သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကိုဗစ္အကန္႔အသတ္ေၾကာင့္ သတင္းစာတခ်ိဳ႕ရပ္နား


သတင္းစာ၊ ဂ်ာနယ္မ်ား ေရာင္းခ်ေနသူ။ (စက္တင္ဘာ ၂၃၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏုိင္ငံမွာ ကုိဗစ္ကပ္ေရာဂါ ကူးစက္မႈေတြ တုိးလာေနတာေၾကာင့္ သြားလာလႈပ္ရွားမႈေတြ တုိးျမွင့္ကန္႔သတ္လုိက္တဲ့အတြက္ ျပည္တြင္းထုတ္ ေန႔စဥ္သတင္းစာ ေတာ္ေတာ္မ်ားမ်ား ရပ္နားထားရတဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုထက္ေအာင္ခန္႔က ေျပာျပပါမယ္။

ကပ္ေရာဂါေၾကာင့္ ေသဆုံးမႈေတြနဲ႔ ကူးစက္မႈေတြ တုိးလာေနတာေၾကာင့္ ရန္ကုန္တုိင္းတခုလုံးနီးပါး အိမ္ျပင္မထြက္ဖုိ႔ ဒီတပတ္ထဲမွာပဲ အမိန္႔ထုတ္လုိက္တာေၾကာင့္ လုပ္ငန္းေတြ ထိခုိက္လာတဲ့အထဲ သတင္းမီဒီယာေတြလည္း ပါ၀င္လာပါတယ္။ ရန္ကုန္ၿမိဳ႕မွာ ပုံႏွိပ္ထုတ္ေ၀ေနတဲ့ ျပည္တြင္းထုတ္ ေန႔စဥ္သတင္းစာေတြျဖစ္တဲ့ 7Day, The Voice, Myanmar Time, စံေတာ္ခ်ိန္စတဲ့ သတင္းစာေတြလည္း ဒီတပတ္ကစ ပုံႏွိပ္ထုတ္ေ၀တာေတြကို ယာယီရပ္နားလိုက္ၾကပါတယ္။ သြားလာလႈပ္ရွားမႈေတြ ကန္႔သတ္လုိက္တဲ့အတြက္ လုပ္ငန္းေတြ လည္ပတ္ဖုိ႔ မျဖစ္ႏုိင္တာေၾကာင့္ ရပ္နားလုိက္ရတာလုိ႔လည္း 7 Day သတင္းစာ အယ္ဒီတာခ်ဳပ္ ကိုအားမာန္က ေျပာပါတယ္။

“အခုလက္ရွိ လမ္းေတြေပၚမွာ ကားေတြနည္းသြားတယ္။ ကားအစီးေရ အရမ္းနည္းသြားေတာ့ လက္ေပြ႕ေတြက ကိုယ္စားလွယ္ေတြဆီကုိ သတင္းစာဂ်ာနယ္ယူဖို႔ အခက္အခဲရွိေနတာ။ အဲ့ဒါ တပိုင္းေပါ့ ေနာက္တခုက သတင္းစာ ဂ်ာနယ္ေတြကို ကိုယ္စားလွယ္ေတြဆီက ယူၿပီး လမ္းေတြ၊ ရပ္ကြက္ေတြထဲကို လိုက္ပို႔ရမွာ အဲ့မွာလည္း တခ်ိဳ႕လမ္းေတြ ရပ္ကြက္ေတြက ၀င္လို႔မရဘူးေျပာတယ္။ အဲ့ေတာ့ သတင္းစာကို သြားယူဖို႔ရယ္ ျပန္ေရာင္းဖို႔ရယ္မွာ အခက္အခဲေတြ ရွိတယ္ေျပာတယ္။ အဲ့ဒီျဖန္႔ခ်ိေရးဘက္မွာလည္း ျပႆနာတခ်ိဳ႕ ရွိတာရယ္။ ေနာက္တခုက အမိန္႔မွာ မီဒီယာကို လံုးလံုးမပါဘူးျဖစ္ေနတယ္။ တကယ္လို႔ အဲ့ဒီဟာကို မလိုက္နာဘူးဆိုရင္ ဥပေဒအရ အေရးယူမယ္ဆိုတဲ့ဟာမွာ ေရွ႕ဆက္လုပ္ဖို႔ဟာ ဆက္လုပ္ဖို႔ မရဲဘူးျဖစ္ေနတာေပါ့။”

ျမန္မာႏုိင္ငံမွာ ေရြးေကာက္ပဲြေတြ က်င္းပဖုိ႔ ၂ လေတာင္ မလုိေတာ့တဲ့ အခ်ိန္မွာပဲ ကပ္ေရာဂါနဲ႔ ႀကံဳေနရတာေၾကာင့္ ေရာဂါကူးစက္မႈ တားဆီးေရး ကန္႔သတ္ခ်က္ေတြ ထုတ္ျပန္ထားတဲ့အတြက္ သတင္းမီဒီယာလုပ္ငန္းေတြမွာ ထိခုိက္ေနရတာပါ။ သတင္းစာပုံႏွိပ္ထုတ္ေ၀တဲ့ လုပ္ငန္းေတြ ရပ္ထားရေပမဲ့ အေရးႀကီးတဲ့ ကာလျဖစ္တာေၾကာင့္ အြန္လုိင္းကေန လုပ္ငန္းေတြ ဆက္ႏုိင္ေအာင္ ႀကိဳးပမ္းေနရတယ္လုိ႔လည္း 7 Day သတင္းစာ အယ္ဒီတာခ်ဳပ္ ကိုအားမာန္က ေျပာပါတယ္။

သတင္းစာ၊ ဂ်ာနယ္မ်ား ေရာင္းခ်ေနသူ။ (စက္တင္ဘာ ၂၃၊ ၂၀၂၀)
သတင္းစာ၊ ဂ်ာနယ္မ်ား ေရာင္းခ်ေနသူ။ (စက္တင္ဘာ ၂၃၊ ၂၀၂၀)

“အဓိက စိတ္ပူေနရတာကို ဒီကာလက ကပ္ေရာဂါ အဆိုးဆံုး အေျခအေနကို ေရာက္ေနတယ္။ ေရြးေကာက္ပြဲ လုပ္ဖို႔ကလည္း ရက္ ၅၀ ေလာက္ပဲ လိုေတာ့တယ္။ ျမန္မာႏိုင္ငံအတြက္ကလည္း တကယ့္ကို အေရးႀကီးဆံုး အခ်ိန္ျဖစ္ေနတာ။ ၀င္ေငြက မရွိေပမဲ့ ဒီကာလက အေရးႀကီးဆံုး အခ်ိန္ျဖစ္ေနတဲ့အတြက္ေၾကာင့္ အြန္လိုင္း ကေနပဲ က်ေနာ္တို႔ရဲ႕ Facebook ရယ္၊ က်ေနာ္တို႔ Website ရယ္ကေန သတင္းေတြ ပံုမွန္ လိုက္ၿပီးေတာ့ ေရးၿပီးေတာ့ တင္ေပးေနရတယ္။ ၀င္ေငြရွိလားဆိုရင္ က်ေနာ္တို႔ ၀င္ေငြက ဘာမွမရွိဘူး။ အဲ့သတင္းေတြ လိုက္ေနရတဲ့အတြက္ေၾကာင့္ က်ေနာ္တို႔မွာ ကုန္က်စရိတ္ရွိတယ္။ ေရရွည္ သတင္းစာ ဂ်ာနယ္ နားရမယ္ဆိုရင္ေတာ့ သတင္းဌာနအတြက္ေကာ ၀င္ေငြ ထိခိုက္သလို သတင္းေထာက္ တဦးခ်င္းစီအတြက္လည္း ၀င္ေငြ ထိခိုက္လာႏိုင္တယ္။”

ေရာဂါကူးစက္မႈေတြ အမ်ားဆုံး ေတြ႔ေနရတဲ့ ရန္ကုန္တုိင္းအတြင္း အိမ္ျပင္မထြက္ဖုိ႔ အမိန္႔ထုတ္ျပန္ထားေပမဲ့ အမ်ားျပည္သူ အေျခခံလုိအပ္ခ်က္အျဖစ္ စက္သံုးဆီ၊ ေဆး၀ါး ေရသန္႔ လုပ္ငန္းေတြကုိေတာ့ လုပ္ကုိင္ခြင့္ျပဳခဲ့ပါတယ္။ မေန႔တုန္းကလည္း ေရေၾကာင္း ေလေၾကာင္း အေကာက္ခြန္ လုပ္ငန္းေတြနဲ႔ မိုဘိုင္းဖုန္းလိုင္း ၀န္ေဆာင္မႈလုပ္ငန္းေတြကို ထပ္မံျပင္ဆင္ျဖည့္စြက္ ခြင့္ျပဳခဲ့တာပါ။ ဒါေပမဲ့လည္း သတင္းမီဒီယာလုပ္ငန္းေတြ မပါ၀င္ေသးတာေၾကာင့္ ျဖည့္စြက္ခြင့္ျပဳဖုိ႔ တင္ျပထားတယ္လုိ႔လည္း ျမန္မာႏိုင္ငံသတင္းမီဒီယာေကာင္စီက တြဲဖက္အတြင္းေရးမွဴး (၁) ကိုျမင့္ေက်ာ္က ေျပာပါတယ္။ အစုိးရပုိင္ သတင္းမီဒီယာေတြ ပုံမွန္အတုိင္း လည္ပတ္ေနေပမဲ့ ပုဂၢလိက မီဒီယာေတြရဲ႕ အခန္းက႑ဟာလည္း အေရးပါတဲ့အတြက္ လုပ္ငန္းေတြ လည္ပတ္ခြင့္ရဖုိ႔ လုိတယ္လုိ႔ အခုလုိ ေျပာပါတယ္။

