သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ ကိုဗစ္ေရာဂါပိုးေတြ႔သူ တေသာင္းေက်ာ္၊ ေသဆံုး ၂၂၆ ဦး


အင္းစိန္ၿမိဳ႕နယ္က ေဆးခန္းတခုမွာ အမ်ဳိးသမီးတဦးကို COVID-19 စစ္ေဆးဖို႔ Swab နမူနာယူေနတဲ့ က်န္းမာေရးဝန္ထမ္းမ်ား။ (စက္တင္ဘာ ၂၁၊ ၂၀၂၀)

(Zawgyi / Unicode)

ျမန္မာႏုိင္ငံမွာ COVID-19 ကပ္ေရာဂါ ကူးစက္ခံရသူ အေရအတြက္ ၁၀,၀၀၀ ေက်ာ္နဲ႔ ေသဆုံးသူ ၂၂၆ ေယာက္ရွိသြားၿပီျဖစ္တယ္လို႔ က်န္းမာေရးဝန္ႀကီးဌာနက ေျပာပါတယ္။

ဒီေန႔မွာ ေနာက္ထပ္ ဗုိင္းရပ္စ္ကူးစက္ခံရသူ ၇၄၃ ေယာက္ကို ထပ္မံေတြ႔ရွိခဲ့တာေၾကာင့္ ဗုိင္းရပ္စ္ကူးစက္ခံရသူ စုစုေပါင္း ၁၀,၇၃၄ ေယာက္ ရွိသြားၿပီျဖစ္တယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ဒီေန႔ စက္တင္ဘာ ၂၇ ရက္ေန႔ ည ၈ နာရီ ထုတ္ျပန္ခ်က္မွာ ေျပာလိုက္ပါတယ္။

ဓာတ္ခဲြနမူနာ ၅,၂၇၂ ခုကို စစ္ေဆးခဲ့တာမွာ ပိုးကူးစက္ခံထားရသူ ၇၄၃ ေယာက္ကို ထပ္မံေတြ႔ရွိခဲ့တာ ျဖစ္ပါတယ္။ ဓာတ္ခဲြအတည္ျပဳလူနာေတြထဲက အမ်ားစုက ရန္ကုန္က ျဖစ္ၾကပါတယ္။

ဒါ့အျပင္ ဒီေန႔မွာ ေနာက္ထပ္ေသဆုံးသူ ၂၈ ေယာက္ရွိတာေၾကာင့္ ဒါဟာ ေန႔စဥ္ေသဆုံးမႈႏႈန္းမွာလည္း အမ်ားဆုံးျဖစ္ပါတယ္။ ေသဆုံးသူေတြထဲမွာ ရန္ကုန္က ၂၇ ေယာက္နဲ႔ ေမာ္လၿမိဳင္က ၁ ေယာက္ျဖစ္ၿပီး အသက္ ၁၀ ႏွစ္ကေန ၈၉ ႏွစ္ၾကား အမ်ိဳးသား ၁၇ ေယာက္နဲ႔ အမ်ိဳးသမီး ၁၁ ေယာက္ ျဖစ္တယ္လို႔ ေျပာပါတယ္။

ဓာတ္ခဲြအတည္ျပဳလူနာေဟာင္းေတြထဲက ၂ ႀကိမ္ဆက္ ပိုးမေတြ႔သူ ေနာက္ထပ္ ၁၈၁ ေယာက္ရွိတာေၾကာင့္ ေရာဂါေပ်ာက္ကင္းၿပီး ေဆး႐ုံဆင္းခြင့္ရသူ ၂,၈၆၂ ေယာက္ရွိၿပီျဖစ္တယ္လို႔ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------

(Unicode)

မြန်မာ ကိုဗစ်ရောဂါပိုးတွေ့သူ တသောင်းကျော်၊ သေဆုံး ၂၂၆ ဦး

မြန်မာနိုင်ငံမှာ COVID-19 ကပ်ရောဂါ ကူးစက်ခံရသူ အရေအတွက် ၁၀,၀၀၀ ကျော်နဲ့ သေဆုံးသူ ၂၂၆ ယောက်ရှိသွားပြီဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

ဒီနေ့မှာ နောက်ထပ် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၇၄၃ ယောက်ကို ထပ်မံတွေ့ရှိခဲ့တာကြောင့် ဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်း ၁၀,၇၃၄ ယောက် ရှိသွားပြီဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ စက်တင်ဘာ ၂၇ ရက်နေ့ ည ၈ နာရီ ထုတ်ပြန်ချက်မှာ ပြောလိုက်ပါတယ်။

ဓာတ်ခွဲနမူနာ ၅,၂၇၂ ခုကို စစ်ဆေးခဲ့တာမှာ ပိုးကူးစက်ခံထားရသူ ၇၄၃ ယောက်ကို ထပ်မံတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဓာတ်ခွဲအတည်ပြုလူနာတွေထဲက အများစုက ရန်ကုန်က ဖြစ်ကြပါတယ်။

ဒါ့အပြင် ဒီနေ့မှာ နောက်ထပ်သေဆုံးသူ ၂၈ ယောက်ရှိတာကြောင့် ဒါဟာ နေ့စဉ်သေဆုံးမှုနှုန်းမှာလည်း အများဆုံးဖြစ်ပါတယ်။ သေဆုံးသူတွေထဲမှာ ရန်ကုန်က ၂၇ ယောက်နဲ့ မော်လမြိုင်က ၁ ယောက်ဖြစ်ပြီး အသက် ၁၀ နှစ်ကနေ ၈၉ နှစ်ကြား အမျိုးသား ၁၇ ယောက် နဲ့ အမျိုးသမီး ၁၁ ယောက် ဖြစ်တယ်လို့ ပြောပါတယ်။

ဓာတ်ခွဲအတည်ပြုလူနာဟောင်းတွေထဲက ၂ ကြိမ်ဆက် ပိုးမတွေ့သူ နောက်ထပ် ၁၈၁ ယောက်ရှိတာကြောင့် ရောဂါပျောက်ကင်းပြီး ဆေးရုံဆင်းခွင့်ရသူ ၂,၈၆၂ ယောက်ရှိပြီဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG