သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုိဗစ္ကူးစက္မႈေၾကာင့္ ျပည္နယ္တုိင္း ၄ ခုက ၿမိဳ႕တခ်ဳိ႕မွာ Stay At Home အမိန္႔ထုတ္


ရန္ကုန္တျမိဳ႕လံုး ေနအိမ္ေန ကန္႔သတ္္ခ်က္ထုတ္ျပန္ျပီး၊ ပထမဆံုးေန႔ေတြ႕ရသည့္ ရန္ကုန္ျမိဳ႕ သတင္းဓါတ္ပံုမ်ားျဖစ္ပါသည္။ (စက္တင္ဘာ ၂၁၊ ၂၀၂၀)

(Zawgyi/Unicode)

ကုိဗစ္ကူးစက္တဲ့ အတည္ျပဳလူနာ အေရအတြက္ တုိးလာတဲ့အေျခအေနေၾကာင့္ ျပည္နယ္နဲ႔တုိင္း ၄ ခုက ၿမဳိ႕နယ္တခ်ဳိ႕မွာ Stay at Home ေနအိမ္မွာပဲ ေနၾကဖို႔ အမိန္႔ကို အစိုးရက ထုတ္ျပန္လို္က္တဲ့အေၾကာင္း ကုိဉာဏ္ဝင္းေအာင္က စုစည္းတင္ျပထားပါတယ္။

ျမန္မာႏို္င္ငံမွာ စက္တင္ဘာ (၂၅)ရက္ ေသာၾကာေန႔ တရက္ထဲမွာတင္ ကိုဗစ္ကူးစက္တဲ့ အတည္ျပဳလူနာ (၇၆၉)ဦးရွိၿပီး ၊ ေသဆုံးသူက (၂၄)ဦး ရွိခဲ့တာပါ။

အဲဒီထဲမွာ ရန္ကုန္တိုင္းနဲ႔ ရခိုင္ျပည္နယ္ၿပီးရင္ ဧရာဝတီတိုင္း၊ မႏၱေလးတိုင္းနဲ႔ မြန္ျပည္နယ္ေတြမွာ ကူးစက္မႈ မ်ားလာတာေတြ႔ရပါတယ္။ ဒါေၾကာင့္ မြန္ျပည္နယ္မွာ ၂ ၿမဳိ႕နယ္ (ေမာ္လၿမဳိင္ ၊ ဘီလင္း ) ၊ မႏၱေလးတိုင္းမွာ ၃ ၿမဳိ႕နယ္ ( မဟာေအာင္ေျမ၊ ခ်မ္းေအးသာဇံ ၊ အမရပူရ )၊ ပဲခူးတုိင္း ၃ ၿမဳိ႕နယ္ (ပဲခူး ၊ ကဝ ၊ သနပ္ပင္ )နဲ႔ ဧရာဝတီတိုင္းထဲက ၃ ၿမဳိ႕နယ္ (ပုသိမ္၊ ဖ်ာပုံ၊ မအူပင္ )တို႔ကို ေနအိမ္မွာပဲေနၾကဖို႔ဆိုတဲ့ Stay at Home အမိန္႔ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္လိုက္ပါတယ္။

ကိုဗစ္ေၾကာင့္ ျမန္မာႏိုင္ငံတြင္း ေသဆုံးသူ မ်ားလာတဲ့အတြက္ သတိ ရွိၾကဖို႔နဲ႔ စိုးရိမ္သင့္ သေလာက္သာ စုိးရိမ္ၾကဖို႔ COVID-19 ကာကြယ္ထိန္းခ်ဳပ္ကုသေရး ဗဟုိေကာ္မတီ ဥကၠဌ ေဒၚေအာင္ဆန္းစုၾကည္က ျပည္သူကုိ အသိေပးတင္ျပတဲ့ စက္တင္ဘာ ၂၅ ရက္မိန္႔ခြန္းမွာ ေျပာၾကားသ ြားပါတယ္။

