သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တ႐ုတ္ရဲ႕ ေဝဟင္စစ္ေရးေလ့က်င့္မႈ ေဒသတြင္း ၿခိမ္းေျခာက္မႈျဖစ္ - ထိုင္ဝမ္သမၼတ


ထုိင္ဝမ္သမၼတ Tsai ing-wen. (ၾသဂုတ္ ၂၈၊ ၂၀၂၀)

(Zawgyi / Unicode)

တ႐ုတ္စစ္ေလယာဥ္ေတြ ထုိင္ဝမ္ကၽြန္းကို ၂ ရက္တာ ခ်ဥ္းကပ္ခဲ့တာဟာ ေဒသတခုလုံးကုိ တ႐ုတ္အစိုးရက ၿခိမ္းေျခာက္ခဲ့တာျဖစ္ၿပီး တ႐ုတ္အစိုးရရဲ႕ စိတ္ရင္းအမွန္ကို ထိုင္ဝမ္ျပည္သူေတြသိေအာင္ ျပသလုိက္ျခင္း ျဖစ္တယ္လို႔ ထိုင္ဝမ္သမၼတ Tsai Ing-wen က တနဂၤေႏြေန႔မွာ ေျပာၾကားလုိက္ပါတယ္။

တ႐ုတ္ရဲ႕ ေလေၾကာင္းပ်ံသန္းမႈဟာ အေမရိကန္ စီးပြားေရးရာ ဒုတိယဝန္ႀကီး Keith Krach ထုိင္ဝမ္ကို ေရာက္ရွိေနခ်ိန္မွာ ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။ ဒုတိယဝန္ႀကီး Krach ဟာ ႏွစ္ေပါင္း ၄၀ အတြင္း ထိုင္ဝမ္ကို ပထမဆုံးလာေရာက္တဲ့ အဆင့္အျမင့္ဆုံး အေမရိကန္ အရာရွိတဦးလည္း ျဖစ္ပါတယ္။

တ႐ုတ္ေလယာဥ္ေတြဟာ ထိုင္ဝမ္ေရလက္ၾကား အလယ္လမ္းကို ျဖတ္ေက်ာ္ၿပီး ထိုင္ဝမ္ေလေၾကာင္း လုံၿခဳံေရး သတ္မွတ္နယ္ေျမကို ေသာၾကာနဲ႔ စေနေန႔ေတြက ဝင္ေရာက္ခဲ့ၾကတဲ့အတြက္ ထိုင္ဝမ္ဘက္က ဂ်က္တုိက္ေလယာဥ္ေတြနဲ႔ ပ်ံသန္းဟန္႔တားခဲ့တာ ျဖစ္ပါတယ္။ ထိုင္ဝမ္ကၽြန္းကို တ႐ုတ္က သူတို႔ပိုင္ နယ္ေျမအျဖစ္ သတ္မွတ္ထားတာပါ။

ဒီလုပ္ရပ္ေတြဟာ တ႐ုတ္ႏိုင္ငံရဲ႕ ႏိုင္ငံတကာပုံရိပ္အတြက္ တစုံတရာ အေထာက္အကူ မျပဳႏိုင္ဘူးလို႔လည္း ထိုင္ဝမ္သမၼတက ေျပာပါတယ္။

တ႐ုတ္ေလတပ္က စေနေန႔မွာ ျပသခဲ့တဲ့ ဗီြဒီယုိတခုမွာေတာ့ ထိုင္ဝမ္ကို ပ်ံသန္းခဲ့တဲ့ ေလယာဥ္ေတြထဲမွာ ႏ်ဴကလီးယားလက္နက္ ပစ္ခတ္ႏုိင္တဲ့ H-6 ဗုံးႀကဲေလယာဥ္ေတြလည္း ပါဝင္ေၾကာင္း ျပသခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------------

(Unicode)

တရုတ်ရဲ့ ဝေဟင်စစ်ရေးလေ့ကျင့်မှု ဒေသတွင်း ခြိမ်းခြောက်မှုဖြစ် - ထိုင်ဝမ်သမ္မတ

တရုတ်စစ်လေယာဉ်တွေ ထိုင်ဝမ်ကျွန်းကို ၂ ရက်တာ ချဉ်းကပ်ခဲ့တာဟာ ဒေသတခုလုံးကို တရုတ်အစိုးရက ခြိမ်းခြောက်ခဲ့တာဖြစ်ပြီး တရုတ်အစိုးရရဲ့ စိတ်ရင်းအမှန်ကို ထိုင်ဝမ်ပြည်သူတွေသိအောင် ပြသလိုက်ခြင်း ဖြစ်တယ်လို့ ထိုင်ဝမ်သမ္မတ Tsai Ing-wen က တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။

တရုတ်ရဲ့ လေကြောင်းပျံသန်းမှုဟာ အမေရိကန် စီးပွားရေးရာ ဒုတိယဝန်ကြီး Keith Krach ထိုင်ဝမ်ကို ရောက်ရှိနေချိန်မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒုတိယဝန်ကြီး Krach ဟာ နှစ်ပေါင်း ၄၀ အတွင်း ထိုင်ဝမ်ကို ပထမဆုံးလာရောက်တဲ့ အဆင့်အမြင့်ဆုံး အမေရိကန် အရာရှိတဦးလည်း ဖြစ်ပါတယ်။

တရုတ်လေယာဉ်တွေဟာ ထိုင်ဝမ်ရေလက်ကြား အလယ်လမ်းကို ဖြတ်ကျော်ပြီး ထိုင်ဝမ်လေကြောင်း လုံခြုံရေး သတ်မှတ်နယ်မြေကို သောကြာနဲ့ စနေနေ့တွေက ဝင်ရောက်ခဲ့ကြတဲ့အတွက် ထိုင်ဝမ်ဘက်က ဂျက်တိုက်လေယာဉ်တွေနဲ့ ပျံသန်းဟန့်တားခဲ့တာ ဖြစ်ပါတယ်။ ထိုင်ဝမ်ကျွန်းကို တရုတ်က သူတို့ပိုင် နယ်မြေအဖြစ် သတ်မှတ်ထားတာပါ။

ဒီလုပ်ရပ်တွေဟာ တရုတ်နိုင်ငံရဲ့ နိုင်ငံတကာပုံရိပ်အတွက် တစုံတရာ အထောက်အကူ မပြုနိုင်ဘူးလို့လည်း ထိုင်ဝမ်သမ္မတက ပြောပါတယ်။

တရုတ်လေတပ်က စနေနေ့မှာ ပြသခဲ့တဲ့ ဗွီဒီယိုတခုမှာတော့ ထိုင်ဝမ်ကို ပျံသန်းခဲ့တဲ့ လေယာဉ်တွေထဲမှာ နျူကလီးယားလက်နက် ပစ်ခတ်နိုင်တဲ့ H-6 ဗုံးကြဲလေယာဉ်တွေလည်း ပါဝင်ကြောင်း ပြသခဲ့ပါတယ်။

XS
SM
MD
LG