သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

COVID-19 ကာကြယ္ေဆးမ်ားဆိုင္ရာ အခ်က္အလက္ေတြပိုၿပီးသိရဖို႔ လိုအပ္ေနဆဲ (WHO အႀကီးအကဲ)


(Zawgyi/Unicode)

COVID-19 အတြက္ အလားအလာရွိတဲ့ ကာကြယ္ေဆး ေနာက္တမ်ိဳးရလာတာကို အားေပးႀကိဳဆိုေပမယ့္ ဒီေဆးနဲ႔ပတ္သက္ၿပီး အခ်က္လက္ေတြ ခုထက္ပိုသိရဖို႔ လိုေနေသးသလိုကမာၻတလႊား ဒီေရာဂါ ကူးစက္မႈကလည္း ထပ္ၿပီး တိုးလာေနတာေၾကာင့္ ဒီအခ်ိန္မ်ိဳးမွာ မေပါ့ဆၾကဖို႔WHO ကမာၻ႔က်န္းမာေရးအဖြဲ႔အႀကီးအကဲ Tedros Adhanom Ghebreyesus က သတိေပးလိုက္ပါတယ္။

“ဒီအခ်ိန္ဟာ ဒီေရာဂါအတြက္ စိတ္ခ်ရၿပီဆိုၿပီး ေက်နပ္ေနရမယ့္ အခ်ိန္မဟုတ္ေသးေၾကာင္း” ေျပာသြားတာပါ။ဒါ့အျပင္ COVID – 19ကာကြယ္ေဆးနဲ႔ပတ္သက္တဲ့ သတင္းေကာင္းေတြအတြက္ အားေပးႀကိဳဆို တာနဲ႔တခ်ိန္ထည္းမွာပဲ လာမယ့္လေတြ အတြင္း ရေတာ့မယ့္ ဒီေဆးေတြနဲ႔ပတ္သက္ၿပီး ဆက္သတိထားဖို႔ လုိအပ္ေၾကာင္းနဲ႔ အခုအခ်ိန္မွာ ႏိုင္ငံအမ်ားအျပားမွာ အထူးသျဖင့္ ဥေရာပနဲ႔ အေမရိကတိုက္ ႏိုင္ငံေတြမွာ ဒီေရာဂါ ကူးစက္မႈႏႈန္းတိုးလာေနၿပီး က်န္းမာေရးဝန္ထမ္းေတြ နဲ႔ က်န္းမာေရးစနစ္ေတြ မႏိုင္မနင္းျဖစ္လာေနတာ အတြက္ WHO က အထူးစုိးရိမ္ေၾကာင္း ေျပာပါတယ္။

အေမရိကန္ေဆးကုမၸဏီ Moderna က သူတို႔စမ္းသပ္ေနတဲ ကာကြယ္ေဆးဟာ ရာခိုင္ႏႈန္း ၉၀ ေက်ာ္ ထိေရာက္ေၾကာင္း ေၾကညာခဲ့တာအတြက္ ဂ်နီဗာမွာ က်င္းပတဲ့ WHO သတင္းစာရွင္းလင္း ပြဲမွာ Tedros Adhanom Ghebreyesus က ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

ဒီကုမၸဏီက ေဆးေရာ ၿပီးခဲ့တဲ့ သီတင္းပတ္က ေၾကညာခဲ့တဲ့ Pfizer နဲ႔ BioNTech တုိ႔ရဲ့ ကာကြယ္ေဆးေတြကပါ ထိေရာက္မႈ အတိုင္းအတာ ႀကီးမားေကာင္းမြန္တာ အတြက္ သိပ္ကို အားေပးဂုဏ္ယူေၾကာင္း WHO သုေတသနပညာရွင္ေတြရဲ့အႀကီးအကဲ Soumya Swaminathan ကလည္း ေျပာပါတယ္။

ဒါေပမယ့္ ဒီေဆးေတြ ကာကြယ္ႏိုင္စြမ္းရွိတဲ့ ကာလ အပိုင္းအျခား၊ တံု႔ျပန္ႏုိင္စြမ္း နဲ႔အသက္အရြယ္အလိုက္ သက္ေရာက္မႈေတြနဲ႔ ပတ္သက္ၿပီး ေမးခြန္းထုတ္စရာေတြ ရွိေနေသးတယ္လုိ႔ ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

COVID-19 ကာကွယ်ဆေးများဆိုင်ရာ အချက်အလက်တွေပိုပြီးသိရဖို့ လိုအပ်နေဆဲ (WHO အကြီးအကဲ)

(Unicode)

COVID-19 အတွက် အလားအလာရှိတဲ့ ကာကွယ်ဆေး နောက်တမျိုးရလာတာကို အားပေးကြိုဆိုပေမယ့် ဒီဆေးနဲ့ပတ်သက်ပြီး အချက်လက်တွေ ခုထက်ပိုသိရဖို့ လိုနေသေးသလိုကမ္ဘာတလွှား ဒီရောဂါ ကူးစက်မှုကလည်း ထပ်ပြီး တိုးလာနေတာကြောင့် ဒီအချိန်မျိုးမှာ မပေါ့ဆကြဖို့WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲ Tedros Adhanom Ghebreyesus က သတိပေးလိုက်ပါတယ်။

“ဒီအချိန်ဟာ ဒီရောဂါအတွက် စိတ်ချရပြီဆိုပြီး ကျေနပ်နေရမယ့် အချိန်မဟုတ်သေးကြောင်း” ပြောသွားတာပါ။ဒါ့အပြင် COVID – 19ကာကွယ်ဆေးနဲ့ပတ်သက်တဲ့ သတင်းကောင်းတွေအတွက် အားပေးကြိုဆို တာနဲ့တချိန်ထည်းမှာပဲ လာမယ့်လတွေ အတွင်း ရတော့မယ့် ဒီဆေးတွေနဲ့ပတ်သက်ပြီး ဆက်သတိထားဖို့ လိုအပ်ကြောင်းနဲ့ အခုအချိန်မှာ နိုင်ငံအများအပြားမှာ အထူးသဖြင့် ဥရောပနဲ့ အမေရိကတိုက် နိုင်ငံတွေမှာ ဒီရောဂါ ကူးစက်မှုနှုန်းတိုးလာနေပြီး ကျန်းမာရေးဝန်ထမ်းတွေ နဲ့ ကျန်းမာရေးစနစ်တွေ မနိုင်မနင်းဖြစ်လာနေတာ အတွက် WHO က အထူးစိုးရိမ်ကြောင်း ပြောပါတယ်။

အမေရိကန်ဆေးကုမ္ပဏီ Moderna က သူတို့စမ်းသပ်နေတဲ ကာကွယ်ဆေးဟာ ရာခိုင်နှုန်း ၉၀ ကျော် ထိရောက်ကြောင်း ကြေညာခဲ့တာအတွက် ဂျနီဗာမှာ ကျင်းပတဲ့ WHO သတင်းစာရှင်းလင်း ပွဲမှာ Tedros Adhanom Ghebreyesus က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒီကုမ္ပဏီက ဆေးရော ပြီးခဲ့တဲ့ သီတင်းပတ်က ကြေညာခဲ့တဲ့ Pfizer နဲ့ BioNTech တို့ရဲ့ ကာကွယ်ဆေးတွေကပါ ထိရောက်မှု အတိုင်းအတာ ကြီးမားကောင်းမွန်တာ အတွက် သိပ်ကို အားပေးဂုဏ်ယူကြောင်း WHO သုတေသနပညာရှင်တွေရဲ့အကြီးအကဲ Soumya Swaminathan ကလည်း ပြောပါတယ်။

ဒါပေမယ့် ဒီဆေးတွေ ကာကွယ်နိုင်စွမ်းရှိတဲ့ ကာလ အပိုင်းအခြား၊ တုံ့ပြန်နိုင်စွမ်း နဲ့အသက်အရွယ်အလိုက် သက်ရောက်မှုတွေနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်စရာတွေ ရှိနေသေးတယ်လို့ ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG