(Zawgyi / Unicode)
တန္းတူညီမွ်မႈ အေျခခံၿပီး အဓိပၸာယ္ရွိရွိ တ႐ုတ္နဲ႔ေဆြးေႏြးဖို႔ ထိုင္ဝမ္က လိုလားေၾကာင္း ထိုင္ဝမ္သမၼတ Tsai Ing-wen က စေနေန႔မွာ ေျပာဆိုလုိက္ပါတယ္။
ထိုင္ဝမ္ဟာ တ႐ုတ္ပိုင္နက္လို႔ ေျပာဆိုထားတဲ့ တ႐ုတ္အစိုးရနဲ႔ ထိုင္ဝမ္ၾကား စစ္ေရးအရွိန္ျမင့္လာခ်ိန္မွာ ထိုင္ဝမ္သမၼတဘက္က ၿငိမ္းခ်မ္းေရး ကမ္းလွမ္းလိုက္တာပါ။
တ႐ုတ္အစိုးရက ထိုင္ဝမ္ကို ပိုၿပီး ဖိအားေပးလာေနပါတယ္။ တရားဝင္ သတ္မွတ္ထားတာ မဟုတ္ေပမယ့္လည္း တ႐ုတ္နဲ႔ ထိုင္ဝမ္ၾကား ၾကားခံဇုန္အျဖစ္ ယူဆထားၾကတဲ့ ထိုင္ဝမ္ေရလက္ၾကားကေဒသ အထိကို တ႐ုတ္ဘက္က ျဖတ္သန္းဝင္ေရာက္လာတာ အပါအဝင္ ၿပီးခဲ့တဲ့ သီတင္းပတ္ေတြအတြင္း ထိုင္ဝမ္ကၽြန္းအနီးမွာ တ႐ုတ္ေလတပ္ရဲ႕ လႈပ္ရွားမႈ ရွိခဲ့ပါတယ္။
ကိုယ္ပိုင္အစိုးရနဲ႔ အုပ္ခ်ဳပ္တဲ့ ထိုင္ဝမ္ကၽြန္းကို အေမရိကန္ဘက္က ပိုၿပီး ေထာက္ပံ့လာတဲ့အေပၚ မေက်မနပ္ျဖစ္ေနတဲ့ တ႐ုတ္က ထိုင္ဝမ္နဲ႔ အေမရိကန္ၾကား ပူးေပါင္းႀကံစည္မႈကို တုံ႔ျပန္ေဆာင္ရြက္တာလို႔ ေျပာဆိုထားပါတယ္။
ထိုင္ဝမ္ေရလက္ၾကား အေျခအေနက တင္းမာမႈျဖစ္တယ္လို႔ ထိုင္ဝမ္သမၼတ Tsai က အမ်ိဳးသားေန႔ အခမ္းအနား မိန္႔ခြန္းမွာ ေျပာဆိုသြားပါတယ္။
ထိုင္ဝမ္ေရလက္ၾကား တင္းမာမႈနဲ႔အတူပဲ ေတာင္တ႐ုတ္ပင္လယ္ျပင္အတြင္း ပိုင္ဆိုင္မႈ အျငင္းပြားမႈ၊ တ႐ုတ္နဲ႔ အိႏၵိယ နယ္စပ္ျပႆနာ၊ ေဟာင္ေကာင္ကို တ႐ုတ္ရဲ႕ ဖိႏွိပ္ၿဖိဳခြဲမႈေတြဟာဆိုရင္ ေဒသတြင္း ဒီမိုကေရစီနဲ႔ ၿငိမ္းခ်မ္းေရးအတြက္ စိန္ေခၚမႈေတြနဲ႔ ရင္ဆိုင္ေနရတာ ျဖစ္တယ္လို႔ ထိုင္ဝမ္သမၼတက ေျပာဆိုသြားပါတယ္။
ထိုင္ဝမ္ရဲ႕ လိုလားခ်က္ကို တ႐ုတ္အစိုးရဘက္က အေလးထားၿပီး ျပန္လည္ညီညြတ္ေရးနဲ႔ ၿငိမ္းခ်မ္းေရး ေစ႔စပ္ေဆြးေႏြးမႈေတြ ပူးေပါင္းေဆာင္ရြက္မယ္ဆိုရင္ေတာ့ ေဒသတြင္း တင္းမာမႈေတြကို အေသအခ်ာ ေျဖရွင္းႏုိင္မွာ ျဖစ္တယ္လို႔လည္း ထိုင္ဝမ္သမၼတက ထပ္ေလာင္း ေျပာဆိုပါတယ္။
ရန္ၿငိဳးေတြကို ေျဖရွင္းၿပီး ႏွစ္ဖက္ၾကားဆက္ဆံေရး တိုးတက္ဖို႔ တ႐ုတ္အာဏာပိုင္ေတြဘက္က ဆႏၵရွိရင္ ဂုဏ္သိကၡာရွိရွိ တန္းတူညီမွ်မႈနဲ႔ အဓိပၸာယ္ျပည့္ဝတဲ့ ေဆြးေႏြးပြဲေတြလုပ္ဖို႔ ထိုင္ဝမ္ဘက္က ဆႏၵရွိတယ္လို႔လည္း ထိုင္ဝမ္သမၼတက ေျပာပါတယ္။
ထိုင္ဝမ္သမၼတ Tsai ေရြးေကာက္ပြဲ အႏုိင္ရၿပီး သမၼတတာဝန္ယူခဲ့တဲ့ ၂၀၁၆ ခုႏွစ္ကစလို႔ တ႐ုတ္ဘက္က ႏွစ္ဖက္ တရားဝင္ေဆြးေႏြးမႈ လမ္းေၾကာင္းကို ျဖတ္ေတာက္ခဲ့တာ ျဖစ္ပါတယ္။
-------------------------
(Unicode)
တရုတ်နဲ့ အဓိပ္ပာယ်ရှိသော ဆွေးနွေးမှု ထိုင်ဝမ်လိုလား