“ အခု က်မတို႔ ဘာေတြ႔ရလဲဆိုေတာ့ တခ်ဳိ႕ေတြကေပါ့ေနာ္ - ေရာဂါျဖစ္တယ္လို႔ထင္ရင္ အိမ္မွာ ကိုယ့္ဖာသာကုိယ္ ေဆးမီးတိုေလးေတြနဲ႔ ကုလို႔ မရေတာ့တဲ့အခါက်မွ ေဆး႐ုံကို သြားတာမ်ဳိးေတြ ရွိပါတယ္။ အဲဒါဆိုရင္ ထိထိေရာက္ေရာက္ ကုသေပးဖို႔ဟာ ေနာက္က်သြားပါတယ္။ ဒါေၾကာင့္မုိ႔လုိ႔ ေစာေစာစီးစီး ကုသမႈ ခံယူဖို႔ပဲ ျဖစ္ပါတယ္။ အခုဟာက ေသဆုံးမႈႏႈန္း နည္းနည္းေတာ့ ျမင့္တက္လာပါတယ္။ အရင္တုန္းက ၁.၄% ကေနၿပီးေတာ့ ခု ၁.၆% အထိ ျမင့္တက္လာပါတယ္။ သိပ္အမ်ားႀကီး ျမင့္တက္လာတာေတာ့ မဟုတ္ပါဘူး ။ သုိ႔ေသာ္ျငားလည္း စိုးရိမ္သင့္သေလာက္ေတာ့ စိုးရိမ္ပါ၊ သတိေတာ့ ရွိပါ။ အစိုးရိမ္ မလြန္ပါနဲ႔ အစိုးရိမ္လြန္ျခင္းအားျဖင့္ ကုိယ္ခံစြမ္းအား က်ပါတယ္။”

မြန္ျပည္နယ္မွာေတာ့ ဘီလင္းၿမဳိ႕အေျခအေနက စိုးရိမ္စရာေကာင္းၿပီး ေမာ္လၿမဳိင္ဘက္မွာ ကူးစက္မႈ အနည္းငယ္ေလ်ာ့လာတယ္လို႔ မြန္အမ်ဳိးသားပါတီရဲ႕ မြန္ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ျဖစ္သူ ေဒါက္တာမင္းစိုးလင္းက ေျပာပါတယ္။

“ေလာေလာဆယ္ မြန္ျပည္နယ္မွာ အဲဒီ ဘီးလင္းအေျခအေနကေတာ့ တေနရာထဲမွာ ကြက္ ျဖစ္ေနေတာ့ စုိးရိမ္ရမယ့္ အေနအထားမွာ ရွိပါတယ္။ က်ေနာ္တို႔ ေမာ္လၿမဳိင္မွာေတာ့ သိပ္အဆိုးႀကီး မဟုတ္ပါဘူး။ အခု ဒီေနာက္ပိုင္း ၁၀ ရက္ေက်ာ္ေက်ာ္ေလာက္မွာ လမ္းသြားလမ္းလာေတြကို အကဲခတ္မိသေလာက္ေတာ့ ႏွာေခါင္းစည္း Mask ေတြ ေတာ္ေတာ္ေလး တပ္လာတာ ေတြ႔ရပါတယ္။ အရင္တုန္းကက်ေတာ့ တျခားလူေတြလုိပဲ ေပါ့ေပါ့ေလ်ာ့ေလ်ာ့ ေနၾကတာ မ်ားပါတယ္။ မြန္ျပည္နယ္အစိုးရ ကိုင္တြယ္မႈကေတာ့ ႀကဳိတင္ကာကြယ္မႈ အပိုင္းရွိလုိ႔ လစ္ဟင္းတဲ့အထိေတာ့ မျဖစ္ပါဘူး။”

ေမာ္လၿမဳိင္ၿမဳိ႕မွာ အသြားအလာေတြ ေျခာက္ကပ္ေနၿပီး စစ္ေတာင္းတံတား ၊ ဒုံသမိ တံတား စတဲ့ ၿမဳိ့အဝင္အထြက္ တံတားေတြကို ညအခ်ိန္ ေပးမျဖတ္ေတာ့ပဲ ပိတ္ထားလိုက္ၿပီျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္း ေမာ္လၿမဳိင္ၿမဳိခံေတြၾကားမွာ ႏွာေခါင္းစည္းတပ္ဖို႔ကအစ ေပါ့ေလ်ာ့တာေတြ ရွိခဲ့တယ္လို႔ ၿမဳိ႕ခံ ဦးလွမင္းက ေျပာပါတယ္။

“ အဓိကေတာ့ ဘီးလင္းေပါ့။ ဘီးလင္းမွာက စက္႐ုံတခုမွာ ပိုးေတြ႔ၿပီးေတာ့ အဲဒီစက္႐ုံက ဝန္ထမ္းအိမ္ယာေတြကို ကူးတယ္၊ မိသားစုေတြကို ကူးတာဆိုေတာ့ ဘီးလင္းမွာ နည္းနည္းမ်ားလာတာေပါ့။ ဒီတရက္ ႏွစ္ရက္ ေမာ္လၿမဳိင္ၿမဳိ႕မွာ ကူးစက္မႈ ေလ်ာ့လာတယ္။ ၿပီးခဲ့တဲ့ အပတ္ေတြတုန္းက ေရႊေတာင္ရပ္နဲ႔ စစ္ကဲကုန္းဘက္မွာ ကူးစက္မႈ ပိုမ်ားခဲ့တယ္။ ရန္ကုန္က ျပန္လာတဲ့သူေတြဆီမွာ ပိုးေတြ႔ၿပီး အဲဒီကေန ကူးၾကတာမ်ားတယ္။ ခုေနာက္ပိုင္း တေယာက္စ ႏွစ္ေယာက္စ ပိုးေတြ႔ရတဲ့သူေတြဟာလည္း ရန္ကုန္က ျပန္လာသူေတြခ်ည္းပဲ။ ေမာ္လၿမဳိင္မွာ ၿပီးခဲ့တဲ့ တပတ္ ၁၀ ရက္ေလာက္က စၿပီးေတာ့ေလ လူ ၁၀ ေယာက္မွာ ၉ ေယာက္ေလာက္က MASK တပ္ထားတာ ျပန္ေတြ႔ရတယ္။ အေစာပိုင္းတုန္းကေတာ့ MASK တပ္တာ ေလ်ာ့တိေလ်ာ့ရဲ႕ ျဖစ္ခဲ့တယ္။ မြန္ျပည္နယ္မွာ အေရးေပၚကယ္ဆယ္ေရး အဖဲြ႔ေတြ ေတာ္ေတာ္ေလး ညီညြတ္ၾကတယ္ ေတာ္ေတာ္ေလး လုပ္ႏိုင္ၾကပါတယ္။”

မႏၱေလးတုိင္းမွာေတာ့ ေဆးကုမၸဏီတခုနဲ႔ ဟိုတယ္တခုတို႔ကေန ကူးစက္ပ်ံ႕ႏွ႔ံသြားတာလို႔ ေအာင္ေျမသာဇံၿမဳိ႕နယ္မွာ ေနတဲ့ ေက်ာင္းဆရာ ဦး ညြန္႔လြင္က ေျပာပါတယ္။

“ ခ်မ္းေအးသာဇံမွာက ေမာ္ေတာ္ကား ဂိတ္ေတြရွိတယ္။ AA ေဆးကုမၸဏီကလည္း ခ်မ္းေအးသာဇံထဲမွာပဲ ရွိေနတာေလ။ ဒီ ရန္ကုန္နဲ႔ ထိေတြ႔ခဲ့တဲ့ AA ကုမၸဏီက ဒ႐ိုင္ဘာကေနတဆင့္ ကူးၾကတာ။ Hotel Mandalay လည္း အတူတူပဲ အဲလိုမ်ဳိး ျဖစ္တာပဲ။ အဲဒါေၾကာင့္ ကူးစက္သူ မ်ားသြားတာ။ ေစ်းခ်ဳိဆိုတာမ်ဳိးကလည္း လူအသြားအလာ တအားမ်ားတယ္ေလ၊ ေနာက္ ရတနာပုံေစ်းလည္း ရွိတယ္ အဲဒီေနရာေတြက ျမဳိ့လယ္ေခါင္လည္းျဖစ္တယ္ လူသြားလူလာလည္း မ်ားတာကိုး။ စည္းကမ္း သိပ္ မလိုက္နာလို႔ ျဖစ္တယ္ထင္တယ္။ ျပည္သူေတြရဲ႕ စိုးရိမ္ပူပန္မႈက အရင္ကထက္ အမ်ားႀကီး ျမင့္တက္သ ြားတာေပါ့ ။”

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနကေတာ့ ကိုဗစ္ကူးစက္မႈနဲ႔ ေသဆုံးသူစာရင္းကို တေန႔ ၂ ႀကိမ္ကေန ၃ ႀကိမ္အထိ စာရင္းခဲြထုတ္ေနတဲ့အတြက္ ကူးစက္မႈ၊ ေသဆုံးသူ အေရအတြက္နဲ႔ ပတ္သက္ၿပီး ျပည္သူေတြၾကား မ်က္စိလည္ေနတယ္ၾကတယ္လုိ႔ လူမႈကြန္ယက္ေတြမွာ ေရးသား ေဝဖန္ၾကပါတယ္။

စက္တင္ဘာ ၂၅ ေသာၾကာည ၈ နာရီ သတင္းထုတ္ျပန္ခ်က္ စာရင္းအရ ျမန္မာႏိုင္ငံမွာ ကိုဗစ္ကူးစက္ထားသူေပါင္း (၉၁၁၂) ရွိၿပီး ၊ ေသဆုံးသူ (၁၇၄)ဦး ရွိသြားၿပီ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

ကိုဗစ်ကူးစက်မှုကြောင့် ပြည်နယ်တိုင်း ၄ ခုက မြို့တချို့မှာ Stay At Home အမိန့်ထုတ်

(Unicode)

ကိုဗစ်ကူးစက်တဲ့ အတည်ပြုလူနာ အရေအတွက် တိုးလာတဲ့အခြေအနေကြောင့် ပြည်နယ်နဲ့တိုင်း ၄ ခုက မြို့နယ်တချို့မှာ Stay at Home နေအိမ်မှာပဲ နေကြဖို့ အမိန့်ကို အစိုးရက ထုတ်ပြန်လိုက်တဲ့အကြောင်း ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ စက်တင်ဘာ (၂၅)ရက် သောကြာနေ့ တရက်ထဲမှာတင် ကိုဗစ်ကူးစက်တဲ့ အတည်ပြုလူနာ (၇၆၉)ဦးရှိပြီး ၊ သေဆုံးသူက (၂၄)ဦး ရှိခဲ့တာပါ။

အဲဒီထဲမှာ ရန်ကုန်တိုင်းနဲ့ ရခိုင်ပြည်နယ်ပြီးရင် ဧရာဝတီတိုင်း၊ မန္တလေးတိုင်းနဲ့ မွန်ပြည်နယ်တွေမှာ ကူးစက်မှု များလာတာတွေ့ရပါတယ်။ ဒါကြောင့် မွန်ပြည်နယ်မှာ ၂ မြို့နယ် (မော်လမြိုင် ၊ ဘီလင်း ) ၊ မန္တလေးတိုင်းမှာ ၃ မြို့နယ် ( မဟာအောင်မြေ၊ ချမ်းအေးသာဇံ ၊ အမရပူရ )၊ ပဲခူးတိုင်း ၃ မြို့နယ် (ပဲခူး ၊ ကဝ ၊ သနပ်ပင် )နဲ့ ဧရာဝတီတိုင်းထဲက ၃ မြို့နယ် (ပုသိမ်၊ ဖျာပုံ၊ မအူပင် )တို့ကို နေအိမ်မှာပဲနေကြဖို့ဆိုတဲ့ Stay at Home အမိန့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

ကိုဗစ်ကြောင့် မြန်မာနိုင်ငံတွင်း သေဆုံးသူ များလာတဲ့အတွက် သတိ ရှိကြဖို့နဲ့ စိုးရိမ်သင့် သလောက်သာ စိုးရိမ်ကြဖို့ COVID-19 ကာကွယ်ထိန်းချုပ်ကုသရေး ဗဟိုကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူကို အသိပေးတင်ပြတဲ့ စက်တင်ဘာ ၂၅ ရက်မိန့်ခွန်းမှာ ပြောကြားသ ွားပါတယ်။

“ အခု ကျမတို့ ဘာတွေ့ရလဲဆိုတော့ တချို့တွေကပေါ့နော် - ရောဂါဖြစ်တယ်လို့ထင်ရင် အိမ်မှာ ကိုယ့်ဖာသာကိုယ် ဆေးမီးတိုလေးတွေနဲ့ ကုလို့ မရတော့တဲ့အခါကျမှ ဆေးရုံကို သွားတာမျိုးတွေ ရှိပါတယ်။ အဲဒါဆိုရင် ထိထိရောက်ရောက် ကုသပေးဖို့ဟာ နောက်ကျသွားပါတယ်။ ဒါကြောင့်မို့လို့ စောစောစီးစီး ကုသမှု ခံယူဖို့ပဲ ဖြစ်ပါတယ်။ အခုဟာက သေဆုံးမှုနှုန်း နည်းနည်းတော့ မြင့်တက်လာပါတယ်။ အရင်တုန်းက ၁.၄% ကနေပြီးတော့ ခု ၁.၆% အထိ မြင့်တက်လာပါတယ်။ သိပ်အများကြီး မြင့်တက်လာတာတော့ မဟုတ်ပါဘူး ။ သို့သော်ငြားလည်း စိုးရိမ်သင့်သလောက်တော့ စိုးရိမ်ပါ၊ သတိတော့ ရှိပါ။ အစိုးရိမ် မလွန်ပါနဲ့ အစိုးရိမ်လွန်ခြင်းအားဖြင့် ကိုယ်ခံစွမ်းအား ကျပါတယ်။”

မွန်ပြည်နယ်မှာတော့ ဘီလင်းမြို့အခြေအနေက စိုးရိမ်စရာကောင်းပြီး မော်လမြိုင်ဘက်မှာ ကူးစက်မှု အနည်းငယ်လျော့လာတယ်လို့ မွန်အမျိုးသားပါတီရဲ့ မွန်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဖြစ်သူ ဒေါက်တာမင်းစိုးလင်းက ပြောပါတယ်။

“လောလောဆယ် မွန်ပြည်နယ်မှာ အဲဒီ ဘီးလင်းအခြေအနေကတော့ တနေရာထဲမှာ ကွက် ဖြစ်နေတော့ စိုးရိမ်ရမယ့် အနေအထားမှာ ရှိပါတယ်။ ကျနော်တို့ မော်လမြိုင်မှာတော့ သိပ်အဆိုးကြီး မဟုတ်ပါဘူး။ အခု ဒီနောက်ပိုင်း ၁၀ ရက်ကျော်ကျော်လောက်မှာ လမ်းသွားလမ်းလာတွေကို အကဲခတ်မိသလောက်တော့ နှာခေါင်းစည်း Mask တွေ တော်တော်လေး တပ်လာတာ တွေ့ရပါတယ်။ အရင်တုန်းကကျတော့ တခြားလူတွေလိုပဲ ပေါ့ပေါ့လျော့လျော့ နေကြတာ များပါတယ်။ မွန်ပြည်နယ်အစိုးရ ကိုင်တွယ်မှုကတော့ ကြိုတင်ကာကွယ်မှု အပိုင်းရှိလို့ လစ်ဟင်းတဲ့အထိတော့ မဖြစ်ပါဘူး။”

မော်လမြိုင်မြို့မှာ အသွားအလာတွေ ခြောက်ကပ်နေပြီး စစ်တောင်းတံတား ၊ ဒုံသမိ တံတား စတဲ့ မြို့အဝင်အထွက် တံတားတွေကို ညအချိန် ပေးမဖြတ်တော့ပဲ ပိတ်ထားလိုက်ပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မော်လမြိုင်မြိုခံတွေကြားမှာ နှာခေါင်းစည်းတပ်ဖို့ကအစ ပေါ့လျော့တာတွေ ရှိခဲ့တယ်လို့ မြို့ခံ ဦးလှမင်းက ပြောပါတယ်။

“ အဓိကတော့ ဘီးလင်းပေါ့။ ဘီးလင်းမှာက စက်ရုံတခုမှာ ပိုးတွေ့ပြီးတော့ အဲဒီစက်ရုံက ဝန်ထမ်းအိမ်ယာတွေကို ကူးတယ်၊ မိသားစုတွေကို ကူးတာဆိုတော့ ဘီးလင်းမှာ နည်းနည်းများလာတာပေါ့။ ဒီတရက် နှစ်ရက် မော်လမြိုင်မြို့မှာ ကူးစက်မှု လျော့လာတယ်။ ပြီးခဲ့တဲ့ အပတ်တွေတုန်းက ရွှေတောင်ရပ်နဲ့ စစ်ကဲကုန်းဘက်မှာ ကူးစက်မှု ပိုများခဲ့တယ်။ ရန်ကုန်က ပြန်လာတဲ့သူတွေဆီမှာ ပိုးတွေ့ပြီး အဲဒီကနေ ကူးကြတာများတယ်။ ခုနောက်ပိုင်း တယောက်စ နှစ်ယောက်စ ပိုးတွေ့ရတဲ့သူတွေဟာလည်း ရန်ကုန်က ပြန်လာသူတွေချည်းပဲ။ မော်လမြိုင်မှာ ပြီးခဲ့တဲ့ တပတ် ၁၀ ရက်လောက်က စပြီးတော့လေ လူ ၁၀ ယောက်မှာ ၉ ယောက်လောက်က MASK တပ်ထားတာ ပြန်တွေ့ရတယ်။ အစောပိုင်းတုန်းကတော့ MASK တပ်တာ လျော့တိလျော့ရဲ့ ဖြစ်ခဲ့တယ်။ မွန်ပြည်နယ်မှာ အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့တွေ တော်တော်လေး ညီညွတ်ကြတယ် တော်တော်လေး လုပ်နိုင်ကြပါတယ်။”

မန္တလေးတိုင်းမှာတော့ ဆေးကုမ္ပဏီတခုနဲ့ ဟိုတယ်တခုတို့ကနေ ကူးစက်ပျံ့နှံ့သွားတာလို့ အောင်မြေသာဇံမြို့နယ်မှာ နေတဲ့ ကျောင်းဆရာ ဦး ညွန့်လွင်က ပြောပါတယ်။

“ ချမ်းအေးသာဇံမှာက မော်တော်ကား ဂိတ်တွေရှိတယ်။ AA ဆေးကုမ္ပဏီကလည်း ချမ်းအေးသာဇံထဲမှာပဲ ရှိနေတာလေ။ ဒီ ရန်ကုန်နဲ့ ထိတွေ့ခဲ့တဲ့ AA ကုမ္ပဏီက ဒရိုင်ဘာကနေတဆင့် ကူးကြတာ။ Hotel Mandalay လည်း အတူတူပဲ အဲလိုမျိုး ဖြစ်တာပဲ။ အဲဒါကြောင့် ကူးစက်သူ များသွားတာ။ ဈေးချိုဆိုတာမျိုးကလည်း လူအသွားအလာ တအားများတယ်လေ၊ နောက် ရတနာပုံဈေးလည်း ရှိတယ် အဲဒီနေရာတွေက မြို့လယ်ခေါင်လည်းဖြစ်တယ် လူသွားလူလာလည်း များတာကိုး။ စည်းကမ်း သိပ် မလိုက်နာလို့ ဖြစ်တယ်ထင်တယ်။ ပြည်သူတွေရဲ့ စိုးရိမ်ပူပန်မှုက အရင်ကထက် အများကြီး မြင့်တက်သ ွားတာပေါ့ ။”

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကတော့ ကိုဗစ်ကူးစက်မှုနဲ့ သေဆုံးသူစာရင်းကို တနေ့ ၂ ကြိမ်ကနေ ၃ ကြိမ်အထိ စာရင်းခွဲထုတ်နေတဲ့အတွက် ကူးစက်မှု၊ သေဆုံးသူ အရေအတွက်နဲ့ ပတ်သက်ပြီး ပြည်သူတွေကြား မျက်စိလည်နေတယ်ကြတယ်လို့ လူမှုကွန်ယက်တွေမှာ ရေးသား ဝေဖန်ကြပါတယ်။

စက်တင်ဘာ ၂၅ သောကြာည ၈ နာရီ သတင်းထုတ်ပြန်ချက် စာရင်းအရ မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်ထားသူပေါင်း (၉၁၁၂) ရှိပြီး ၊ သေဆုံးသူ (၁၇၄)ဦး ရှိသွားပြီ ဖြစ်ပါတယ်။

XS
SM
MD
LG