သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္စမ္းသပ္မႈ တေန႔ ၂၀၀၀ေက်ာ္ လုပ္ႏိုင္မယ့္ ထိုင္၀မ္ စက္ရုပ္


စက္ရုပ္ -QVS-96 (ဓါတ္ပံု- TCI Co. Ltd)

(Zawgyi/Unicode)

ထိုင္ဝမ္ ဇီဝနည္းပညာကုမၸဏီ တစ္ခုက တိက်တဲ့ ကိုရိုနာ​ဗိုင္းရပ္စ္ စမ္းသပ္စစ္ေဆးမႈ တစ္ေန႔ကို ၂၀၀၀ ေက်ာ္ လုပ္နိုင္တဲ့ စက္႐ုပ္တစ္မ်ိဳးကို တီထြင္ထုတ္လုပ္နိုင္ခဲ့တယ္လို႔ ေၾကညာခဲ့ပါတယ္။

ၿမိဳ႕ေတာ္ တိုင္ေပ အေျခစိုက္ TCI ကုမၸဏီက QVS-96 လို႔ အမည္ေပးထားတဲ့ အဲဒီ စက္႐ုပ္ဟာ စက္နဲ႔ အလိုအေလ်ာက္ အျပည့္အဝ လႈပ္ရွားနိုင္တာ ျဖစ္ၿပီး လက္ ၃ ေခ်ာင္းနဲ႔ ဓါတ္ခြဲ နမူနာ အေျမာက္အျမားကို ကိုင္တြယ္နိုင္တယ္လို႔ ေျပာပါတယ္။

စက္႐ုပ္က ဓါတ္ခြဲ နမူနာ ၉၆ ခုပါတဲ့ ပထမအသုတ္ ဓါတ္ခြဲနမူနာကို စမ္းသပ္ စစ္ေဆးရင္ ကနဦး အခ်ိန္ ၃ နာရီခြဲၾကာမွာ ျဖစ္ေပမဲ့ ေနာက္ပိုင္းအသုတ္ေတြအတြက္ အခ်ိန္ မိနစ္ ၆၀ ကေန ၇၀ သာ ၾကာျမင့္မွာ ျဖစ္တယ္လို႔ TCI ကုမၸဏီ ႀကီးၾကပ္ေရး ဌာနမႉး Arvin Chen က ေျပာပါတယ္။

အဲဒီ စက္႐ုပ္ကိုခရီးသြားလာမႈမ်ားတဲ့ နယူးေယာက္နဲ႔ စကၤာပူလိုၿမိဳ႕ႀကီးေတြက ေလဆိပ္ေတြမွာ ထားရွိ အသုံးျပဳလို႔ေကာင္းေၾကာင္း နဲ႔ စက္႐ုပ္မွာ ရာသီ တုပ္ေကြးနဲ႔ ကိုရိုရာဗိုင္းရပ္စ္ ခြဲျခားနိုင္တဲ့ ပရိုဂရမ္ကိုလည္း ထည့္သြင္းတာေၾကာင့္ လာမယ့္ လေတြထဲတုပ္ေကြး ရာသီကို ရင္ဆိုင္ရမယ့္ ကမၻာ့ ေျမာက္ပိုင္းနိုင္ငံေတြအတြက္ အသုံးဝင္မွာ ျဖစ္တယ္လို႔လည္း သူက ေျပာပါတယ္။

ဒီႏွစ္ အေစာပိုင္းမွာပဲ အဲဒီ စက္႐ုပ္ကို အေမရိကန္ အစားအစာနဲ႔ ေဆးဝါးကြပ္ကဲေရး ဌာန (FDA)မွာ မွတ္ပုံထားၿပီး ျဖစ္ပါတယ္။ေလာေလာဆယ္ ဒီစက္႐ုပ္ကို ထိုင္ဝမ္ ကူးစက္ေရာဂါ ထိန္းခ်ဳပ္ေရး ဌာန၊ ထိုင္ဝမ္က အစိုးရ ဌာနတစ္ခ်ိဳ႕ နဲ႔ ေဆး႐ုံ ၃ ႐ုံမွာ အသုံးျပဳေနတယ္လို႔လည္း ကုမၸဏီက TCI ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

ကိုဗစ်စမ်းသပ်မှု တနေ့ ၂၀၀၀ကျော် လုပ်နိုင်မယ့် ထိုင်ဝမ် စက်ရုပ်

(Unicode)

ထိုင်ဝမ် ဇီဝနည်းပညာကုမ္ပဏီ တစ်ခုက တိကျတဲ့ ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်စစ်ဆေးမှု တစ်နေ့ကို ၂၀၀၀ ကျော် လုပ်နိုင်တဲ့ စက်ရုပ်တစ်မျိုးကို တီထွင်ထုတ်လုပ်နိုင်ခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။

မြို့တော် တိုင်ပေ အခြေစိုက် TCI ကုမ္ပဏီက QVS-96 လို့ အမည်ပေးထားတဲ့ အဲဒီ စက်ရုပ်ဟာ စက်နဲ့ အလိုအလျောက် အပြည့်အဝ လှုပ်ရှားနိုင်တာ ဖြစ်ပြီး လက် ၃ ချောင်းနဲ့ ဓါတ်ခွဲ နမူနာ အမြောက်အမြားကို ကိုင်တွယ်နိုင်တယ်လို့ ပြောပါတယ်။

စက်ရုပ်က ဓါတ်ခွဲ နမူနာ ၉၆ ခုပါတဲ့ ပထမအသုတ် ဓါတ်ခွဲနမူနာကို စမ်းသပ် စစ်ဆေးရင် ကနဦး အချိန် ၃ နာရီခွဲကြာမှာ ဖြစ်ပေမဲ့ နောက်ပိုင်းအသုတ်တွေအတွက် အချိန် မိနစ် ၆၀ ကနေ ၇၀ သာ ကြာမြင့်မှာ ဖြစ်တယ်လို့ TCI ကုမ္ပဏီ ကြီးကြပ်ရေး ဌာနမှူး Arvin Chen က ပြောပါတယ်။

အဲဒီ စက်ရုပ်ကိုခရီးသွားလာမှုများတဲ့ နယူးယောက်နဲ့ စင်္ကာပူလိုမြို့ကြီးတွေက လေဆိပ်တွေမှာ ထားရှိ အသုံးပြုလို့ကောင်းကြောင်း နဲ့ စက်ရုပ်မှာ ရာသီ တုပ်ကွေးနဲ့ ကိုရိုရာဗိုင်းရပ်စ် ခွဲခြားနိုင်တဲ့ ပရိုဂရမ်ကိုလည်း ထည့်သွင်းတာကြောင့် လာမယ့် လတွေထဲတုပ်ကွေး ရာသီကို ရင်ဆိုင်ရမယ့် ကမ္ဘာ့ မြောက်ပိုင်းနိုင်ငံတွေအတွက် အသုံးဝင်မှာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

ဒီနှစ် အစောပိုင်းမှာပဲ အဲဒီ စက်ရုပ်ကို အမေရိကန် အစားအစာနဲ့ ဆေးဝါးကွပ်ကဲရေး ဌာန (FDA)မှာ မှတ်ပုံထားပြီး ဖြစ်ပါတယ်။လောလောဆယ် ဒီစက်ရုပ်ကို ထိုင်ဝမ် ကူးစက်ရောဂါ ထိန်းချုပ်ရေး ဌာန၊ ထိုင်ဝမ်က အစိုးရ ဌာနတစ်ချို့ နဲ့ ဆေးရုံ ၃ ရုံမှာ အသုံးပြုနေတယ်လို့လည်း ကုမ္ပဏီက TCI ပြောပါတယ်။

XS
SM
MD
LG