“ပုဂၢလိက မီဒီယာ လြတ္လပ္တဲ့ သတင္းမီဒီယာ အားနည္းသြားႏိုင္တယ္ေပါ့ေနာ္။ တကယ္ လြတ္လပ္တဲ့ သတင္းမီဒီယာ ပုဂၢလိက မီဒီယာကသာလွ်င္ ျဖစ္ေနတဲ့ အေျခအေနကို မတူတဲ့ ရႈေထာင့္ မတူတဲ့ အျမင္ မတူတဲ့ အသံေတြ ေဖာ္ျပႏိုင္တာ။ ႏိုင္ငံပုိင္မီဒီယာကေတာ့ တလမ္းသြားနဲ႔ အစိုးရရဲ႕ သတင္းအခ်က္အလက္ကို ျပန္ျဖန္႔တာမ်ိဳး ဒီႏိုင္ငံပိုင္မီဒီယာနဲ႔ေတာ့ ဒီမိုကေရစီႏိုင္ငံလို႔ ေခၚဆိုလို႔မရဘူး။ အားနည္းသြားရင္ ဒါကေတာ့ စကားလံုး အႀကီးႀကီး ေျပာတာေတာ့မဟုတ္ဘူး။ ေရရွည္မွာေတာ့ သြားၿပီး ထိခိုက္ေစမယ့္ေပါ့ေနာ္။”

လက္ရွိအခ်ိန္မွာ ေန႔စဥ္ထုတ္သတင္းစာမွာ ႏိုင္ငံပိုင္ ပါတီပိုင္နဲ႔ ပုဂၢလိက ပိုင္အားလံုး စုစုေပါင္း ၁၃ ေစာင္ ရွိပါတယ္။ ျမန္မာႏိုင္ငံမွာ ကိုဗစ္ကပ္ေရာဂါ စတင္ျဖစ္ပြားတဲ့ မတ္လကေန ဧၿပီလအထိ ေန႔စဥ္ထုတ္ ပုဂၢလိက သတင္းစာေတြဟာ ထုတ္ေ၀တာေတြကို ၁ လ ယာယီရပ္နားခဲ့ရဖူးပါတယ္။

ကိုဗစ္အကန္႔အသတ္ေၾကာင့္ သတင္းစာတခ်ိဳ႕ရပ္နား
please wait

No media source currently available

0:00 0:04:16 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကိုဗစ်အကန့်အသတ်ကြောင့် သတင်းစာတချို့ရပ်နား

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ တိုးလာနေတာကြောင့် သွားလာလှုပ်ရှားမှုတွေ တိုးမြှင့်ကန့်သတ်လိုက်တဲ့အတွက် ပြည်တွင်းထုတ် နေ့စဉ်သတင်းစာ တော်တော်များများ ရပ်နားထားရတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုထက်အောင်ခန့်က ပြောပြပါမယ်။

ကပ်ရောဂါကြောင့် သေဆုံးမှုတွေနဲ့ ကူးစက်မှုတွေ တိုးလာနေတာကြောင့် ရန်ကုန်တိုင်းတခုလုံးနီးပါး အိမ်ပြင်မထွက်ဖို့ ဒီတပတ်ထဲမှာပဲ အမိန့်ထုတ်လိုက်တာကြောင့် လုပ်ငန်းတွေ ထိခိုက်လာတဲ့အထဲ သတင်းမီဒီယာတွေလည်း ပါဝင်လာပါတယ်။ ရန်ကုန်မြို့မှာ ပုံနှိပ်ထုတ်ဝေနေတဲ့ ပြည်တွင်းထုတ် နေ့စဉ်သတင်းစာတွေဖြစ်တဲ့ 7Day, The Voice, Myanmar Time, စံတော်ချိန်စတဲ့ သတင်းစာတွေလည်း ဒီတပတ်ကစ ပုံနှိပ်ထုတ်ဝေတာတွေကို ယာယီရပ်နားလိုက်ကြပါတယ်။ သွားလာလှုပ်ရှားမှုတွေ ကန့်သတ်လိုက်တဲ့အတွက် လုပ်ငန်းတွေ လည်ပတ်ဖို့ မဖြစ်နိုင်တာကြောင့် ရပ်နားလိုက်ရတာလို့လည်း 7 Day သတင်းစာ အယ်ဒီတာချုပ် ကိုအားမာန်က ပြောပါတယ်။

“အခုလက်ရှိ လမ်းတွေပေါ်မှာ ကားတွေနည်းသွားတယ်။ ကားအစီးရေ အရမ်းနည်းသွားတော့ လက်ပွေ့တွေက ကိုယ်စားလှယ်တွေဆီကို သတင်းစာဂျာနယ်ယူဖို့ အခက်အခဲရှိနေတာ။ အဲ့ဒါ တပိုင်းပေါ့ နောက်တခုက သတင်းစာ ဂျာနယ်တွေကို ကိုယ်စားလှယ်တွေဆီက ယူပြီး လမ်းတွေ၊ ရပ်ကွက်တွေထဲကို လိုက်ပို့ရမှာ အဲ့မှာလည်း တချို့လမ်းတွေ ရပ်ကွက်တွေက ဝင်လို့မရဘူးပြောတယ်။ အဲ့တော့ သတင်းစာကို သွားယူဖို့ရယ် ပြန်ရောင်းဖို့ရယ်မှာ အခက်အခဲတွေ ရှိတယ်ပြောတယ်။ အဲ့ဒီဖြန့်ချိရေးဘက်မှာလည်း ပြဿနာတချို့ ရှိတာရယ်။ နောက်တခုက အမိန့်မှာ မီဒီယာကို လုံးလုံးမပါဘူးဖြစ်နေတယ်။ တကယ်လို့ အဲ့ဒီဟာကို မလိုက်နာဘူးဆိုရင် ဥပဒေအရ အရေးယူမယ်ဆိုတဲ့ဟာမှာ ရှေ့ဆက်လုပ်ဖို့ဟာ ဆက်လုပ်ဖို့ မရဲဘူးဖြစ်နေတာပေါ့။”

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲတွေ ကျင်းပဖို့ ၂ လတောင် မလိုတော့တဲ့ အချိန်မှာပဲ ကပ်ရောဂါနဲ့ ကြုံနေရတာကြောင့် ရောဂါကူးစက်မှု တားဆီးရေး ကန့်သတ်ချက်တွေ ထုတ်ပြန်ထားတဲ့အတွက် သတင်းမီဒီယာလုပ်ငန်းတွေမှာ ထိခိုက်နေရတာပါ။ သတင်းစာပုံနှိပ်ထုတ်ဝေတဲ့ လုပ်ငန်းတွေ ရပ်ထားရပေမဲ့ အရေးကြီးတဲ့ ကာလဖြစ်တာကြောင့် အွန်လိုင်းကနေ လုပ်ငန်းတွေ ဆက်နိုင်အောင် ကြိုးပမ်းနေရတယ်လို့လည်း 7 Day သတင်းစာ အယ်ဒီတာချုပ် ကိုအားမာန်က ပြောပါတယ်။

“အဓိက စိတ်ပူနေရတာကို ဒီကာလက ကပ်ရောဂါ အဆိုးဆုံး အခြေအနေကို ရောက်နေတယ်။ ရွေးကောက်ပွဲ လုပ်ဖို့ကလည်း ရက် ၅၀ လောက်ပဲ လိုတော့တယ်။ မြန်မာနိုင်ငံအတွက်ကလည်း တကယ့်ကို အရေးကြီးဆုံး အချိန်ဖြစ်နေတာ။ ဝင်ငွေက မရှိပေမဲ့ ဒီကာလက အရေးကြီးဆုံး အချိန်ဖြစ်နေတဲ့အတွက်ကြောင့် အွန်လိုင်း ကနေပဲ ကျနော်တို့ရဲ့ Facebook ရယ်၊ ကျနော်တို့ Website ရယ်ကနေ သတင်းတွေ ပုံမှန် လိုက်ပြီးတော့ ရေးပြီးတော့ တင်ပေးနေရတယ်။ ဝင်ငွေရှိလားဆိုရင် ကျနော်တို့ ဝင်ငွေက ဘာမှမရှိဘူး။ အဲ့သတင်းတွေ လိုက်နေရတဲ့အတွက်ကြောင့် ကျနော်တို့မှာ ကုန်ကျစရိတ်ရှိတယ်။ ရေရှည် သတင်းစာ ဂျာနယ် နားရမယ်ဆိုရင်တော့ သတင်းဌာနအတွက်ကော ဝင်ငွေ ထိခိုက်သလို သတင်းထောက် တဦးချင်းစီအတွက်လည်း ဝင်ငွေ ထိခိုက်လာနိုင်တယ်။”

ရောဂါကူးစက်မှုတွေ အများဆုံး တွေ့နေရတဲ့ ရန်ကုန်တိုင်းအတွင်း အိမ်ပြင်မထွက်ဖို့ အမိန့်ထုတ်ပြန်ထားပေမဲ့ အများပြည်သူ အခြေခံလိုအပ်ချက်အဖြစ် စက်သုံးဆီ၊ ဆေးဝါး ရေသန့် လုပ်ငန်းတွေကိုတော့ လုပ်ကိုင်ခွင့်ပြုခဲ့ပါတယ်။ မနေ့တုန်းကလည်း ရေကြောင်း လေကြောင်း အကောက်ခွန် လုပ်ငန်းတွေနဲ့ မိုဘိုင်းဖုန်းလိုင်း ဝန်ဆောင်မှုလုပ်ငန်းတွေကို ထပ်မံပြင်ဆင်ဖြည့်စွက် ခွင့်ပြုခဲ့တာပါ။ ဒါပေမဲ့လည်း သတင်းမီဒီယာလုပ်ငန်းတွေ မပါဝင်သေးတာကြောင့် ဖြည့်စွက်ခွင့်ပြုဖို့ တင်ပြထားတယ်လို့လည်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက တွဲဖက်အတွင်းရေးမှူး (၁) ကိုမြင့်ကျော်က ပြောပါတယ်။ အစိုးရပိုင် သတင်းမီဒီယာတွေ ပုံမှန်အတိုင်း လည်ပတ်နေပေမဲ့ ပုဂ္ဂလိက မီဒီယာတွေရဲ့ အခန်းကဏ္ဍဟာလည်း အရေးပါတဲ့အတွက် လုပ်ငန်းတွေ လည်ပတ်ခွင့်ရဖို့ လိုတယ်လို့ အခုလို ပြောပါတယ်။

“ပုဂ္ဂလိက မီဒီယာ လွတ်လပ်တဲ့ သတင်းမီဒီယာ အားနည်းသွားနိုင်တယ်ပေါ့နော်။ တကယ် လွတ်လပ်တဲ့ သတင်းမီဒီယာ ပုဂ္ဂလိက မီဒီယာကသာလျှင် ဖြစ်နေတဲ့ အခြေအနေကို မတူတဲ့ ရှုထောင့် မတူတဲ့ အမြင် မတူတဲ့ အသံတွေ ဖော်ပြနိုင်တာ။ နိုင်ငံပိုင်မီဒီယာကတော့ တလမ်းသွားနဲ့ အစိုးရရဲ့ သတင်းအချက်အလက်ကို ပြန်ဖြန့်တာမျိုး ဒီနိုင်ငံပိုင်မီဒီယာနဲ့တော့ ဒီမိုကရေစီနိုင်ငံလို့ ခေါ်ဆိုလို့မရဘူး။ အားနည်းသွားရင် ဒါကတော့ စကားလုံး အကြီးကြီး ပြောတာတော့မဟုတ်ဘူး။ ရေရှည်မှာတော့ သွားပြီး ထိခိုက်စေမယ့်ပေါ့နော်။”

လက်ရှိအချိန်မှာ နေ့စဉ်ထုတ်သတင်းစာမှာ နိုင်ငံပိုင် ပါတီပိုင်နဲ့ ပုဂ္ဂလိက ပိုင်အားလုံး စုစုပေါင်း ၁၃ စောင် ရှိပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ စတင်ဖြစ်ပွားတဲ့ မတ်လကနေ ဧပြီလအထိ နေ့စဉ်ထုတ် ပုဂ္ဂလိက သတင်းစာတွေဟာ ထုတ်ဝေတာတွေကို ၁ လ ယာယီရပ်နားခဲ့ရဖူးပါတယ်။

XS
SM
MD
LG