သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္၀မ္ကို ကန္ ဒံုးက်ည္ေရာင္းခ်မႈ တရုတ္လက္တု႔ံျပန္ဖို႔ ၿခိမ္းေျခာက္


တ႐ုတ္ နိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာခြင့္ရ Zhao Lijian

(Zawgyi/Unicode)

အေမရိကန္က ထိုင္ဝမ္ကို ေဒၚလာ ၁ ဘီလီယံတန္ဖိုးရွိတဲ့ ဒုံးက်ည္လက္နက္ေတြ ေရာင္းခ်ခြင့္ျပဳလိုက္တဲ့အေပၚ လိုအပ္တဲ့ လက္တုံ႔ျပန္မႈေတြကို လုပ္ေဆာင္သြားမယ္လို႔ တ႐ုတ္နိုင္ငံက ၾကာသပေတးေန႔က ၿခိမ္းေျခာက္ေျပာဆိုလိုက္ပါတယ္။

ထိုင္ဝမ္ကို လက္နက္ေရာင္းခ်တဲ့ ဖ်က္လိုဖ်က္ဆီး သေဘာကို အေမရိကန္တို႔ အျပည့္အဝ နားလည္ သေဘာေပါက္ဖို႔နဲ႔တ႐ုတ္ျပည္ တစ္နိုင္ငံတည္း မူဝါဒကို လိုက္နာဖို႔ အေမရိကန္နိုင္ငံကို တိုက္တြန္းတယ္လို႔ တ႐ုတ္ နိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာခြင့္ရ Zhao Lijian က ပုံမွန္သတင္းစာရွင္းလင္းပြဲမွာ ေျပာလိုက္တာပါ။

အခုလို လက္နက္ေရာင္းခ်တာက ၁၉၇၀ ႏွစ္ေတြတုန္းက လက္မွတ္ေရးထိုးထားတဲ့ သေဘာတူညီခ်က္ကို ေဖာက္ဖ်က္တာလို႔လည္း ေျပာခြင့္ရ Zhao က စြပ္စြဲလိုက္ပါတယ္။

ဒီလို လက္နက္ေရာင္းခ်တာက ထိုင္ဝမ္နိုင္ငံ သီးျခားလြတ္လပ္ေရးအတြက္ ႀကိဳးပမ္းေနတဲ့ ခြဲထြက္ေရးသမားေတြကို မွားယြင္းတဲ့ အခ်က္ျပ လုပ္ရပ္ျဖစ္ေၾကာင္းနဲ႔ ဒီကိစၥနဲ႔ ပတ္သက္လို႔ ေျပာင္းလဲျဖစ္ေပၚလာတဲ့ အေျခအေနေတြေပၚမူတည္ၿပီး လိုအပ္တဲ့ တုံ႔ျပန္မႈေတြလုပ္သြားမယ္လို႔လည္း ေျပာပါတယ္။

အေမရိကန္ နိုင္ငံျခားေရးဌာနကေတာ့ ထိုင္ဝမ္ကို ေဝဟင္ကေန ေျမျပင္ပစ္ ဒုံးက်ည္ ၁၃၅ စင္းေရာင္းခ်ဖို႔ သေဘာတူညီလိုက္ ၿပီလို႔ ဗုဒၶဟူးေန႔က ေျပာပါတယ္။ ထိုင္ဝမ္ ကာကြယ္ေရးဝန္ႀကီးဌာန ကလည္းအခုလို အေမရိကန္ဆီကေန ဒီလို ဒုံးက်ည္ေတြဝယ္ယူတာက ထိုင္ဝမ္ရဲ့ တိုက္ခိုက္ေရးစြမ္းရည္ကို ျမႇင့္တင္တာျဖစ္တယ္လို႔ ေျပာပါတယ္။

Taiwan က တ႐ုတ္နိုင္ငံရဲ့ ၿခိမ္းေျခာက္ က်ဳးေက်ာ္ရန္စမႈေတြနဲ႔ အျမဲတေစ ၾကဳံေတြ႕ေနရဝာာပါ။ Taiwan ကို တ႐ုတ္ပိုင္နက္ အျဖစ္ ယူဆသတ္မွတ္ထားၿပီး လိုအပ္ရင္ အင္အားသုံး ရယူသြားမယ္လို႔ ေျပာဆိုထားတာပါ။

ထိုင္ဝမ္ကၽြန္း ကို တ႐ုတ္ရဲ့ တစိတ္တေဒသအျဖစ္မျမင္ဘဲ လြတ္လပ္တဲ့ အခ်ဳပ္အျခာအာဏာပိုင္နယ္ေျမအျဖစ္သာ ယူဆသူ သမၼတTsai Ing-wen ၂၀၁၆ ခုႏွစ္မွာ သမၼတအျဖစ္ ေရြးေကာက္ခံရၿပီးေနာက္ပိုင္း တ႐ုတ္နိုင္ငံက သံတမန္ေရးနဲ႔ စစ္ေရးအရ ပိုၿပီး ဖိအားေပးလာေနတာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ လပိုင္းေတြတုန္းက တ႐ုတ္တိုက္ေလယာဥ္ေတြနဲ႔ ဗုံးၾကဲေလယာဥ္ေတြ ထိုင္ဝမ္ေလၾကာင္း ကာကြယ္ေရး ဇုံထဲ မၾကာခဏ ဝင္ေရာက္ခဲ့သလို ထိုင္ဝမ္ကၽြန္းကို တိုက္ခိုက္သိမ္းပိုက္ဟန္ ဖန္တီးရိုက္ကူးထားတဲ့ ဝါဒျဖန္႔႐ုပ္ရွင္ေတြကိုလည္း တ႐ုတ္နိုင္ငံထဲ ထုတ္လႊင့္ျပသခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


..........

ထိုင်ဝမ်ကို ကန် ဒုံးကျည်ရောင်းချမှု တရုတ်လက်တုံ့ပြန်ဖို့ ခြိမ်းခြောက်

(Unicode)

အမေရိကန်က ထိုင်ဝမ်ကို ဒေါ်လာ ၁ ဘီလီယံတန်ဖိုးရှိတဲ့ ဒုံးကျည်လက်နက်တွေ ရောင်းချခွင့်ပြုလိုက်တဲ့အပေါ် လိုအပ်တဲ့ လက်တုံ့ပြန်မှုတွေကို လုပ်ဆောင်သွားမယ်လို့ တရုတ်နိုင်ငံက ကြာသပတေးနေ့က ခြိမ်းခြောက်ပြောဆိုလိုက်ပါတယ်။

ထိုင်ဝမ်ကို လက်နက်ရောင်းချတဲ့ ဖျက်လိုဖျက်ဆီး သဘောကို အမေရိကန်တို့ အပြည့်အဝ နားလည် သဘောပေါက်ဖို့နဲ့တရုတ်ပြည် တစ်နိုင်ငံတည်း မူဝါဒကို လိုက်နာဖို့ အမေရိကန်နိုင်ငံကို တိုက်တွန်းတယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Zhao Lijian က ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်တာပါ။

အခုလို လက်နက်ရောင်းချတာက ၁၉၇၀ နှစ်တွေတုန်းက လက်မှတ်ရေးထိုးထားတဲ့ သဘောတူညီချက်ကို ဖောက်ဖျက်တာလို့လည်း ပြောခွင့်ရ Zhao က စွပ်စွဲလိုက်ပါတယ်။

ဒီလို လက်နက်ရောင်းချတာက ထိုင်ဝမ်နိုင်ငံ သီးခြားလွတ်လပ်ရေးအတွက် ကြိုးပမ်းနေတဲ့ ခွဲထွက်ရေးသမားတွေကို မှားယွင်းတဲ့ အချက်ပြ လုပ်ရပ်ဖြစ်ကြောင်းနဲ့ ဒီကိစ္စနဲ့ ပတ်သက်လို့ ပြောင်းလဲဖြစ်ပေါ်လာတဲ့ အခြေအနေတွေပေါ်မူတည်ပြီး လိုအပ်တဲ့ တုံ့ပြန်မှုတွေလုပ်သွားမယ်လို့လည်း ပြောပါတယ်။

အမေရိကန် နိုင်ငံခြားရေးဌာနကတော့ ထိုင်ဝမ်ကို ဝေဟင်ကနေ မြေပြင်ပစ် ဒုံးကျည် ၁၃၅ စင်းရောင်းချဖို့ သဘောတူညီလိုက် ပြီလို့ ဗုဒ္ဓဟူးနေ့က ပြောပါတယ်။ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာန ကလည်းအခုလို အမေရိကန်ဆီကနေ ဒီလို ဒုံးကျည်တွေဝယ်ယူတာက ထိုင်ဝမ်ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်တင်တာဖြစ်တယ်လို့ ပြောပါတယ်။

Taiwan က တရုတ်နိုင်ငံရဲ့ ခြိမ်းခြောက် ကျုးကျော်ရန်စမှုတွေနဲ့ အမြဲတစေ ကြုံတွေ့နေရဝာာပါ။ Taiwan ကို တရုတ်ပိုင်နက် အဖြစ် ယူဆသတ်မှတ်ထားပြီး လိုအပ်ရင် အင်အားသုံး ရယူသွားမယ်လို့ ပြောဆိုထားတာပါ။

ထိုင်ဝမ်ကျွန်း ကို တရုတ်ရဲ့ တစိတ်တဒေသအဖြစ်မမြင်ဘဲ လွတ်လပ်တဲ့ အချုပ်အခြာအာဏာပိုင်နယ်မြေအဖြစ်သာ ယူဆသူ သမ္မတTsai Ing-wen ၂၀၁၆ ခုနှစ်မှာ သမ္မတအဖြစ် ရွေးကောက်ခံရပြီးနောက်ပိုင်း တရုတ်နိုင်ငံက သံတမန်ရေးနဲ့ စစ်ရေးအရ ပိုပြီး ဖိအားပေးလာနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတွေတုန်းက တရုတ်တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲလေယာဉ်တွေ ထိုင်ဝမ်လေကြာင်း ကာကွယ်ရေး ဇုံထဲ မကြာခဏ ဝင်ရောက်ခဲ့သလို ထိုင်ဝမ်ကျွန်းကို တိုက်ခိုက်သိမ်းပိုက်ဟန် ဖန်တီးရိုက်ကူးထားတဲ့ ဝါဒဖြန့်ရုပ်ရှင်တွေကိုလည်း တရုတ်နိုင်ငံထဲ ထုတ်လွှင့်ပြသခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG