သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

WHO အစည္းအေ၀း ထိုင္၀မ္ကို ဖိတ္ဖို႔ ကန္ တုိက္တြန္း 


WHOအႀကီးအကဲ Tedros Adhanom Ghebreyesus

(Zawgyi/Unicode)

ကမၻာ့က်န္းမာေရး အဖြဲ႕ WHO ရဲ့ COVID-19 ကပ္ေရာဂါဆိုင္ရာ အထူးအစည္းအေဝး တက္ေရာက္ခြင့္ရေရး ထိုင္ဝမ္ကို ဖိတ္ၾကားဖို႔ ဂ်နီဗာၿမိဳ႕ ကုလသမဂၢဆိုင္ရာ အေမရိကန္ အျမဲတမ္းကိုယ္စားလွယ္ အဖြဲ႕႐ုံးက WHO အႀကီးအကဲ Tedros Adhanom Ghebreyesus ကို တိုက္တြန္းလိုက္ပါတယ္။

အဓိပၸါယ္ ျပည့္ဝတဲ့ ပူးေပါင္းေဆာင္ရြက္မႈေတြ တိုးျမႇင့္ ျပဳလုပ္နိုင္ဖို႔ WHO အေနနဲ႔ ထိုင္ဝမ္ကို ဖိတ္ေခၚ ကမ္းလွမ္းဖို႔ တိုက္တြန္း တယ္လို႔ အေမရိကန္ အျမဲတမ္းကိုယ္စားလွယ္ အဖြဲ႕႐ုံးက ေသာၾကာေန႔က ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာေဖာ္ျပထားတာပါ။

ကိုရိုနာ ဗိုင္းရပ္ကပ္ေရာဂါ ကိုင္တြယ္ ေဆာင္ရြက္ပုံေတြနဲ႔ ပတ္သက္လို႔ WHO အဖြဲ႕နဲ႔ အဖြဲ႕ရဲ့ အႀကီးအကဲ Ghebreyesus ကို အေမရိကန္က ျပင္းျပင္းထန္ထန္ ေဝဖန္ေနခဲ့တာလည္းျဖစ္ပါတယ္။ အေမရိကန္တို႔က WHO ဟာ တ႐ုတ္နဲ႔ နီးကပ္တဲ့ ဆက္ဆံေရး ရွိတယ္လို႔ စြပ္စြဲထားသလို အဖြဲ႕ထဲကေန ႏုတ္ထြက္ဖို႔လည္း စီစဥ္ေနတာပါ။

ဒီႏွစ္ထဲ အေမရိကန္ရဲ့ ေထာက္ခံမႈနဲ႔ ထိုင္ဝမ္က WHO အစည္းအေဝးပြဲေတြကို ေလ့လာသူအေနနဲ႔ တက္ေရာက္ခြင့္ရေရး တျခား နိုင္ငံေတြရဲ့ ေထာက္ခံမႈကို ရဖို႔ စည္း႐ုံးႀကိဳးပမ္းေနပါတယ္။ ထိုင္ဝမ္ကို သူ႔ရဲ့ နယ္ေျမတစိတ္တေဒသ အျဖစ္သတ္မွတ္ထားတဲ့ တ႐ုတ္နိုင္ငံက ဒါကို မေက်နပ္နဲ႔ ေဒါသထြက္ေနတာလည္း ျဖစ္ပါတယ္။

ကိုရိုနာဗိုင္းရပ္ ထိန္းခ်ဳပ္ေရး အလၽွင္အျမန္ေဆာင္ရြက္နိုင္ခဲ့တဲ့ အတြက္ နိုင္ငံတကာကခ်ီးက်ဴးတာကို ခံေနရတဲ့ ထိုင္ဝမ္ဟာ ေမလ တုန္းက WHO ရဲ့ အေထြေထြညီလာခံကို ဖိတ္ၾကားျခင္းမခံခဲ့ရပါဘူး။ ဒီကိစၥနဲ႔ ပတ္သက္ၿပီး ဒီႏွစ္ေႏွာင္းပိုင္းမွာေဆြးေႏြးဖို႔သေဘာတူ ထားေပမဲ့ ဒီအေျခအေနကို ေျပာင္းနိုင္ဖြယ္မရွိဘူးလို႔ အေနာက္နိုင္ငံေတြက ေျပာပါတယ္။

ေနာက္အပတ္ ေသာၾကာေန႔မွာ က်င္းပမယ့္ WHO ရဲ့အစည္းအေဝးမွာ ထိုင္ဝမ္က ေလ့လာသူအျဖစ္ ပါဝင္နိုင္မလားဆိုတဲ့ ေမးခြန္း ကိုWHOဥပေဒပိုင္းဆိုင္ရာ အရာရွိခ်ဳပ္ Steven Solomon က ထိုင္ဝမ္ကိုဖိတ္ၾကားေရး ကိစၥက အဖြဲ႕ဝင္နိုင္ငံေတြအၾကားေဆြးေႏြး စရာကိစၥလို႔ ေျပာပါတယ္။ ထိုင္ဝမ္ကိစၥ အဖြဲ႕ဝင္နိုင္ငံေတြၾကား သေဘာတူညီမႈ မရွိတာေၾကာင့္ ဖိတ္ၾကားဖို႔ အခြင့္အာဏာမရွိဘူး လို႔ WHO က အရင္ကေျပာထားတာပါ။

WHOအဖြဲ႕ဝင္ ၁၉၄ နိုင္ငံက COVID-19နဲ႔ ပတ္သက္တဲ့ ကိစၥေတြကို ေနာက္သီတင္းပတ္ထဲမွာ ဗြီဒီယိုကတဆင့္ ေဆြးေႏြးသြားဖို႔ ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

WHO အစည်းအဝေး ထိုင်ဝမ်ကို ဖိတ်ဖို့ ကန် တိုက်တွန်း

(Unicode)

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO ရဲ့ COVID-19 ကပ်ရောဂါဆိုင်ရာ အထူးအစည်းအဝေး တက်ရောက်ခွင့်ရရေး ထိုင်ဝမ်ကို ဖိတ်ကြားဖို့ ဂျနီဗာမြို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် အမြဲတမ်းကိုယ်စားလှယ် အဖွဲ့ရုံးက WHOအကြီးအကဲ Tedros Adhanom Ghebreyesus ကို တိုက်တွန်းလိုက်ပါတယ်။

အဓိပ္ပါယ် ပြည့်ဝတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့် ပြုလုပ်နိုင်ဖို့ WHO အနေနဲ့ ထိုင်ဝမ်ကို ဖိတ်ခေါ် ကမ်းလှမ်းဖို့ တိုက်တွန်း တယ်လို့ အမေရိကန် အမြဲတမ်းကိုယ်စားလှယ် အဖွဲ့ရုံးက သောကြာနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာဖော်ပြထားတာပါ။

ကိုရိုနာ ဗိုင်းရပ်စ ကပ်ရောဂါ ကိုင်တွယ် ဆောင်ရွက်ပုံတွေနဲ့ ပတ်သက်လို့ WHO အဖွဲ့နဲ့ အဖွဲ့ရဲ့ အကြီးအကဲ Ghebreyesus ကို အမေရိကန်က ပြင်းပြင်းထန်ထန် ဝေဖန်နေခဲ့တာလည်းဖြစ်ပါတယ်။ အမေရိကန်တို့က WHO ဟာ တရုတ်နဲ့ နီးကပ်တဲ့ ဆက်ဆံရေး ရှိတယ်လို့ စွပ်စွဲထားသလို အဖွဲ့ထဲကနေ နုတ်ထွက်ဖို့လည်း စီစဉ်နေတာပါ။

ဒီနှစ်ထဲ အမေရိကန်ရဲ့ ထောက်ခံမှုနဲ့ ထိုင်ဝမ်က WHO အစည်းအဝေးပွဲတွေကို လေ့လာသူအနေနဲ့ တက်ရောက်ခွင့်ရရေး တခြား နိုင်ငံတွေရဲ့ ထောက်ခံမှုကို ရဖို့ စည်းရုံးကြိုးပမ်းနေပါတယ်။ ထိုင်ဝမ်ကို သူ့ရဲ့ နယ်မြေတစိတ်တဒေသ အဖြစ်သတ်မှတ်ထားတဲ့ တရုတ်နိုင်ငံက ဒါကို မကျေနပ်နဲ့ ဒေါသထွက်နေတာလည်း ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ် ထိန်းချုပ်ရေး အလျှင်အမြန်ဆောင်ရွက်နိုင်ခဲ့တဲ့ အတွက် နိုင်ငံတကာကချီးကျူးတာကို ခံနေရတဲ့ ထိုင်ဝမ်ဟာ မေလ တုန်းက WHO ရဲ့ အထွေထွေညီလာခံကို ဖိတ်ကြားခြင်းမခံခဲ့ရပါဘူး။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒီနှစ်နှောင်းပိုင်းမှာဆွေးနွေးဖို့သဘောတူ ထားပေမဲ့ ဒီအခြေအနေကို ပြောင်းနိုင်ဖွယ်မရှိဘူးလို့ အနောက်နိုင်ငံတွေက ပြောပါတယ်။

နောက်အပတ် သောကြာနေ့မှာ ကျင်းပမယ့် WHO ရဲ့အစည်းအဝေးမှာ ထိုင်ဝမ်က လေ့လာသူအဖြစ် ပါဝင်နိုင်မလားဆိုတဲ့ မေးခွန်း ကိုWHOဥပဒေပိုင်းဆိုင်ရာ အရာရှိချုပ် Steven Solomon က ထိုင်ဝမ်ကိုဖိတ်ကြားရေး ကိစ္စက အဖွဲ့ဝင်နိုင်ငံတွေအကြားဆွေးနွေး စရာကိစ္စလို့ ပြောပါတယ်။ ထိုင်ဝမ်ကိစ္စ အဖွဲ့ဝင်နိုင်ငံတွေကြား သဘောတူညီမှု မရှိတာကြောင့် ဖိတ်ကြားဖို့ အခွင့်အာဏာမရှိဘူး လို့ WHO က အရင်ကပြောထားတာပါ။

WHOအဖွဲ့ဝင် ၁၉၄ နိုင်ငံက COVID-19နဲ့ ပတ်သက်တဲ့ ကိစ္စတွေကို နောက်သီတင်းပတ်ထဲမှာ ဗွီဒီယိုကတဆင့် ဆွေးနွေးသွားဖို့ ရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG