[Zawgyi/Unicode]
John Hopkins တကၠသိုလ္ ကို႐ိုနာဗိုင္းရပ္စ္ သုေတသနစင္တာ ဒီကေန႔ မနက္ထုတ္ျပန္တဲ့ စာရင္းေတြအရ ကမာၻတ၀န္း COVID-19 ကူးစက္သူ ၃၃ သန္းေက်ာ္ရွိၿပီး ေသဆုံးသူဦးေရက ၁,၀၀၀,၀၀၀ နီးပါးရွိေနၿပီျဖစ္ပါတယ္။ ကူးစက္မႈႏႈန္း အမ်ားဆုံးျဖစ္တဲ့ အေမရိကန္ႏိုင္ငံတြင္း ျပည္နယ္ ၂၁ ခုမွာ ၿပီးခဲ့တဲ့ အပတ္ကစလို႔ ကူးစက္မႈႏႈန္း အနည္းဆုံး ၁၀ ရာခိုင္ႏႈန္းတက္လာတယ္လို႔လည္း ဒီစာရင္းေတြက ေဖာ္ျပတာပါ။ လာမယ့္ ေအာက္တိုဘာ၊ ႏိုဝင္ဘာနဲ႔ ဒီဇင္ဘာလေတြမွာ ကူးစက္မႈႏႈန္း ဆက္ၿပီး ျမင့္တက္ေနဦးမယ္လို႔ ခန္႔မွန္းထားေၾကာင္း ဝါရွင္တန္ တကၠသိုလ္၊ က်န္းမာေရးဆိုင္ရာ အကဲျဖတ္ဌာန ၫႊန္ၾကားေရးမွဴး Dr. Chris Murray ကေျပာပါတယ္။
အိႏၵိယႏိုင္ငံမွာလည္း ဒီကေန႔ တရက္ထဲ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္သူ ၈၂,၀၀၀ ေက်ာ္နဲ႔ ကူးစက္သူ စုစုေပါင္း ၆,၀၀၀,၀၀၀ ေက်ာ္ေနၿပီျဖစ္ပါတယ္။ အိႏၵိယမွာ COVID-19 ေၾကာင့္ေသဆုံးသူက ၉၅,၀၀၀ ေက်ာ္ရွိေနၿပီျဖစ္ပါတယ္။ ကူးစက္မႈႏႈန္း ၇ သန္းေက်ာ္ရွိတဲ့ အေမရိကန္ၿပီးရင္ အိႏၵိယက ကမာၻမွာ COVID-19 ကူးစက္မႈႏႈန္း ဒုတိယ အမ်ားဆုံးျဖစ္ပါတယ္။ ဘရာဇီးက ကူးစက္သူ ၅,၀၀၀,၀၀၀ နီးပါးနဲ႔ တတိယ အမ်ားဆုံးျဖစ္ပါတယ္။
ဥေရာပမွာလည္း COVID-19 ကူးစက္မႈေတြေၾကာင့္ တခ်ိဳ႕ႏိုင္ငံေတြမွာ အသြားအလာကန္႔သတ္တာေတြကို ျပန္ၿပီးခ်မွတ္ထားတာပါ။ ၿဗိတိန္မွာ COVID-19 ဒုတိယလႈိင္း႐ိုက္ခတ္ႏိုင္တဲ့အတြက္ ေရာဂါထိန္းခ်ဳပ္ေရး လ်င္ျမန္တိက်တဲ့ ဆုံးျဖတ္ခ်က္ေတြခ်မွတ္သြားဖို႔လိုတယ္လို႔ ဝန္ႀကီးခ်ဳပ္ Boris Johnson က သတိေပးထားပါတယ္။ ျပင္သစ္ႏိုင္ငံမွာလည္း ေဆာင္းဦးေပါက္နဲ႔ ေဆာင္းရာသီအတြင္း ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈေတြ ဆက္ၿပီးျမင့္တက္ေနဦးမယ္လို႔ အမ်ိဳးသား က်န္းမာေရး ေကာင္စီ အႀကီးအကဲ Patrick Bouet က ေျပာပါတယ္။
ဒတ္ခ်္မွာလည္း ႏိုင္ငံတြင္းကူးစက္မႈေတြက စိုးရိမ္စရာ အေျခအေနျဖစ္လာတဲ့အတြက္ တင္းၾကပ္တဲ့ စည္းမ်ဥ္းေတြကို ခ်မွတ္ဖို႔ တိုက္တြန္းသြားမယ္လို႔ ဝန္ႀကီးခ်ဳပ္ Make Rutte ကေျပာပါတယ္။
[Unicode Version]
ကမ္ဘာတဝန်း ကိုဗစ်ကြောင့်သေဆုံးသူ တသန်းနီးပါးဖြစ်လာ
John Hopkins တက္ကသိုလ် ကိုရိုနာဗိုင်းရပ်စ် သုတေသနစင်တာ ဒီကနေ့ မနက်ထုတ်ပြန်တဲ့ စာရင်းတွေအရ ကမ္ဘာတဝန်း COVID-19 ကူးစက်သူ ၃၃ သန်းကျော်ရှိပြီး သေဆုံးသူဦးရေက ၁,၀၀၀,၀၀၀ နီးပါးရှိနေပြီဖြစ်ပါတယ်။ ကူးစက်မှုနှုန်း အများဆုံးဖြစ်တဲ့ အမေရိကန်နိုင်ငံတွင်း ပြည်နယ် ၂၁ ခုမှာ ပြီးခဲ့တဲ့ အပတ်ကစလို့ ကူးစက်မှုနှုန်း အနည်းဆုံး ၁၀ ရာခိုင်နှုန်းတက်လာတယ်လို့လည်း ဒီစာရင်းတွေက ဖော်ပြတာပါ။ လာမယ့် အောက်တိုဘာ၊ နိုဝင်ဘာနဲ့ ဒီဇင်ဘာလတွေမှာ ကူးစက်မှုနှုန်း ဆက်ပြီး မြင့်တက်နေဦးမယ်လို့ ခန့်မှန်းထားကြောင်း ဝါရှင်တန် တက္ကသိုလ် ၊ ကျန်းမာရေးဆိုင်ရာ အကဲဖြတ်ဌာန ညွှန်ကြားရေးမှူး Dr. Chris Murray ကပြောပါတယ်။
အိန္ဒိယနိုင်ငံမှာလည်း ဒီကနေ့ တရက်ထဲ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၈၂,၀၀၀ ကျော်နဲ့ ကူးစက်သူ စုစုပေါင်း ၆,၀၀၀,၀၀၀ ကျော်နေပြီဖြစ်ပါတယ်။ အိန္ဒိယမှာ COVID-19 ကြောင့်သေဆုံးသူက ၉၅,၀၀၀ ကျော်ရှိနေပြီဖြစ်ပါတယ်။ ကူးစက်မှုနှုန်း ၇ သန်းကျော်ရှိတဲ့ အမေရိကန်ပြီးရင် အိန္ဒိယက ကမ္ဘာမှာ COVID-19 ကူးစက်မှုနှုန်း ဒုတိယ အများဆုံးဖြစ်ပါတယ်။ ဘရာဇီးက ကူးစက်သူ ၅,၀၀၀,၀၀၀ နီးပါးနဲ့ တတိယ အများဆုံးဖြစ်ပါတယ်။
ဥရောပမှာလည်း COVID-19 ကူးစက်မှုတွေကြောင့် တချို့နိုင်ငံတွေမှာ အသွားအလာကန့်သတ်တာတွေကို ပြန်ပြီးချမှတ်ထားတာပါ။ ဗြိတိန်မှာ COVID-19 ဒုတိယလှိုင်းရိုက်ခတ်နိုင်တဲ့အတွက် ရောဂါထိန်းချုပ်ရေး လျင်မြန်တိကျတဲ့ ဆုံးဖြတ်ချက်တွေချမှတ်သွားဖို့လိုတယ်လို့ ဝန်ကြီးချုပ် Boris Johnson က သတိပေးထားပါတယ်။ ပြင်သစ်နိုင်ငံမှာလည်း ဆောင်းဦးပေါက်နဲ့ ဆောင်းရာသီအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေ ဆက်ပြီးမြင့်တက်နေဦးမယ်လို့ အမျိုးသား ကျန်းမာရေး ကောင်စီ အကြီးအကဲ Patrick Bouet က ပြောပါတယ်။
ဒတ်ချ်မှာလည်း နိုင်ငံတွင်းကူးစက်မှုတွေက စိုးရိမ်စရာ အခြေအနေဖြစ်လာတဲ့အတွက် တင်းကြပ်တဲ့ စည်းမျဉ်းတွေကို ချမှတ်ဖို့ တိုက်တွန်းသွားမယ်လို့ ဝန်ကြီးချုပ် Make Rutte ကပြောပါတယ်။