(Zawgyi/Unicode)
Fever Clinic ေဆးခန္းေတြမွာ တခုကို အနည္းဆုံး လူနာ ၅၀ ဝန္းက်င္ရွိလာသလို COVID Positive လူနာအေရအတြက္လည္း တရက္တရက္ ျမင့္တက္လာေနတယ္လို႔ Fever Clinic Yangon ကြန္ရက္တာဝန္ခံေဒါက္တာေက်ာ္မင္းထြန္းက ဗီြအိုေအကို ေျပာပါတယ္။
ဒါေၾကာင့္ ကပ္ေရာဂါကာလ ျပည္သူေတြ အေရးေပၚ က်န္းမာေရးေစာင့္ေရွာက္မႈေပးႏိုင္ဖို႔ အခမဲ့ ဖ်ားနာကုေဆးခန္းေတြမွာေစတနာ့ဝန္ထမ္းဆရာဝန္ အင္အားထပ္ျဖည့္ႏိုင္ေရး ဝိုင္းဝန္းႀကိဳးပမ္းေနၾကတဲ့အေၾကာင္း ဆက္သြယ္ေမးျမန္းထားတဲ့ မဆုမြန္က ေျပာျပမွာပါ။
ကမာၻ႔ကပ္ေရာဂါ ကိုဗစ္ ၁၉ ျမန္မာႏိုင္ငံတဝွမ္းလုံးအတိုင္းအတာနဲ႔ ကူးစက္သူ ေျခာက္ေထာင္ေက်ာ္ သြားၿပီျဖစ္ၿပီး ကိုဗစ္ေၾကာင့္ ေသဆုံးသူကလည္း ၁၀၀ နီးပါးအထိ ရွိလာၿပီျဖစ္လို႔ ဒီကူးစက္ျမန္ေရာဂါထိန္းခ်ဳပ္ႏိုင္ေရး အရွိန္ျမႇင့္ေဆာင္႐ြက္ေနခ်ိန္ ျဖစ္ပါတယ္။ ဖ်ားနာ မက်န္းမာလူနာေတြၾကား ကိုဗစ္ ေရာဂါလကၡဏာသံသယရွိသူေတြကို စစ္ေဆးႏိုင္ဖို႔ လူထုကို က်န္းမာေရးဝန္ေဆာင္မႈေပးႏိုင္ဖို႔ ေစတနာ့ဝန္ထမ္းေဆးပညာရွင္ေတြ ဆရာဝန္ေတြ အေရးေပၚလိုအပ္ လာေနတယ္လို႔ ေစတနာ့ဝန္ထမ္း သမားေတာ္ေတြ ဆရာဝန္ေတြ သူနာျပဳေတြ ဝိုင္းဝန္း လုပ္အားေပးကုသေပးေနတဲ့ အခမဲ့ဖ်ားနာကုေဆးခန္းေတြရဲ႕ကြန္ရက္တာဝန္ခံကေျပာပါတယ္။
အခုသီတင္းပတ္အတြင္း ဖ်ားနာလူနာေတြ မ်ားလာသလို ဒီလူနာေတြထဲ COVIDေရာဂါ ပိုးေတြ႕ရွိသူေတြလည္း ပါလာတဲ့အတြက္ ေဆးခန္းေတြမွာ ေစတနာ့ဝန္ထမ္းဆရာဝန္အင္အားပိုလိုအပ္လာေနတယ္လို႔ Fever Clinic Yangon ကြန္ရက္တာဝန္ခံေဒါက္တာေက်ာ္မင္းထြန္းကေျပာပါတယ္။
“ အခုက လူနာေတြ တအားမ်ားလာတယ္။ ဒီေန႔ဆိုရင္ Fever Clinic တခုမွာ အနည္းဆုံး လူနာ ၅၀ ဝန္းက်င္ရွိတယ္။ လုံးဝကို ေတာ္ေတာ္မ်ားလာတယ္။ တရက္တရက္ကိုCOVID Positive လူနာကလည္း ေတာ္ေတာ္ႀကီး ကိုျမင့္တက္ လာတယ္ေပါ့။ ဒီလိုလူနာေတြ ေတာ္ေတာ္မ်ားလာေတာ့ ရက္ေတြ တိုးဖြင့္တယ္။ အခ်ိန္ကန႔္သတ္ထားတာေတြဆိုလည္း ၁၂အထိကေန ဒီေန႔ဆို ၃နာရီမွ ၿပီးတယ္။ တာေမြအပိုင္းေပါ့ေနာ္။ မဂၤလာေတာင္ၫႊန႔္လည္း အဲ့ေလာက္ဆိုးတယ္။ လူနာအင္အားနဲ႔ဆရာဝန္အင္အားနဲ႔ မမွ်ဘူး အခက္အခဲေလးေတြျဖစ္ေနတယ္။ ေဆး႐ုံေတြမွာလည္း ျပႆနာက ေနရာအခက္အခဲေတြျဖစ္ေနတယ္ေပါ့ေနာ္။ဒီေန႔လည္း အစည္းအေဝးလုပ္တယ္။ CommunityFever Clinic Call Center လုပ္ဖို႔ အစီအစဥ္ဆြဲေနပါတယ္။အခု Call Center Volunteer ေတြေခၚေနပါတယ္။ၿပီးေတာ့ ေဆးခန္းထိုင္ဖို႔အတြက္လည္း ေစတနာ့ရွင္Volunteer ေတြေခၚေနပါတယ္။ က်ေနာ္တို႔ အဓိက Fever Clinic အတြက္ ဆရာဝန္ သူနာျပဳVolunteer အင္အားလိုအပ္ေနတယ္။Volunteer ေတြကလည္း ဆက္သြယ္လာေနပါတယ္ က်ေနာ္တို႔ဆီကိုေလ။”
ျပည္နယ္တိုင္းေဒသႀကီးေတြထဲ ပိုးေတြ႕ရွိမႈအမ်ားဆုံးျဖစ္ေနတဲ့ ရန္ကုန္တိုင္းတြင္း က်န္းမာေရး ေစာင့္ေရွာက္မႈေပးႏိုင္ေအာင္ အခမဲ့ဖ်ားနာကုေဆးခန္း ၿမိဳ႕နယ္တိုင္းလို ဖြင့္လွစ္ထားတဲ့အထဲ လႈိင္သာယာၿမိဳ႕နယ္မွာလည္း ေစတနာ့ဝန္ထမ္း ဆရာဝန္ေတြက ေန႔စဥ္အင္အားျဖည့္ၿပီး ပိတ္ရက္မရွိ တပတ္လုံးအခ်ိန္ျပည့္ ေဆးကုသမႈေပးေနၾကတယ္လို႔လႈိင္သာယာၿမိဳ႕နယ္ Fever Clinic တာဝန္ခံ ေစတနာ့ဝန္ထမ္းဆရာဝန္ ေဒါက္တာႏိုင္မင္းထြဋ္က ရွင္းျပပါတယ္။
“လႈိင္သာယာအေနနဲ႔ ေလာေလာဆယ္ က်ေနာ္တို႔ဆီ လာကူေနတဲ့ဆရာဝန္အေရအတြက္က က်ေနာ္အပါအဝင္ဆို ၆ေယာက္ရွိတယ္။ တေယာက္ တရက္ထိုင္ၾကတယ္။ ပိုေနတဲ့တရက္ကို က်ေနာ္ကပဲ ဆက္ယူပါတယ္။ က်ေနာ္တို႔စုစုေပါင္း ၇ရက္- ပိတ္ရက္မရွိဖြင့္ထားေပးပါတယ္။ လႈိင္သာယာ ဖ်ားနာကုေဆးခန္းအေနနဲ႔ေတာ့ အခက္အခဲမရွိပါဘူး ဒါေပမဲ့လို႔ တျခားၿမိဳ႕နယ္ေတြမွာက ဘာအခက္အခဲရွိလဲဆိုေတာ့ သူတို႔ေဆးခန္းေတြမွာ Positive ဒါမွမဟုတ္ သံသယရွိတဲ့လူနာ လာသြားတယ္ဆိုရင္ သက္ဆိုင္ရာက်န္းမာေရးဝန္ႀကီးဌာနက Quarantine ဝင္ခိုင္းတာေပါ့ေနာ္။ အရင္တုန္းက ကူေပးေနက် ဆရာဝန္တခ်ိဳ႕ Quarantine ဝင္သြားရတာေတြရွိတဲ့အတြက္ေၾကာင့္ Volunteer ဆရာဝန္ လိုအပ္တဲ့အခက္အခဲရွိတာေပါ့ေနာ္။ ဒီ GP ဆရာဝန္ေတြ Quarantine ဝင္ရတဲ့အတြက္ေၾကာင့္မို႔လို႔ ဖ်ားနာကုေဆးခန္းေတြမွာ ဆရာဝန္အင္အားေလ်ာ့လာၿပီး အစိုးရေဆး႐ုံေတြမွာလည္း အလုပ္ေတြပုံလာတယ္လို႔ျမင္ပါတယ္။”
လူအစုလိုက္အၿပဳံလိုက္ ေန႔စဥ္ ရာဂဏန္း ပိုးေတြ႕ရွိမႈဦးေရ တေန႔ထက္တေန႔မ်ားျပားလာၿပီး ကူးစက္သူ ေထာင္ခ်ီျဖစ္လာခ်ိန္ က်န္းမာေရးဝန္ထမ္းေတြ အင္အားတိုးခ်ဲ႕ေနသလို ေစတနာ့ဝန္ထမ္းေဆးပညာရွင္ေတြ ဆရာဝန္သူနာျပဳနဲ႔ ပရဟိတ လုပ္အားေပးျပည္သူေတြ အခ်ိန္ျပည့္ကူညီေပးေနၾကခ်ိန္ ျပည္သူလူထုဘက္က ေရာဂါကူးစက္မႈႀကိဳတင္ ကာကြယ္တားဆီးႏိုင္ေရး မိမိတို႔အိမ္မွာပဲေနေပးျခင္းအားျဖင့္ ဝိုင္းဝန္းကူညီေပးၾကပါလို႔ ေစတနာ့ဝန္ထမ္းဆရာဝန္ေတြက ေမတၱာရပ္ခံပါတယ္။ ေဒါက္တာေက်ာ္မင္းထြန္းက ျပည္သူကိုတိုက္တြန္းတာက
“ ျဖစ္ႏိုင္ရင္ အိမ္မွာပဲေနေပးၾကပါ ခင္ဗ်ာ။ ဒီကာလႀကီးမွာ အိမ္မွာပဲေနၾကတာက ကိုယ့္အတြက္ စိတ္အခ်ဆုံးSafe အျဖစ္ဆံုး။ လိုအပ္ရင္ CommunityFever Clinic Call Center ကို ဆက္သြယ္ပါ။ ေမးျမန္းပါ။ အေရးေပၚEmergency ေပၚလာခဲ့ရင္ အရမ္းေမာလာၿပီး အေမာေဖာက္လာတယ္။ တခ်ိဳ႕အသက္ႀကီးပိုင္း ဆီးခ်ိဳေသြးတိုးေတြ ႐ုတ္တရက္ တက္လာတယ္ ျဖစ္လာခဲ့တယ္ဆိုရင္ ေဆးခန္းဖြင့္ခ်ိန္အထိ မေစာင့္ပဲနဲ႔တည့္တည့္မတ္မတ္ေပါ့ေနာ္ အစိုးရေဆး႐ုံေတြဆီ ရန္ကုန္ေဆး႐ုံႀကီး အင္းစိန္ေဆး႐ုံႀကီး၊ သကၤန္းကြၽန္းေဆး႐ုံႀကီး ၊ ဂႏၵီေဆး႐ုံ အဲ့လိုေဆးရံု ေတြဆီကို ခ်က္ျခင္း အျမန္ဆုံးUrgent သြားၿပီး ေဆးကုသမႈခံယူၾကပါ။ အဲ့တာေလးေတြ ျပည္သူကို အႀကံျပဳခ်င္ပါတယ္။”
အခုလို ကူးစက္ျမန္COVID-19 ေရာဂါကူးစက္ျပန႔္ပြားမႈကို အျမန္ဆုံးေလွ်ာ့ခ်ႏိုင္ေရး အထိေရာက္ဆုံး နည္းလမ္းအေနနဲ႔ မိမိေနအိမ္တြင္သာေနထိုင္ၾကပါ ။ မျဖစ္မေနကိစၥေတြရွိလို႔ ေနအိမ္အျပင္ကိုထြက္ရတဲ့အခါတိုင္း ပါးစပ္ႏွင့္ႏွာေခါင္းစည္း (Mask) ကို မျဖစ္မေန အျမဲတမ္းတပ္ဆင္ထားၾကပါ။ ေစ်းဝယ္ထြက္ရင္ တဦးတည္းထြက္ပါ ေဆးရံုေဆးခန္းကို ၂ဦးပဲသြားပါ စသျဖင့္ကိုကိုးကၽြန္းမွအပ ရန္ကုန္တိုင္းတတိုင္းလံုးက ျပည္သူေတြ အိမ္ထဲမွာပဲေနၾကပါလို႔ က်န္းမာေရးဝန္ၾကီးဌာနက စက္တင္ဘာလ ၂၀ရက္ေန႔က စည္းကမ္းခ်က္အမိန္႔ထုတ္ျပန္လိုက္တာျဖစ္ပါတယ္။
...............
COVID-19 လူနာတွေများလာနေတဲ့ Fever Clinic အရေးပေါ်အခက်အခဲ
(Unicode)
Fever Clinic ဆေးခန်းတွေမှာ တခုကို အနည်းဆုံး လူနာ ၅၀ ဝန်းကျင်ရှိလာသလို COVID Positive လူနာအရေအတွက်လည်း တရက်တရက် မြင့်တက်လာနေတယ်လို့ Fever Clinic Yangon ကွန်ရက်တာဝန်ခံဒေါက်တာကျော်မင်းထွန်းက ဗွီအိုအေကို ပြောပါတယ်။
ဒါကြောင့် ကပ်ရောဂါကာလ ပြည်သူတွေ အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ဖို့ အခမဲ့ ဖျားနာကုဆေးခန်းတွေမှာစေတနာ့ဝန်ထမ်းဆရာဝန် အင်အားထပ်ဖြည့်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းနေကြတဲ့အကြောင်း ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က ပြောပြမှာပါ။
ကမ္ဘာ့ကပ်ရောဂါ ကိုဗစ် ၁၉ မြန်မာနိုင်ငံတဝှမ်းလုံးအတိုင်းအတာနဲ့ ကူးစက်သူ ခြောက်ထောင်ကျော် သွားပြီဖြစ်ပြီး ကိုဗစ်ကြောင့် သေဆုံးသူကလည်း ၁၀၀ နီးပါးအထိ ရှိလာပြီဖြစ်လို့ ဒီကူးစက်မြန်ရောဂါထိန်းချုပ်နိုင်ရေး အရှိန်မြှင့်ဆောင်ရွက်နေချိန် ဖြစ်ပါတယ်။ ဖျားနာ မကျန်းမာလူနာတွေကြား ကိုဗစ် ရောဂါလက္ခဏာသံသယရှိသူတွေကို စစ်ဆေးနိုင်ဖို့ လူထုကို ကျန်းမာရေးဝန်ဆောင်မှုပေးနိုင်ဖို့ စေတနာ့ဝန်ထမ်းဆေးပညာရှင်တွေ ဆရာဝန်တွေ အရေးပေါ်လိုအပ် လာနေတယ်လို့ စေတနာ့ဝန်ထမ်း သမားတော်တွေ ဆရာဝန်တွေ သူနာပြုတွေ ဝိုင်းဝန်း လုပ်အားပေးကုသပေးနေတဲ့ အခမဲ့ဖျားနာကုဆေးခန်းတွေရဲ့ကွန်ရက်တာဝန်ခံကပြောပါတယ်။
အခုသီတင်းပတ်အတွင်း ဖျားနာလူနာတွေ များလာသလို ဒီလူနာတွေထဲ COVIDရောဂါ ပိုးတွေ့ရှိသူတွေလည်း ပါလာတဲ့အတွက် ဆေးခန်းတွေမှာ စေတနာ့ဝန်ထမ်းဆရာဝန်အင်အားပိုလိုအပ်လာနေတယ်လို့ Fever Clinic Yangon ကွန်ရက်တာဝန်ခံဒေါက်တာကျော်မင်းထွန်းကပြောပါတယ်။
“ အခုက လူနာတွေ တအားများလာတယ်။ ဒီနေ့ဆိုရင် Fever Clinic တခုမှာ အနည်းဆုံး လူနာ ၅၀ ဝန်းကျင်ရှိတယ်။ လုံးဝကို တော်တော်များလာတယ်။ တရက်တရက်ကိုCOVID Positive လူနာကလည်း တော်တော်ကြီး ကိုမြင့်တက် လာတယ်ပေါ့။ ဒီလိုလူနာတွေ တော်တော်များလာတော့ ရက်တွေ တိုးဖွင့်တယ်။ အချိန်ကန့်သတ်ထားတာတွေဆိုလည်း ၁၂အထိကနေ ဒီနေ့ဆို ၃နာရီမှ ပြီးတယ်။ တာမွေအပိုင်းပေါ့နော်။ မင်္ဂလာတောင်ညွှန့်လည်း အဲ့လောက်ဆိုးတယ်။ လူနာအင်အားနဲ့ဆရာဝန်အင်အားနဲ့ မမျှဘူး အခက်အခဲလေးတွေဖြစ်နေတယ်။ ဆေးရုံတွေမှာလည်း ပြဿနာက နေရာအခက်အခဲတွေဖြစ်နေတယ်ပေါ့နော်။ဒီနေ့လည်း အစည်းအဝေးလုပ်တယ်။ CommunityFever Clinic Call Center လုပ်ဖို့ အစီအစဉ်ဆွဲနေပါတယ်။အခု Call Center Volunteer တွေခေါ်နေပါတယ်။ပြီးတော့ ဆေးခန်းထိုင်ဖို့အတွက်လည်း စေတနာ့ရှင်Volunteer တွေခေါ်နေပါတယ်။ ကျနော်တို့ အဓိက Fever Clinic အတွက် ဆရာဝန် သူနာပြုVolunteer အင်အားလိုအပ်နေတယ်။Volunteer တွေကလည်း ဆက်သွယ်လာနေပါတယ် ကျနော်တို့ဆီကိုလေ။”
ပြည်နယ်တိုင်းဒေသကြီးတွေထဲ ပိုးတွေ့ရှိမှုအများဆုံးဖြစ်နေတဲ့ ရန်ကုန်တိုင်းတွင်း ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်အောင် အခမဲ့ဖျားနာကုဆေးခန်း မြို့နယ်တိုင်းလို ဖွင့်လှစ်ထားတဲ့အထဲ လှိုင်သာယာမြို့နယ်မှာလည်း စေတနာ့ဝန်ထမ်း ဆရာဝန်တွေက နေ့စဉ်အင်အားဖြည့်ပြီး ပိတ်ရက်မရှိ တပတ်လုံးအချိန်ပြည့် ဆေးကုသမှုပေးနေကြတယ်လို့လှိုင်သာယာမြို့နယ် Fever Clinic တာဝန်ခံ စေတနာ့ဝန်ထမ်းဆရာဝန် ဒေါက်တာနိုင်မင်းထွဋ်က ရှင်းပြပါတယ်။
“လှိုင်သာယာအနေနဲ့ လောလောဆယ် ကျနော်တို့ဆီ လာကူနေတဲ့ဆရာဝန်အရေအတွက်က ကျနော်အပါအဝင်ဆို ၆ယောက်ရှိတယ်။ တယောက် တရက်ထိုင်ကြတယ်။ ပိုနေတဲ့တရက်ကို ကျနော်ကပဲ ဆက်ယူပါတယ်။ ကျနော်တို့စုစုပေါင်း ၇ရက်- ပိတ်ရက်မရှိဖွင့်ထားပေးပါတယ်။ လှိုင်သာယာ ဖျားနာကုဆေးခန်းအနေနဲ့တော့ အခက်အခဲမရှိပါဘူး ဒါပေမဲ့လို့ တခြားမြို့နယ်တွေမှာက ဘာအခက်အခဲရှိလဲဆိုတော့ သူတို့ဆေးခန်းတွေမှာ Positive ဒါမှမဟုတ် သံသယရှိတဲ့လူနာ လာသွားတယ်ဆိုရင် သက်ဆိုင်ရာကျန်းမာရေးဝန်ကြီးဌာနက Quarantine ဝင်ခိုင်းတာပေါ့နော်။ အရင်တုန်းက ကူပေးနေကျ ဆရာဝန်တချို့ Quarantine ဝင်သွားရတာတွေရှိတဲ့အတွက်ကြောင့် Volunteer ဆရာဝန် လိုအပ်တဲ့အခက်အခဲရှိတာပေါ့နော်။ ဒီ GP ဆရာဝန်တွေ Quarantine ဝင်ရတဲ့အတွက်ကြောင့်မို့လို့ ဖျားနာကုဆေးခန်းတွေမှာ ဆရာဝန်အင်အားလျော့လာပြီး အစိုးရဆေးရုံတွေမှာလည်း အလုပ်တွေပုံလာတယ်လို့မြင်ပါတယ်။”
လူအစုလိုက်အပြုံလိုက် နေ့စဉ် ရာဂဏန်း ပိုးတွေ့ရှိမှုဦးရေ တနေ့ထက်တနေ့များပြားလာပြီး ကူးစက်သူ ထောင်ချီဖြစ်လာချိန် ကျန်းမာရေးဝန်ထမ်းတွေ အင်အားတိုးချဲ့နေသလို စေတနာ့ဝန်ထမ်းဆေးပညာရှင်တွေ ဆရာဝန်သူနာပြုနဲ့ ပရဟိတ လုပ်အားပေးပြည်သူတွေ အချိန်ပြည့်ကူညီပေးနေကြချိန် ပြည်သူလူထုဘက်က ရောဂါကူးစက်မှုကြိုတင် ကာကွယ်တားဆီးနိုင်ရေး မိမိတို့အိမ်မှာပဲနေပေးခြင်းအားဖြင့် ဝိုင်းဝန်းကူညီပေးကြပါလို့ စေတနာ့ဝန်ထမ်းဆရာဝန်တွေက မေတ္တာရပ်ခံပါတယ်။ ဒေါက်တာကျော်မင်းထွန်းက ပြည်သူကိုတိုက်တွန်းတာက
“ ဖြစ်နိုင်ရင် အိမ်မှာပဲနေပေးကြပါ ခင်ဗျာ။ ဒီကာလကြီးမှာ အိမ်မှာပဲနေကြတာက ကိုယ့်အတွက် စိတ်အချဆုံးSafe အဖြစ်ဆုံး။ လိုအပ်ရင် CommunityFever Clinic Call Center ကို ဆက်သွယ်ပါ။ မေးမြန်းပါ။ အရေးပေါ်Emergency ပေါ်လာခဲ့ရင် အရမ်းမောလာပြီး အမောဖောက်လာတယ်။ တချို့အသက်ကြီးပိုင်း ဆီးချိုသွေးတိုးတွေ ရုတ်တရက် တက်လာတယ် ဖြစ်လာခဲ့တယ်ဆိုရင် ဆေးခန်းဖွင့်ချိန်အထိ မစောင့်ပဲနဲ့တည့်တည့်မတ်မတ်ပေါ့နော် အစိုးရဆေးရုံတွေဆီ ရန်ကုန်ဆေးရုံကြီး အင်းစိန်ဆေးရုံကြီး၊ သင်္ကန်းကျွန်းဆေးရုံကြီး ၊ ဂန္ဒီဆေးရုံ အဲ့လိုဆေးရုံ တွေဆီကို ချက်ခြင်း အမြန်ဆုံးUrgent သွားပြီး ဆေးကုသမှုခံယူကြပါ။ အဲ့တာလေးတွေ ပြည်သူကို အကြံပြုချင်ပါတယ်။”
အခုလို ကူးစက်မြန်COVID-19 ရောဂါကူးစက်ပြန့်ပွားမှုကို အမြန်ဆုံးလျှော့ချနိုင်ရေး အထိရောက်ဆုံး နည်းလမ်းအနေနဲ့ မိမိနေအိမ်တွင်သာနေထိုင်ကြပါ ။ မဖြစ်မနေကိစ္စတွေရှိလို့ နေအိမ်အပြင်ကိုထွက်ရတဲ့အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း (Mask) ကို မဖြစ်မနေ အမြဲတမ်းတပ်ဆင်ထားကြပါ။ ဈေးဝယ်ထွက်ရင် တဦးတည်းထွက်ပါ ဆေးရုံဆေးခန်းကို ၂ဦးပဲသွားပါ စသဖြင့်ကိုကိုးကျွန်းမှအပ ရန်ကုန်တိုင်းတတိုင်းလုံးက ပြည်သူတွေ အိမ်ထဲမှာပဲနေကြပါလို့ ကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာလ ၂၀ရက်နေ့က စည်းကမ်းချက်အမိန့်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။