တန်းတူညီမျှမှု အခြေခံပြီး အဓိပ္ပာယ်ရှိရှိ တရုတ်နဲ့ဆွေးနွေးဖို့ ထိုင်ဝမ်က လိုလားကြောင်း ထိုင်ဝမ်သမ္မတ Tsai Ing-wen က စနေနေ့မှာ ပြောဆိုလိုက်ပါတယ်။
ထိုင်ဝမ်ဟာ တရုတ်ပိုင်နက်လို့ ပြောဆိုထားတဲ့ တရုတ်အစိုးရနဲ့ ထိုင်ဝမ်ကြား စစ်ရေးအရှိန်မြင့်လာချိန်မှာ ထိုင်ဝမ်သမ္မတဘက်က ငြိမ်းချမ်းရေး ကမ်းလှမ်းလိုက်တာပါ။
တရုတ်အစိုးရက ထိုင်ဝမ်ကို ပိုပြီး ဖိအားပေးလာနေပါတယ်။ တရားဝင် သတ်မှတ်ထားတာ မဟုတ်ပေမယ့်လည်း တရုတ်နဲ့ ထိုင်ဝမ်ကြား ကြားခံဇုန်အဖြစ် ယူဆထားကြတဲ့ ထိုင်ဝမ်ရေလက်ကြားကဒေသ အထိကို တရုတ်ဘက်က ဖြတ်သန်းဝင်ရောက်လာတာ အပါအဝင် ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ထိုင်ဝမ်ကျွန်းအနီးမှာ တရုတ်လေတပ်ရဲ့ လှုပ်ရှားမှု ရှိခဲ့ပါတယ်။
ကိုယ်ပိုင်အစိုးရနဲ့ အုပ်ချုပ်တဲ့ ထိုင်ဝမ်ကျွန်းကို အမေရိကန်ဘက်က ပိုပြီး ထောက်ပံ့လာတဲ့အပေါ် မကျေမနပ်ဖြစ်နေတဲ့ တရုတ်က ထိုင်ဝမ်နဲ့ အမေရိကန်ကြား ပူးပေါင်းကြံစည်မှုကို တုံ့ပြန်ဆောင်ရွက်တာလို့ ပြောဆိုထားပါတယ်။
ထိုင်ဝမ်ရေလက်ကြား အခြေအနေက တင်းမာမှုဖြစ်တယ်လို့ ထိုင်ဝမ်သမ္မတ Tsai က အမျိုးသားနေ့ အခမ်းအနား မိန့်ခွန်းမှာ ပြောဆိုသွားပါတယ်။
ထိုင်ဝမ်ရေလက်ကြား တင်းမာမှုနဲ့အတူပဲ တောင်တရုတ်ပင်လယ်ပြင်အတွင်း ပိုင်ဆိုင်မှု အငြင်းပွားမှု၊ တရုတ်နဲ့ အိန္ဒိယ နယ်စပ်ပြဿနာ၊ ဟောင်ကောင်ကို တရုတ်ရဲ့ ဖိနှိပ်ဖြိုခွဲမှုတွေဟာဆိုရင် ဒေသတွင်း ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးအတွက် စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်တယ်လို့ ထိုင်ဝမ်သမ္မတက ပြောဆိုသွားပါတယ်။
ထိုင်ဝမ်ရဲ့ လိုလားချက်ကို တရုတ်အစိုးရဘက်က အလေးထားပြီး ပြန်လည်ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး စေ့စပ်ဆွေးနွေးမှုတွေ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင်တော့ ဒေသတွင်း တင်းမာမှုတွေကို အသေအချာ ဖြေရှင်းနိုင်မှာ ဖြစ်တယ်လို့လည်း ထိုင်ဝမ်သမ္မတက ထပ်လောင်း ပြောဆိုပါတယ်။
ရန်ငြိုးတွေကို ဖြေရှင်းပြီး နှစ်ဖက်ကြားဆက်ဆံရေး တိုးတက်ဖို့ တရုတ်အာဏာပိုင်တွေဘက်က ဆန္ဒရှိရင် ဂုဏ်သိက္ခာရှိရှိ တန်းတူညီမျှမှုနဲ့ အဓိပ္ပာယ်ပြည့်ဝတဲ့ ဆွေးနွေးပွဲတွေလုပ်ဖို့ ထိုင်ဝမ်ဘက်က ဆန္ဒရှိတယ်လို့လည်း ထိုင်ဝမ်သမ္မတက ပြောပါတယ်။
ထိုင်ဝမ်သမ္မတ Tsai ရွေးကောက်ပွဲ အနိုင်ရပြီး သမ္မတတာဝန်ယူခဲ့တဲ့ ၂၀၁၆ ခုနှစ်ကစလို့ တရုတ်ဘက်က နှစ်ဖက် တရားဝင်ဆွေးနွေးမှု လမ်းကြောင်းကို ဖြတ်တောက်ခဲ့တာ ဖြစ်ပါတယ်။