သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

COVID ကာကွယ်ဆေး သတင်းမှားတွေကို Facebook ဖယ်ရှားမည် 


(Zawgyi/Unicode)

အင်တာနက် Facebook ကုမ္ပဏီကြီးက ကိုဗစ်-19 ကာကွယ်ဆေးအကြောင်း သတင်းမှားတွေကို ဖြုတ်ချဖို့ စလုပ်နေပြီလို့ ထုတ်ပြန်လိုက်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ ဒီ အင်တာနက် Online ကတဆင့် သတင်းမှားဖြန့်ချီမူတွေ မြင့်တက်လာတာကို ဟန့်တားနိုင်ရေး၊ အခုလို လုပ်ဆောင်ဖို့ ဖြစ်လာတာပါ။

မကြာခင် သီတင်းပတ်တွေအတွင်း ဒီလူမူကွန်ယက်ကုမ္ပဏီအနေနဲ့ Facebook နဲ့ Instagram ပေါ်မှာ အစိုးရကျန်းမာရေးကျွမ်းကျင်သူတွေထောက်ပြနေတဲ့ သတင်းမှားတွေကို စတင်ဖြုတ်ချတော့မယ်လို့ ဆိုပါတယ်။

ဒီနေရာမှာ ကာကွယ်ဆေးရဲ့ ဘေးအန္တရာယ်၊ ထိရောက်မူ၊ ပါဝင်မူနဲ့ ဘေးထွက်ဆိုးကျိုးဆိုင်ရာ လက်တွေ့ ထိခိုက်မူတွေဖြစ်စေမယ့် သတင်းမှားမျိုး၊ ရမ်းမှန်းပြောတာမျိုးကို ဖြုတ်ချဖို့ မူဝါဒချထားတယ်လို့ Facebook ကုမ္ပဏီက ဆိုပါတယ်။

အမေရိကန်အခြေစိုက် နည်းပညာကုမ္ပဏီကြီးအနေနဲ့ ခုလို အရေးယူလုပ်ဆောင်ဖို့ ပြောလိုက်ချိန်ဟာ၊ ကိုဗစ်-19 ကာကွယ်ဆေး မကြာခင်ထွက်လာဖို့ ရှိနေချိန်မှာပဲ ဖြစ်လာတာပါ။

ဗြိတိန်နိုင်ငံအနေနဲ့တော့ အမေရိကန်ဆေးကုမ္ပဏီ Pfizer နဲ့ ဂျာမန်ကုမ္ပဏီ BioNTech တို့ ပူးတွဲထုတ်လုပ်တဲ့ ဒီကာကွယ်ဆေးတမျိုးကို အရေးပေါ်ခွင့်ပြုချက်နဲ့ ပထမဆုံး ရက်ပိုင်းအတွင်း စထိုးပေးတော့မှာပါ။

အမေရိကန်၊ ဥရောပသမဂ္ဂနဲ့ ကနေဒါနိုင်ငံတွေအနေနဲ့ ဒီကာကွယ်ဆေးကို စမ်းသပ်စစ်ဆေးမူတွေ လုပ်နေကြပါပြီ။

တိုက်ရိုက် လင့်ခ်


..............


(Unicode)








XS
SM
MD
LG