သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရန္ကုန္တိုင္းအတြင္း ကိုဗစ္ထိန္းခ်ဳပ္ေရး အရွိန္ျမႇင့္လုပ္ေဆာင္ေန


အိမ္မွာေနဖို႔ ကန္႔သတ္ခ်က္ထုတ္ထားတဲ့ ရန္ကုန္ၿမိဳ႕မွာ အသြားအလာ ရွင္းလင္းေနတဲ့ျမင္ကြင္း။ (စက္တင္ဘာ ၂၁၊ ၂၀၂၀)

(Zawgyi / Unicode)

ကိုဗစ္ကပ္ေရာဂါ ကူးစက္မႈေတြ အမ်ားဆုံး ႀကဳံေနရတဲ့ ရန္ကုန္တိုင္းအတြင္း ေရာဂါထိန္းခ်ဳပ္ေရး ကန႔္သတ္ခ်က္ေတြကို လိုက္နာဖို႔ တိုးျမႇင့္ေဆာင္ရြက္ေနပါတယ္။ အျပည့္အစုံကုိ ဗြီအိုေအျမန္မာပိုင္း သတင္းေထာက္ စုစု တင္ျပေပးထားပါတယ္။

ကပ္ေရာဂါကူးစက္မႈေတြ ထိန္းခ်ဳပ္ႏိုင္ေရး အိမ္မွာေနဖို႔ အမိန႔္ထုတ္ထားတဲ့ ရန္ကုန္တိုင္းအတြင္း ဒီကေန႔ကစၿပီး သီတင္း ၂ ပတ္ၾကာ စက္႐ုံ အလုပ္႐ုံေတြကို ယာယီပိတ္လိုက္ၿပီး ဖြင့္ခြင့္ရစက္႐ုံေတြကိုေတာ့ ေရာဂါကာကြယ္ေရး ၫႊန္ၾကားခ်က္ေတြနဲ႔ ညီ၊ မညီ စစ္ေဆးဖို႔ စီစဥ္ေနပါတယ္။ ကပ္ေရာဂါ အႏၲရာယ္နဲ႔ ကူးစက္မႈကေန ကာကြယ္ေရး ၫႊန္ၾကားခ်က္ေတြကိုလည္း တိတိက်က် လိုက္နာဖို႔ ရပ္ကြက္ေတြထဲမွာလည္း လိုက္လံေဆာ္ဩေနပါတယ္။

“မိဘျပည္သူအေပါင္းတို႔ခင္ဗ်ာ၊ မိမိတို႔၏ အစားအေသာက္မ်ား ဝယ္ယူျခင္း၊ ေဆးဝါးႏွင့္ က်န္းမာေရးကိစၥရပ္မ်ားအတြက္ ဝယ္ယူျခင္းမ်ားကို မိမိတို႔ေနအိမ္မွ တဦးသာ ေဆာင္ရြက္ရန္ျဖစ္ပါသည္။ အျပင္ထြက္တိုင္း ႏွာေခါင္းစည္း Mask တပ္ဆင္ရန္ႏွင့္ မိမိတို႔ အရာဝတၳဳမ်ားကို ကိုင္တြယ္ၿပီးတိုင္း လက္ကို မၾကာခဏ စင္ၾကယ္စြာ ေဆးေၾကာရန္ လုိအပ္ပါသည္။ စက္တင္ဘာ ၂၄ ရက္ေန႔မွ ေအာက္တိုဘာ ၇ ရက္ေန႔အထိ ေဆာက္လုပ္ေရးလုပ္ငန္းမ်ား၊ အျခားေသာလုပ္ငန္းမ်ား၊ စားေသာက္ကုန္ႏွင့္ မပတ္သက္သည့္ ဆိုင္မ်ားအားလုံး ၁၄ ရက္တိုင္ ပိတ္သိမ္းထားရမည္ျဖစ္ေၾကာင္း ေလးစားစြာျဖင့္ အသိေပး ပန္ၾကားႏႈိးေဆာ္ တုိက္တြန္းအပ္ပါသည္။”

ကိုဗစ္ကပ္ေရာဂါေၾကာင့္ ေသဆုံးမႈေတြနဲ႔ ကူးစက္မႈေတြ တိုးလာေနတဲ့ ရန္ကုန္တိုင္းမွာ အသြားအလာ ကန႔္သတ္တာ၊ အတည္ျပဳလူနာနဲ႔ ထိေတြ႔ခဲ့သူေတြကို ရွာေဖြေဖာ္ထုတ္တာ အပါအဝင္ ေရာဂါကူးစက္မႈ ကာကြယ္ေရး လုပ္ငန္းေတြအတြက္ က်န္းမာေရးဝန္ထမ္းအင္အား ထပ္တိုးထားတယ္လို႔လည္း တာဝန္ရွိသူေတြက ေျပာပါတယ္။ အဖြဲ႔ဝင္ ၂၃ ဦးပါဝင္တဲ့ ကပ္ေရာဂါ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးဆိုင္ရာ အဖြဲ႔ ၃ ဖြဲ႔ဟာလည္း ကြင္းဆင္းေဆာင္ရြက္ေနၿပီး ၂ ပတ္အတြင္း ထိေရာက္တဲ့ရလဒ္ေတြ ထြက္ေပၚလာဖို႔ ရည္မွန္းထားတယ္လို႔လည္း ေျပာပါတယ္။ ဒါေပမယ့္လည္း လက္ေတြ႔ ေအာင္ျမင္မႈရဖို႔ လူထုရဲ႕ ပူးေပါင္းေဆာင္ရြက္မႈ လိုအပ္တယ္လို႔လည္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန ေျပာခြင့္ရ ေဒါက္တာသန္းႏိုင္စိုးက ေျပာပါတယ္။

“ေရာဂါျဖစ္ရင္လည္း ဒီ ကိုဗစ္နဲ႔ဆင္တူတဲ့ လကၡဏာမ်ိဳးေတြေပါ့ေနာ္၊ အဲဒါမ်ိဳးျဖစ္ရင္လည္း ႀကိတ္ၿပီးေတာ့ အိမ္မွာမကုဘဲနဲ႔ ေစာေစာေျပာ ေစာေစာသိ ေစာေစာအက်ိဳးရွိဆိုသလိုပဲ က်ေနာ္တို႔ က်န္းမာေရးဝန္ထမ္းေတြနဲ႔ ပူးေပါင္းေဆာင္ရြက္ေပးပါ။ Contact Tracing ေတြမွာလည္း မစိုးရိမ္ပါနဲ႔၊ မေၾကာက္လန႔္ပါနဲ႔၊ ပူးေပါင္းေဆာင္ရြက္ေပးပါ။ အဲလို ပူးေပါင္းေဆာင္ရြက္လို႔ ေနျပန္ေကာင္းသြားတဲ့သူေတြ အခု ေထာင္နဲ႔ခ်ီၿပီးေတာ့ ရွိေနပါၿပီ။ အဲလိုပဲ Contact Tracing မွာလည္း ပိုးစစ္ေဆးလို႔ ေရာဂါပိုးကင္းစင္လို႔ အိမ္ျပန္သြားတဲ့သူေတြလည္း ေထာင္နဲ႔မက ေသာင္းနဲ႔ပါခ်ီၿပီးေတာ့ ရွိေနပါၿပီေပါ့ေနာ္။”

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔မနက္ပိုင္း ထုတ္ျပန္ၿပီးခ်ိန္ထိ ဓာတ္ခြဲအတည္ျပဳလူနာ ၇,၈၀၀ ေက်ာ္ရွိေနၿပီး ေသဆုံးသူကေတာ့ ၁၃၃ ဦး ရွိပါတယ္။ ေရာဂါပိုးေပ်ာက္ကင္းလို႔ ေဆး႐ုံဆင္းခြင့္ရသူကေတာ့ ၂,၀၀၀ ေက်ာ္အထိ ရွိေနပါၿပီ။ ေရာဂါထိန္းခ်ဳပ္ ကာကြယ္ေရးမွာ အရွိန္ျမႇင့္ ေဆာင္ရြက္ေနခ်ိန္ျဖစ္တာေၾကာင့္ ကိုယ့္ရဲ႕ေနအိမ္တြင္းသာ ေနထိုင္ၿပီး ေရာဂါပိုး ကူးစက္ခံရတဲ့ အေျခအေနကေန ကင္းေဝးေအာင္ ေဆာင္ရြက္ဖို႔ ဗဟိုကူးစက္ေရာဂါ တိုက္ဖ်က္ေရးဌာနခြဲ ၫႊန္ၾကားေရးမွဴး ေဒါက္တာခင္ခင္ႀကီးက သတိေပးထားပါတယ္။

“အခုလက္ရွိ အေျခအေနမွာေတာ့ ျပည္သူလူထုအေနနဲ႔ ဒါနဲ႔ပတ္သက္လို႔ အားလုံးမွာ စိတ္ေသာကရွိတယ္ဆိုတာ နားလည္ပါတယ္။ လက္ရွိျဖစ္ပြားမႈဟာ ဘယ္အခ်ိန္ၿပီးမလဲ၊ ဒါ ဘယ္သူမွ မသိႏိုင္ပါဘူး။ သို႔ေသာ္ အားလုံးရဲ႕ ပူးေပါင္းပါဝင္ေဆာင္ရြက္မႈ ေကာင္းတယ္ဆိုလို႔ရွိရင္ေတာ့ ဒါဟာ က်မယ္ဆိုတာ ေသခ်ာပါတယ္။ အခု အက်ိဳးအရွိဆုံး အထိေရာက္ဆုံးနဲ႔ ေငြမကုန္ႏိုင္တဲ့ ကာကြယ္ေရး နည္းလမ္းကေတာ့ အိမ္မွာေနဖို႔ပဲ ျဖစ္ပါတယ္။ အခုခ်ိန္မွာ က်မတို႔က ဒီဗိုင္းရပ္စ္နဲ႔ လူသားနဲ႔ တိုက္ပြဲဆင္ႏႊဲေနရတာ ျဖစ္ပါတယ္။ အဲဒီအခါမွာဆိုလို႔ရွိရင္ ခ်မွတ္ထားတဲ့အမိန႔္ေတြ ၫႊန္ၾကားခ်က္ေတြကို တေသြမတိမ္း တိတိက်က် လုိက္နာေဆာင္ရြက္ဖို႔ လိုပါတယ္။ ဒါဟာ အုပ္ခ်ဳပ္တဲ့သူ တနည္းအားျဖင့္ဆို ရပ္ကြက္၊ ေက်းရြာအဆင့္ထိ ပါဝင္ပါတယ္။”

မိမိေနအိမ္တြင္သာ ေနထိုင္ေရး အစီအစဥ္ စတင္ေနတဲ့ ရန္ကုန္တိုင္းမွာ ရိကၡာျဖန႔္ေဝဖို႔ လိုအပ္လာရင္ Ration စနစ္နဲ႔ အေျခခံစားေသာက္ကုန္ေတြ ျဖန႔္ျဖဴးေပးႏိုင္ဖို႔ စီးပြားေရးနဲ႔ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာနက ႀကိဳတင္ျပင္ဆင္ေနတယ္လို႔ တာဝန္ရွိသူေတြက ေျပာပါတယ္။ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကလည္း ကိုဗစ္ေရာဂါနဲ႔ ပတ္သက္တဲ့ အက်ိဳးဆက္ေတြ၊ လိုအပ္ခ်က္ေတြအတြက္ အသုံးျပဳဖို႔ ဘ႑ာေရးဝန္ႀကီးဌာနက အေထြေထြပိုလွ်ံေငြ ဘီလီယံ ၁,၀၀၀ ေက်ာ္ကို သုံးဖို႔ သတ္မွတ္ထားတယ္လို႔ ၿပီးခဲ့တဲ့ အဂၤါေန႔တုန္းက အြန္လိုင္းကေနတဆင့္ ေျပာၾကားတဲ့မိန႔္ခြန္းမွာ ထည့္သြင္းေျပာဆိုခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

ရန်ကုန်တိုင်းအတွင်း ကိုဗစ်ထိန်းချုပ်ရေး အရှိန်မြှင့်လုပ်ဆောင်နေ

ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ အများဆုံး ကြုံနေရတဲ့ ရန်ကုန်တိုင်းအတွင်း ရောဂါထိန်းချုပ်ရေး ကန့်သတ်ချက်တွေကို လိုက်နာဖို့ တိုးမြှင့်ဆောင်ရွက်နေပါတယ်။ အပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် စုစု တင်ပြပေးထားပါတယ်။

ကပ်ရောဂါကူးစက်မှုတွေ ထိန်းချုပ်နိုင်ရေး အိမ်မှာနေဖို့ အမိန့်ထုတ်ထားတဲ့ ရန်ကုန်တိုင်းအတွင်း ဒီကနေ့ကစပြီး သီတင်း ၂ ပတ်ကြာ စက်ရုံ အလုပ်ရုံတွေကို ယာယီပိတ်လိုက်ပြီး ဖွင့်ခွင့်ရစက်ရုံတွေကိုတော့ ရောဂါကာကွယ်ရေး ညွှန်ကြားချက်တွေနဲ့ ညီ၊ မညီ စစ်ဆေးဖို့ စီစဉ်နေပါတယ်။ ကပ်ရောဂါ အန္တရာယ်နဲ့ ကူးစက်မှုကနေ ကာကွယ်ရေး ညွှန်ကြားချက်တွေကိုလည်း တိတိကျကျ လိုက်နာဖို့ ရပ်ကွက်တွေထဲမှာလည်း လိုက်လံဆော်ဩနေပါတယ်။

“မိဘပြည်သူအပေါင်းတို့ခင်ဗျာ၊ မိမိတို့၏ အစားအသောက်များ ဝယ်ယူခြင်း၊ ဆေးဝါးနှင့် ကျန်းမာရေးကိစ္စရပ်များအတွက် ဝယ်ယူခြင်းများကို မိမိတို့နေအိမ်မှ တဦးသာ ဆောင်ရွက်ရန်ဖြစ်ပါသည်။ အပြင်ထွက်တိုင်း နှာခေါင်းစည်း Mask တပ်ဆင်ရန်နှင့် မိမိတို့ အရာဝတ္ထုများကို ကိုင်တွယ်ပြီးတိုင်း လက်ကို မကြာခဏ စင်ကြယ်စွာ ဆေးကြောရန် လိုအပ်ပါသည်။ စက်တင်ဘာ ၂၄ ရက်နေ့မှ အောက်တိုဘာ ၇ ရက်နေ့အထိ ဆောက်လုပ်ရေးလုပ်ငန်းများ၊ အခြားသောလုပ်ငန်းများ၊ စားသောက်ကုန်နှင့် မပတ်သက်သည့် ဆိုင်များအားလုံး ၁၄ ရက်တိုင် ပိတ်သိမ်းထားရမည်ဖြစ်ကြောင်း လေးစားစွာဖြင့် အသိပေး ပန်ကြားနှိုးဆော် တိုက်တွန်းအပ်ပါသည်။”

ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးမှုတွေနဲ့ ကူးစက်မှုတွေ တိုးလာနေတဲ့ ရန်ကုန်တိုင်းမှာ အသွားအလာ ကန့်သတ်တာ၊ အတည်ပြုလူနာနဲ့ ထိတွေ့ခဲ့သူတွေကို ရှာဖွေဖော်ထုတ်တာ အပါအဝင် ရောဂါကူးစက်မှု ကာကွယ်ရေး လုပ်ငန်းတွေအတွက် ကျန်းမာရေးဝန်ထမ်းအင်အား ထပ်တိုးထားတယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။ အဖွဲ့ဝင် ၂၃ ဦးပါဝင်တဲ့ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အဖွဲ့ ၃ ဖွဲ့ဟာလည်း ကွင်းဆင်းဆောင်ရွက်နေပြီး ၂ ပတ်အတွင်း ထိရောက်တဲ့ရလဒ်တွေ ထွက်ပေါ်လာဖို့ ရည်မှန်းထားတယ်လို့လည်း ပြောပါတယ်။ ဒါပေမယ့်လည်း လက်တွေ့ အောင်မြင်မှုရဖို့ လူထုရဲ့ ပူးပေါင်းဆောင်ရွက်မှု လိုအပ်တယ်လို့လည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြောခွင့်ရ ဒေါက်တာသန်းနိုင်စိုးက ပြောပါတယ်။

“ရောဂါဖြစ်ရင်လည်း ဒီ ကိုဗစ်နဲ့ဆင်တူတဲ့ လက္ခဏာမျိုးတွေပေါ့နော်၊ အဲဒါမျိုးဖြစ်ရင်လည်း ကြိတ်ပြီးတော့ အိမ်မှာမကုဘဲနဲ့ စောစောပြော စောစောသိ စောစောအကျိုးရှိဆိုသလိုပဲ ကျနော်တို့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ပေးပါ။ Contact Tracing တွေမှာလည်း မစိုးရိမ်ပါနဲ့၊ မကြောက်လန့်ပါနဲ့၊ ပူးပေါင်းဆောင်ရွက်ပေးပါ။ အဲလို ပူးပေါင်းဆောင်ရွက်လို့ နေပြန်ကောင်းသွားတဲ့သူတွေ အခု ထောင်နဲ့ချီပြီးတော့ ရှိနေပါပြီ။ အဲလိုပဲ Contact Tracing မှာလည်း ပိုးစစ်ဆေးလို့ ရောဂါပိုးကင်းစင်လို့ အိမ်ပြန်သွားတဲ့သူတွေလည်း ထောင်နဲ့မက သောင်းနဲ့ပါချီပြီးတော့ ရှိနေပါပြီပေါ့နော်။”

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့မနက်ပိုင်း ထုတ်ပြန်ပြီးချိန်ထိ ဓာတ်ခွဲအတည်ပြုလူနာ ၇,၈၀၀ ကျော်ရှိနေပြီး သေဆုံးသူကတော့ ၁၃၃ ဦး ရှိပါတယ်။ ရောဂါပိုးပျောက်ကင်းလို့ ဆေးရုံဆင်းခွင့်ရသူကတော့ ၂,၀၀၀ ကျော်အထိ ရှိနေပါပြီ။ ရောဂါထိန်းချုပ် ကာကွယ်ရေးမှာ အရှိန်မြှင့် ဆောင်ရွက်နေချိန်ဖြစ်တာကြောင့် ကိုယ့်ရဲ့နေအိမ်တွင်းသာ နေထိုင်ပြီး ရောဂါပိုး ကူးစက်ခံရတဲ့ အခြေအနေကနေ ကင်းဝေးအောင် ဆောင်ရွက်ဖို့ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက သတိပေးထားပါတယ်။

“အခုလက်ရှိ အခြေအနေမှာတော့ ပြည်သူလူထုအနေနဲ့ ဒါနဲ့ပတ်သက်လို့ အားလုံးမှာ စိတ်သောကရှိတယ်ဆိုတာ နားလည်ပါတယ်။ လက်ရှိဖြစ်ပွားမှုဟာ ဘယ်အချိန်ပြီးမလဲ၊ ဒါ ဘယ်သူမှ မသိနိုင်ပါဘူး။ သို့သော် အားလုံးရဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်မှု ကောင်းတယ်ဆိုလို့ရှိရင်တော့ ဒါဟာ ကျမယ်ဆိုတာ သေချာပါတယ်။ အခု အကျိုးအရှိဆုံး အထိရောက်ဆုံးနဲ့ ငွေမကုန်နိုင်တဲ့ ကာကွယ်ရေး နည်းလမ်းကတော့ အိမ်မှာနေဖို့ပဲ ဖြစ်ပါတယ်။ အခုချိန်မှာ ကျမတို့က ဒီဗိုင်းရပ်စ်နဲ့ လူသားနဲ့ တိုက်ပွဲဆင်နွှဲနေရတာ ဖြစ်ပါတယ်။ အဲဒီအခါမှာဆိုလို့ရှိရင် ချမှတ်ထားတဲ့အမိန့်တွေ ညွှန်ကြားချက်တွေကို တသွေမတိမ်း တိတိကျကျ လိုက်နာဆောင်ရွက်ဖို့ လိုပါတယ်။ ဒါဟာ အုပ်ချုပ်တဲ့သူ တနည်းအားဖြင့်ဆို ရပ်ကွက်၊ ကျေးရွာအဆင့်ထိ ပါဝင်ပါတယ်။”

မိမိနေအိမ်တွင်သာ နေထိုင်ရေး အစီအစဉ် စတင်နေတဲ့ ရန်ကုန်တိုင်းမှာ ရိက္ခာဖြန့်ဝေဖို့ လိုအပ်လာရင် Ration စနစ်နဲ့ အခြေခံစားသောက်ကုန်တွေ ဖြန့်ဖြူးပေးနိုင်ဖို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ကြိုတင်ပြင်ဆင်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ကိုဗစ်ရောဂါနဲ့ ပတ်သက်တဲ့ အကျိုးဆက်တွေ၊ လိုအပ်ချက်တွေအတွက် အသုံးပြုဖို့ ဘဏ္ဍာရေးဝန်ကြီးဌာနက အထွေထွေပိုလျှံငွေ ဘီလီယံ ၁,၀၀၀ ကျော်ကို သုံးဖို့ သတ်မှတ်ထားတယ်လို့ ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းက အွန်လိုင်းကနေတဆင့် ပြောကြားတဲ့မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG