သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

COVID-19 ကာကြယ္ေဆး အျမန္ဆံုးအတည္ျပဳေရး Moderna ႀကိဳးပမ္းေန


(Zawgyi/Unicode)

အေမရိကန္ေဆး၀ါးထုတ္လုပ္ေရးကုမၸဏီႀကီးျဖစ္တဲ့ Moderna ရဲ႕ ကိုရိုနာဗိုင္းရပ္စ္ ကာကြယ္ေဆး စမ္းသပ္မႈမွာ ၉၄ % ထိေရာက္မႈ ရွိတာကို ေတြ႔ရွိၿပီးေနာက္မွာေတာ့ အေမရိကန္နဲ႔ ဥေရာပမွာ အေရးေပၚ အသံုး အျဖစ္ ခြင့္ျပဳခ်က္ရဖို႔ ေဆာင္ရြက္ေနေၾကာင္း Moderna က တနလာၤေန႔မွာ ေျပာဆိုထားပါတယ္။

အေမရိကန္ ဇီ၀ နည္းပညာ ကုမၸဏီ Moderna ရဲ႕ အခု ေလွ်ာက္ထားမႈ အရ ဆိုရင္ေတာ့ အေစာဆံုး ဒီဇင္ဘာ လလယ္ပိုင္းေလာက္မွာ လူေတြကို ဗိုင္းရပ္စ္ကာကြယ္ေဆး ထိုးေပးႏုိင္မယ့္ အေနအထားမ်ိဳးပါ။ Moderna နဲ႔ အလားတူ ကိုရိုနာဗိုင္းရပ္စ္ ကာကြယ္ေဆး စမ္းသပ္မႈမွာ ေအာင္ျမင္မႈ ရေနတဲ႔ Pfizer-BioNTech ကလည္း အေရးေပၚ အသံုး ခြင့္ျပဳခ်က္ ေတာင္းခံထားတာေၾကာင့္ ဒီ ကုမၸဏီေတြကိုသာ အာဏာပိုင္ေတြဘက္က ခြင့္ျပဳခ်က္ ေပးမယ္ဆိုရင္ေတာ့ အေစာဆံုး ဒီဇင္ဘာလလယ္မွာ လူေတြကို ဒီ ကာကြယ္ေဆး ၂ မ်ိဳးထဲကေန ထိုးေပးႏုိင္မွာ ျဖစ္ပါတယ္။

Moderna ကေတာ့ သူ႔ရဲ႕ ကိုရိုနာဗိုင္းရပ္စ္ ကာကြယ္ေဆးကို လူေပါင္း ၃၀,၀၀၀ နဲ႔ စမ္းသပ္ခဲ႔တာလို႔ ေျပာဆိုၿပီး ဒီရလဒ္ေတြဟာဆိုရင္ အေကာင္းဆံုး ကေလး ကာကြယ္ေဆးေတြနဲ႔ တန္းတူ ရွိတယ္လု႔ိလည္း ေျပာပါတယ္။ အေမရိကန္ ျပည္ေထာင္စုမွာ ေန႔စဥ္ COVID 19 လူနာသစ္ ေသာင္းနဲ႔ခ်ီၿပီး စံခ်ိန္တင္ မ်ားလာေနတဲ႔ အခ်ိန္မွာ Moderna နဲ႔ Pfizer တို႔က သူတို႔ကာကြယ္ေဆးေတြကို အေရးေပၚ အသံုး ခြင့္ျပဳခ်က္ ေတာင္းခံထားတာ ျဖစ္ပါတယ္။

ဒီဇင္ဘာ လလယ္ပိုင္းေလာက္မွာ အေမရိကန္ ျပည္သူ သန္း ၂၀ ေလာက္ကို ကာကြယ္ေဆး ထိုးေပးႏိုင္တဲ႔ အလားအလာ ရွိေၾကာင္း က်န္းမာေရး ဆိုင္ရာ ထိပ္တန္း ပညာရွင္ေတြက ေျပာဆိုထားပါတယ္။ က်န္းမာေရး ၀န္ထမ္းေတြကို ကနဦး ထိုးႏွံေပးႏိုင္ဖို႔ အလားအလာ ရွိၿပီး ဒီေနာက္မွာေတာ့ သက္ႀကီး ေစာင့္ေရွာက္ေရး ေဂဟာေတြက သက္ႀကီးပိုင္းေတြကို ထိုးႏွံေပးႏုိင္မယ့္ အလားအလာရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္


................

COVID-19 ကာကွယ်ဆေး အမြန်ဆုံးအတည်ပြုရေး Moderna ကြိုးပမ်းနေ

(Unicode)

အမေရိကန်ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီကြီးဖြစ်တဲ့ Moderna ရဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး စမ်းသပ်မှုမှာ ၉၄ % ထိရောက်မှု ရှိတာကို တွေ့ရှိပြီးနောက်မှာတော့ အမေရိကန်နဲ့ ဥရောပမှာ အရေးပေါ် အသုံး အဖြစ် ခွင့်ပြုချက်ရဖို့ ဆောင်ရွက်နေကြောင်း Moderna က တနလာၤနေ့မှာ ပြောဆိုထားပါတယ်။

အမေရိကန် ဇီ၀ နည်းပညာ ကုမ္ပဏီ Moderna ရဲ့ အခု လျှောက်ထားမှု အရ ဆိုရင်တော့ အစောဆုံး ဒီဇင်ဘာ လလယ်ပိုင်းလောက်မှာ လူတွေကို ဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးပေးနိုင်မယ့် အနေအထားမျိုးပါ။ Moderna နဲ့ အလားတူ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး စမ်းသပ်မှုမှာ အောင်မြင်မှု ရနေတဲ့ Pfizer-BioNTech ကလည်း အရေးပေါ် အသုံး ခွင့်ပြုချက် တောင်းခံထားတာကြောင့် ဒီ ကုမ္ပဏီတွေကိုသာ အာဏာပိုင်တွေဘက်က ခွင့်ပြုချက် ပေးမယ်ဆိုရင်တော့ အစောဆုံး ဒီဇင်ဘာလလယ်မှာ လူတွေကို ဒီ ကာကွယ်ဆေး ၂ မျိုးထဲကနေ ထိုးပေးနိုင်မှာ ဖြစ်ပါတယ်။

Moderna ကတော့ သူ့ရဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို လူပေါင်း ၃၀,၀၀၀ နဲ့ စမ်းသပ်ခဲ့တာလို့ ပြောဆိုပြီး ဒီရလဒ်တွေဟာဆိုရင် အကောင်းဆုံး ကလေး ကာကွယ်ဆေးတွေနဲ့ တန်းတူ ရှိတယ်လု့ိလည်း ပြောပါတယ်။ အမေရိကန် ပြည်ထောင်စုမှာ နေ့စဉ် COVID 19 လူနာသစ် သောင်းနဲ့ချီပြီး စံချိန်တင် များလာနေတဲ့ အချိန်မှာ Moderna နဲ့ Pfizer တို့က သူတို့ကာကွယ်ဆေးတွေကို အရေးပေါ် အသုံး ခွင့်ပြုချက် တောင်းခံထားတာ ဖြစ်ပါတယ်။

ဒီဇင်ဘာ လလယ်ပိုင်းလောက်မှာ အမေရိကန် ပြည်သူ သန်း ၂၀ လောက်ကို ကာကွယ်ဆေး ထိုးပေးနိုင်တဲ့ အလားအလာ ရှိကြောင်း ကျန်းမာရေး ဆိုင်ရာ ထိပ်တန်း ပညာရှင်တွေက ပြောဆိုထားပါတယ်။ ကျန်းမာရေး ဝန်ထမ်းတွေကို ကနဦး ထိုးနှံပေးနိုင်ဖို့ အလားအလာ ရှိပြီး ဒီနောက်မှာတော့ သက်ကြီး စောင့်ရှောက်ရေး ဂေဟာတွေက သက်ကြီးပိုင်းတွေကို ထိုးနှံပေးနိုင်မယ့် အလားအလာရှိပါတယ်။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG