် ဆေးအထိုးခံမှာ ဖြစ်သလို ဆေးထိုးနေတာကိုလည်း ကြည်ကြည်နူးနူး ဗွီဒီယိုရိုက်ခံမှာလို့ Ford က ပြောပါတယ်။

သမ္မတဟောင်း Bill Clinton ကလည်းရုပ်သံကနေတဆင့် အများပြည်သူရှေ့မှာ ကာကွယ်ဆေးအထိုးခံဖို့ ဆန္ဒရှိတယ်လို့သူ့ရဲ့ပြန်ကြားရေး အရာရှိ Angel Urena က ပြောပါတယ်။

Pfizer-BioNTech ဆေးကုမ္ပဏီအပြင် Moderna ဆေးကုမ္ပဏီနဲ့ အမျိုးသား ကျန်းမာရေးသိပ္ပံတို့ ပူးတွဲစမ်းသပ်ထားတဲ့ ကာကွယ်ဆေး တွေ ကို သက်ဆိုင်ရာအာဏာပိုင်တွေက မကြာခင်မှာ အတည်ပြုပေးလိမ့်မယ်လို့ မျှော်မှန်းထားကြပါတယ်။ အမေရိကန်ပြည်ထောင်စု မှာ နောက်နှစ် ဖေဖော် ဝါရီ လကုန်ပိုင်းလောက်မှာ လူသန်း ၁၀၀ ကို ကာကွယ်ဆေးထိုးပေးပြီးဖြစ်ဖို့ ခန့်မှန်းထားတယ် လို့ သိပ္ပံ နယ်ပယ်က ထိပ်တန်း အရာရှိတဦးက ဗုဒ္ဓဟူးနေ့ကပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG