သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်ဝမ်ကို လက်နက်ရောင်းချတဲ့ အမေရိကန်ကုမ္ပဏီတွေအပေါ် တရုတ် ပိတ်ဆို့အရေးယူမည်


တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဌာနပြောခွင့်ရ Zhao Lijian
တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဌာနပြောခွင့်ရ Zhao Lijian

(Zawgyi/Unicode)

ထိုင်ဝမ်ကို လက်နက်ရောင်းချရာမှာ ပါဝင် ပတ်သက်နေတဲ့ Lockheed Martin, Boeing Defense နဲ့ Raytheon ကုမ္ပဏီတွေ အပါအဝင် အမေရိကန် ကုမ္ပဏီတွေအပေါ် ဒဏ်ခတ်အရေးယူမှုတွေ ပြုလုပ်မယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက တနင်္လာနေ့က ကြေညာလိုက် ပါတယ်။

အမျိုးသား အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်ဖို့ အခုလို လိုအပ်တဲ့ အရေးယူမှုတွေ လုပ်ရတာလို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဌာနပြောခွင့်ရ Zhao Lijian ကသတင်းထောက်တွေကို ပြောတာပါ။ ဘယ်လိုအရေးယူမှုမျိုး ပြုလုပ်မယ်ဆိုတာတော့ မသိရပါဘူး။

အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ထိုင်ဝမ်ကို လက်နက်စနစ် ၃ မျိုးကို ရောင်းဖို့ ပြီးခဲ့တဲ့ အပတ်က အတည်ပြု ကြေညာထား တာ ဖြစ်ပါတယ်။ ရောင်းချမယ့် လက်နက်တွေထဲ အာရုံ ကိရိယာတွေ၊ ဒုံးကျည်တွေနဲ့ အမြောက်လက်နက်တွေ ပါဝင်မှာ ဖြစ်ပြီး စုစု ပေါင်း အမေရိကန် ဒေါ်လာ ၁.၈ ဘီလီယံ တန်ဖိုးရှိပါတယ်။

တရုတ်တို့က ထိုင်ဝမ်ကို သီးခြား ခွဲထွက်နေတဲ့ ပြည်နယ်တစ်ခုအဖြစ် သတ်မှတ်ထားပြီး သူတို့ အုပ်ချုပ်မှုအောက်ကို ပြန်လည် သွတ်သွင်းမယ်လို့ ကြေညာထားတာပါ။ လိုအပ်ရင် အင်အားသုံးမယ်လို့လည်း ပြောပါတယ်။

အရင်တုန်းကလည်း တရုတ်တို့က Lockheed Martin နဲ့ကုမ္ပဏီတစ်ချို့ကို ထိုင်ဝမ်ကိုလက်နက်ရောင်းချလို့ဆိုပြီးဒဏ်ခတ်ပိတ်ဆို့ မယ် လို့ ကြေညာထားဖူးပေမယ့် ဘယ်လိုပုံနဲ့ အရေးယူမယ့် ပုံစံကိုတော့ ရှင်းရှင်းလင်းလင်း ပြောကြားတာ မရှိခဲ့ပါဘူး။

သမ္မတ ထရမ့် အစိုးရက ထိုင်ဝမ်ကို လက်နက်ရောင်းချတာနဲ့ အဆင့်မြင့် အရာရှိတွေ စေလွှတ်တာတွေကို ပြုလုပ်ပြီးအားပေး ထောက်ခံမှုတွေပိုပြီး ပြသလာတာကြောင့် တောင်တရုတ်ပင်လယ်၊ ဟောင်ကောင်၊ လူ့အခွင့်အရေးနဲ့ ကုန်သွယ်ရေး ကိစ္စတွေ ကြောင့် တင်းမာနေပြီးသား တရုတ်၊ အမေရိကန် နှစ်နိုင်ငံ ဆက်ဆံရေး ပိုပြီးတော့ ဆိုးရွား တင်းမာလာနေတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


..............


(Unicode)







XS
SM
MD
LG