(Zawgyi/Unicode)
COVID-19 ကပ္ေရာဂါ တိုက္ဖ်က္ေရး လုပ္ေဆာင္မႈအတြက္ လူေတြ စိတ္ပ်က္လာႏိုင္ေပမယ့္ ဒီေရာဂါပိုးကေတာ့ မေမာမပန္းဆက္ၿပီး ဒုကၡေပးေနမွာ ျဖစ္တာေၾကာင့္ ဒီေရာဂါတိုက္ဖ်က္ေရးကို မနားမေန ဆက္လက္လုပ္ေဆာင္ၾကဖို႔ WHO ကမာၻ႔က်န္းမာေရးအဖြဲ႔ အႀကီးအကဲ Tedros Adhanom Ghebreyesus က တနလၤာေန႔မွာ ေျပာပါတယ္။
COVID-19 အတြက္ က်ေနာ္တို႔ စိတ္ပ်က္လာႏုိင္ေပမဲ့ ဒီပိုးကေတာ့ မနားတမ္း ဆက္ၿပီး ဒုကၡေပးေနမွာ ျဖစ္္သလို ႏိုင္ငံေရးအရ ေျပာဆိုတာေတြ ထင္ျမင္ခ်က္ေတြကို လည္းသူက ဂရုစိုက္မွာ မဟုတ္ေၾကာင္းနဲ႔ က်ေနာ္တို႔ဘက္က သိပၸံနည္းက်လုပ္ေဆာင္္ အေျဖရွွာၿပီး စည္းစည္းလံုးလံုးရွိမွသာ ေက်ာ္လႊားႏုိင္မွာ ျဖစ္ေၾကာင္း ေျပာသြားတာပါ။
ဒါ့အျပင္ က်န္းမာေရးခ်ိဳ႕တဲ့ သူေတြဟာ ဒီေရာဂါပိုးရဲ့ သားေကာင္ျဖစ္လာသလို တန္းတူညီမ ွ်မႈ မရွိတာ၊ သိရက္နဲ႔ လက္မခံတာ၊ တမင္လ ွ်စ္လ်ဴရႈတာမ်ိဳးလို တျခားအားနဲမႈေတြကလည္း သူ႔ရဲ့ သားေကာင္ျဖစ္ေနတယ္လို႔ လည္း တပတ္ၾကာက်င္းပတဲ့ ကမာၻ႔က်န္းမာေရးအဖြဲ႔ႀကီးရဲ့ ႏွစ္ပတ္လည္ ညီလာခံ တနလၤာေန႔မွာ WHO အႀကီးအကဲက ေျပာၾကားခဲ့တာျဖစ္ပါတယ္။
ကမာၻၻတလႊား COVID-19 အကူးစက္ခံရသူ သန္း ၅၀ ေက်ာ္သြားၿပီျဖစ္ၿပီး ဒီေရာဂါေၾကာင့္ ေသဆံုးရသူက ၁.၂၅ သန္း ေက်ာ္ရွိေနခ်ိန္မွာ အခုလို ေျပာၾကားခဲ့တာပါ။
ဒါ့အျပင္ အေမရိကန္ႏိုင္ငံမွာ ေနာက္တက္လာဖို႔ရွိတဲ့ ဒီမိုကရက္တစ္ပါတီက ဂ်ိဳးဘိုင္ဒင္ကို ဂုဏ္ျပဳႀကိဳဆိုလိုက္ၿပီး အစိုးရသစ္အဖြဲ႔နဲ႔ အနီးကပ္ လက္တြဲေဆာင္ရြက္မွာ ျဖစ္ေၾကာင္း ေျပာပါတယ္။
မစၥတာဘိုင္ဒန္ကလည္း WHO ကို ကူညီေထာက္ပံ့ေငြ အမ်ားဆံုးေပးေနတဲ့ အေမရိကန္ႏိုင္ငံကို အဖြဲ႔ဝင္အျဖစ္ကေန ႏႈတ္ထြက္ဖို႔ သမၼတ ေဒၚနယ္ထရမ့္ရဲ့ ဆံုးျဖတ္ခ်က္ကို ျပန္ျပင္မွာ ျဖစ္ေၾကာင္း အရိပ္လကၡဏာျပခဲ့ တာျဖစ္ပါတယ္။
တခ်ိန္ထည္းမွာပဲ အေမရိကန္ေဆးကုမၸဏီတခုျဖစ္တဲ့ Pfizerက သူတို႔ဟာ COVID-19 ကာကြယ္ေဆး စမ္းသပ္စစ္ေဆးမႈအတြက္ ေနာက္ဆံုး အဆင့္ Stage 3 ကို ေရာက္ေနၿပီ ျဖစ္ၿပီး ဒီကာကြယ္ေဆးရဲ့ ထိေရာက္မႈဟာ ရာခိုင္ႏႈန္း ၉၀ ေက်ာ္ရွိတယ္လုိ႔ တနလၤာေန႔မွာပဲ ေၾကညာခ်က္ ထုတ္ျပန္ပါတယ္။
.............
COVID-19 ကပ်ရောဂါ အရှိန်လျော့ကျသွားခြင်း မရှိသေး WHO အကြီးအကဲ သတိပေး
(Unicode)
COVID-19 ကပ်ရောဂါ တိုက်ဖျက်ရေး လုပ်ဆောင်မှုအတွက် လူတွေ စိတ်ပျက်လာနိုင်ပေမယ့် ဒီရောဂါပိုးကတော့ မမောမပန်းဆက်ပြီး ဒုက္ခပေးနေမှာ ဖြစ်တာကြောင့် ဒီရောဂါတိုက်ဖျက်ရေးကို မနားမနေ ဆက်လက်လုပ်ဆောင်ကြဖို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ Tedros Adhanom Ghebreyesus က တနင်္လာနေ့မှာ ပြောပါတယ်။
COVID-19 အတွက် ကျနော်တို့ စိတ်ပျက်လာနိုင်ပေမဲ့ ဒီပိုးကတော့ မနားတမ်း ဆက်ပြီး ဒုက္ခပေးနေမှာ ဖြစ်သလို နိုင်ငံရေးအရ ပြောဆိုတာတွေ ထင်မြင်ချက်တွေကို လည်းသူက ဂရုစိုက်မှာ မဟုတ်ကြောင်းနဲ့ ကျနော်တို့ဘက်က သိပ္ပံနည်းကျလုပ်ဆောင် အဖြေရှာပြီး စည်းစည်းလုံးလုံးရှိမှသာ ကျော်လွှားနိုင်မှာ ဖြစ်ကြောင်း ပြောသွားတာပါ။
ဒါ့အပြင် ကျန်းမာရေးချို့တဲ့ သူတွေဟာ ဒီရောဂါပိုးရဲ့ သားကောင်ဖြစ်လာသလို တန်းတူညီမ ျှမှု မရှိတာ၊ သိရက်နဲ့ လက်မခံတာ၊ တမင်လ ျှစ်လျူရှုတာမျိုးလို တခြားအားနဲမှုတွေကလည်း သူ့ရဲ့ သားကောင်ဖြစ်နေတယ်လို့ လည်း တပတ်ကြာကျင်းပတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ နှစ်ပတ်လည် ညီလာခံ တနင်္လာနေ့မှာ WHO အကြီးအကဲက ပြောကြားခဲ့တာဖြစ်ပါတယ်။
ကမ္ဘ္ဘာတလွှား COVID-19 အကူးစက်ခံရသူ သန်း ၅၀ ကျော်သွားပြီဖြစ်ပြီး ဒီရောဂါကြောင့် သေဆုံးရသူက ၁.၂၅ သန်း ကျော်ရှိနေချိန်မှာ အခုလို ပြောကြားခဲ့တာပါ။
ဒါ့အပြင် အမေရိကန်နိုင်ငံမှာ နောက်တက်လာဖို့ရှိတဲ့ ဒီမိုကရက်တစ်ပါတီက ဂျိုးဘိုင်ဒင်ကို ဂုဏ်ပြုကြိုဆိုလိုက်ပြီး အစိုးရသစ်အဖွဲ့နဲ့ အနီးကပ် လက်တွဲဆောင်ရွက်မှာ ဖြစ်ကြောင်း ပြောပါတယ်။
မစ္စတာဘိုင်ဒန်ကလည်း WHO ကို ကူညီထောက်ပံ့ငွေ အများဆုံးပေးနေတဲ့ အမေရိကန်နိုင်ငံကို အဖွဲ့ဝင်အဖြစ်ကနေ နှုတ်ထွက်ဖို့ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဆုံးဖြတ်ချက်ကို ပြန်ပြင်မှာ ဖြစ်ကြောင်း အရိပ်လက္ခဏာပြခဲ့ တာဖြစ်ပါတယ်။
တချိန်ထည်းမှာပဲ အမေရိကန်ဆေးကုမ္ပဏီတခုဖြစ်တဲ့ Pfizerက သူတို့ဟာ COVID-19 ကာကွယ်ဆေး စမ်းသပ်စစ်ဆေးမှုအတွက် နောက်ဆုံး အဆင့် Stage 3 ကို ရောက်နေပြီ ဖြစ်ပြီး ဒီကာကွယ်ဆေးရဲ့ ထိရောက်မှုဟာ ရာခိုင်နှုန်း ၉၀ ကျော်ရှိတယ်လို့ တနင်္လာနေ့မှာပဲ ကြေညာချက် ထုတ်ပြန်ပါတယ်။